Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

အဝေးမှချစ်သူ

ချစ်သူ..
ချစ်တယ်လို့အကြိမ်ကြိမ်ပြောခဲ့ပေမယ့်
အဲ့ဒီအချစ်တွေထားခဲ့ပြီး
အဝေးတစ်နေရာကိုထွက်သွားခဲ့တာ
ငါ့အရမ်းချစ်မိတဲ့ ချစ်သူမင်းပါ။

ချစ်သူ…
မိုးသည်းတဲ့တစ်နေ့မှာ
နှစ်ယောက်ထားခဲ့ဘူးတဲ့
သစ္စာတရားတွေလည်း
ရင်မှာအပြည့်ရှိနေဆဲပါ။

ချစ်သူ..
မင်းထားခဲ့တဲ့ ဒီနေရာမှာ
ငါတစ်ယောက်တည်း
အဖော်မပါပဲ၊
အချစ်တွေအပြည့်နဲ့
စောင့်မျှော်လျှက်ပါ။

ချစ်သူ..
မျှော်လင့်နေတဲ့ငါတစ်ယောက်ကို
ကတိတွေမရှိ၊ အချစ်မပါဘဲ
မင်းထားခဲ့တာ့
ဒီနေ့အထိပါ။

ချစ်သူ..
မင်းဘယ်ဆီမှာလဲမသိပေမယ့်
နောက်ဆုံထွက်သက်ထွက်သွားသည်ထိ
တည်ရှိနေမဲ့ ပြောခဲ့ပါရစေ
ငါ့အချစ်တွေမင်းဆီမှာပါ။

အလုပ်တစ်ခုရဲ့နောက်ဆုံးနေ၀င်ချိန်


ငါ့ လက်ရှိအလုပ်ရဲ့
နောက်ဆုံးအချိန်တွေဟာ
ငါ့ကိုဘာလို့ ၀မ်းနည်းစေတာလဲ။

ငါ့ လက်ရှိအလုပ်ရဲ့
နောက်ဆုံးချိန်တွေဟာ
ငါ့ကိုဘာလို့ အထီးကျန်စေတာလဲ။

သြော် နောက်ဆုံးထွက်သက်ကို
မျှော်နေရတဲ့ လူတစ်ယောက်လိုပဲ
အလုပ်ရဲ့ နောက်ဆုံးနေ့ကိုမျှော်နေရပါလား။

တမ်းမက်ခဲ့တဲ့ အခုအလုပ်လဲ
နှုတ်ဆက်ခဲ့ပြီ။
မပြီးဆုံးသေးတဲ့ဘ၀တစ်ခုအတွက်
လှမ်းဆက်လျှောက်ရန်
ငါလက်ချိုးရေမိ၊ မျှော်နေမိတယ်။

အမြတ်နိုးဆုံးပန်း

ပန်းလေးတစ်ပွင့်
ပွင့်ဖူးဖို့ရာ
စောင့်ရှောက်ခဲ့တာ
ဥယာဉ်မှူးပမာ..။

ပွင့်လင့်စကား
မြတ်နိုးပန်ခွင့်
ချူစွတ်နိုင်စွမ်း
မရှိခဲ့တာ
ဥယာဉ်မှူးပမာ..။

ရင်တထိတ်ထိတ်
စိုးရိမ်ရင်ထဲ
ဘယ်တော့လေများ
ဆွတ်ခူးသွားမလဲ
မကြုံချင်သော
နေ့ဆိုးများပမာ..။