ကျော်တော့လှေသူကြီး ညားတော့ လှေထိုးသား။

ကျနော်ပြောပြချင်တဲ့ ပုံပြင်လေးတစ်ပုဒ် အပိုင်း(၇)။

ဒီနေ့ ရုံးသို့ရောက်တာနဲ့ ဘဏ်ခွဲအသစ်ဖွင့်ရန်အတွက် လိုအပ်သော ကွန်ပျူတာ၊ နှင့် ဆက်စပ် ပစ္စည်းများကို စာရင်းလုပ်ရတော့သည်။ လိုအပ်သည်များကို ၀ယ်ခိုင်းပြီး၊ ရှိနှင့်ပြီးသား ပစ္စည်းများကိုလည်း ပြင်ဆင်ရသည်။ ထမင်းစားသွားတော့ မြောင်းမြက လူများနှင့်တွေ့ပြန်သည်။ ဒါနဲ့ပဲ သူတို့ က တစ်ယောက်ထဲလားလို့ လှမ်းမေးသည်။ ` ဟုတ်တယ်´ လို့ပြန်ဖြေတော့ သူတို့တွေ ကျနော်ထိုင်နေသည့် ၀ိုင်းသို့ကူးလာသည်။

`ည က ကျနော်အိမ်ကို ဘယ်သူလဲမသိဘူး၊ ဖုန်းဆက်တယ်ဗျာ။ ဘာမှန်းလဲမသိဘူး။ဘာမှ လည်းပြောမသွားဘူး။´ဒီလိုပြောလိုက်တော့ သူတို့အထဲက တယောက်က ပြူံးစိစိနဲ့။
ကြည့်ရတာ သူတို့ ကျနော်ကို စ နေသည်ထင်သည်။ ကျနော်လည်းမသိချင်ယောင်ဆောင် ပြီး စားလက်စ ထမင်းကိုဆက်စားနေလိုက်သည်။ မစုမြတ်က စပြီး `ကိုတေဇ. ဒီတပတ်ရုံးပိတ်ရက်အားလား။´ `ဘာဖြစ်လို့လဲ၊ အခုထိတော့ အားနေတုန်းပဲ´ လို့ပြန်ဖြေလိုက်သည်။ သူ့ကြည့်ရတာဒီနေ တစ်မျိုးဖြစ်နေပုံရသည်။ ပိုဆိုးသည်မှာ သူက ကရင်ဆိုတော့ ပိုဆိုးသည်။ ဟန်မဆောင်တတ်သည့် ပုံက သူ့မျက်နှာပေါ်မှာ ထင်နေသည်။ `အားရင် ရုပ်ရှင်သွားကြည့်ကြမယ်လေ။ အခုရုံမှာ တင်တဲ့ ဒွေးကားကြည့်ချင်လို့´။ ပြဿနာပဲ။ အလိုလိုမှ ရီးစားထားမလို့ ကြိုးစားနေတုန်းရှိသေးတယ် သူကတစ်မျိုးဖြစ်ပြန်ပြီ။ ဒီလိုနဲ့ `ကြည့်ကြတာပေါ့၊ ကျနော်အနားနီးရင်ပြန် confirm လုပ်မယ်´ လို့ပြန်ဖြေလိုက်ရသည်။ စိတ်ထဲတွင်တော့ သူ့နေရာမှာ ကျနော်သိတ်တခိုးချစ်နေရတဲ့ ကောင်မလေးသာဆိုလို့ ကတော့ ချက်ချင်းကို အခုသွားကြည့်မှာပဲလိုတွေးနေမိသည်။ ဒါပေမယ့်လဲ သူဘယ်ရောက်လို့ ဘာလုပ်နေသည် မသိပါ။ နောက်ပြီးညက ဖုန်းဆက်တာ သူမဟုတ်ဘူးလားဆိုသည့် အတွေးကလည်းရောက်နေသည်။ ဖြစ်နိုင်ချေရှိသည်မှာ မစုမြတ်ဖြစ်နိုင်သည်။ ဒါပေမယ့်မသေချာ။ မေးလည်းမေးမကြည့်ချင်တော့။

ထမင်းစားပြီး ကျနော်အခန်းထဲကို ရောက်သည်နှင့် ကျနော်လက်များက ကျနော်စားပွဲပေါ်မှာ ရှိတဲ့ဖုန်းခွက် ဆီကို အလိုလိုရောက်ရှိသွားသည်။ သူဆီဖုန်းခေါ်တော့လည်း သူထမင်းသွားစားနေသည်။ ကြည့်ရတာ သူကျနော်ကို စိတ်ဝင်စားပုံမရ။ အခုထိလည်းဖုန်း ပြန်မဆက်သေးဘူး။ မအားလို့ပဲလား။ ဒါမှ မဟုတ် ကျနော်နဲ့ စကားမပြောချင်တော့လို့လား မသိ။ စိတ်ဓာတ်တွေတော်တော်ကျသွားသည်။ ကျနော်ကိုယ် ကျနော်လည်း ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားသည်။ ဖုန်းလည်းထပ်မခေါ်ချင်တော့။ စိတ်ညစ်ညစ်နဲ့ တန်းလန်းဖြစ်နေသော အလုပ်ကိုပြီးအောင် အရင်လုပ်လိုက်ရသည်။


မကြာခင်မှာစားပွဲပေါ်က ဖုန်းကမြည်လာပါသည်။ ကျနော်ကိုင်လိုက်ရာ ရုံးထဲရှိ အခြားဌာနတစ်ခုက အမတစ်ယောက် လှမ်းစခြင်းဖြစ်သည်။ `တေဇ မောင်လေး၊ အမမြင်လိုက်တယ်နော် Canteen မှာ ဟို ကရင်မလေးနဲ့။ အန်တီဆီကို ဖုန်းဆက်ပြောလိုက်ရမှာလား။´ လာပြန်ပြီ။ ဒီလူတွေကလည်း ဘာမှန်းညာမှန်းမသိ ရမ်းသမ်းပြောတဲ့နေရာမှာ နှစ်ယောက်မရှိဘူး။ `ဘယ်ကသာ ဟုတ်ရမှာလည်း အမရယ်.. ကျနော်ကြိုက်တာ ဒီဘဏ်ကမဟုတ်ဘူးလို့´ ချက်ချင်းကို ငြင်းပြစ်လိုက်ရသည်။ သူကထပ်ပြောသေးသည်။ `ကောင်မလေးက ချောတယ်နော်။ ရှယ်ပဲ´တဲ့။ ရှယ်ချင်ရှယ်၊ မရှယ်ချင်နေ၊ ကျနော်ကတော့ ကျနော်မမပဲလို့ ပြောလိုက်တော့မှ ဖုန်းချသွားသည်။ ခက်တာပဲ။ ဘယ်နှစ်ယောက်လောက်ကများ ကျနော် ကို မစုမြတ်နှင့်ထင်နေသည်မသိ။ သူ့ကိုဘယ်လိုမျက်နှာချင်းဆိုင် ရမှန်းတောင်းမသိတော့ဘူး။

ဒီနေဘယ်သွားသွား ရုံးကလူတွေက ကျနော် ကို ပြုံးစိစိလုပ်နေသည်။ ဘာတွေဖြစ်နေမှန်းမသိဘူး။ နောက်ဆုံးကျမှ ကျနော်နဲ့ ညီအကိုလိုခင်တဲ့ အကိုတစ်ယောက်ထံ မှသိလိုက်ရသည်။ `တေဇ က ဒီလိုကွ။ လူတစ်ချို့က မင်း ချောင်းသာ အသွား လမ်းမှ ပုသိမ်က ကောင်မလေးတစ်ယောက် ကိုကြိုက်လာတယ်။ ပြီးတော အခုမြောင်းမြဘဏ် က ၀န်ထမ်းတွေကို မင်းက သင်တန်းပေးရင်နဲ့ သူတို့ နဲ့ ရင်းနှီးတော့ သူတို့ က မင်းကောင်မလေးကို မြောင်းမြဘဏ် က လို့ထင်နေကြတာ။´
ပြဿနာပဲ။ အခုမှ ကောလဟာလ ကို ကိုယ်ထိလက်ရောက် ကြုံလိုက်ရတော့သည်။ တော်တော်ကို စိတ်ရှုပ်သွားမိသည်မှာ အမှန်ပင်။ အလိုလိုမှ ကျနော့် ချစ်တဲ့ မမ နဲ့ အဆက်အသွယ်ပျက် နေခါမှ ဘယ်ကဘာမှန်းမသိတဲ့ သတင်းတွေက၀င်လာသည်။
ညနေ ၅.၃၀ ထိုးပြီ ဆိုတာနဲ့ တပြိုင်ထဲ ရုံးမှ ကားမောင်း၍ ပြန်လာခဲ့ရာ ရုံးဝင်းမှ အထွက် မစုမြတ် တို့အုပ်စု နဲ့တစ်ခါထပ်တွေ့ပြန်ပြီ။ သူက ပြုံး၍ ကျနော်ကိုလှမ်းနှုတ်ဆက်သည်။ ကျနော်ကလည်း ပြန်ပြုံးပြရင်းနဲ့ `မပြန်သေးဘူးလား´ လို့မေးလိုက်မိသည်။ သူက `ပြန်စေချင်ပြီးလား´ လို့ပြန်စလိုက်တော့ ကျနော် ဘာပြန်ပြောရမှန်းမသိအောင် ကျနော်ရဲ့ မျက်နှာ ရဲတက်သွားသည်။ `မဟုတ်ပါဘူး။ ခါတိုင်းဆို အစောကြီးပြန်တတ်လို့ပါလို့´ ပြောပြီး မောင်းထွက်လာခဲ့သည်။

အိမ်ရောက်တာနဲ့ ရေချိုး၊ ထမင်းစားပြီး အိမ်ရှေ့ခန်းမှာ တီဗွီကြည့်ရင် စိတ်ကူးရင်နေမိသည်။ မကြာပါဘူး အိမ်ခန်းထောင့်ရှိ ဖုန်းက အသံမြည်လာသည်။

