Showing posts with label Health. Show all posts
Showing posts with label Health. Show all posts

အ၀လွန်ခြင်းနှင့် ခေါင်းကိုက်ဝေဒနာ ဆက်စပ်။

အ၀လွန်ခြင်းသည် ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်သည့် (ဦးယဉ်းနာ) ဝေဒနာများကို ဖြစ်ပွားစေကြောင်း အမေရိကန်သုတေသန ပညာရှင်များက ထုတ်ဖော်ပြောကြား လိုက်သည်။ အ၀လွန်ခြင်းနှင့် ခေါင်းကိုက်ဝေဒနာ ဆက်စပ်လေ့လာ သုတေသနပြုချက် အသစ်တစ်ရပ်အရ အ၀လွန်ခြင်းကြောင့် ခန္ဓာကိုယ် အတွင်း သွေးစီးဆင်းမှု နှေးကွေးစေပြီး ဦးနှောက်အာရုံကြောများကို ထိခိုက်စေကြောင်း၊ ထို့အပြင် ဦးနှောက်ဆဲလ်များ ပျက်စီးမှုပိုမို များပြားစေကြောင်း ၄င်းတို့က ဆက်လက် ပြောကြားသည်။
အခွင့်အလမ်း အ၀လွန်သူများ သို့မဟုတ် ကိုယ်အလေးချိန် သာမန်ထက်ပိုများ နေသူများသည် ပုံမှန်ကိုယ်အလေးချိန် ရှိသူများထက် ခေါင်းကိုက်ခြင်း ဝေဒနာခံစားရမှု နှစ်ဆနီးပါးမျှ အခွင့်အလမ်းရှိကြောင်း ၄င်းတို့၏သုတေသနပြုချက်၌ ဖော်ပြထားသည်။
သို့ရာတွင် အ၀လွန်သူများအနေဖြင့် ကိုယ်အလေးချိန် လျှော့ချခြင်းဖြင့် ဦးခေါင်း ကိုက်ခြင်းဝေဒနာ သက်သာမှုမှာ အနည်းငယ်သာ လျော့ပါးနိုင်ကြောင်း၊ အကောင်းဆုံး နည်းလမ်းမှာ အ၀မလွန်အောင် ထိန်းသိမ်းရန်ဖြစ်ကြောင်း အကြံပြုထားသည်။
Source: MMAL

အသားဖြူသူတွေ သထိထား၊ အရေပြား ကင်ဆာရောဂါ ပိုမိုဖြစ်ပွားနိုင်။

အရေပြားရှိ မယ်လ်နင်ဓာတ်ဟု ခေါ်သော ရောင်ခြယ်ဓာတ်နည်းသော အသားဖြူသူများသည် အသားညိုသူ များထက် အရေပြားကင်ဆာ ပိုမိုဖြစ် ပွားနိုင်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေပြားရောဂါကုဌာန၊ အရေပြား အထူးကု ဆရာဝန်ကြီး ဒေါက်တာ စိုးဝင်းဦးက ပြောကြားသည်။

အရေပြားကင်ဆာရောဂါသည် အရေပြားရှိသည့်နေရာတိုင်းတွင် ဖြစ် နိုင်သော်လည်း လူတစ်ဦးနှင့်တစ်ဦး အရေပြား ပုံစံချင်း မတူညီသောကြောင့် ဖြစ်နိုင်ခြေရှိသည့် အခြေအနေကွာခြားမှု ရှိခြင်းဖြစ်ကြောင်း ဒေါက်တာစိုးဝင်းဦး က ပြောသည်။

အရေပြားကင်ဆာရောဂါသည် နေ ရောင်ခြည်တွင်ပါရှိသော ခရမ်းလွန် ရောင်ခြည် ထိတွေ့မှုများခြင်းကြောင့် အဓိကဖြစ်ပွားရခြင်းဖြစ်ပြီး ယင်းရောင် ခြည်ကြောင့် အရေပြားအတွင်းရှိ မျိုးရိုး ဗီဇကလာပ်စည်း(DNA) များ ပျက်စီး သွားသောကြောင့် ပုံမှန်လမ်းကြောင်း မှပြောင်းကာ ကင်ဆာဆဲလ်များအဖြစ် ပြောင်းလဲသွားခြင်းဖြစ်ကြောင်း ၎င်းင်းက ရှင်းပြသည်။

