အသားဖြူသူတွေ သထိထား၊ အရေပြား ကင်ဆာရောဂါ ပိုမိုဖြစ်ပွားနိုင်။

အရေပြားရှိ မယ်လ်နင်ဓာတ်ဟု ခေါ်သော ရောင်ခြယ်ဓာတ်နည်းသော အသားဖြူသူများသည် အသားညိုသူ များထက် အရေပြားကင်ဆာ ပိုမိုဖြစ် ပွားနိုင်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေပြားရောဂါကုဌာန၊ အရေပြား အထူးကု ဆရာဝန်ကြီး ဒေါက်တာ စိုးဝင်းဦးက ပြောကြားသည်။

အရေပြားကင်ဆာရောဂါသည် အရေပြားရှိသည့်နေရာတိုင်းတွင် ဖြစ် နိုင်သော်လည်း လူတစ်ဦးနှင့်တစ်ဦး အရေပြား ပုံစံချင်း မတူညီသောကြောင့် ဖြစ်နိုင်ခြေရှိသည့် အခြေအနေကွာခြားမှု ရှိခြင်းဖြစ်ကြောင်း ဒေါက်တာစိုးဝင်းဦး က ပြောသည်။

အရေပြားကင်ဆာရောဂါသည် နေ ရောင်ခြည်တွင်ပါရှိသော ခရမ်းလွန် ရောင်ခြည် ထိတွေ့မှုများခြင်းကြောင့် အဓိကဖြစ်ပွားရခြင်းဖြစ်ပြီး ယင်းရောင် ခြည်ကြောင့် အရေပြားအတွင်းရှိ မျိုးရိုး ဗီဇကလာပ်စည်း(DNA) များ ပျက်စီး သွားသောကြောင့် ပုံမှန်လမ်းကြောင်း မှပြောင်းကာ ကင်ဆာဆဲလ်များအဖြစ် ပြောင်းလဲသွားခြင်းဖြစ်ကြောင်း ၎င်းင်းက ရှင်းပြသည်။

ထို့ပြင် အရေပြားကင်ဆာဖြစ်ပွားစေ သောအချက်များထဲတွင် ထိခိုက်ဒဏ်ရာ ကြာရှည်စွာဖြစ်ပွားခြင်း၊ ဆေးလိပ် သောက်သူများတွင် နီကိုတင်းဓာတ် ကြောင့် နှုတ်ခမ်းတွင်အပူဒဏ်ရာ ကြာ ရှည်စွာဖြစ်ခြင်း၊ ခန္ဓာကိုယ်တွင် အနာ ကြာရှည်စွာဖြစ်ခြင်း စသည့် အရေပြား ထိခိုက်ဒဏ်ရာများကြောင့်လည်းကောင်း၊ ကတ္တရာ၊ ကျပ်ခိုး၊ ပိုးသတ်ဆေး စသည့် ဓာတုဗေဒပစ္စည်းများနှင့် မကြာခဏ ထိတွေ့မှုများခြင်းကြောင့်လည်းကောင်း၊ ဓာတ်သတ္တုပစ္စည်းများ ခန္ဓာကိုယ်တွင်း ၀င်ရောက်သွားခြင်းကြောင့်လည်းကောင်း စသော နည်းလမ်းများဖြင့် အရေပြား ကင်ဆာရောဂါ ဖြစ်ပွားနိုင်သည်ဟု ဒေါက်တာစိုးဝင်းဦးက ပြောသည်။

ထို့ပြင် ထိခိုက်ဒဏ်ရာများဖြစ်ပြီး နောက်ကျန်ရှိခဲ့သော အမာရွတ်များ သည် ပုံမှန်အသားကောင်းများမဟုတ် သည့်အတွက် အချိန်ကြာမြင့်လာသည် နှင့်အမျှ အချိန်မရွေး ပြောင်းလဲသွား ကာ အရေပြားကင်ဆာရောဂါ ဖြစ်ပွား နိုင်သည်ဟု ၎င်းက ပြောသည်။

အရေပြားကင်ဆာရောဂါလက္ခဏာ များစွာရှိသည့်အနက် မှဲ့ကင်ဆာသည် အဆိုးဆုံးဖြစ်ပြီး နေလောင်အသားမာ ဖုများ၊ မှဲ့၊ မှဲ့ခြောက်များ အရွယ်အစား ကြီးမားလာခြင်း၊ ပုံစံပြောင်းလာခြင်း၊ သွေးထွက်လာခြင်း၊ နေနှင့်ထိတွေ့မှု များသော နေရာများတွင် အဖု၊ အကျိတ်၊ အလုံးနှင့် အနီကွက်များဖြစ်ပေါ်ခြင်းနှင့် အနာများမပျောက်ဘဲ ကြာရှည်စွာ ရှိနေခြင်း စသော ရောဂါလက္ခဏာများ တွေ့ရှိရကြောင်း သိရသည်။