ဆက်ရန်။

တွေ့ရာလေးပါး။

ဒီနေ့ အဂါင်္နေ့ ရုံးသို့သွားရန် MRT သို့အသွား လမ်းတွင် နွားလှည်းများမောင်းနေ သောကြောင့် ရွှံဖွက်အများအပြားဖြစ်နေသော မြေနီလမ်း ကိုဖြတ်လျှောက်လာခဲ့သည်။ MRT ရထားဘူတာသို့ရောက်သည်နှင့် ရထားပေါ်တက်ခါစီးနှင်း လိုက်ပါခဲ့သည်။ Orchard Station သို့အရောက်တွင်ဧည့်သည်တော် စင်ကာပူသို့ လေးဘက်နာရောဂါ ကုသရန်ရောက်ရှိနေ သောမြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှုးကြီးတို့အဖွဲ့မှလမ်းကြောင်းဖြတ်ရန်ရှိသဖြင့် ရထားရပ်၍စောင့်ဆိုင်းနေရသည်။ သူတို့ဖြတ်သန်းသွားလာပြီးမှ ကျနော်စီးနင်းလာသောရထား ထွက်ခွာခွင့်ရသည်။ ရထားပေါ်တွင် အပြည့်တင်လာသော ငါးတောင်း၊ ဟင်းရွက်တောင်းများက ရထားကိုအလွန်ညစ်ပတ် စေပြီး စီးသူများပြားလှသဖြင့် အလွန်ပူအိုက်လှပါသည်။ ရထားအပေါ်ကအဆင်း၌ ဘူတာအဆင်းတွင် မုန်းဟင်းခါးရောင်းသူများ၊ မုန့်ဖတ်ထုပ်ရောင်းသူများကို အစီအရီတွေ့လိုက်ရသည်။ စင်္ကာပူရမ်အများစုမှာ Yishun မုန်းဟင်းခါးဆိုင်တွင် စုပြုံ၍တန်းစီပြီး စားသောက်ရန်စောင့်ဆိုင်းနေသည်။ တစ်ချို့ကတော့ ကြက်ဆီထမင်းကို မုန့်ဟင်းခါးနှင့် ရော၍စားနေသည်ကိုမြင်ရသည်။ တစ်ချို့ကတော့ မုန့်ဖတ်ထုပ်ကို မြိန်ရေယှက်ရေစားသောက် နေကြသည်။ မကြာပါဘူး ဒုန်းဒုန်းနဲ့ မြိုထဲ၌သံချပ်ကာကားများ ဆူညံစွာဖြတ်သန်းသွား နေတာကိုကြားလိုက်ရသည်။ ၄င်းသံချပ်ကာ ကားများ သည် စင်္ကာပူအထွေထွေကုရောဂါကုဆေးရုံကြီး ၌ရောက်ရှိနေသော ကမ္ဘာအချမ်းသားဆုံးနိုင်ငံမှ လေးဘက်နာရောဂါကို ကုသရန်ရောက်ရှိ နေသာ ဗိုလ်ချုပ်မှုးကြီးတို့အဖွဲ့ အတွက်လုံခြုံရေး ပေးရန်ဖြစ်ကြောင်းနောက်မှသိလိုက်ရသည်။
လမ်းခရီးတွင် မြန်မာနိုင်ငံသားအများအပြားက ဆိုင်းပုတ်ကလေးများ မြှောက်ကာမြှောက်ကာနဲ့ ``ဗိုလ်ချုပ်မှုးကြီးနဲ့ အဖွဲ့ကျန်းမာပါစေ၊´´ဟုအော်ဟစ်ဆုတောင်းနေကြသည်။ သူတို့ကျန်းမာမှ မြန်မာနိုင်ငံသားတွေပေးနေရသော အခွန်တော်ငွေပေးခြင်းမှ ရပ်တန့်ပေးမည်ထင်သောကြောင့်ဖြစ်မည်။ အကြောင်းမှာ မကျန်းမမာ သေးသ၍ စင်ကာပူသို့ သံရုံးမှ ရရှိသော အခွန်များဖြင့်ဆေးရုံလာလာ တတ်သောကြောင့်ဖြစ်သည်။
ဒီလိုနဲ့ သူတို့ဆုတောင်းတာတွေကို ကြည့်ရင်းနဲ့ ရုံးသို့ရောက်ရှိလာတော့သည်။ ရုံးရောက်နောက်ကျလို့ ဓာတ်လှေခါးနှင့် အမြန်ရုံးပေါ်သို့တက်ခဲ့သည်။ ကံဆိုးချင်တော့ လမ်းတ၀က်မှာ Gas မလောက်၍ အလှည့်ဖြင့်ပေးနေသောလျှပ်စစ်မီးမှာ ပျက်မည့်အလှည့်မဟုတ်ပဲ ပျက်သွားသည်။ ပြဿနာတော့ စပြီ။ တော်သေးသည်။ Singapore Air Force မှ ရဟတ်ယာဉ်ကလာရောက် ကူညီ ကယ်တင်သွားပေလို့သာ။
ရုံးရောက်သည်နှင့် အသင့်ရောက်ရှိနေသော မြန်မာနိုင်ငံမှ စားအုံးဆီအကြွေးဝယ်ရန် မြန်မာကုန်သည်အများအပြားကို တွေ့လိုက်ရသည်။
တစ်နေ့လုံး သူတို့အတွက်လိုအပ်သည် များကို ဆောင်ရွက်ပေးပြီး ညနေပိုင်းတွင် စင်ကာပူရှိ ပြည်သူအချို့မှ စင်ကာပူအစိုးရ၏ Charity ဌာနဖြစ်သော Singapore Pools သို့ဝင်ရောက်၍ ငွေအချို့လှူဒါန်းခဲ့သည်။
ဆက်ရန်။

ကျနော့်ရဲ့ မကောင်းသောအကျင့်စရိုက် (၁၀) ချက်။

ကိုဖြိုးက Cbox မှာ Game tag send သွားတယ်ဆိုလို့ဘယ်ကို ပို့သွားတာလဲလို့စဉ်းစားလိုက်သေးတယ်။ ပြီးတော့မှ အော်အော် လို့ ဖြစ်ပြီးသိသွားရတယ်။

၁။ စိတ်ညစ်စရာတွေများလာရင် ချစ်ရတဲ့ မိန်းမ ကိုခေါ်ပြီး ကားလျှောက်မောင်းတယ်။
(အထူးသဖြင့် East Coast ကိုသွားလေ့ရှိတယ်။)

၂။ အားနာတတ်တယ်။ ခံစားတတ်လွယ်တယ်။ အစွဲအလမ်းကြီးတယ်။ သနားတတ်တယ်။

၃။ စိတ်အရမ်းလောတတ်တယ်။

၎။ သိချင်တာရှိလျှင် ချက်ချင်းမေးတတ်တယ်။ ကိုယ်ပြောချင်တာဆိုလျှင်လည်း မလျှို့မ၀ှက်ပြောပြတတ်တယ်။ (လျှို့ဝှက်တက်တဲ့ မိတ်ဆွေများကို စိတ်ပျက်မိတယ်။)

၅။ မိမိလုပ်ပြီးသားကိစ္စတွေအပေါ် ဘယ်တော့မှ နောင်တမရဘူး။

၆။ ခေါင်းအရမ်းမာတယ်။ ဥပက္ခာပြုတတ်တယ်။

၇။ ကိုယ့်ကို တစ်ယောက်ယောက် က ရန်စသွားရင် မခံချင်ဘူး။ တစ်နည်းနည်းနဲ့ ကလဲစားပြန်ချေချင်တယ်။

၈။ မန်ယူ ဘောလုံးအသင်းရှုံးသွားရင် အဲ့ဒီည မှာ အိပ်မပျော်တတ်ဖူး။ (ရှုံးသွားတဲ့ ပိုက်ဆံတွေကို နှမြောလို့။)

၉။ မလိုချင်လို့ လွင့်ပစ်ခဲ့တဲ့ အရာအပေါ် ဘယ်တော့မှ လှည့်မကြည့်တတ်ဘူး။

၁၀။ ကွန်ပျူတာ ပရိုဂရမ်ရေးခြင်းကို အရမ်းနှစ်သက်အားကြီးတယ်။ (ဒီလိုနဲ့ပဲ ပရိုဂရမ်မာဖြစ်လာခဲ့တာ။)

ကဲကဲ ဒီလိုနဲ့ပဲ ကျနော်လည်းအောက်က မကြာခင်မှာ အိုတော့မယ့် ကိုရဲ နဲ့ မအိုသေးဘဲ US ကသူ့ချစ်သူကိုအနိုင်ကျင့်တတ်တဲ့ ညီမငယ် N3 နဲ့ သူ့ချစ်သူ သီဟ ကို ကျနော်က ပြန် tag လုပ်လိုက်ပါတယ်။
၁။ ကိုရဲ
၂။ N3
၃။ သီဟ

အလုပ်၏ပထမဆုံးနေ့ ခရီးသွားမှတ်တမ်း။


ကျနော်ရဲ့ အလုပ်အသစ်ကို ကျနော် ၁၂-ဧပြီလ ကြာသာပတေးနေ့မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ မစီးဖြစ်တာကြာပြီဖြစ်သော စင်္ကာပူရဲ့ရထား SMRT ကို အဲ့ဒီနေ့မှာ ပဲပြန်လည်စီးနှင်းခဲ့တယ်။ မစီးတာကြာပြီဖြစ်လို့ ရထားဘူတာသို့ရောက်တာနဲ့ များပြားလှတဲ့ ရထားစီးရန်စောင့်နေသော လူအုပ်က ကျနော်မြင်ကွင်း ကို စတင်ကြိုဆိုလိုက်ပါတယ်။
ပထမရထားမမှီပါ။ မမှီဆို လူအရမ်းများ၍ နောက်ရထားကိုစောင့်ရခြင်းဖြစ်ပါတယ်။