ထို့ပြင် အရေပြားကင်ဆာဖြစ်ပွားစေ သောအချက်များထဲတွင် ထိခိုက်ဒဏ်ရာ ကြာရှည်စွာဖြစ်ပွားခြင်း၊ ဆေးလိပ် သောက်သူများတွင် နီကိုတင်းဓာတ် ကြောင့် နှုတ်ခမ်းတွင်အပူဒဏ်ရာ ကြာ ရှည်စွာဖြစ်ခြင်း၊ ခန္ဓာကိုယ်တွင် အနာ ကြာရှည်စွာဖြစ်ခြင်း စသည့် အရေပြား ထိခိုက်ဒဏ်ရာများကြောင့်လည်းကောင်း၊ ကတ္တရာ၊ ကျပ်ခိုး၊ ပိုးသတ်ဆေး စသည့် ဓာတုဗေဒပစ္စည်းများနှင့် မကြာခဏ ထိတွေ့မှုများခြင်းကြောင့်လည်းကောင်း၊ ဓာတ်သတ္တုပစ္စည်းများ ခန္ဓာကိုယ်တွင်း ၀င်ရောက်သွားခြင်းကြောင့်လည်းကောင်း စသော နည်းလမ်းများဖြင့် အရေပြား ကင်ဆာရောဂါ ဖြစ်ပွားနိုင်သည်ဟု ဒေါက်တာစိုးဝင်းဦးက ပြောသည်။

ထို့ပြင် ထိခိုက်ဒဏ်ရာများဖြစ်ပြီး နောက်ကျန်ရှိခဲ့သော အမာရွတ်များ သည် ပုံမှန်အသားကောင်းများမဟုတ် သည့်အတွက် အချိန်ကြာမြင့်လာသည် နှင့်အမျှ အချိန်မရွေး ပြောင်းလဲသွား ကာ အရေပြားကင်ဆာရောဂါ ဖြစ်ပွား နိုင်သည်ဟု ၎င်းက ပြောသည်။

အရေပြားကင်ဆာရောဂါလက္ခဏာ များစွာရှိသည့်အနက် မှဲ့ကင်ဆာသည် အဆိုးဆုံးဖြစ်ပြီး နေလောင်အသားမာ ဖုများ၊ မှဲ့၊ မှဲ့ခြောက်များ အရွယ်အစား ကြီးမားလာခြင်း၊ ပုံစံပြောင်းလာခြင်း၊ သွေးထွက်လာခြင်း၊ နေနှင့်ထိတွေ့မှု များသော နေရာများတွင် အဖု၊ အကျိတ်၊ အလုံးနှင့် အနီကွက်များဖြစ်ပေါ်ခြင်းနှင့် အနာများမပျောက်ဘဲ ကြာရှည်စွာ ရှိနေခြင်း စသော ရောဂါလက္ခဏာများ တွေ့ရှိရကြောင်း သိရသည်။

အရေပြားကင်ဆာမှာ အသက် ၅၀ နှစ်နှင့်အထက် လူကြီးများတွင် ပိုအဖြစ် များပြီး မြန်မာနိုင်ငံတွင် အနောက်နိုင်ငံ များထက် ဖြစ်ပွားမှုနည်းသည်။

အရေပြားကင်ဆာကို ခွဲစိတ်ကုသ ခြင်း၊ ရောင်ခြည်ပြခြင်း(ဓာတ်ကင်ခြင်း) ကင်ဆာဆေးသွင်းခြင်း၊ ရောဂါအခြေ အနေ၊ လူနာ၏အခြေအနေနှင့် လူနာ တွင် ဖြစ်ပွားနေသော အခြားရောဂါ များ၏ အခြေအနေများပေါ်မူတည်ပြီး ပေါင်းစပ်ကုသခြင်း နည်းလမ်းများဖြင့် ကုသနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

