လေဆာ ကီးဘုတ်ဝယ်ကြမလား။

ဒီနေ့ အွန်လိုင်းက အသိတစ်ယောက် က ဒီ ကီးဘုတ်ကြော်ငြာလေး ကို ကျနော်ထံပို့ပေးလိုက်တာနဲ့ ဖော်ပြလိုက်ရပါတယ်။
တော်တော် တော့ အသုံးဝင်မယ်။ စင်ကာပူကို တော့ မရောက်သေးဘူးနဲ့ထင်တယ်။



မီးခြစ် လောက်ပဲရှိပြီး သယ်ရတာ အလွန်လွယ်ကူပုံရပါတယ်။အင်တာနက်မှာ ရောင်းတာက တော့ ဒေါ်လာ ၁၇၉.၉၉ လို့ဆိုပါတယ်။
အသေးစိတ်က တော့ အောက်ကလင့်မှာ ဖတ်ကြည့်ကြပါ။
http://www.virtual-laser-keyboard.com/

လွန်စွာ ရုပ်ဆိုးအကျည်းတန်သော နာမည်ကြီး ဂျာနယ်မှ မှားယွင်းမှု ။

ကျနော် ဒီနေ့ ရန်ကုန်တိုင်းဂျာနယ် ဖတ်တော့ အထူးအဆန်းများ ကိုတွေ့မိပါသည်။
အောက်ဖော်ပြပါ အမှားသည် တမင်တကာ လား အမှတ်တမဲ့လား ဆိုတာတော့ သူတို့သာလျှင် သိပါမည်။
ထို့အပြင် စာပေစိစစ်ရေး က လည်း အဘယ့်ကြောင့် သေချာ မစစ်မိသည် ဆိုတာလည်း မသိပါ။

ခေါင်းစဉ်နှင့် သတင်းတွင် ဗိုလ်ချုပ်ကြီး ရွှေမန်းဟုရေးပြီး ပုံတွင်တော့ စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီ ၏ ပုံဖြစ်နေပုံမှာ လွန်စွာ ရုပ်ဆိုးအကျည်းတန်သော နာမည်ကြီး ဂျာနယ်မှ မှားယွင်းမှု အဖြစ်ဖေါ်ပြလိုက်ရ ပါသည်။





Source: Yangon Times

အလုပ်လုပ်မှတော့ လစာရမှာပေါ့။

ဂျာနယ်တစ်ခုတွင် ရေးထားသော သတင်းခေါင်းစဉ်မှာ ကျနော်အတွက် ထူးစမ်းဖွယ်ရာ ဖြစ်လို့တင်ပြလိုက်ရပါသည်
အမှန်ဖြစ်သင့်သည်မှာ "ကျောင်းတက်ရင်း လစာရမည့်" ဟုထင်ပါသည်။






Source: Yangon Times

How to list all services and their states on a remote computer (Using C#)?

ယခု တစ်ပတ် အတွက် ကွန်ပျူတာ တစ်ခုအတွင်းမှာ ရှိသော Services များကို ဖော်ထုတ်သော နည်းကိုဖော်ပြ လိုက်ရပါသည်။
// IMPORTANT: Add 'System.Management' to
// your References in your Project

using System;
using System.IO;
using System.Management;
namespace ListServices
{
///


/// Summary description for Class1.
///

class Class1
{
///
/// The main entry point for the application.
///

[STAThread]
static void Main(string[] args)
{
ManagementObjectSearcher query;
ManagementObjectCollection queryCollection = null;
System.Management.ObjectQuery oq;
string strComputerName;
string strQuery = "SELECT * FROM Win32_Service";
Console.WriteLine( "Check out http://www.mr-programmer.com for more samples, components and software\r\n" );
// Ask for a computer name
do
{
Console.Write( "Please enter server name (type 'localhost' for local machine): " );
strComputerName = Console.ReadLine();
} while( strComputerName == "" );
// Connect to the remote computer
ConnectionOptions co = new ConnectionOptions();
if (strComputerName.Trim().Length == 0)
{
Console.WriteLine("Must enter machine IP address or name.");
return;
}
//Point to machine
System.Management.ManagementScope ms = new System.Management.ManagementScope("\\\\" + strComputerName + "\\root\\cimv2", co);
//Query remote computer across the connection
oq = new System.Management.ObjectQuery(strQuery);
query = new ManagementObjectSearcher(ms,oq);
try
{
queryCollection = query.Get();
}
catch (Exception e1)
{
Console.WriteLine( "Error: " + e1 );
}
foreach ( ManagementObject mo in queryCollection )
{
//create child node for operating system
Console.WriteLine( mo["Name"].ToString() + " [" + mo["StartMode"].ToString() + "]" );
}
}
}
}

Microsoft targets six bugs for 'Patch Tuesday'

Microsoft will fix three critical security holes, and three other flaws, in next Tuesday's scheduled patch release.

The critical holes, all of which could allow a hacker to execute code remotely on a target system, affect Window 2000 SP4, Excel 2000, and the .Net Framework, which most Windows users will have installed, according to a Microsoft security bulletin. Microsoft is not issuing further details of the problems until the fixes are delivered next Tuesday.

Two other patches fix "important" flaws in Microsoft Office, Microsoft Publisher and Windows XP Professional. The sixth patch is for a "moderate" Windows Vista flaw.

Microsoft's "Patch Tuesday" has become a regular feature. Microsoft is increasingly offering details of the patches in advance, so that IT departments can prepare for them, avoiding the risk of "Exploit Wednesday".