နောက်ရထားလာတော့ ရထားပေါ်တက်လိုက်ပြီး၊ ကံကောင်းထောက်မစွာဖြင့် ထိုင်ခုံနေရာ လေးတစ်ခုရခဲ့ပြန်တယ်။ ဒါနဲ့ အလုပ်အသစ်တွက်စဉ်းစားစရာများကို စဉ်းစားရင်ရထားစီးနှင်း လိုက်ပါလာမိတယ်။ မကြာပါဘူး နားထဲကို အသံလေး သဲ့သဲ့ ၀င်လာပါတယ်။ ``အိပ်ချင်နေတာပေါ့ ညက ကို နှိပ်စက်ထားလို့လေ´´။ ကျနော်မျက်လုံးများကို ပွတ်ပြီး ကျနော် ဘေးပတ်ဝန်ကျင်ထိုင်ခုံကို လှမ်းကြည့်လိုက်ရာ ခေတ်မှီလှပစွာ ၀တ်ဆင်ထားတဲ့ကောင်မလေး ကိုတွေ့လိုက်တယ်။ ပြီးတော့မှ သူက မြန်မာလူမျိုးမှန်း သူဖုန်းပြောသံမှ သိလိုက်ရပါတယ်။

သူကတော့ မသိရှာပါ ကျနော်လည်းမြန်မာဆိုတာကို။ ပြောလိုက်တဲ့စကားတွေ။ ဘေးကနားထောင်ရတဲ့သူတောင်ရှက်လာတယ်။ ဘာတွေပြောမှန်းမသိ။ သူ့ချစ်သူကောင်လေးနဲ့ သူနဲ့ ညက ဟိုလိုဒီလိုဖြစ်တဲ့ အကြောင်းတွေ။ သူသာ ကျနော်မြန်မာမှန်းသိလျှင် ရှက်လိုက်မည့်ဖြစ်ခြင်း။ သူသိထားသင့်သည်မှာ ယခုစင်္ကာပူ သည် ယခင်စင်္ကာပူမဟုတ်တော့။ နေရာတိုင်းတွင့် မြန်မာတွေချည်းပဲ။
စိတ်ထဲတွင် စင်္ကာပူကို မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော် အဖြစ်ပင်ထင်လာမိသည့် အထိဖြစ်လာတယ်။ ဟိုနား တစ်စု၊ ဒီနား တစ်စု။ တစ်ချို့က ကျောင်းသား၊ တစ်ချို့ က ၀န်ထမ်း၊ တစ်ချို့က မူလတန်းကျောင်းသားလေးများ၏ အုပ်ထိန်းသူ၊ တစ်ချို့ က တရားမ၀င်နေထိုင်သူ။

မကြာပါဘူးကျနော်စီးနင်းလာတဲ့ရထားလည်း Raffles Place ဘူတာကိုဆိုက်ရောက် လာခဲ့တယ်။ ဒီလိုနဲ့ရထားပြောင်းစီးပြီး နောက်ဆုံးတွင် Tanjong pagar ဘူတာသို့ရောက်လာခဲ့ပြီ။ ကျနော်အလုပ်သို့ရောက်ရန် ၅ မိနစ်ခန့်လမ်းလျှောက်ရတယ်။
အလုပ်သို့ရောက်တာနဲ့ Receptionist က ကျနော်ကို ကျနော်ရဲ့ Reporting Officer ဖြစ်မည့် CEO ရုံးခန်းကိုပို့ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် သူနဲ့ စကားအနည်းအကျဉ်းပြောပြီး သူ ကျနော်အတွက် ပြင်ဆင်ထားတဲ့ ကျနော်နေရမယ့် အခန်းကို လိုက်လံပို့ဆောင်ပေးပါတယ်။ ပြီးတာနဲ့ တစ်လက်စတည်း ကျနော် ဌာနမှ ၀န်ထမ်းများနဲ့ မိတ်ဆက်ပေးတယ်။ တစ်ယောက်ချင်းဆီရဲ့ နာမည်ကိုကြိုးစားမှတ်ခဲ့ပေမယ့် ၃ ယောက်လောက်နာမည်ပဲ မှတ်မိခဲ့တယ်။

အားလုံးပြီးသွားပြီဆိုတာနဲ့ ကျနော်အခန်းမှာ ကျနော့်ပစ္စည်းအချို့ကိုနေရာချပါတော့တယ်။ အသင့်ရောက်ရှိနေသော Laptop၊ အိမ်မှ ထည့်ပေးလိုက်သော ဓာတ်ပုံများ၊ စာရေးကရိယာများ ကို အစဉ်ပြေအောင်ရွှေ့ပြောင်းထားလိုက်တယ်။ ကျနော်အခန်းမှလှမ်းကြည့်လျှင် တိုက်အမြင့်အပေါင်းများစွာကိုကောင်းစွာမြင်နိုင်တယ်။ ရှုခင်းကောင်းတယ်။နေမထိုးဖူး။ အနည်းဆုံးတော့ စိတ်ဖိစီးမှုကိုလျှော့ချနိုင်မယ်လို့ ထင်တယ်။ အဲ့ဒီနောက်မှာတော့ ကျနော် အတွက်တစ်နေ့စာလုပ်စရာများကို စတင်လုပ်ဆောင်ရန်အတွက် ကွန်ပျုတာကို စတင်ဖွင့်လိုက်ပါတော့တယ်။

စင်ကာပူမှ ၀မ်းနည်းဖွယ်ရာ တရားမ၀င်မြန်မာများသတင်း။


ကျနော်စနေနေ့ က ဘောလုံးပွဲသတင်းဖတ်ရန် Newpaper သတင်းစာတစ်စောင်ကိုဝယ်ခဲ့မိပါသည်။ ထိုသတင်းစာ ကို ၀ယ်ဝယ်ချင်းပင် ခေါင်းကြီးပိုင်း တွင်ရေးထားသော သတင်းက ကျနော့်ရင်ကိုနင့်ခနဲဖြစ်အောင်ခံစားလိုက်ရသည်။ အခြားမဟုတ် စင်ကာပူသို့အကြောင်းအမျိုးမျိုးကြောင့် တရားမ၀င်လုပ်ကိုင်စားသောက်နေရသော မြန်မာ အချို့အဖမ်းခံရသည့် သတင်းပင်။ရိုးရိုးအဖမ်းခံရလျှင်အကြောင်းမဟုတ်။ ယခုအခါမြင်ရသည့်မြင်ကွင်းမှာ ထို တရားမ၀င်မြန်မာများက ချုံပုတ်များအတွင် တဲထိုးနေနေရပြီး အလုပ်အသွားတွင်စောင့် ဖမ်းခံရခြင်းဖြစ်သည်။
သူတို့သည် seletar လေဆိပ်အနီး ချုံပုတ်တွင် တဲများထိုး၍လုပ်ကိုင်စားသောက်ကြသည်။ သူတို့တဲထဲတွင် မြန်မာတို့၏ဓလေ့ရိုးရာအတိုင်း ဘုရားခန်း ပင် ပြုလုပ်ထားပြီး ရွှေတိဂုံစေတီတော်ပုံကို ချိတ်ဆွဲထားသည်ကိုတွေ့မြင်ရသည်။ ညစ်ပေသည့် အသွင်ဆောင်သော်လည်း သေသေသပ်သပ် ဖြင့် စနစ်ကျနေပုံမှာ အံသြစရာဖြစ်ကြောင်းဖော်ပြထားပါသည်။ မြန်မာတစ်ယောက် အနေနဲ့ မြန်မာများ ဤသို့ ဒုက္ခရောက်နေသည်မှာ မည်သူ့မျှကြည့် နိုင်မည်မထင်။ သူတို့မိသားစုများက တော့ သူတို့ ဘယ်လိုနေထိုင် ရုန်းကန်နေရသည်ကို သိမည်မထင်ပါ။ မည်သူမှ လည်း ဒီလိုနေချင်မယ်လို့မထင်မိပါဘူး။ အကြောင်းကြောင်းကြောင့်သာ သူတို့ဒီလိုဖြစ်နေခြင်းပါ။ သြော်နောက်ဆုံးတော့ လည်း သူတို့မှာ အမိမဲ့သားများသဖွယ် သူ့တပါးနေရာတွင် အနေထိုင်ဆင်းရဲစွာဖြင်ဤသို့နေထိုင်းရင် ဖမ်းဆီးခံသွားရပါသည်။
မိမိနိုင်ငံသားအပေါ်စံပေါ်ငွေတောင်းခံသော၊ ဆက်ကြေးတောင်းခံသော၊ နိုင်ငံသားများ ဒုက္ခရောက်လျှင်မည်သို့မျှ လှည့်မကြည့်တတ်သော မြန်မာနိုင်ငံကြီးကို ကိုယ်စားပြု နေသော တရားဝင်အဖွဲ့အစည်းကတော့ ရူးချင်ယောင်ဆောင်နေဦးမည်မှာ အသေအချာပင်။

Six killed during Myanmar's water festival

Six people were killed and 71 injured during military-run Myanmar's raucous four-day water festival marking Buddhist New Year, state media reported Thursday.
Two revellers were killed and 42 injured during quarrels, while three people drowned, the New Light of Myanmar newspaper said.
Car accidents killed one and injured 29 during the Thingyan festival, which ran from April 13 to 16.
"As some revellers did not comply with the regulations, the undesirable accidents occurred during the festive period," the government-run paper said.
Thingyan offers the people of this isolated junta-run state the rare chance for mass public celebrations. Public gatherings are usually banned here.
Myanmar's authorities warned people not to shout political slogans or create unrest during the festival, and also urged people not to wear indecent clothing.
No political incidents were reported, but bikinis, mini-skirts and other skimpy and outrageous outfits could be seen across the capital.
A similar water festival takes place in neighbouring Thailand, where 361 people died in road accidents -- most caused by drink driving -- over the Buddhist holiday period.