အရေပြားကင်ဆာရောဂါကို စောစီး စွာ သိရှိပြီး ကုသနိုင်ရန် အရေပြားတွင် မှဲ့၊ မှဲ့ခြောက်၊ အသားပို၊ အမှတ်များ ပြောင်းလဲလာခြင်း၊ အနာမကျက်ခြင်း များဖြစ်လာပါက သတိပြုမိရန် လိုအပ်သည့်အတွက် မိမိခန္ဓာကိုယ်တစ်ခုလုံးရှိ အရေပြားများကို အလင်းရောင်ကောင်းစွာရသည့် အခန်းအတွင်း ကိုယ်လုံး ပေါ်မှန်နှင့် လက်ကိုင်မှန်ကို အသုံးပြု ကာ မိမိဘာသာ ပုံမှန်စစ်ဆေးသင့်သည် ဟု ဒေါက်တာစိုးဝင်းဦးက ပြောသည်။

အရေပြားအထူးကု ဆရာဝန်ကြီးတစ်ဦးကလည်း အရေပြားကင်ဆာရောဂါသည် မျက်နှာအရေပြားတွင် အဖြစ်အများဆုံး ဖြစ်ပွားကြောင်း၊ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်သင့် သည်ဟု ပြောကြားသည်။


Ref: MMTimes

လူ၏တံတွေးသည်ဒဏ်ရာများကိုလျင်မြန်စွာပျောက်ကင်းစေနိုင်။

လူ၏တံတွေးသည် ဒဏ်ရာများကို လျင်မြန်စွာ ပျောက်ကင်းစေနိုင်သော ဓာတုဒြပ်ပေါင်းများ ပါဝင်သည်ဟု နယ်သာလန်နိုင်ငံမှ ရောဂါရှာဖွေလေ့လာ ရေးအဖွဲ့ကလေ့လာတွေ့ရှိခဲ့ကြောင်းအမေရိကန်နိုင်ငံဇီဝဗေဒဆိုင်ရာ စမ်းသပ်လေ့လာရေးအဖွဲ့အစည်း(အက်ဖ်အေအက်စ်အီးဘီ)ကထုတ်ဝေသည့် ဂျာနယ် တစ်စောင်တွင်ဗုဒ္ဓဟူးနေ့က ရေးသားဖော်ပြခဲ့သည်။ အဆိုပါ လေ့လာရေးအဖွဲ့သည် ပရိုတင်းဓာတ် အနည်းငယ်ပါဝင်သည့် လူတို့၏မူပိုင်ပစ္စည်းဖြစ်သည့် တံတွေးသည်ဘက်တီးရီးယားပိုးမွှားများကို သေကျေ ပျက်စီးစေပြီး ဒဏ်ရာများကို ပျောက်ကင်းစေနိုင် ကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။ အဆိုပါလေ့လာမှုအရ တံတွေးသည် နာတာရှည် ရောဂါဖြစ်သည့် ဆီးချိုရောဂါနှင့် အခြားအစာ မကြေရောဂါ ခံစားနေရသူများ အပါအ၀င် ထိခိုက် ဒဏ်ရာရခြင်းနှင့် အပူလောင်ခြင်းကြောင့်ဖြစ်သော ဒဏ်ရာ ဒဏ်ချက်များကို ပျောက်ကင်းစေနိုင်သည့်အပြင် ၎င်းင်းတွင် ပါဝင်သည့် ဒြပ်ပေါင်းများသည်အရက်ကြောင့် ဖြစ်ပေါ်ခံစားရသည့် ဝေဒနာများနှင့်အခြားရောဂါများကိုပါ ပျောက်ကင်းစေနိုင်မည့်အကောင်းဆုံး ပဋိဇီဝပစ္စည်းအဖြစ် အသုံးဝင်လာနိုင်ကြောင်း ယူဆရသည်။ လူအများခံစားရသည့် ခြေထောက်တွင်ဖြစ်ပေါ်တတ်သော ဒဏ်ရာများနှင့် ဆီးချိုဝေဒနာရှင်များခံစား ရရှိတတ်သည့် အပူလောင်ခြင်းကဲ့သို့သော မပျောက်ကင်းနိုင်သည့် ထိခိုက်
ဒဏ်ရာများကို ပျောက်ကင်းစေနိုင်မည့် အကျိုးဖြစ်ထွန်းမှုတစ်ခုကို မိမိတို့အနေဖြင့် နောက်ဆုံးတွင်ရှာဖွေတွေ့ရှိခဲ့ကြောင်း အဆိုပါ လေ့လာတွေ့ရှိမှုအား ပထမဆုံးထုတ်ဖော်ပြောကြားသူ မင်န်နိုအော့တ်ဟော့ဖ်က ပြောကြားသည်။
Source: Mirror