အမေရိကန်လူဝင်မှု တင်းကြပ်၍ မိုက်ကရိုဆော့ဖ်က ကနေဒါမှာ ရုံးဖွင့်


အမေရိကန်၏ လူဝင်မှုကြီးကြပ်ရေးဥပဒေ တင်းကြပ်လာမှုကြောင့် နိုင်ငံခြားဝန်ထမ်းများ ခန့်ထားရေး ခက်ခဲလာသဖြင့် မိုက်ကရိုဆော့ဖ် ကုမ္မဏီကြီးက ရုံးတစ်ရုံးကို ကနေဒါတွင် ဖွင့်လှစ်မည်ဟု သိရသည်။

မိုက်ကရိုဆော့ဖ် ကုမ္မဏီက ငှားရမ်းအသုံးပြုနေသည့် အကောင်းဆုံး အတော်ဆုံး ၀န်ထမ်းအများစုမှာ နိုင်ငံခြားသားများ ဖြစ်ကြောင်း၊ အမေရိကန်တွင် လူဝင်မှုကြီးကြပ်ရေး၌ ခွဲတမ်းအရ ကျင့်သုံးနေပြီး နိုင်ငံခြားသားများ ခေါ်ယူအသုံးပြုမှုတွင် အကန့်အသတ်များ ရှိကြောင်း၊ ထို့ကြောင့်ကနေဒါတွင် မိုက်ကရိုဆော့ဖ်ရုံးခွဲ ဖွင့်လှစ်ခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။

ကနေဒါနိုင်ငံ ဗန်ကူဗာမြို့၌ ဖွင့်လှစ်မည့် မိုက်ကရိုဆော့ဖ်ရုံးတွင် ပထမ၌ နိုင်ငံခြားကျွမ်းကျင် ၃၀၀ ကို စတင်ခန့်ထားမည်ဟု ဆိုသည်။

နောက်ပိုင်းတွင် ၀န်ထမ်းပေါင်း ၁၀၀၀ ထိ တိုးမြှင့်ခန့်ထားပေးမည်။ ကနေဒါသည် အိန္ဒိယနှင့် ဂျပန်ပြီးလျှင် မိုက်ကရိုဆော့ဖ်၏ တတိယအကြီးဆုံး လူသစ်များ စုဆောင်းရာ နေရာဖြစ်သည်။
Source: Phatpa

Has Bill Gates been knocked off the world's pinnacle of wealth?

A respected Mexican journalist says magnate Carlos Slim may have supplanted Gates as the world's richest man, thanks to a healthy bump in the stock price for a mobile phone company Slim controls.

According to the calculations by Eduardo Garcia, who runs a financial Web site called Sentido Comun ("Common Sense"), Slim's worth climbed to $67.8 billion at the end of June. He calculated Microsoft Corp. founder Gates' worth at $59 billion in June.

In its annual list of the world's billionaires, issued in March, Forbes magazine estimated Slim's wealth at $49 billion, putting him in third place behind Gates, with $56 billion, and U.S. investor Warren Buffett, with $52 billion. In an April report on its Web site, Forbes bumped Slim up to No. 2, estimating that his companies' worth had increased to just over $53 billion.

Slim controls Mexico's largest fixed-line telephone company, Telefonos de Mexico, or Telmex, and owns other businesses involved in everything from construction and music to restaurants and cigarettes.

Garcia says Slim's growing fortune was helped by a 26.5 percent second-quarter increase in share prices for America Movil SA, the largest wireless service provider in Latin America, which Slim controls.

Garcia's estimate of Gates' latest worth is based on a 5.7 percent second-quarter increase in Microsoft shares. But he acknowledges that his new calculations do not include possible gains in Gates' holdings outside of Microsoft, which Forbes says represent more than half of the software mogul's fortune.

"But a 26 percent growth rate for a world company like America Movil, that's hard to top for one quarter," Garcia said.

In a statement Tuesday, Forbes did not comment on Garcia's report but said the magazine's next valuation of Gates' wealth will appear in September, in the annual Forbes 400 list of the richest Americans. Slim's wealth won't be recalculated by Forbes until its next world billionaires list in March 2008, the company said.

Slim spokesman Arturo Elias Ayub told The Associated Press that Slim does not pay much attention to these lists.

"As he has said many times himself, he is not in any competition," Ayub said.

Source: AP

ကွန်ပြူတာ hacker ကြောင့် ဟယ်ရီပေါ်တာ လျှို့ဝှက် ချက်ပေါ်။


ဗြိတိသျှ မှော်ဆရာလေး ဟယ်ရီပေါ်တာ ဇာတ်လမ်းအဆုံးသတ်ပိုင်းနဲ့ ပတ်သတ်တဲ့ လျှို့ဝှက်ဆန်းကြယ် ကိစ္စတွေဟာ အဓိက ဇာတ်လမ်းအသေးစိတ် ဖြစ်ရပ်တွေဆိုပြီး ဖေါ်ပြခဲ့တဲ့ ကွန်ပြူတာ hacker တစ်ဦးကြောင့် ပိုပြီးနက်နက်ရှိုင်းရှိုင်း ဖြစ်သွားခဲ့ရပါတယ်။

ပုံနှိပ်ထုတ်ဝေတဲ့ သူကတော့ အခုလို တင်ပြချက်တွေဟာ ဇာတ်လမ်းအတုပါလို့ဆိုတယ်။ သူ့ကိုယ်သူ ဂါဘရီရယ်လို့ နာမည်ပေးထားတဲ့ ကွန်ပြူတာ hacker က ဒီအချက်အလက်တွေကို ဂျေကေရိုးလင်းရဲ့ သတ္တမမြောက်နဲ့ နောက်ဆုံးစာအုပ်ဖြစ်တဲ့ Harry Potter and the Deathly Hallows ဒီဂျစ်တယ်ကော်ပီကို လန်ဒန်အခြေစိုက် ဘလွန်ဗြူရီ ပုံနှိပ်ထုတ်ဝေရေး ကုမ္မဏီရဲ့ ကွန်ပြူတာထဲက ရယူခဲ့တာလို့ ဆိုပါတယ်။

စာအုပ်က ဇူလိုင်လ ၂၁ ရက်နေ့ကျမှ ထုတ်ဝေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟယ်ရီပေါ်တာ ပရိသတ်တွေထဲမှာတော့ အခုလို နောက်ဆုံးစာအုပ်မှာ စာရေးဆရာမ ရိုးလင်းဟာ ဟယ်ရီပေါ်တာကို သို့မဟုတ် သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းတွေဖြစ်တဲ့ ရွန်ရိုစလေနဲ့ ဟာမီဂိုဂရင်ဂျာတို့ထဲက တစ်ယောက်ယောက်ကို သတ်ပစ်လိုက်သလားလို့ အမျိုးမျိုး တွေးဆနေကြပါတယ်။