Source: Internet News

Myanmar's ailing prime minister to retire soon, source says

Yangon - Myanmar's Prime Minister Soe Win will retire 'very soon' due to poor health, a well-placed government source said Wednesday.
Myanmar's Information Minister Brigadier General Kyaw Hsan acknowledged at a press conference last month that General Soe Win had gone to Singapore for a health check-up for ailments typical of a man his age.
Should Soe Win retire, his most likely successor will be Lieutenant-General Thein Sein, Secretary-1 of the State Peace and Development Council (SPDC), as Myanmar's ruling junta styles itself, sources said.
Prior to his appointment as prime minister in October 2004, Soe Win was best known for his part in the bloody crackdown on democracy protestors in 1988 - for deploying troops around Yangon University and ordering them to shoot at Rangoon General Hospital during the upheaval.
Soe Win was also commander of Sagaing Division in May 2003, when opposition leader Aung San Suu Kyi and her National League for Democracy (NLD) followers were attacked in Depeyin district, Sagaing, by pro-junta thugs. Suu Kyi was arrested after the incident on charges of created unrest. She has been languishing under house arrest in Yangon since.
The post of prime minister is not deemed the true seat of power in Myanmar, which is still under the thumb of the SPDC, headed by Senior General Than Shwe.
Recent rumours that Than Shwe, 74, was on the verge of death proved unfounded. In a rare public appearance the ageing general presided over the annual Armed Forces Day parade on March 27, standing in the hot sun for more than an hour with no apparent signs of weakness.
Source: Internet News

ရန်ကုန် သင်္ကြန်မှ ဓာတ်ပုံများ။

ကျနော် ကြားရသလောက်တော့ ဒီနှစ် သင်္ကြန်ရန်ကုန်မှာ စည်ကားတယ်ဆိုပဲ။ တီးဝိုင်းတော်တော်များများကလည်းရန်ကုန်မှာပဲဆိုတော့ ကဲလို့ကောင်းနေကြမှပေါ့။






ထူးထူးဆန်းဆန်း ဓာတ်ပုံ(သူဘယ်သူလဲ)

ကျနော်ကို ကျနော့်မိတ်ဆွေတစ်ဦးက အီးမေးလ်နဲ့ ဓာတ်ပုံလေးတစ်ပုံလှမ်းပို့လိုက်ပါတယ်။
ပြီးတော့ စာတိုလေးရေးထားပါတယ်။

What a loving and caring couple.What a respectful tradition to parents in law.What a shameful and disgrace civil servants.What a funny fashioned lady she is....
She is …….



သူမဘယ်သူလဲဆိုတာကတော့ စဉ်းစားကြည့်စေချင်ပါတယ်။

မြန်မာမင်းသမီး မော်ဒယ်များရဲ့ နောက်ဆုံးပေါ်ဓာတ်ပုံများ။

အခုတလော ရန်ကုန် အနုပညာလောကတွင် ကိစ္စတစ်ခုအလွန် ခတ်စားနေသည်။ တစ်ခြားမဟုတ် မင်းသမီးများ၊ မော်ဒယ်များ ဖော်လှန်ပြ ဓာတ်ပုံအရိုက်ခံခြင်းပင်။
ကျနော် သူတို့ဘာစိတ်ကူးနှင့်ရိုက်သည် ကို မသိပါ။ သူတို့ကိုယ်တိုင်သာသိပါမည်။

စိုင်းစိုင်းခမ်းလှိုင်နဲ့သူငယ်ချင်းများအမှတ်တရလက်မှတ် ရေးထိုးပေးကြတဲ့ပွဲ


Serial car thief only after the fuel

A serial car thief in Myanmar who stole 11 vehicles in six months was only after the fuel, which is severely rationed in the military-run former Burma, a police source said on Tuesday.
Police caught Maung Myo Win red-handed last month as he was trying to climb into a minivan in downtown Yangon, the semi-official Myanmar-language Crime Journal reported.
Under questioning, it emerged he had been involved in at least 10 other vehicle thefts in which the cars were left in another part of the capital with empty fuel tanks.
"As far as I know, he just stole the petrol," said a policeman, who requested anonymity.
Private car owners in the southeast Asian nation, which has been under military rule for 45 years, are allowed to buy 60 gallons of fuel a month at 1,500 kyat ($1.22 at black market rates) per gallon from state-owned filling stations.
If they need more, they have to resort to the black market, where petrol is currently selling at about 4,200 kyat a gallon.

ကော်ဖီကြိုက်သွားသောကျနော်။

ကျနော်ပြောပြချင်တဲ့ပုံပြင်လေးတစ်ပုဒ် အပိုင်း(၆)။

ရင်ခုန်သံတွေပြင်းထန်စွာဖြင့် နှစ်ယောက်အတူတူ ဓာတ်လှေခါးထဲသို့ရောက်လာခဲ့သည်။
နှစ်ဦးသားခေါင်းကိုငုံ့ထားပြီး အမှတ်မထင်သူ့ကိုကြည့်လိုက်ချိန်တွင် သူထံမှ လည်းအကြည့်တစုံကိုရလိုက်သည်။
ဒီလိုနဲ့ ကျနော်ကပဲ စပြီး ငြိမ်သတ်နေတဲ့ ပတ်ဝန်ကျင်းကြီးကို ဖြိုခွဲလိုက်ပြီး " Uniform နှင့်လည်းလှတာပဲ" ဟုအရဲစွန့်၍ပြောချလိုက်သည်။
သူ့မျက်နှာလေးတွင်ကြက်သွေးရောင်ဖြန်းသွားတော့သည်။
``ဘာသောက်မလဲ၊ တစ်ခုခုသောက်ပါ။ ကောဖီကြိုက်လား၊ ကော်ဖီပဲမှာလိုက်မယ်။ ´´ တစ်ခါမှ ကော်ဖီမသောက်သောကျနော် ဘယ်လိုလုပ်ခေါင်းညိတ်သွားမိမှန်းမသိ။
သူ့ကိုကျနော်လိပ်စာကဒ်ကလေးထုတ်ပေးလိုက်ပြီး တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ဖြစ်သွားသည်။ သူက ကျနော်ထက်၂နှစ်ကြီးသည်။ ပြီးတောတစ်ယောက်နှင့်တစ်ယောက်ဘဏ်နှင့်ပတ်သတ်တာတွေကို ပြောဆိုကြသည်။
ဒီနေ သူ့ကိုကြည်ရတာပိုချောနေသလိုပဲ။ ကြည့်ရတာ သူရဲ့ ကျနော်အတွက်ဟုထင်ရတဲ့ အပြုံးလေးများသူ့မျက်နှာတွင် ပန်ဆင်ထားချင်ကြောင့်ဖြစ်မည်။
ကျနော်လည်းသူရဲ့ အလုပ်ချိန်ကို အားနာသဖြင့် နှုတ်ဆက်ကာ ကိုကျော်မင်းကိုခေါ်၍ပြန်လာခဲ့ပါသည်။
အပြန်လမ်းတွင်တော့ စကားမပြောနိုင်၊ သူ့ရဲ့ အပြုံးလေးများကလမ်းတစ်လျှောက်ဖမ်းစားထားသည်။
ရောက်ရောက်ချင်းပဲ ကိုကျော်မင်းကို မနက်ဖြန်သူသွားလျှင် သူမထံပေးပေးဖို့ ဘဏ်မှထုတ်သော ဒိုင်ယာရီနှင့် ကျနော်စီစဉ်ဒီဇိုင်ဆွဲဆောင်ရွက်ထားသော ပြက္ခဒိန်ကိုပေးထားလိုက်ပါသည်။
အဲ့ဒီနေညက တော်တော်နှင့် အိပ်မပျော်။ အတွေးထဲတွင် သူစိုးမိုးထားတယ်။ မိုင်လိုကသာ အစွဲတမတ်သောက်တက်သောကျနော်ကိုဒီညကော်ဖီကိုဖျော်သောက်တော့ ကျနော်မေမေက ``ထူးဆန်းလှချီလားငါ့သားရဲ့´´။ ဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားသည်။
ပြီးတော့မှ ``သြော်တစ်ခါတစ်လေတော့လည်းအပြောင်းအလဲလေးဖြစ်တာပေါ့´´ လို့ပြောရင်းရီပြလိုက်သည်။
နောက်တနေ့ နေလည်ခင်းတွင်တော့ ကျနော်စားပွဲပေါ်ရှိဖုန်းမှ အသြံမည်လာသည်။ တော်တော်နှင့်စကားပြောသံမကြားပါ။ ပြီးမှ ကျနော်ပေးလိုက်တဲ့ ပစ္စည်းများအတွက်ကျေးဇူးတင်ကြောင်းနဲ့ ကျနော်အတွက် သူ့ဘဏ်မှ ပြက္ခဒိန်ထည့်ပေးလိုက်ကြောင်းပြောပါသည်။ အရမ်းကိုပျော်သွားသည်။ ဘာပြောပြော သူ့ထံမှာ ကျနော်ရှိနေပြီလား။
ရှေ့လတွင် မြောင်းမြတွင် ဘဏ်ဖွင့်စရာရှိ၍ ညနေပိုင်းတွင် ကွန်ပျူတာနှင့်ပတ်သတ်သည်များကို ၄င်းဘဏ်တွင် တာဝန်ထမ်းဆောင်မည့်သူများကို ရှင်းလင်းသင်ကြားရသည်။
သို့သော်ကျနော်စိတ်ထဲတွင်သူ့မျက်နှာသာ မြင်ယောင်နေမိသည်။ ``ကျမတို့ကလည်း ဧရာဝတီတိုင်းကပဲ၊ ဘာလို့ကျမတို့ကိုတော့ ပြက္ခဒိန်မပေးတာလဲ´´။
သေပြီ။ ဟိုပုဂ္ဂိုလ်နှိပ်စက်သွားပြန်ပြီ။ ကောင်မလေးချောချောမြင်ရင် မိတ်ဖွဲ့တတ်တဲ့ ကိုကျော်မင်းလက်ချက်။ မြောင်းမြမှသင်တန်းသူနှစ်ဦးကိုသူချွန်သွားပြီ။
သူကျနော်အကြောင်းတွေတော်တော်ပြောထားပုံရသည်။ အဲ့ဒီအထဲကမှ နမ့်စုမြတ်သွယ်ကကျနော်ကိုပိုပြီခင်မင်ပုံပေါ်ပါသည်။ ကြည့်ရတာ ကိုကျော်မင်းကသူ့ကို ပိုးနေပုံပေါ်သည်။ သူကမြောင်းမြခရိုင်မှ လှယဉ်ကျေးမယ်တစ်ဦးအပြင် ပုသိမ်တက္ကသိုလ်မှ Physics မှ အလှမယ်ရရှိထားသူတစ်ဦးဖြစ်သည်။
ဒီလိုနဲ့သူတို့ဘဏ်ဖွင့်လျှင်လိုက်ခဲ့ရန် သူကဖိတ်ခေါ်ပါသည်။
ကျနော်က ပုသိမ်မှာဖွင့်မှလာမယ်လို့ပြောလိုက်တော့ သူမျက်နှာမဲ့သွားသည်။ သြော် တိုင်းရင်သူတွေကဒီလိုပါပဲ။ ဟန်မဆောင်တတ်ဖူး။
အိမ်ပြန်ရောက်တော့ရေချိုးပြီးတာနဲ့ ဦးလေးမိသားစုနှင့် ထမင်းစာရန်ဖိတ်ထားသဖြင့် ထမင်းစားထွက်လာခဲ့သည်။အိမ်ပြန်ရောက်ရောက်ချင်းပဲ၊ အိမ်က ကျနော်တို့လိုအပ်သည်များကိုကူညီစောင်ရွက်ပေးသော နယ်မှ ညီမ၀မ်းကွဲလေးတစ်ယောက်က ``ကိုတေဇ စောစောက အမတစ်ယောက်ဖုန်းဆက်သွားတယ်။ကိုတေဇရှိလားလို့မေးပြီးဖုန်းချသွားတယ်။´´ အို့ဘယ်သူဘာလိမ့်။ သူများလား၊ ဒါမှမဟုတ် ညနေတုန်းက မြောင်းမြကလူတွေလား။
ပြဿနာပဲ။
ဆက်ရန်