အရေပြားကင်ဆာမှာ အသက် ၅၀ နှစ်နှင့်အထက် လူကြီးများတွင် ပိုအဖြစ် များပြီး မြန်မာနိုင်ငံတွင် အနောက်နိုင်ငံ များထက် ဖြစ်ပွားမှုနည်းသည်။

အရေပြားကင်ဆာကို ခွဲစိတ်ကုသ ခြင်း၊ ရောင်ခြည်ပြခြင်း(ဓာတ်ကင်ခြင်း) ကင်ဆာဆေးသွင်းခြင်း၊ ရောဂါအခြေ အနေ၊ လူနာ၏အခြေအနေနှင့် လူနာ တွင် ဖြစ်ပွားနေသော အခြားရောဂါ များ၏ အခြေအနေများပေါ်မူတည်ပြီး ပေါင်းစပ်ကုသခြင်း နည်းလမ်းများဖြင့် ကုသနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

အရေပြားကင်ဆာရောဂါကို စောစီး စွာ သိရှိပြီး ကုသနိုင်ရန် အရေပြားတွင် မှဲ့၊ မှဲ့ခြောက်၊ အသားပို၊ အမှတ်များ ပြောင်းလဲလာခြင်း၊ အနာမကျက်ခြင်း များဖြစ်လာပါက သတိပြုမိရန် လိုအပ်သည့်အတွက် မိမိခန္ဓာကိုယ်တစ်ခုလုံးရှိ အရေပြားများကို အလင်းရောင်ကောင်းစွာရသည့် အခန်းအတွင်း ကိုယ်လုံး ပေါ်မှန်နှင့် လက်ကိုင်မှန်ကို အသုံးပြု ကာ မိမိဘာသာ ပုံမှန်စစ်ဆေးသင့်သည် ဟု ဒေါက်တာစိုးဝင်းဦးက ပြောသည်။

အရေပြားအထူးကု ဆရာဝန်ကြီးတစ်ဦးကလည်း အရေပြားကင်ဆာရောဂါသည် မျက်နှာအရေပြားတွင် အဖြစ်အများဆုံး ဖြစ်ပွားကြောင်း၊ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်သင့် သည်ဟု ပြောကြားသည်။


Ref: MMTimes

ရန်ကုန်တွင် အသစ်ပြေးဆွဲနေသော အငှားယာဉ်အမျိုးအစားသစ်။


Source; weekly11

Microsoft မှာ Update လုပ်လို့မရရင် ဘယ်လိုလုပ်မလဲ။

Microsoft မှာ Update လုပ်နေစဉ် အောက် က error ပေါ်လာရင်..
Error: A problem on your computer is preventing updates from being downloaded
ဒါလေးကို run လိုက်ပါ။


regsvr32 wuaueng1.dll
regsvr32 wuaueng.dll
regsvr32 wucltui.dll
regsvr32 wups2.dll
regsvr32 wups.dll
regsvr32 wuweb.dll

Starhub Cable TV ရှိသူများ Free Local Fixed Line phone အလကားသုံးခွင့်ရှိမည်။

အရင်က Maxonline ရှိသူများကိုသာ အလကားပေးခဲ့သော Free Local Fixed Line Phone အား Starhub မှ Starhub cable TV ရှိသူတိုင်းယခုအခါ အလကားသုံးစွဲခွင့်ပေးလိုက်ပြီ ဖြစ်ကြောင်းသိရှိပါသည်။

http://www.hardwarezone.com.sg/news/view.php?id=11853&cid=12

စင်္ကာပူ ရှိ Tampinese အမြန်ကားလမ်းပေါ်မှ လေယာဉ်ပျံကြီး။

၎င်းလေယာဉ် ကိုယ်ထည်ကို ကားဖြင့် သယ်ဆောင်လာစဉ် လမ်းပေါ်မှ တံတားအမြင့်နဲ့ မလွတ်၍ ကားရှေ့ဘီးကို လေရှော့ကာ သယ်ခဲ့ရကြောင်း www.stomp.com.sg မှ ဖတ်လိုက်ရပါသည်။
http://singaporeseen.stomp.com.sg/singaporeseen/viewContent.jsp?id=38407