အခုလို ထပ်ဆင့်တင်ပြရတာဟာ မကြာမီ ထုတ်ဝေမယ့် ဟယ်ရီပေါ်တာ စာအုပ်ကို ဖတ်ရှုခြင်းဟာ အသုံးမကျ၊ ပျင်းခြောက်ခြောက် နိုင်တယ်ဆိုတာ ပြချင်လို့ပါလို့ hacker ဂါဘရီရယ်က တင်ပြပါတယ်။

ဟယ်ရီပေါ်တာ ပုံနှိပ်သူတွေကတော့ နိဂုံးပိုင်းကို လျှို့ဝှက်တဲ့ သဘောနဲ့ ထားခဲ့ကြပါတယ်။ အခုလို hackerက ဖေါ်ထုတ်ခဲ့တာကို ခံပြင်းနေကြပါတယ်။

Source: Phatpa

ယောကျာ်းနဲ့ မိန်းမ အကြည့်ချင်းမတူ။

အများယူဆထားတာနဲ့ ဆန့်ကျင်ပြီး ထွက်ပေါ်လာတဲ့ သုတေသန ပြုချက်တစ်ရပ်ကတော့ ကိုယ်တုံးလုံး မိန်းမပုံတွေ ကြည့်တဲ့အခါမှာ ယောကျာ်းတွေ အနေနဲ့ အခြားနေရာတွေကို မကြည့်မီ မိန်းမတွေရဲ့ မျက်နှာကို အရင်ကြည့်လေ့ရှိကြပြီး မိန်းမတွေကျတော့ လိင်ဆက်ဆံတဲ့ ဓါတ်ပုံတွေကို ယောက်ျားတွေထက် ပိုပြီး အကြာကြီး ကြည့်တတ်ကြကြောင်း Emory တက္ကသိုလ် သုတေသီတွေက ပြောခဲ့ကြပါတယ်။

အခုတွေ့ရှိချက်ကို ဟော်မုန်းနဲ့ လူ့အပြုအမူ ဆိုတဲ့ ဂျာနယ်မှာ ရေးသားဖေါ်ပြခဲ့ပါတယ်။

ဒီကိစ္စတွေဟာ လျှို့ဝှက်နက်နဲတဲ့ ကိစ္စတွေ မဟုတ်ပေမယ့် သိပ္ပံအမြင် ရှုထောင့်ကနေ လေ့လာသုံးသပ်ခြင်း ဖြစ်တယ်လို့ Emory တက္ကသိုလ် စိတ္တဗေဒ ပညာရှင် ကင်မ်ဝေါလင်က ဆိုပါတယ်။

ဝေါလင်နဲ့ သူ့ရဲ့ ဘွဲ့ရတပည့် ဟီသာရပ်တို့က လိင်ဆက်ဆံနေတဲ့ စုံတွဲဓါတ်ပုံတွေကို အသက် ၂၃နှစ်ကနေ ၂၈နှစ်ကြား အမျိုးသမီး ၃၀နဲ့ အမျိုးသား ၁၅ ဦးကို ပြသစစ်ဆေးခဲ့ကြပါတယ်။

စမ်းသပ်ခံတဲ့သူတွေကို အဆင့်မြင့် နည်းပညာနဲ့ ပြုလုပ်ထားတဲ့ မျက်စိခြေရာခံ ကိရိယာတွေ တပ်ဆင်ပေးထားပါတယ်။ ဒီကိရိယာက ကြည့်ရှုသူဟာ ဘယ်ဟာကို အရင်စိုက်ကြည့်တယ်။ ဘယ်နေရာကို အကြာကြီး ကြည့်တယ်ဆိုတာ တိုင်းတာပေးပါတယ်။

ယောကျာ်းတွေဟာ မျက်နှာကို ပိုပြီးအာရုံစိုက်ကြရတဲ့ အကြောင်းရင်းကတော့ စိတ်လှုပ်ရှားမှု သတင်းနဲ့ ခံစားမှုတွေကို ထုတ်လုပ်ပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ရပ် ပိုပြီးမြင့်မားစွာ လှုပ်ရှားမှုနဲ့ ဆက်စပ်နေတဲ့အကြောင်း ဝေါလင်နဲ့ရပ်တို့က တင်ပြကြပါတယ်။

မိန်းမတွေကတော့ ကိုယ်တုံးလုံးယောကျာ်းပုံတွေ ကြည့်ပြီး သူတို့စိတ်ထလာတယ် မလာဘူးဆိုတာ ပြောနိုင်ကြပါတယ်။
Source:Phatpa