မိမိအိမ်ထောင်ဖက်သည် နိုင်ငံခြားသားဖြစ်ပါက Deposit S$500 ပေးရမယ့် စင်ကာပူရှိမြန်မာသံရုံး။

ဒီနေ့ သူငယ်ချင်းတစ်ယောက်က ကျနော်ကိုအကူအညီတစ်ခုလာတောင်းပါတယ်။
ဘာအကူအညီလဲဆိုတော့ သူ့ အမျိုးသမီးရန်ကုန်ပြန်လျှင်ဘာတွေလိုအပ်မလဲဆိုတာပါ။ သူက စင်ကာပူနိုင်ငံသားအဖြစ်ခံယူထားပြီးဖြစ်ပြီး သူ့အမျိုးသမီးကတော့ မြန်မာနိုင်ငံသားအဖြစ်ရှိနေဆဲပါ။
ဒါနဲ့ကျနော်သံရုံးကိုဖုန်းဆက်မေးရန်ဖုန်းနံပါတ်ကိုသူ့ကိုပေးလိုက်ပါတယ်။
မကြာခင်မှာပဲသူကျနော်ကိုပြန်ခေါ်ပါတယ်။ ကျနော်အထင်တော့ အဆင်ပြေသွားတဲ့အတွက်ဝမ်းသာကြောင်းကျေးဇူးတင်စကားပြောမယ်လို့ထင်ခဲ့မိပါတယ်။
ဒါပေမယ့်သူငယ်ချင်းဖြစ်သူက " သူငယ်ချင်းရေ ငါ့မိန်းမရန်ကုန်ပြန်တာပဲဖြစ်ဖြစ်၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတာပဲဖြစ်ဖြစ် သံရုံမှာ စရံငွေ S$500 ထားခဲ့ရမယ်တဲ့ "။
Ooops ထူးဆန်းပါပေ့ မြန်မာသံရုံရယ်။

နားမလည်သည်များကိုမေးချင်ပါတယ် ဦးမင်းဆွေ။



ကျနော်ဒီနေ့ မြန်မာသတင်းစာကိုဖတ်တော့ ငါးမင်းဆွေဆိုလား ဖားမင်းဆွေ ဆိုလား သူရေးသည့် “ဖားမင်းဆွေ စက်ဘီးစီးနေသည်၊ လမ်းဘေးဖုန်းကို သုံးနေသည် ” ကိုဖတ်မိပြန်ပါသည်။သူ့ကို သူ့ရဲ့အသိမိတ်ဆွေက ပြည်ပတွင်ထုတ်ဝေသည့် အင်တာနက်ဂျာနယ်ဖြစ်သည့် မဇ္ဈိမဂျာနယ်တွင်ပါသည့် သူ့ဆောင်းပါးအကြောင့်ဝေဖန်ထားတဲ့သတင်းတစ်ပုဒ်အကြောင်း သူထံသို့ပြောပြကြောင်းနှင့် သူသည် အင်တာနက်ကိုကြားသာကြားဖူးသည် မကြည့်ဖူးကြောင်းပြောထားပါသည်။ကျနော်နားလည်ထားသည့် မြန်မာနိုင်ငံမှ အင်တာနက်မှာ နိုင်ငံရေးဆိုင်ရာ Web Sites တွေကို ပိတ်ထားရက်နှင့် သူ့ရဲ့မိတ်ဆွေကဘယ်လို ဘယ်နည်းနှင့် ၀င်ရောက်ကြည့်ရှုနိုင်သည်ကို နားမလည်မိပါ။ သူပြောသည့် သူ့မိတ်ဆွေဆိုသည်မှာ အစိုးရမှ အကောင်းကြီးကြီး သတ္တ၀ါလား။ မသိပါ။ ဒါမှ မဟုတ် အခွင့်ထူးခံလူတန်းစားလား။


နောက်တစ်ခုမှာ ထမင်းငတ်တဲ့ဗိုက်က ကျည်ဆန်မကြောက်ဘူး ကိုသူကရှင်းပြသွားပါသည်။ ဒါပေမယ့် သူ့ရဲ့ ရှင်းပြပုံမှာ တချိန်က ဦးနေ၀င်းပြောခဲ့သော စစ်တပ်က ပြစ်ရင် တည့်တည့်ပြစ်တယ် ဆိုတဲ့ပုံစံဖြစ်နေသည်။ လူတစ်ယောက်ကို အခန်းထဲတွင် ၂ ရက်ခန့်ထည့်ထား၍ ထမင်းငတ်ခံခိုင်းကာ သေနတ်နှင့်ပြစ်သတ်သေရန် ပြောထားသည်။သူသည် သူ့ကိုဝေဖန်ထားသည့်ဆောင်းပါးကိုနားမလည်၍လားမသိပါ။လူတစ်ယောက်လက်ထဲတွင် ထမင်းပန်းကန်နှင့် သေနတ် တစ်ဖက်ဆိုပါက ထမင်းရှိနေ၍ ကျည်ဆန်မကြောက်ပဲ ထမင်းရရှိ၍ သေ၀ံပုံကို သူနားမလည်ပဲ အာဏာရှင်လုပ်ရပ်တွေသာ သူဆီမှာ ဘာလို့ရှိနေပါသလဲ။


သူ့ထံတွင် လယ်များ၊ ငါးကန်များ ပိုင်ဆိုင်သောလယ်သမား တစ်ဦးဖြစ်ပြီး ရန်ကုန်တွင် အိမ်ခန်းများ၊ လုံးချင်းတိုက်များ၊ကား နှင့် လက်ကိုင်ဖုန်းပိုင်ဆိုင်ကြောင်းပြောထားပါသည်။
နောက်ပိုင်းတွင် လုပ်ငန်းတိုးချဲ့လို၍ ရောင်းချလိုက်ခြင်းဖြစ်တယ်လို့ ဆိုသည်။
အောက်ဆုံးတွင်တော့ ဆောင်းပါးခေါင်းစဉ်ဖြစ်သော သူသည် ကိုယ်ပိုင်ကားမစီးကြောင်း၊ လက်ကိုင်ဖုန်းမကိုင်ပဲ လမ်းဘေးဖုန်းကို သုံးနေပါသည်ဟုဆိုပြန်သည်။ နားမလည်ပါ။


ရင်သား ကင်ဆာကိုကွန်ပျူတာ အသုံးပြု၍ရှာခြင်းထက် လူသားကပိုမိုထိရောက်။

Computer-aided mammography finds breast cancers no better than the human-read kind, and it prompts more unnecessary biopsies, said a study out Thursday.
"The use of computer-aided detection is associated with reduced accuracy of interpretation of screening mammograms," said the study published in the the New England Journal of Medicine.
"The increased rate of biopsy with the use of computer-aided detection is not clearly associated with improved detection on invasive breast cancer," said the study of 429,345 mammographies in 43 US medical centers, which detected 2,351 cancers between 1998 and 2002.
The study is the largest yet to compare the two systems. The computer-assisted machines detected 4.20 cancers for every 1,000 women, while the old method found 4.15 per 1,000.
However, the computer-aided detection led to 20 percent more biopsies of suspected tissue which turned out to be negative.
On the other hand, the computer assist found less-dangerous cancers than the simple mammography, said Joshua Fenton, of the University of California at Sacramento, one of the study's authors.
"The results of this study will surprise and disappoint most mammographers," said Ferris Hall, of the Beth Israel Deaconess Medical Center.
"They constitute a substantial hit to this technology," he said.
The equipment from R2 Technology Inc., Kodak and iCAD Inc. costs some 150,000 dollars.
The US Food and Drug Association authorized the technique in 1998.
Some 24 million mammographies are performed in the United States every year. Between 15 and 30 percent of hospitals have adopted the computer assisted systems.
Medicare, the US medical system for retirees and the handicapped, pays an additional 20 dollars per mammography, when it is computer assisted.
Hall wrote that the financial incentive was approved "by a heavily lobbied Congress, despite little evidence-based data in support of its value at the time."