MP3 ကိုကြာမြင့်စွာ သုံးစွဲခြင်းသည် နားမကြားခြင်း ဝေဒနာခံစားရနိုင်သလား?။


MP3 သီချင်းဖွင့်စက်ကို အသံအမြင့်ဆုံးထား၍ အချိန်ကြာမြင့်စွာ နားထောင်ပါက လုံးဝနားကန်းသွားသည် အထိ ဖြစ်စေနိုင်ကြောင်း သီချင်းချစ်သူများကို ဥရောပသမဂ္ဂက သတိပေးလိုက်သည်။ MP3 ကို အချိန်ကြာမြင့်စွာနားထောင် သောကြောင့် ဥရောပတိုက် တစ်ခုတည်း၌ပင် နားမကြားသူ ၂ ဒသမ ၅သန်းမှ ၁၀ သန်းအထိရောက်ရှိလာကြောင်း သိပ္ပံ ပညာရှင်များက သတိပေးပြောကြားလိုက်သည်။
၈၅ ဒက်စီဘယ်လ်ထက်မြင့်သောနှုန်းဖြင့် တစ်နေ့ အနည်းဆုံး တစ်နာရီ ငါးနှစ်ထပ်မနည်း နားထောင်ပါက နားလုံးဝကန်းသွားနိုင်သည်။ MP3 ကိုကြာမြင့်စွာသုံးစွဲလာပါက ကိုယ်တိုင်သတိမပြုလိုက်မိဘဲ အကြားအာရုံကိုပျက်စီးလာစေနိုင် သောကြောင့် လူအများ အထူးသဖြင့် ကလေးငယ်များနှင့် လူငယ်များ အသံလျှော့နားထောင်ကြရန် ဥရောပ သမဂ္ဂက တိုက်တွန်းထားသည်။
ပြင်သစ်တွင်လည်း Apple က IPod များကို ပြန်သိမ်း၍ အသံထွက်နှုန်း ၁၀၀ ဒက်စီဘယ်လ်ထက် မကျော်ရန် Software ဖြင့်ထိန်းချုပ်ပြီးမှ ပြန်လည်ရောင်းချခဲ့သည်။

Source; Reuter

သရုပ်ပါလှသော စိတ်ဝင်စားစရာ သတင်း နှင့် ဓာတ်ပုံ။

အကြောင်းမှာ ခေါင်းစဉ်နှင့် ဓာတ်ပုံ ဖော်ပြချက်မှာ သရုပ်ပါလှသောကြောင့် ဖြစ်သည်။

Laptop တစ်လုံးဝယ်မယ်ဆိုရင်..။

တကယ်လို့ ခရီးခဏခဏ သွားပြီး အလုပ်ကိစ္စအတွက် Laptop လေးတစ်လုံးလောက်ဝယ်မယ်ဆိုကြပါ စို့။
မ၀ယ်ခင်မှာ ဒါလေးတွေကို ထည့်စဉ်းစားကြည့်နိုင်ပါတယ်။

Portability
ခရီးသွားရင် ကီလိုတွေ အများကြီးဖြစ်နေမှာစိုးတဲ့အတွက် 2KG အောက်ရှိ laptop ဆို သင့်တော်ပါတယ်။
အဲ့ဒီလိုရွေးမယ်ဆိုလျှင်. အရင်ဆုံး DVD/CD Drive စတဲ့ Optical Drive တွေကို ဖြုတ်ပြီးအိမ် မှာထားခဲ့လို့ရရင်ကောင်းပါတယ်။
နောက်ပြီး Power Adapter ရဲ့ Size ဘယ်လောက်ကြီးလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။

Performance
Multi-tasking ရတဲ့ဟာကတော့ အကောင်းဆုံးပေါ့ဗျာ။
အလုပ်အရ အီးမေးလ် အပြင် Internet Browser, MS Office နဲ့ Windows Media Player လေးတွေ တပြိုင်နက်ဖွင့်လို့ရတာပေါ့။
အဲ့ဒါမျိုးဆိုရင် Core2 Duo 2.53GHz ဆိုမဆိုးပါဘူ။

Battery life
လေဆိပ်မှာ ပိတ်မိနေတုံးမှာ အချိန်လေးကုန်သွားအောင် email လေးစစ်မလား၊ slides လေးတွေကိုပဲ Polish လုပ်မလား။ ဒီလိုမျိုးဆိုရင် စောစောက ပြောခဲ့တဲ့ Core2 Duo လေးက မဆိုးပါဘူး။ အခု Intel က Engineers တွေဟာ Battery Life ကိုကြာကြာသုံးနိုင်တဲ့ နည်းတွေ တွေ့ထားပါပြီ။

Durability
လေဆိပ်မှာ လုံခြုံရေးတွေ စစ်တတ်ပါတယ်။ အဲ့ဒါမျိုးအခါမှာ ပြုတ်ကျ၊ ထိခိုက်တက်ပါတယ်။ ဒါမျိုးတွေကို ကာကွယ်ရအောင် အနည်းဆုံး Harddisk တွေကို Protection ပေးနိုင်မယ်ဟာ မျိုး လေး ပါဖို့လိုပါတယ်။

Ref: ST

DELL mini-9


Net Companion
Dell Inspiron Mini 9, S$599, available from Courts, Parisilk and computer shops in Funan and Sim Lim Square.

DELL laptops just got a mini-me in the Dell Inspiron Mini 9. Use the 8.9" netbook for simple tasks such as surfing the net, sending email and online chats.

A Windows XP Home edition, a sealed keyboard, built-in webcam, Bluetooth connectivity and solid state drive of up to 16GB seal the deal.

Depending on the configuration, the netbook can be as ligh as 1.04Kgs.