စင်ကာပူမှ မဟာဘွဲ့ရပြီးမြန်မာကျောင်းသားများ လုပ်ငန်းခွင်အတွင်းနေရာကောင်းမရ

စင်ကာပူနိုင်ငံရှိ တက္ကသိုလ်များမှ မဟာဘွဲ့ရပြီးသော မြန်မာကျောင်းသားအချို့မှာ ယင်းနိုင်ငံရှိ လုပ်ငန်းခွင်များ၌ အဆင့်မြင့်မားသော အလုပ်အကိုင်နေရာကောင်းများမရရှိကြကြောင်း အဆိုပါနိုင်ငံမှ ကွန်ပြူတာဆိုင်ရာဘွဲ့လွန် သင်တန်းအောင်မြင်ထားသည့် မြန်မာကျောင်းသားတစ်ဦးက ပြောကြားသည်။
အဆိုပါမြန်မာကျောင်းသားများနည်းတူ နိုင်ငံခြားသားကျောင်းသားအချို့လည်း စင်ကာနိုင်ငံတွင် လုပ်ငန်းခွင်နေရာ ကောင်းရရှိမှုနည်းပါးကြောင်း၊ အထူးသဖြင့် အိုင်တီ၊ ကွန်ပျူတာပရိုဂရမ်ရေးဆွဲခြင်းနှင့် စီမံခန့်ခွဲမှုပညာရပ်များတွင် မဟာဘွဲ့သင်တန်းအောင်မြင်ပြီး ကျောင်းသားများသည် မန်နေဂျာ၊ ကြီးကြပ်ရေးမှူးရာထူးများထက် မိမိရရှိသည့် ဘွဲ့နှင့် မအပ်စပ်သော အောက်ခြေအဆင့် ဝန်ထမ်းဘဝမှ စတင်ဝင်ရောက်လုပ်ကိုင်ရကြောင်း၊ အဆိုပါဘာသာရပ် များဖြင့် မဟာဘွဲ့သင်တန်းအောင်မြင်ပြီးသော ကျောင်းသားများသည် စင်ကာပူဒေါ်လာ ၁၈၀၀ မှ ၁၀၀၀ အတွင်းသာ လစာငွေကြေးရရှိသော နေရာတွင်ပင် ရောင့်ရဲနိုင်ကြသော်လည်း အများစုမှာကျေနပ်မှုမရှိကြကြောင်း၎င်းက ထပ်လောင်းပြောကြားသည်။
စင်ကာပူနိုင်ငံရှိ လုပ်ငန်းခွင်အများစုမှာ ရရှိထားသော ဘွဲ့လက်မှတ်ထက် အတွေ့အကြုံ၊ အရည်အချင်းကိုသာအဓိက ထားဦးစားပေးရွေးချယ်လေ့ရှိကြောင်း၊ မြန်မာကျောင်းသားအများစုမှာ ဘွဲ့လက်မှတ်ရရှိပြီးနောက် နေရာကောင်းရရှိရေး ကိုသာမျှော်မှန်းလေ့ရှိခြင်းကြောင့် အတွေ့အကြုံပိုင်း၌ အားနည်းချက်များရှိနေတတ်ကြောင်း ပြည်ပတက္ကသိုလ်များသို့ ပညာရေးဝန်ဆောင်မှုပေးနေသည့် ပြည်တွင်းပညာရေးအေဂျင်စီတစ်ခုမှ သင်တန်းဆရာတစ်ဦးက သုံးသပ်ပြောကြား သည်။


ဒီနေ့လည်း အလုပ်မှာ အင်တာဗျူးခေါ်ရာ မြန်မာတစ်ယောက်ကို ခေါ်လိုက်မိသည်။ ထိုနောက် ထိုသူ့ သူငယ်ချင်းများ က ပုံစံတူ ကိုယ်ရေးရာဇ၀င်ဖြင့် ကျနော်ရုံးမှ အီမေလ်ပြန်သူထံ သို့ အီးမေလ်ဖြင့်ပိုကြသည်။ တော်တော် ကို နားမလည်နိုင် အောင်ဖြစ်လိုက်ရသည်။ သူတို့တွေအားလုံး လျှောက်နိုင်ပါသည်။ သို့သော် ပုံစံတူလုပ်ပြီး မလျှောက်သင့်ဟု ထင်မိသည်။ ပြီးတော့ အလုပ်ကိုခေါ်သော Website မှာသာ လျှောက်သင့်ပြီး အလွယ်လိုက်မှုကို ရှောင်ရှားသင့်သည်။ အကြောင်းမှာ HR မှ တစ်ယောက် က နင်တို့ မြန်မာတွေက Copy Cat တွေများလှချည်းလား ဟုပြောဆိုသံကို ကြားလိုက်ရသော ကြောင့်ပင်။

ထက်ထက်မိုးဦး တစ်ယောက်ဘန်ကောက်တွင် ဟိုတယ်ဖွင့်ရန်ပြင်။

မြန်မာနိုင်ငံမှ နာမည်ကြီး သရုပ်ဆောင် ထက်ထက်မိုးဦးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် Baiyok တာဝါအနီးရှိ မက်ကာစန်အင်း ဟိုတယ်(MAKKASAN INN HOTEL) ကို နှစ်ချုပ်ဖြင့် ငှားရန်လုပ်ကိုင်ရန် အဆိုပါဟိုတယ် ပိုင်ရှင်ထံသို့ ကမ်းလှမ်းထားကြောင်း ယင်းဟိုတယ် အောက်ထပ်၌ ပင်လယ်စာ စားသောက်ဆိုင်ဖွင့် လှစ်ထားသူ မစ္စတာထုံချိုင်းက ဇွန်လ ၁၉ ရက်နေ့တွင် ပြောကြားသည်။
အဆိုပါ ဟိုတယ်ကို နှစ်ချုပ်ဖြင့် ငှားရမ်း လုပ်ကိုင်ရန် ကမ်းလှမ်းထားသည်မှာ နှစ်လခန့် ရှိပြီဖြစ်ပြီး သဘော တူညီမှု တစ်စုံတစ်ရာ မရရှိသေးကြောင်း ၎င်းက ပြောကြားသည်။ မက်ကာစန် အင်းဟိုတယ်မှာ လွန်ခဲ့သော တစ်နှစ်ခန့်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး Baiyok တာဝါ၊ Big C ၊ Centeral World Palza ၊ Platinum ၊ Pratunam Market တို့နှင့်နီးသော အချက်ချာ ကျသည့်နေရာတွင် တည်ရှိသည်။
မက်ကာစန်အင်း ဟိုတယ်တွင် အထပ်ခြောက်ထပ်ပါဝင်ပြီး အခန်းစုစုပေါင်း ၄၀ ခန့်ရှိကာ လက်ရှိတွင် အခန်းတစ်ခန်းအတွက် တစ်ရက် ဈေးနှုန်းမှာ ဘတ် ၉၈၀ ဖြစ်သည်။
ထက်ထက်မိုးဦး သည် ယင်းဟိုတယ်တွင် နှစ်လခန့် လာရောက်တည်းခိုဖူးကြောင်း မစ္စတာထုံချိုင်းက ဆက်လက်ပြောကြားသည်။


Source: PhatPa

စနေဂြိုဟ်လတစ်စင်းမှ အခိုးအငွေ့များပန်းနေ။

စနေဂြိုဟ်၏ လတစ်စင်းပေါ်မှ ပန်းထွက်နေသော ထူးဆန်းသည့် အခိုးအငွေ့များမှာ ၎င်းင်းလ၏မညီညာသည့်ပတ်လမ်း အတွင်း ဆွဲငင်အားယိမ်းထိုး လှုပ်ယမ်း မှုကြောင့် အပေါ်ယံရေခဲလွှာပေါ်ရှိ ဧရာမအက်ကြောင်းများ ဖွင့်ချည်ပိတ်ချည် မတည်မငြိမ်ဖြစ်နေကြရာမှ ပန်းထွက် လာကြဖွယ်ရှိသည် ဟု ဗုဒ္ဓဟူးနေ့ထုတ် လေ့လာချက် တစ်ခုက ဆိုသည်။