When to use WPF and when to use other technologies

WPF is not the end-all be-all of technologies (at least not yet ), so there are many cases where either you will still need to rely on other Windows APIs, or the other APIs are more appropiate for the task at hand. I would like to provide some guidance as to the scenarios involved for different technologies in this post.Since I am mainly a graphics geek, I am going to focus on WPF and the following APIs:
· DirectShow
· Direct3D
· GDI/GDI+
In future releases we will extend the functionality in WPF to cover additional scenarios, as well as improve the integration with other APIs, so the guidance here is subject to change. Your comments and requests are welcomed, to help us prioritize the scenarios that we should tackle first.The first concept that is going to be a common thread in dealing with many of these scenarios is HwndHost (HwndHost at MSDN and Nick's article on HwndHost). This enables you to take content that is drawn using other APIs and host it within your WPF application.There is a limitation with HwndHost in that you will not be able to apply some graphical transformations on the hwndhost content, like applying transparency or using it as a texture. Another limitation is that likely you are using unmanaged code to create the content in the hwnd, which means that this will not work in a XAML Browser Application (xbap).I am likely to follow up this posting with some background on the architectural decisions we made early on, as well as the big bets on technology trends we decided to place in late 2000/early 2001 as we started to design the WPF architecture.
WPF and DirectShowIf you want to do capture (audio or video), or have your own DirectShow filter graph, you will have to code directly to DirectShow in WPF v1. You will then take the content and host it in WPF through HwndHost.However, if all you want to do is play your own format, you can just provide a DirectShow CODEC for it, and then folks will be able to use the format through the Media element and fully integrate it as part of other WPF content, without limitations.WPF and Direct3DMy simple axiom on the 3D front is:if you already have domain knowledge in Direct3D (or OpenGL), you should stick with using Direct3D for WPF v1.Now, to provide more context on my guidance. We make 3D a lot easier to use in WPF, and by a much larger developer audience than the one that uses 3D today. We also make it usable on the Web (in a xbap), we make it print, we make it remote, and we make it easier to integrate 3D with 2D, UI controls, and Documents (including as part of XAML). But, in using WPF, you give up a bit of the flexibility and direct hardware control that you get with the lower level APIs. We also manage your data (sometimes I refer to this as "managed graphics", to go along with managed code) and in doing so there is a bit of overhead, which costs you some performance (this is very dependent on the scenario, and we are tunning this code to reduce the cost based on scenarios that early adopters are sending in, so don't wait if you run into problems).We did not optimize our architecture in this initial version for twitch games or high end scientific vizualization scenarios, so if you want to tackle something along those lines, give it a try and see if it meets your needs. Similar to the DirectShow case, once you get your content going, you use hwndHost to merge it with your WPF content.Some scenarios for this involve providing a new UI for a Direct3D based application, or hosting a 3D modeler/editor within your WPF application.WPF and GDI/GDI+For those interested in factoids - GDI and GDI+ are part of our team, and some of the WPF developers/program managers/testers were part of those efforts many years ago (and many of us were involved in VML as well).If you can't let go of raster ops, need 1-pixel wide lines, or need to load EMF/WMF files, then you will likely need to use GDI/GDI+, and then HwndHost. We are looking at how to tackle raster ops through effects, as well as provide scale invariant lines, in the future. WMF and EMF are a bit trickier, as we are trying to strike towards secure by default (even at the cost of functionality) and also because of expectations in terms of compatibility. I fully expect that some of you in the develop community will add value to the platform by developing EMF/WMF CODECs to be used within WPF applications.

Oh!!!! Mr. Singaporean and Mrs. Singaporeans

A Singaporean father made up his own rules and demanded to have sex with his daughters. His wives, who allowed him to do so, will receive sentencing from the court in two weeks' time. The women are on trial for persuading six of their young daughters, aged between 12 and 15, to have sex with their natural father from 2004 to 2005. The three mothers had pleaded guilty and were supposed to be sentenced on Wednesday. But sentencing was adjourned because the judge wanted more information on the mental state of the victims. Based on the findings, Defence Counsel Wee Pan Lee argued that it is important for the mothers to be present to provide support for the victims. But Deputy Public Prosecutor Eugene Lee said the mothers did not perform their duty in protecting their daughters, resulting in two of them going through abortion. The father, a 46-year-old businessman and religious teacher, is now serving a 32-year and 24-stroke sentence.
Source: Channel Newsasia

ဝဋ်

ကျနော်တို့ မြန်မာ ဗုဒ္ဓဘာသာလူမျိုးတော်တော် များများကြားဖူးမည်ထင်ပါတယ်။
ဝဋ်ကြွေး၊ ၀ဋ်လည်၊ ၀ဋ်ရှိလို့ခံရတာ၊ ၀ဋ်လည်လိမ့်မယ်၊ ၀ဋ်ကြွေးတွေဘယ်လောက်များတယ် မသိပါဘူးဆိုတာလေ။ အဲ့ဒီတော့ ကျနော်စဉ်းစာကြည့် တယ် ၀ဋ်ဆိုတာဘာလည်းပေါ့၊ ကိုယ်မကောင်းတာလုပ်ရင် မကောင်းတာပြန်ခံရမယ်။ ကောင်းတာလုပ်ရင် ကောင်းတာပြန်စံရမယ်။ ဒါ အရပ်ထဲက ၀ဋ်
နဲ့ပတ်သတ်ပြီး ကြားဖူးတဲ့ အသံတွေပါ။ ဟုတ်ပြီ မကောင်းတာလုပ်တော့ မကောင်းတာပြန်ခံရမယ်ဆိုတာ ဘယ်တော့လည်း၊ အခုချက်ချင်းလား၊ နောင်ဘ၀ဆိုတာရှိရင် နောင်ဘ၀မှလား၊ ထပ်စဉ်းစားမိတာပါ။
တစ်ချို့သားသမီးတွေဆိုလည်း မိဘပေါ်မှာဆိုးတော့ သူတို့ကို အရပ်ထဲက သူတို့ကြီးလာလို့ သူတို့သားသမီးရရင် ၀ဋ်လည်လိမ့်မယ်။ ဒါမျိုးလေးတွေလည်းကြားဖူးပါတယ်။ ဒါဆိုရင် ဒီ ၀ဋ်
ဆိုတာကြီးက နောင်ဘ၀ထိအောင်မစောင့်ဘူးပေါ့။
ကဲဒါနဲ့ပဲ နောက်တစ်ခု။ ဟိုစောစောပိုင်းက လူအများကိုသွေးတွေထွက်အောင်၊ လူတွေကိုသတ်နဲ့။ မသေမရှင်တွေထားခဲ့။ သူတစ်ပါး က အာဏာတွေရမှာဆိုးလို့ အာဏာတွေမရအောင်လုပ်ကြံ။ ဒါတွေကို အမိန့်ပေးကြိုးကိုင်တဲ့သူတွေကျတော့ကော။ ၀ဋ်ဆိုတာ မလည်တော့ဘူးလား။ စဉ်းစားကြည့်တာပါ။
ဟောကြည့် အခု သူဘာဖြစ်သွားလည်း အခု ဆေးရုံမှာသွေးကင်ဆာဖြစ်လို့ အရေးအပေါ်တင်ထားရတယ်။ အခုနောက်ဆုံး ကြားတဲ့သတင်းအရဆို တာဝန်မှ မဖြစ်မနေ အနားယူရတော့မယ်ဆိုပဲ။ အသက်လည်းဆုံး၊ အာဏာလည်းဆုံး။ ဒါကကော ၀ဋ် တွေပဲလား။ ကျနော်မသိပါဘူး။တကယ်လို့ ခင်ဗျားတို့ သိမယ်ဆိုရင်တော့ ကျနော်ကို ကျေးဇူးပြုပြီးရှင်းပြခဲ့စေချင်ပါတယ်ဗျာ။

မှတ်ချက်။ မည်သူကိုမျှရည်ရွယ်တိုက်ခိုက်လို၍ရေးခြင်းမဟုတ်ပါ။ ၀ဋ်အကြောင်းကိုပိုမိုနားလည်မိလို့၍သာရေး၍မေးခြင်းဖြစ်ပါသည်။

ဖခင်ဖြစ်လိုသူ ရေပူမချိုးနှင့်

သားသမီး ရယူလိုကြသည့် ယောက်ျားများသည် ရေပူကို တာရှည်ရေချိုးခြင်း များရှောင်ကြဉ်သင့်ကြောင်း ယောက်ျား များ မျိုးအောင်ခြင်းအပေါ် ပြုလုပ်ခဲ့သည့် လေ့လာသုံးသပ်ချက်က ဖော်ပြသည်။ သုံးနှစ်ကြာခဲ့သည့် ရှေ့ပြေး စမ်းသပ်မှုတွင် ယောက်ျား ၁၁ ယောက် ပါဝင်ခဲ့ရာ ရေပူချိုးခြင်းသည် ယောက်ျား တစ်ဦးအတွက် မြုံသွားနိုင်သည့် အလားအလာရှိသည်ဆိုသော ယုံတမ်း စကားသည် အနည်းနှင့်အများ မှန်နိုင် ကြောင်းတွေ့ရှိခဲ့သည်။
Source: MM Times

အဝေးမှချစ်သူ

ချစ်သူ..
ချစ်တယ်လို့အကြိမ်ကြိမ်ပြောခဲ့ပေမယ့်
အဲ့ဒီအချစ်တွေထားခဲ့ပြီး
အဝေးတစ်နေရာကိုထွက်သွားခဲ့တာ
ငါ့အရမ်းချစ်မိတဲ့ ချစ်သူမင်းပါ။

ချစ်သူ…
မိုးသည်းတဲ့တစ်နေ့မှာ
နှစ်ယောက်ထားခဲ့ဘူးတဲ့
သစ္စာတရားတွေလည်း
ရင်မှာအပြည့်ရှိနေဆဲပါ။

ချစ်သူ..
မင်းထားခဲ့တဲ့ ဒီနေရာမှာ
ငါတစ်ယောက်တည်း
အဖော်မပါပဲ၊
အချစ်တွေအပြည့်နဲ့
စောင့်မျှော်လျှက်ပါ။

ချစ်သူ..
မျှော်လင့်နေတဲ့ငါတစ်ယောက်ကို
ကတိတွေမရှိ၊ အချစ်မပါဘဲ
မင်းထားခဲ့တာ့
ဒီနေ့အထိပါ။

ချစ်သူ..
မင်းဘယ်ဆီမှာလဲမသိပေမယ့်
နောက်ဆုံထွက်သက်ထွက်သွားသည်ထိ
တည်ရှိနေမဲ့ ပြောခဲ့ပါရစေ
ငါ့အချစ်တွေမင်းဆီမှာပါ။

စိတ်ဝင်စားမိတဲ့ WPF (Windows Presentation Foundation)