အရိုးတီဘီရောဂါအကြောင်း ပိုမိုသိရှိရန်လို။

ချောင်းဆိုးသွေးပါအဆုတ်တီဘီရောဂါကို ကမ္ဘာ့ကူးစက်ရောဂါဆိုးကြီးတစ်ခု အဖြစ် သိရှိကြသော်လည်း ၎င်းင်းနှင့် ဆက်နွှယ်ဖြစ်ပေါ်သည့် အရိုးတီဘီ ရောဂါအကြောင်းကိုမူ သိရှိသူ အလွန် နည်းပါးနေသေးကြောင်း မြောက် ဥက္ကလာပ အထွေထွေဆေးရုံကြီးမှ အရိုး အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ မြသောင်းက ပြောသည်။

တီဘီရောဂါ ခံစားရသူများ၏ ၁၄ ရာခိုင်နှုန်းမှာ အဆုတ်တွင် မဟုတ်ဘဲ ခန္ဓာကိုယ်အခြားနေရာများတွင် ဖြစ် ပေါ်တတ်ပြီး ၎င်းရာခိုင်နှုန်း တစ်ဝက် မှာ အရိုးအဆစ်တီဘီရောဂါ ဖြစ်သည်။

“ပြည်သူတွေအနေနဲ့ အရိုးအဆစ် မှာ တီဘီဖြစ်တယ်ဆိုတာ သိပ်မသိကြဘူး။ ဒီရောဂါဖြစ်တဲ့သူ တချို့နဲ့ နီးစပ် တဲ့လူတွေပဲ ဒီရောဂါအကြောင်း သိကြ တာ။ ကိုယ်ခန္ဓာပေါ်မှာ တီဘီရောဂါ မဖြစ်နိုင်တဲ့ နေရာမရှိဘူး။ ခန္ဓာကိုယ်ရဲ့ အရေပြားကနေပြီး ရိုးတွင်းခြင်ဆီ အထိ တီဘီရောဂါဖြစ်နိုင်တယ်။ အရိုး အဆစ်နဲ့ အဆုတ်တီဘီရောဂါပိုးချင်း တူပေမယ့် ရောဂါဖြစ်စဉ် ကွဲပြားပါ တယ်”ဟု ၎င်းင်းက ပြောသည်။

အဆိုပါ အရိုးတီဘီရောဂါသည် အသက်အန္တရာယ် မထိခိုက်နိုင်သော်လည်း ရောဂါဖြစ်စဉ်ကို အချိန်မီ မဖော်ထုတ် နိုင်ပါက ကုသမှုနောက်ကျပြီး ခါးရိုးဘုကြီးနှင့် ခါးကုန်းကာ တစ်သက် လုံးဒုက္ခိတဖြစ်တတ်ကြောင်းသိရသည်။

အရိုးတီဘီရောဂါလက္ခဏာများမှာ တချို့တွင် အရိုးအဆစ်နာသကဲ့သို့ သာမန်ရောဂါလက္ခဏာပြကာ ရောဂါ ပိုးက အရိုးများကို လှိုက်စားသွားတတ်ပြီး အချို့တွင် အရိုးအဆစ်တွင်း ပြည်တည်၍အဆစ်ရောင်ခြင်းတို့ဖြစ်သည်။