အငွေ့များသည် Enceladus ခေါ် လ၏ တောင်ဝင်ရိုးစွန်း ပြတ်ရွေ့ကြော များတစ်လျှောက်မှ ပန်းထွက်နေခြင်း ဖြစ်ပြီး ယခင်နှစ်နှစ်ကတည်းက သိပ္ပံ ပညာရှင်များ စတင်တွေ့ရှိခဲ့ကြသည်။

လမျက်နှာပြင်အောက် မနက်ရှိုင်း လှသည့် နေရာရှိ ရေနွေးများ ရေနွေးငွေ့ အဖြစ် ပန်းထွက်လာနိုင်ဖွယ်ရှိသော် လည်း ခန့်မှန်းခြေ ကီလိုမီတာ (မိုင်) အနည်းငယ်အထိ ထုရှိပြီး အပူချိန် ရေခဲအမှတ်အောက် ၁၉၃ ဒီဂရီ ဆဲလ် စီးယပ် (ရေခဲအမှတ်အောက် ၃၁၅ ဒီဂရီဖာရင်ဟိုက်) ရှိသည့် အခြေအနေ နှင့် မကိုက်ညီအောင်ဖြစ်နေပြန်သည်။

ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဖရန် ဆစ်နင်မိုး ဦးဆောင်သည့် သုတေသနအဖွဲ့၏ တွေးဆချက်အရ မျောနေသော ဧရာမ ရေခဲလွှာထုချပ်ကြီးများ တစ်ခု နှင့်တစ်ခု ပွတ်တိုက်မိရာမှ ဖြစ်ပေါ်လာသည့် အပူကြောင့် ရေငွေ့စသော အခြေ အနေများဖြစ်လာနိုင်သည်ဟု ဆိုသည်။

Nature ဂျာနယ်ပါ လေ့လာချက်အရ ဧရာမရေခဲလွှာ ချပ်ကြီးများ ရွေ့လျားနေနိုင်ခြင်းမှာ ၎င်းင်းရေခဲထုလွှာကြီး၏အောက် ကီလို မီတာများစွာနက်သည့်နေရာတွင် အရည် များရှိနေ၍ဖြစ်သည်ဟုလည်းဆိုသည်။

အချင်းကီလိုမီတာ ၅၀၀ ခန့်သာရှိသော အဆိုပါ လမျက်နှာပြင်ပေါ်လွှမ်းခြုံထားသော ရေခဲလွှာထုမှာ အနည်းဆုံး ငါးကီလိုမီတာရှိပြီး အချို့နေရာတွင် ထို့ထက် အဆများစွာပို၍ထူနိုင်သည့် အထောက်အထားများကိုလည်း သုတေသီများ တွေ့ရှိခဲ့ကြသည်။

Nature ဂျာနယ်ပါ ဒုတိယလေ့လာ ချက်တွင် ဂေါ့ဒတ်အာကာသ ပျံသန်းရေးဌာနမှ တာရီဟားဖို့ဒ် ဦးဆောင်သော အခြားသိပ္ပံပညာရှင်များအဖွဲ့က ရေခဲ ပြင်ပေါ်ရှိ အက်ကြောင်းကြီးများ ပွင့်ချည်ပိတ်ချည် မတည်မငြိမ် ဖြစ်နေ သည့်အကြောင်းရင်းကို ရှင်းပြထားသည်။

အ၀လွန်မှုကို ထိန်းချုပ်နည်း။

အ၀လွန်ရောဂါ ကုသမှုကျွမ်းကျင်သူများအနေဖြင့် မတ်တတ်အနေအထားရှိသည့် ကွန်ပျူတာအလုပ်ခုံကို တည်ဆောက်ခဲ့ကြကြောင်း၊ ယင်းက၀န်ထမ်းများအား ၎င်းတို့ အလုပ်လုပ်ကိုင်ရင်း လေ့ကျင့်ခန်းကိုပြုလုပ်စေနိုင်ပြီး ကိုယ်အလေးချိန် လျော့ကျစေနိုင်မည်ဖြစ်ကြောင်း၊ ယင်းအလုပ်ခုံကို တီထွင်ဆောက်လုပ်ခဲ့သူများ ဖြစ်သော နယူးယော့ခ်ရှိ မေယိုကလင်းနစ်ကမူ ၎င်းင်းကအ၀လွန်သူများအား တစ်နှစ် လျှင် ကိုယ်အလေးချိန် ကီလိုဂရမ် ၃၀ ကျစေရန် ကူညီပေးနိုင်ကြောင်း ပြောကြား လိုက်သည်။ အဆိုပါ မတ်တတ်အနေအထားရှိသည့် ကွန်ပျူတာ အလုပ်ခုံကို စမ်းသပ်ရာတွင် မိမိတို့ဆန္ဒအလျောက် ပါဝင်သုံးစွဲခဲ့သူ ၁၅ ဦးမှာ တစ်နာရီလျှင် ပျမ်းမျှ ၁၉၁ ကယ်လိုရီ မိမိတို့ကိုယ်ခန္ဓာအတွင်း လောင်ကျွမ်းစေခဲ့ကြောင်း သိရှိရသည်။

Source: MMTimes


အန္တာတိက ဒေသ မှ ကယ်လီဖိုးနီးယားပြည်နယ် အရွယ် ရှိဒေသကို ဖုံးလွှမ်းထားသော ဆီးနှင်း အလွှာကြီးမှာ အပူချိန် တိုးလာမှုကြောင့် အရည်ပျော်ခဲ့သည်ဟု အမေရိကန်ပြည်ထောင်စု အာကာသလေ့လာရေးဌာန နာဆာမှ အင်္ဂါနေ့က ထုတ်ပြန်သော အစီအရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ကယ်လီဖိုးနီးယားပြည်နယ် ပါဆာဒီး နားရှိ နာဆာအဖွဲ့၏ ဓာတ်ခွဲခန်း Jet Propulsion Laboratory နှင့် ကော်လို ရာဒိုတက္ကသိုလ်တို့မှ သိပ္ပံပညာ ရှင်အဖွဲ့တစ်ဖွဲ့က ထပ်မံရရှိ ခဲ့သော ဂြိုဟ်တုဓာတ်ပုံများအရ ၂၀၀၅ ခုနှစ် တွင် ဆီးနှင်းများ နေရာအနှံ့ အလုံးအရင်းဖြင့် အရည်ပျော်ခဲ့ကြောင်း ပေါ်လွင် နေသည်ဟု ဆိုသည်။