ညီမငယ်တစ်ဦး နှင့် သူမကောင်လေး ရဲ့အကူအညီကြောင့် ကျနော် Windows Vista ကိုစတင်သုံးခွင့်ရရှိခဲ့ပါတယ်။ Windows Vista ရဲ့ထူးခြားချက်ကတော့ Graphic Designs (GUI) တွေအရမ်းကောင်းတာတွေ့ရပြီးတော့ သုံးရတာလည်း အရမ်း Smooth ဖြစ်တယ်လို့ခံစားမိပါတယ်။ အထူးသဖြင့် .NET framework 3.0 ရဲ့အားသာချက် အားနည်းချက်များကိုပါလေ့လာခွင့်ရခဲ့ပါတယ်။
.NET framework 3.0(အရင်အခေါ် WinFX) ကို Windows Vista ပေါ်မှာ သုံးရန် အထူးသင့်လျှော်ကြောင်းသိရှိရပြီး၎င်း framework များတွင်ပါဝင်သည့် WPF (Windows Presentation Foundation, formerly code-named Avalon), WCF (Windows Communication Foundation, formerly code-named Indigo), WWF (Windows Workflow Foundation, formerly code-named Workflow) နှင့် WCS (Windows Card Space, formerly code-named InfoCard) အကြောင်းကိုလေ့လာမိပါတယ်။
အဲ့ဒီအထဲကမှ WPF (Windows Presentation Foundation) အကြောင်းလေးကို စိတ်ဝင်စားမယ်ဆိုရင် ကျနော်လေ့လာထားသလောက် ပထမဆုံးမျှဝေချင်ပါတယ်။



Microsoft .NET 3.0 Framework Diagram


WPF က .NET framework 3.0 ရဲ့ Graphical Subsystem Feature တစ်ခုဖြစ်ပါတယ်။
WPF ကို Windows XP SP2 and Windows Server 2003 တွေမှာပါ အသုံးပြုနိုင်တယ်လို့လေ့လာသိရှိရပါတယ်။ WPF သည် Application တစ်ခုတည်ဆောက်ဖို့ရာမှာ Consistent programming model ကို ဖြည့်ဆည်းပေးနိုင်ပြီး၊ UI နှင့် Business Logic ကြားမှာရှင်းရှင်းလင်းလင်းဖြစ်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။
ပြီးတော့ WPF Application ကိုတော့ Desktop နှင့် Web Server များမှာ deploy လုပ်လို့ရပါတယ်။ WPF က Graphical Subsystem Feature ဖြစ်တာနဲ့ အညီ the visual aspects ကို Develop လုပ်ရတာအလွန်ကောင်းလှပါတယ်။ သူရဲ့ အဓိက ရည်ရွယ်ချက်ကတော့ 2D, 3D Drawing တွေ၊ User Interface၊ Vector Graphics, Animation, Data Binding, Audio, Video တွေနှင့် Fixed လုပ်ပြီးသား အလွယ်တကူ သုံးလို့ရရှိနိုင်မယ့် Documents ကို ထည့်သွင်း Develop လုပ်နိုင်ဖို့ပါ။

WPF/E ဆိုတာကတော့ WPF ရဲ့ အခွဲလေးဖြစ်ပါပြီး WPF ကိုနေရာတိုင်းမှာသုံးနိုင်ရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။ သူကတော့ WPF ကို Mobile Version အတွက် ဖြစ်ပြီး XAML နှင့် Javascript ပေါ်မှာ အခြေခံထားပါတယ်။ ပြီးတော့ 3D Drawing Features တွေတော့ မပါပါဘူး။

WPF/E ၏ အသုံးပြုထားတဲ့ Application တစ်ချို့၏ Screen



အခုဆက်ပြီး WPF ရဲ့ Feature လေးတွေအကြောင်းပြောပြလိုပါတယ်။

Graphical Services
WPF သည် 3D Model rendering ကို support လုပ်နိုင်ပြီး 2D applications တွေကို အသုံးပြုနိုင်ပါတယ်။

Deployment
WPF သည် ရိုးရိုး traditional standalone applications မဟုတ်ပဲ standalone XAML Browser Applications ကို Build လုပ်နိုင်ပါတယ်။

Interoperability
WPF သည် Win32 မှာရှိတဲ့ Information တွေကို ဝေငှသုံးစွဲနိုင်ပါတယ်။ပြီးတော့ Windows Forms နှင့်လည်း ElementHost နှင့် WindowsFormsHostတွေနဲ့ပတ်သတ်ပြီးသုံးစွဲနိုင်ပါတယ်။

Media Services
WPF သည် 2D Graphics တွေကို built-in set of brushes, pens, geometrics တွေသုံးပြီးတော့ ဖန်တီးနိုင်ပါတယ်။ 3D တွေကိုတော့ Direct3D ကပေးတဲ့ Features တွေအကုန်သုံးနိုင်ပါတယ်။ပြီးတော့ သူက most of common images format ကိုလည်း support လုပ်ပေးနိုင်ပါတယ်။ WMV, MPEG နှင့် AVI တွေ ကိုပါ support ပေးပါတယ်။

Data Binding
ထုံစံအတိုင်း Applications သုံးပါပြီဆိုမှတော့ အနည်းအများ Informationတွေကိုသိမ်းဆည်းဖို့လိုလာပါပြီ။ အဲ့ဒီအတွက် Data binding ကိုပါ supportလုပ်ပေးပါတယ်။
User Interface
WPF မှာ Set of Built-in Controls ကိုစီမံပေးထားပြီး အဲ့ဒီမှာ Button, menu, List Boxတွေကိုတွေ့ရပါတယ်။ ဒါပေမယ့် DataGrid ကိုတော့မတွေ့ရပါဘူး။ အခုနောက်ပိုင်းတော့ 3rd party vendors တွေကစပြီးတော့ သုံးလို့ရပြီလို့ပြောပါတယ်။


WPF ၏ Basic Diagram



WPF ၏ အသုံးပြုထားတဲ့ Application တစ်ချို့၏ Screen များ




WPF ကိုသုံးထားတဲ့ Applications တစ်ချို့ကိုဖော်ပြပေးချင်ပါတယ်။
-Yahoo! Messenger
-New York Times Reader



ကျနော်နောက်အပိုင်းများတွင် Techincal Terms တွေကို အင်္ဂလိပ်မြန်မာရိုက်ရတာအဆင်မပြေဖြစ်တဲ့အတွက် အင်္ဂလိပ်လိုပဲဖော်ပြခွင့်ပြုပါ။

Foreign Talents အပေါ် မနာလိုဖြစ်နေသော Singaporean များ၏အမြင်။

စင်္ကာပူသည် အရှေ့တောင်အာရှ၌ အသေးဆုံးနိုင်ငံဖြစ်သော်လည်း အချမ်းသာဆုံးနိုင်ငံအဖြစ်ရပ်တည်နိုင်ငံသည်မှာ မည်သူမှ ငြင်းဆိုနိုင်မည်မဟုတ်ပါ။
သို့သော် ထိုနိုင်ငံတွင် သဘာဝအရင်းမြစ်ဆို၍ သောက်သုံးရေတောင်မရှိပေ။
ဒါဆိုရင်မေးစရာရှိလာပါမည်။ ဘာလို့သူတို့ချမ်းသာတာလဲ။ရှင်းရှင်းလေးပါ။
အုပ်ချုပ်သူများ ၏ အမြင်ကျယ်မှု၊ ဗဟုသုတ ကြွယ်ဝမှု နှင့် တိုင်းပြည်၏လိုအပ်ချက် နှင့် ကမ္ဘာကြီး၏လိုအပ်ချက်များကို နားလည်သိကျွမ်းနေပြီး ၄င်းအပေါ်တွင် ပွဲစား စံသော ဆောင်ရွက်ချက်များကြောင့်ဖြစ်ပါတယ်။ ပွဲစားဆိုသည်မှာလည်း အရင်းနှီးရှိဖို့မလိုပါ တခြားသူရဲ့ လိုအပ်ချက် ကို တခြားပိုလျှံနေသူထံမှ လွှဲပြောင်းခြင်းကိုခြားထဲမှာနေ၍ တန်ရာတန်ကြေးယူကာ အကျိုးဆောင်ပေးခြင်းဖြစ်ပါတယ်။
အဲ့ဒီတော့ အခုစင်ကာပူတိုးတက်နေတယ်ဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ Talents တွေကိုခေါ်တယ်။ ပြီးတော့ အဓိကလိုအပ်တဲ့ Infrastructure တွေကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးပြီး၊ Foreign Talentsတွေရဲ့ လုပ်အားကို အရင်းပြုပြီး တစ်ခြားစက်မှုနိုင်ငံကြီးများမှ စီးပွားရေးလုပ်ငန်းများကိုဖိတ်ခေါ်ပြီး စင်္ကာပူတွင်ရင်းနှီးမြုတ်နှံစေပါတယ်။ အဲ့ဒီလိုနဲ့ သူတို့နိုင်ငံတွင်းမှရှိတဲ့ အလယ်အလတ်တန်းစား၊ အောက်ခြေတန်းစာ အလုပ်သမားတွေက Foreign Talents တွေမှီပြီး အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိလာပါတယ်။
ဒါ့ကြောင့်စင်္ကာပူအစိုးရက Foreign Talents တွေကိုဘာလို့ခေါ်တယ်ဆိုတာရှင်းသွားပါပြီ။
ဒါပေမယ့် Singaporean အများစုက အဲ့ဒီလိုမမြင်ပါဘူး။ ဒီ Foreign Talents တွေကြောင့် သူတို့တွေရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေဆုံးရှုံးကုန်ပါပြီလို့ထင်နေကြပါတယ်။
သူတို့ပတ်ဝန်းကျင်မှာ Foreign Talents ဆိုတဲ့စကားကို သိပ်ကိုမုန်းလှပါတယ်။ ကျနော်အထင်တော့ သူတို့မုန်းတာထက် ကြောက်နေတာဖြစ်ပြီး မနာလိုတာသိတာထင်ရှားလှကြောင်း အောက်ဖော်ပြပါ အချက်အလက်များဖြင့်သက်သေတည်နိုင်ပါတယ်။



ဒါကတော့ စင်္ကာပူအစိုးရရဲ့ရှင်းလင်းချက်ပါ။

အလုပ်တစ်ခုရဲ့နောက်ဆုံးနေ၀င်ချိန်


ငါ့ လက်ရှိအလုပ်ရဲ့
နောက်ဆုံးအချိန်တွေဟာ
ငါ့ကိုဘာလို့ ၀မ်းနည်းစေတာလဲ။

ငါ့ လက်ရှိအလုပ်ရဲ့
နောက်ဆုံးချိန်တွေဟာ
ငါ့ကိုဘာလို့ အထီးကျန်စေတာလဲ။

သြော် နောက်ဆုံးထွက်သက်ကို
မျှော်နေရတဲ့ လူတစ်ယောက်လိုပဲ
အလုပ်ရဲ့ နောက်ဆုံးနေ့ကိုမျှော်နေရပါလား။