“တချို့ အရိုးတီဘီလက္ခဏာတွေဆို ဓာတ်မှန်ရိုက်ကြည့်တာတောင် မတွေ့နိုင်ဘူး။ အဲဒီတော့ လူနာက ကိုယ် တစ်ခုခုအလေးအပင်မမိလို့ ထင်မိတယ်။ ဒီလိုနဲ့ အချိန်တွေကြာပြီး နောက်ကျမှ ကုမိလို့ မလိုလားအပ်တဲ့ အခြေအနေတွေ ဖြစ်သွားနိုင်တယ်။”

“ပြည်သူတွေ သတိထားရမှာက တီဘီရောဂါကို ဆရာဝန်တိုင်း ကုတတ်တယ်လို့ မထင်ပါနဲ့။ ကုနည်းမှားနေတဲ့ သူတွေအများကြီးပဲ။ အဆစ်အိမ်မှာ နာကျင်ပြီး သာမန်ပိုးသတ်ဆေးသောက် လို့ မပျောက်နိုင်ဘူး၊ ကာလအတန် ကြာ အနားယူတဲ့အထိ မပျောက်ကင်းရင် တီဘီရောဂါဖြစ်နိုင်တယ်”ဟု ဒေါက်တာမြသောင်းက ပြောသည်။
အရိုးတီဘီမှာ အနည်းဆုံး ဆေး တစ်နှစ် သောက်ရမည်ဖြစ်သည်။

ဒေါက်တာမြသောင်းက အရိုးတီဘီ သည် ခွဲစိတ်ကုသစရာ မလိုဟု အချို့ ဂျာနယ်များတွင် ရေးသားထားသည်မှာ မှားယွင်းပြီး လူနာအတွက် အလွန် အန္တရာယ်ရှိကြောင်း ပြောသည်။

“တီဘီရောဂါကို အဓိကကုသရမှာကတော့ သောက်ဆေးပါ။ ခွဲစိတ်ကုသတာဟာလည်း ပျောက်ကင်းတဲ့နည်းလမ်း မ¸ုတ်ဘူးဆိုတာ အခြေခံအားဖြင့် မှန်ပါတယ်”ဟု ပြောသည်။

အရိုးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာနေ၀င်းကမူ ၎င်းင်းအရိုး အဆစ်တီဘီတွင် ခါးရိုးတီဘီဖြစ်ပွားသူ ဦးရေ များလာသော်လည်း ပြည်သူတို့ အနေဖြင့် အခြားအကိုက်အခဲ အဆစ် ရောင်ရောဂါဟု ထင်မှတ်ကုသနေကြောင်း ပြောသည်။

“ဒီခါးရိုးတီဘီက သုံးနှစ်နဲ့ ငါးနှစ် ကလေးတွေ၊ အသက် ၄၀ ကျော်တွေမှာ ပိုဖြစ်တယ်။ ကလေးဆိုရင် ညညငို မယ်။ တရှောင်ရှောင်နဲ့ အစား အသောက်ပျက်ပြီး မလန်းဆန်းရင်၊ သူ့ကျောပေါ်မှာ အဖုအကျိတ်တွေ့ မယ်ဆိုရင် ဒီကလေးဟာ ခါးရိုးတီဘီ ခံစားနေရတာပါ”ဟု ပြောသည်။

အဆိုပါ အရိုးတီဘီရောဂါသည်တီဘီ ရောဂါကာကွယ်ဆေး ပုံမှန် မသောက် သုံးခဲ့သောသူများ၊ တီဘီ ရောဂါလူနာ နှင့် နီးကပ်စွာနေထိုင်ခဲ့ရသူများ၊ ခန္ဓာ ကိုယ် တစ်နေရာတွင် တီဘီရောဂါ ဖြစ် ခဲ့ဖူးသူများ၊ နာတာရှည် ရောဂါခံစား နေရပြီး ခုခံအားကျနေသူများတွင် ပိုမိုဖြစ်ပေါ်တတ်ကြောင်း ပါမောက္ခ ဒေါက်တာမြသောင်းက ပြောသည်။