ယခင်က ထိုသို့ ဖြစ်နိုင်ဖွယ်မရှိဟုတွက်ဆထားခဲ့ ကြသည်။

ကိုလိုရာဒို တက္ကသိုလ် သဘာဝပတ်ဝန်းကျင် သိပ္ပံပညာသုတေ သနလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဌာန၏ ညွှန်ကြားရေးမ·း ကွန်ရက် စတက်ဖင်က ပြောကြားရာ၌ ယခုကဲ့သို့သော အတိုင်း အတာမျိုးဖြင့် အရည် ပျော်ခဲ့ခြင်းကို ပထမဆုံးအကြိမ် ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဆို၏။

]]မကြာသေးခင်ကအထိတော့ အန္တာတိကကျွန်းဆွယ်ကလွဲရင် အန္တာတိက ဒေသမှာ ပူနွေးလာတဲ့ လက္ခဏာမျိုး မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် အခုတော့ ကျယ်ပြန့်တဲ့ဒေသကြီးတွေမှာ ပူနွေးလာမှုရဲ့ အကျိုးသက်ရောက်မှုတွေကို စပြီးတွေ့နေရပြီ}}ဟု စတက်ဖင်က ဆိုသည်။

အန္တာတိက ဒေသကို ဖုံးလွှမ်းထားသည့် ဆီးနှင်းများ အရည်ပျော်ခြင်းသည် ကွာလှမ်းသည့် ကုန်းတွင်းပိုင်းဒေသ၊ အမြင့်ပိုင်းလတ္တီတွဒ်နှင့် မြေမြင့်ပိုင်းများအပါအ၀င် တစ်ချိန်က အရည်ပျော်ခြင်း ဖြစ်နိုင်ခြေမရှိဟု တွက်ဆ ထားသော နယ်မြေမျိုးစုံ၌ ဖြစ်ပေါ်ခဲ့သည်။

ဆီးနှင်းများ အရည်ပျော်ခြင်းကို ဂြိုဟ်တု၏ စကက်ထရိုမက်ထရီ (Satellite Scatterometry) ကိရိယာကို အသုံးပြု၍ စူးစမ်းရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုကိရိယာသည် များမကြာ သေးမီကမှ အေးခဲသွားသော ရေခဲ၊ သို့မဟုတ် ဆီးနှင်းပြင်လော၊ ရှေးနှစ် ပေါင်းများစွာကတည်းက အေးခဲနေ သည့် ရေခဲ၊ သို့မဟုတ်ဆီးနှင်းပြင်လော ဆိုသည်ကို ခွဲခြားဖော်ပြနိုင်စွမ်းရှိသည့် ခေတ်မီဓာတ်ပုံရိုက်ယူရေး ကိရိယာ (ကင်မရာ) တစ်မျိုးဖြစ်သည်။



Source: Myanmar Journals

မိတ်ဆွေတစ်ယောက်၏ မင်္ဂလာပွဲ အကြောင်း။

ကလေးယူလျှင် ၄ ယောက်လောက် ရနိုင်ပြီဖြစ်သော ကျနော် မိတ်ဆွေ ကိုသက်လွင် မင်္ဂလာဆောင် အတွက် ပြီးခဲ့သည့် အပတ်က အလုပ်များခဲ့သည်။ ၄င်းတို့ မင်္ဂလာဆောင်ကို စင်္ကာပူရှိ နာမည်ကြီး စားသောက်ဆိုင် ဖြစ်သော Kopitiam Food Court တွင် ကျင်းပခဲ့သည်။ ထိုပွဲအတွက် သတိုးသား လောင်းများ အဖြစ်တာဝန်ယူ ကြသူ များမှာ အကြံကုန် ဂဠုန်ဆားချက်ဆိုသည့် အတိုင်း စင်ကာပူ နှင့် အွန်လိုင်းမှ မိန်းကလေးများ က၄င်းအား လက်မခံတော့သဖြင့် နယ်မှ ၄င်းအကြောင်းမသိသေးသော ဆရာဝန်မလောင်းလေး ကိုယူချင်နေသော ဒေါက်တာလင် ကိုကျော်ဇင်နှင့် ကလေးတစ်ယောက် အဖေ ဆေးဆရာ (ဆေးလိပ်ဆရာ) ကိုအောင်ကျော် တို့ ဖြစ်သည်။

မင်္ဂလာဆောင်သည့် သူများသည် မြန်မာအသိုင်းအ၀ိုင်းမှ ဖြစ်သည့် အလျှောက် တက်ရောက်ချီးမြှင့် ကြသူ အများစု မှ မြန်မာများ ဖြစ်ကြသည်။ ထိုကြားထဲမှ မျက်မှန်းတမ်းမိဖြစ် နေသာ မျက်နှာရှိသည့် ကတုံးကြီး နဲ့ အဖိုးကြီးတစ်ယောက် ကိုတွေ့လိုက်သည်။ ထိုသူက ပင် ပန်းကုံးစွတ်ချီးမြှင့်သွားရာ သိလို၍ မည်သူလဲဟု စပ်စုကြည့်မိ ခဲ့သည်။ ပြီးတော့မှ သိခဲ့ရသည်။ ထိုသူသည် မြန်မာနိုင်ငံမှ လာ၍ SPass (Special Pass) ဖြင့် ဆေးရုံ ပရိုမိုရှင်းကြော်ငြာ အတွက်လာရောက် လုပ်ကိုင်နေသာ ကိုယ်ရွှေချော ဦးစိုးဝင်းပင်။ သူ့ခင်မျာ.. ဘယ်လောက် ပင်ဆေးရုံ အတွက် အလုပ်လုပ်ပင်ပန်း နေသော်လည်း သူ၏ပင်မဇာတ်ရုပ်ဖြစ်သော့ အခန်းအနားတက်၊ ရေစက်ချ၊ ဖဲကြိုးဖြတ်၊ ပန်းကုံးစွတ်အလုပ် ကိုတော့လက်မလွှတ်ချင်သေး ပုံပေါ်သည်။