တမ်းမက်ခဲ့တဲ့ အခုအလုပ်လဲ
နှုတ်ဆက်ခဲ့ပြီ။
မပြီးဆုံးသေးတဲ့ဘ၀တစ်ခုအတွက်
လှမ်းဆက်လျှောက်ရန်
ငါလက်ချိုးရေမိ၊ မျှော်နေမိတယ်။

စီမံကိန်းပထမအဆင့်။

(ကျွန်တော်ပြောပြချင်းတဲ့ပုံပြင်လေးတစ်ပုဒ် အပိုင်း ၄)။
ကား က ဂိတ်ရောက်ပြီးဆိုတာနှင့် ဘာလုပ်ရမှန်းမသိ ပျာရာခတ်နေသည်မှာ ကျွန်တော်ဖြစ်ပါတယ်။ သူ့ရင်ထဲမှာ ကျွန်တော်ရောက်ရှိသွားနိုင်ပြီလား။ ဒါမှမဟုတ် သူကျွန်တော့်ကို အမြင်ကတ်နေပြီးလား။ ကျွန်တော်မသိပါ။ ဒါပေမယ့် တစ်ခုခုတော့ သူ့ရင်ထဲမှာ ကျွန်တော်နဲ့ပတ်သတ်ပြီး ရှိစေချင်တယ်။ သူကတော့ သူ့ပစ္စည်းထုတ်တွေကိုကိုင်ထားပြီးကားငှားဖို့ပြင်နေပါတယ်။ သူကိုင်ထားတဲ့ လက်ဆွဲခြင်း အပြာသေးသေးလေးကို ဘယ်တော့များမှ ကိုယ်ပေးခွင့်ရမယ်မသိ။
အဲ့ဒီအနားမှာ ယောင်လည်လည်နဲ့ မသိမသာ ကျွန်တော်သွားရပ်လိုက်မိတယ့်အချိန်တွင် သူထံမှာ ကျွန်တော် အတွက်ခံစားမှုတစ်စုံတစ်ရာရှိမှာဘဲလို့ သူရဲ့မျက်နှာပေါ်က ချိုမြတဲ့ အပြုံလေးကဖော်ပြလိုက်တော့ ကျွန်တော်ရင်ထဲမှာ ပြောမပြတတ်အောင်ပျော်သွားပါမိပါတယ်။ ဒါပေမယ့် ခဏလေးအတွင်းမှာပဲ တက္ကစီသမားရောက်လာပြီးသူကားပေါ်တက်သွားပါတော့တယ်။
ကျွန်တော်မှာ ထီပေါက်ပြီး ထီလက်မှတ်ပျောက်သွားသလိုပင် စောစောကမြင်လိုက်ရတဲ့ အပြုံးလေး မရှိတော့ဘူး။ သူထွက်သွားပြီ။ ကျွန်တော်မလိုချင်ဆုံးအချိန်ကိုရောက်လာခဲ့ပြီ။အဲ့ဒါကတော့ သူနဲ့ ဝေးနေရမယ့် အချိန်တွေပါ။
မကြာခင်မှာပဲ အိမ်ကကားရောက်လာလို့ ပစ္စည်းတွေကားပေါ်တင်ပြီး စိတ်မပါသောခန္ဓာကိုယ်နဲ့ ကားနောက်မှာထိုင်ပြီးပါလာခဲ့ပါတယ်။ ကားကသာ အိမ်သို့ရောက်လာပြီး စိတ်ကတော့ သူနဲ့ပါသွားခဲ့ပါတယ်။ အရာရာတိုင်းမှာ သူရဲ့မျက်နှာလေးကသာ စိုးမိုးလို့နေပါတော့တယ်။
အဲ့ဒါနဲ့ ကျွန်တော်ရေချိုပြီး ညစာပင်မစားနိုင်တော့ဘဲ စောစောအိပ်ရာဝင်လိုက်မိပါတယ်။ အိပ်ရာပေါ်ရောက်တော့လည်း အိပ်မပျော်နိုင်သေးဘဲ၊ မေးခွန်းပေါင်းများစွားကို ကိုယ်ဘာသာ မေးနေမိပါတယ်။ သူဘယ်မှာနေတာလဲ။ သူဘယ်ဘဏ်မှာလုပ်တာလဲ။ သူ့မှာ ရည်းစားရှိလား၊ အစုံပါပဲ။
ဒီနေ့မနက်မိုးလင်းတော့ အတော်ကိုလန်းဆန်းနေပါတယ်။ ပြီးတော့ ရင်ထဲမှာလည်း စီမံကိန်းတွေ့အပြည့်နဲ့။ မနက်စာ စားပြီးတာနဲ့ ရုံးကိုထွက်လာခဲ့ပါတယ်။ ရုံးရောက်တာနဲ့ အာရှဓန ဘဏ်သို့ သွားသွားပြီ PO(Payment Order) ပေးလေ့ရှိတဲ့ ကျွန်တော်ကိုခင်တဲ့ကိုကျော်မင်းဆိုသူကို ဖုံးဆက်ပြီး ~ ကိုကျော်မင်းရေ ခင်ဗျားအားလားဗျာ၊ အားရင် အအေီးသောက်ရအောင်~ ဆိုပြီး သူကို canteen ကိုခေါ်လိုက်မိပါတယ်။
မကြာပါဘူး သူရောက်လာပါတယ်။ ~တေဇ ဘယ်လိုဖြစ်တာလဲ၊ ထူးထူးဆန်းဆန်း၊ အအေးသောက်မယ်ဆိုပလား။~ သူပြောလည်းပြောချင်စရာပါ။သူ့ကို ကျွန်တော်တစ်ခါမှ မဖိတ်ခေါ်ဘူးဘူး။ ဒီလိုနဲ့ပဲ ရှေ့မျက်နှာ နောက်ထားပြီး ~ ကိုကျော်မင်းရာ ဘာရယ်ညာရယ် မဟုတ်ပါဘူး၊ ကျွန်တော်ကိုကျော်မင်းကို နည်းနည်းအကူအညီတောင်းချင်လို့ပါ။ကိုကျော်မင်း အာရှဓန ဘဏ်မှ သိတဲ့ မိတ်ဆွေများလား~ လို့မေးလိုက်မိပါတယ်။ ဒါနဲ့သူကလည်း ထုံးစံအတိုင်း ကြွားကလည်းကြွားချင်နဲ့ ~ များမှများ၊ အကုန်လုံးနဲ့သိတယ်၊ကောင်မလေးဘယ်နှစ်ယောက်ရှိလည်းသိချင်တာတောင်ပြောလို့ရတယ်~ လို့ဆိုပါတယ်။ အို့ ဟုတ်ပြီး ကျွန်တော်ရဲ့ စီမံကိန်းတွေအကောင်အထည်ဖော်ဖို့ လမ်းစပွင့်သွားပြီ။
~ကျွန်တော်ကို့ အာရှဓနဘဏ်က မပုလဲ ဆိုတဲ့နာမည် ပုသိမ်ကလာအလုပ်လုပ်နေတာရှိမရှိသိချင်လို့ပါ။~ သူက အိုကေဆိုတာနဲ့ကျွန်တော်အတိုင်းမသိသူကိုကျေးဇူးတင်မိလိုက်ပါတယ်။
ဘိုးတော်က မကြာပါဘူး၊ ကျွန်တော်ထံဖုန်းလှမ်းဆက်ပါတယ်။ ရှိတယ် သူက (၇)လမ်းဘဏ်မှာတဲ့။ ကျွန်တော်တွေ့ချင်ရင် သူ့ရဲ့သူငယ်ချင်းကိုခေါ်ခိုင်းပေးမယ်တဲ့။
ဟာ ဒီလူ တော်တော်အလိုက်သိလိုက်တာ လို့ရင်ထဲမှာကျိတ်ပြီးကျေးဇူးတွေထပ်တင်နေမိပါတယ်။ ဒါပေမယ့်လည်း စကားတခွန်းမှ မပြောဘူးတဲ့သူ့ကိုကျွန်တော်ဘယ်လို စပြီးစကားပြောရဲပါ့မလဲ။ တော်ကြာမှ ဒီလူကို မသိပါဘူး လို့ပြောရင်သေပြီ။

စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ထွက်ခွာ။


ယနေ့ စင်္ကာပူဆိုင်ရာ သတင်းများအရ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Mr George Yeo နှင့် အရာရှိကြီးများသည် မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဆိုသူ ဦးဥာဏ်ဝင်း၏ဖိတ်ခေါ်ချက်အရ ယနေ့မနက်တွင်ထွက်ခွာသွားပြီး ၃ရက်ကြာမည်ဟုဖော်ပြထားတယ်။ ၄င်း၏ခရီးစဉ်တွင် အတွင်းရေးမှု (၁) နှင့် လည်းတွေ့ဆုံမည်ဟုတွေ့လိုက်ရပါတယ်။
ကျွန်တော်ဘာလို့ဒီ သတင်းကို ဖော်ပြတာလည်းဆိုတာကတော့ ဘာလို့သူအခုမှချက်ချင်းကောက် သွားတာလဲဆိုတာစဉ်စားမိလို့ပါ။ အထူးသဖြင့် စင်္ကာပူနိုင်ငံ မှာမြန်မာနိုင်ငံသားတွေထံမှ အခွန်နှစ်ထပ်ကောက်ခံမှုအကြောင်းကို မီဒီယာများတွင်ပါရှိပြီး နောက်မှ ထွက်ပေါ်လာဖြင်းဖြစ်သ၍ အထူးစိတ်ဝင်စားဖို့ကောင်းပါတယ်။
တကယ်လို့ George Yeo သွားတာအဲ့ဒီကိစ္စအတွက်ဆိုရင်တော့ အားလုံးဝမ်းသာရမယ့် သတင်းဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဒါမဟုတ် မြန်မာနိုင်ငံသားတွေအားလုံးကို စင်္ကာပူမှ မွေးစားသားလုပ်နေလို့လားဆိုတာတော့မသိပါဘူး။