အသက်(၁၈ )နှစ်အရွယ် ကလေးထိန်းအား လေးနှစ်အရွယ်ကလေးငယ်က သေနတ်ဖြင့်ပစ်။

အမေရိကန်နိုင်ငံ အိုဟိုင်းရိုးပြည်နယ် ဂျက်ခ်ဆွန်ဒေသတွင် လေးနှစ်အရွယ်ကလေး၏ ခြေထောက်ပေါ်ကို ကလေးထိန်းဖြစ်သူက မတော်တဆ တက်နင်းမိသဖြင့် အဆိုပါကလေးက သူ့အထိန်းအား သေနတ်ဖြင့် ပစ်ခတ်သည်ဟု ဒေသဆိုင်ရာသတင်းစာက ဇန်န၀ါရီ ၆ ရက်တွင်ဖော်ပြသည်။ အဆိုပါဒေသတွင် နာသင်ဘီဗာ အပါအ၀င် ဆယ်ကျော်သက်အရွယ် များသည် တနင်္ဂနွေနေ့တွင် တစ်နေရာ မှတစ်နေရာသို့ ရွေ့လျား သွားလာ နိုင်သည့် နောက်တွဲယာဉ်ပါသည့် ရွေ့လျားအိမ်များ၌ ကလေးထိန်း သည့်အလုပ်ကို လုပ်ကိုင်လေ့ရှိကြ
သည်။
အသက်(၁၈)နှစ်အရွယ်ရှိ ကလေးထိန်း နာသင်ဘီဗာသည် ကလေးငယ်အား မတော်တဆ ခြေထောက် ဖြင့် တက်နင်းမိသဖြင့် ယခုကဲ့သို့သေနတ်ဖြင့် ပစ်ခံရခြင်းဖြစ်သည်ဟုရဲတပ်ဖွဲ့က ပြောကြားသည်။ မျက်မြင် သက်သေများ၏ အဆိုအရ ကလေးငယ်သည် အိပ်ခန်းဘီဒိုထဲမှ သေနတ်ကိုသွားယူ၍ ဘီဗာကို ပစ်ခတ်ခြင်း ဖြစ်သည်ဟုသိရသည်။ ယင်းပစ်ခတ်မှုကြောင့် ဘီဗာ၏လက်နှင့်နံစောင်းကို သေနတ်ထိမှန်ခဲ့ပြီး ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေရကာ ဒဏ်ရာအခြေအနေမှာစိုးရိမ်ဖွယ်မရှိဟု ဆိုသည်။ အခြားဆယ်ကျော်သက် များတွင်လည်း သေနတ်ကြောင့် ဒဏ်ရာရရှိမှုများ ဖြစ်ပွားလျက်ရှိသည်ဟုရဲတပ်ဖွဲ့က ပြောကြားသည်။
Source: KM