မင်္ဂလာဆောင် ၌ ကျွေးမွေးသည် များမှာလည်း အလွန်ကောင်းလှပါသည်။ ကြက်လျှာစွန်း မှ စပယ်ရှယ် အော်ဒါမှာ ယူထားသော ထောပတ်ထမင်း နှင့် ကြက်သားဆီပြန် ဟင်း မှာ အလွန်အရသာရှိ လှပါသည်။ သို့သော် ကြက်သား များမှာ ကြက်သား အစစ်မဟုတ်ပဲ အသားတုကြက်သား များဖြစ်ကြောင်း စားပြီးမှသိရသည်။ အကြောင်းမှာ ရန်ကုန်၌ ကြက်ငှက်တုတ်ကွေး ရောဂါပြန်လည်ဖြစ်ပွား နေသောကြောင့်ပင်။ စားသောက်ပြီးသော အခါ ကျသင့်ငွေကို ကောင်တာ၌ သွားရှင်းရခြင်းမှာလည်း မင်္ဂလာဆောင် ဖိတ်စာ၌ အလကား စားခြင်းသီးခံပါ ဆိုခြင်းကြောင့်ဖြစ်သည်။

ဒီလိုနဲ့ ထိုမင်္ဂလာဆောင်တွင် မိတ်ဆွေတစ်ဦးဖြစ်သည့် ကိုကျော်ကြီး နှင့် မကြာသေးခင်ကမှ ရောက်ရှိလာသော သူ့၏ဇနီးနှင့် သား တို့ကိုနှုတ်ဆက်လိုက်သည်။ ကိုကျော်ကြီး ရင်ဖတ်တွင်မူ ဌာနဆိုင်ရာ ၀န်ထမ်းများကဲ့သို့ တံဆိပ်တပ်စွဲ ထား သည်ကိုထူးခြား စွာတွေ့လိုက်ရသည်။ သေချာအောင် အနားကတ်ကြည့်လိုက်မှ တံဆိပ်မဟုတ် စင်ကာပူမှ ပေးအပ်သော အမြဲတမ်းနေထိုင်ခွင့် (SPR IC) ကတ်ဖြစ်သည်။ သူ PR ရသွားပြီဆိုတာ လူတိုင်းကို သိစေချင်ပုံပေါ်သည်။

ကျနော်စားပွဲနှင့် မျက်စောင်းထိုးတွင်တော့ လူကြီးများရန်ဖြစ်နေကြသည်။ ဒီလိုနှင့် လာရောက်သူအများ၏ မျက်စိများမှာ ထိုစားပွဲဝိုင်းကျရောက် သွာ့းသည်။ သတိုးသား နှင့် သတိုးသမီးတို အမြန်သွားရောက် ဖြေရှင်းရတော့သည်။ သူတို့မဖြေရှင်လို့လည်း မရ။ အဘယ်ကြောင့် ဆိုသော် သူတို့၏ နှစ်ဖက်သော မိဘများမှာ မင်္ဂလာဆောင် လက်ဖွဲများကို ဝေစုခွဲရာ အဝေမတည့်သည့်မှ ဖြစ်ပေါ်လာသော် ရန်ပွဲကြောင့် ဖြစ်သည်။
မည်သို့ဆိုစေ မင်္ဂလာပွဲလေမှာ အထမြောက်သွားခဲ့ပေသည်။

(ရယ်စရာများအသွင် တွေ့ရာလေးပါး အဖြစ်သာ ရေးထားခြင်းဖြစ်ပါသည်။)

အလျားတစ်ပေခွဲရှိသော ငါးပျံကြီး တစ်ကောင် ကိုကိုးကျွန်းအနီး၌ ဖမ်းမိ။


အလွန်ရှားပါးလှပြီး တွေ့ရခဲ့သော ငါးပျံကြီးတစ်ကောင် ကို ၂၀၀၇ ခုနှစ် မေလ ပထမပတ်တွင် ရန်ကုန်တိုင်း ကိုကိုးကျွန်းမြို့နယ်၊ ကိုကိုးကျွန်း၏ အနောက် မြောက်ဘက်ရှိ မီးပြကျွန်းနှင့် နှစ်မိုင်ခန့်အကွာ ပင်လယ်ပြင်ရေ အနက် ပေ၁၀၀ ကျော်ခန့်တွင် ကိုကိုးကျွန်းမှ ရေလုပ်သားကြီး ဦးတင်ထွန်းအောင် ကဖမ်းဆီး ရခဲ့သည်။

ထိုငါးပျံကြီး ရဲ့အလျားသည် တစ်ပေခွဲခန့် ရှည်၍ ငှက်လိုဘေးနှစ်ဖက် က အတောင်ကို ဖြန့်လိုက် လျှင် တောင်ပံတစ်ဖက်ထိပ် နှင့် အခြားတစ်ဖက် ထိပ်နှစ်ပေခန့်ရှိသည်။ ၄င်းသည် ပင်လယ်ရေပြင် ၌ တစ်မိုင်ခန့်ပျံသန်း နိုင်ကြောင်းသိရှိရသည်။

Source: PyiMyanmar Journal

နာကာတာ ၀င်ရောက် ကစားမည့် မြန်မာ့ဘောလုံးပွဲ။



Source: Mirror

မပြီးဆုံးသေးသော ကမ္ဘာပေါ်ရှိ အသက်ရှည်ဆုံး မြန်မာနိုင်ငံမှ ညီလာခံကြီး ပြန်လည် စတင်တော့မည်။


ဒီနေ့ မှာတော့ မြန်မာနိုင်ငံရှိ ခေတ္တ၀န်ကြီးချုပ်က ထိုညီလာခံကို ဇူလိုင်လ ၁၈ ရက်နေ့မှာ ပြန်လည်ကျင်းပ မှာဖြစ်ကြောင်း ပြောကြားသွားသည်။ ပြီးတော့ သူက ဒီညီလာခံသည် နောက်ဆုံးအကြိမ် ဖြစ်ကြောင်းပြော ကြားခဲ့ပြန်သည်။

တရုတ်လုပ် သွားတိုက်ဆေး အချို့တွင် အသက်အန္တရာယ် ရှိ ဓာတုပစ္စည်းများ ပါဝင်နေ။


အရည်အတွက် တစ်သောင်းကျော်ရှိသော တရုတ်လုပ်သွားတိုက် ဆေးများတွင် အသက် အန္တရာယ် ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ ပါဝင်နေသဖြင့် စတိုးဆိုင်များ မှ ဖယ်ရှားပြစ် လိုက်ကြောင်း အေပီ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဒိုမီနီကန် အာဏာပိုင်များ အနေဖြင့် အဆိုပါ သွားတိုက်ဆေးများ တွင် Diethylene glycol ခေါ်ဓာတုပစ္စည်း တစ်မျိုးပါဝင် နေကြောင်း မေလ ၁၈ရက် ကသိရှိပြီးနောက် ရာပေါင်းများစွာ သော ကျန်းမာရေးလုပ်သားများ သည် “Excel” နှင့် “Mr. Cool” ကုန်ပစ္စည်း အမှတ်တံဆိပ်များ ကို လိုက်လံ ရှာဖွေလျှက် ရှိကြောင်း သိရှိရပါသည်။

Source: AP

ပိန်သူများသည် ခန္ဓာကိုယ်တွင်း၌ ၀နေတတ်ကြသည်။

ခန္ဓာကိုယ်တွင်း၌ ရှိနေသည်ကို တကယ်တမ်း အလေးထားရမည် မှန်ပါက ပိန်သူအတော်များများ ဒုက္ခရောက် နိုင်ကြသည်။ သာမန်မျက်စိဖြင့် မမြင်နိုင်သော နှလုံး၊ အသည်းနှင့် ပန်ကရိယကဲ့သို့ အသက်ရှင်မှုအတွက် အရေးပါသည့် အင်္ဂါများကို ၀န်းရံနေသည့် ခန္ဓာကိုယ်ပြင်ပ အရေပြားအောက် စူထွက်နေသဖြင့် ပို၍ အန္တရာယ်ရှိ ကြောင်း ယခုအခါတွင် ဆရာဝန် အချို့ယူဆနေ ကြသည်။

``ပိန်နေတာနဲ့ မ၀ဘူးလို့ တထစ်ချ မဆိုနိုင်ဘူး´´ ဟု လန်ဒန်မြို့၊ အင်ပီးရီးရယ် ကောလိပ်မှ မော်လီကျူးဆိုင်ရာ ပါမောက္ခတစ်ဦး ဖြစ်သူ ဒေါက်တာ ဂျင်မီဘဲလ်က ပြောဆိုသည်။ ဘဲလ်နှင့် သူ၏အဖွဲ့သည် ၁၉၉၄ ခုနှစ်မှစ ၍လူ ၈၀၀ နီးပါးကို လူများတွင် အဆီစုနေသော နေရာ ပြသည်။ အဆီဓာတ်ပြကား ချပ်ပုံများကို ဖန်တီးရန် (mri) စက်များဖြင့် စစ်ဆေးကြည့်ရှုခဲ့ကြသည်။

စစ်ဆေးရရှိခဲ့သော အချက်အလက်အရ လေ့ကျင့်ခန်းပြုလုပ်ခြင်း အားဖြင့်မဟုတ်ဘဲ အစာကို အတိုင်းအချင်ဖြင့်စားကာ ကိုယ်အလေးချိန်ကို ထိန်သူများသည် သူတို့အနေဖြင့် စားနည်းဖြင့် သွယ်လျနေသော်လည်း ကိုယ်တွင်း အဆီဓာတ်များပြား နေသူများ ဖြစ်ကြသည် ဟုဘဲလ်က ပြောသည်။

ရှင်းလင်းသော သတိပေးချက်မဟုတ်ပဲ ပိန်သူများအနေဖြင့် သူတို့ ကိုယ်အလေးချိန်မတိုး၊ ကျန်းကျန်းမာမာ လည်းရှိနေသည်ဟု မှားယွင်း၍ ကျေနပ်နေမည် ကို ဆရာဝန်များ စိုးရိမ် လျက်ရှိသည်ဟု ဆိုသည်။

ဘဲလ်နှင့်သူ့၏ လုပ်ဖော်ကိုင်ဖက် များအနေဖြင့် စစ်ဆေးကြည့်ရှုခဲ့သော အမျိုးသမီးများတွင့် BMI ပုံမှန် ၂၀ မှ ၂၅ ရှိကြသူများသည် တကယ်တမ်းအားဖြင့် ကိုယ်တွင်းအဆီဓာတ် မြင့်မားနေကြသည်။ အမျိုးသားများတွင့် ၆၀ ရာခိုင်နှုန်းခန့် ရှိကြသည်။

ဘဲလ်၏အဆိုအရ ကိုယ်တွင်း အဆီဓာတ်ရှိသူများသည် အ၀လွန်ရောဂါဖြစ်ရေး တံခါးဝပေါက် သို့ ရောက်နေကြသူများ ဖြစ်ကြသည်။ သူတို့သည် အဆီ ဓာတ်နှင့် အချို ဓာတ်ပါသော အစားအစာများကို အလွန်အကျွံ စားသောက်ပြီး အဆီလျှော့ချရေး အတွက် လေ့ကျင့်ခန်း မဆိုသလောက် သာလုပ်ကြသည်။ သို့သော် သူတို့သည် အမှန်တကယ် ၀အောင် မစားကြသူပို၍ များသည်။ သဘာဝအတိုင်း ဆိုပါက ၀မ်းဗိုက်ဝန်းကျင်၌ ပထမဆုံး အဆီစုသည်ဟု သိပ္ပံပညာရှင်များ ယူဆကြသည်။ အချို့တွင် အခြားနေရာ၌ စတင် အဆီစုတတ်သည် ဟုဆိုကြသည်။

ပုံမှန် ကိုယ်အလေးချိန် ရှိနေခြင်းသည် ကျန်းမာရေးကောင်းမွန် နေကြောင်း BMI သည် အားကိုးရသော ကိရိယာတစ်ခု ဖြစ်ကြောင်း ကျွမ်းကျင်သူအများစု က ယူဆကြသည်ဟု ဆိုသည်။

Source: YgnTimes