မြန်မာနိုင်ငံသားများအား အင်တာနက်မှတစ်ဆင့် အလုပ်ရှာရန် စင်ကာပူသံအမတ်ကြီး တိုက်တွန်း။

စင်ကာပူနိုင်ငံတွင် အလုပ်ရှာဖွေလိုကြသည့် မြန်မာတို့အနေဖြင့် ပွဲစားများကိုအားကိုးခြင်း၊ အလည်အပတ်ဗီဇာဖြင့် သွားရောက်၍ အလုပ်ရှာဖွေခြင်းတို့ ပြုသည်ထက် အင်တာနက်ကို ပိုမို အားကိုးရှာဖွေသင့်သည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူသံအမတ်ကြီး မစ္စတာ ရောဘတ်ချွားက အကြံပေးလိုက်သည်။

“လိုတဲ့အချက်တွေ အင်တာနက်မှာ အလွယ်တကူရနိုင်ပါတယ်။ စင်ကာပူ လူ့စွမ်းအားဝန်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက် မှာဆိုရင် စင်ကာပူမှာ အလုပ်နဲ့ပတ် သက်တဲ့သတင်းတွေတင်ထားပါတယ်” ဟု မစ္စတာချွားက ပြောကြားသည်။

မြန်မာနိုင်ငံသားများသည် အလုပ် ရှာဖွေရေး ပွဲစားများကို အားကိုး တတ်ကြရာ ယင်းသည် အာမခံချက်မရှိ ကြောင်း၊ စင်ကာပူကုမ္ပဏီများ၏ ၀က်ဘ်ဆိုက်များထဲ ၀င်ကြည့်၍ အလုပ်ရှင် လိုချင်သည့် အရည်အချင်းနှင့် အချက်အလက် များကို သိရှိအောင် ကြိုးပမ်း၍ တိုက်ရိုက်ဆက်သွယ်ခြင်းက အကောင်းဆုံး ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

“ဒါကြောင့် သူတို့ဆီကို တိုက်ရိုက် အီးမေးလ်ပို့ပါ။ တကယ်လို့ သူတို့က စိတ်ဝင်စားတယ်ဆိုရင် လူတွေ့ စစ်ဆေးဖို့ ကိုယ်စားလှယ်တစ်ဦးကို မြန်မာနိုင်ငံပဲဖြစ်ဖြစ်၊ တခြားနိုင်ငံကိုပဲ ဖြစ်ဖြစ် စေလွှတ်ပါလိမ့်မယ်” ဟု ၎င်းင်းက ပြောသည်။

ထို့ပြင် အေဂျင်စီများ၊ ပွဲစားများကို အားကိုးခြင်းသည် အမြော်အမြင် နည်းရာရောက်ကြောင်း၊ ၎င်းင်းတို့သည် ငွေ အမြောက်အမြားတောင်းပြီး အလုပ် မရသည့်အခါ စိတ်ပျက်စရာကောင်းကြောင်း သံအမတ်ကြီးက ပြောသည်။

စင်ကာပူ၊ ချန်ဂီလေဆိပ်တွင် မကြာမီ ခရီးသည်ဂိတ်အမှတ် (၃) ကို ဖွင့်လှစ် မည်ဖြစ်ရာ နိုင်ငံခြားသား အလုပ် သမား များခေါ်ယူလိုသည့် ကုမ္ပဏီအချို့ရှိကြောင်း၊ ယင်းကုမ္ပဏီများထံ တိုက်ရိုက်ဆက်သွယ်၍ ၎င်းင်းတို့ လိုအပ်ချက်နှင့် မိမိအရည်အချင်း ကိုက်ညီပါက တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း လည်း မစ္စတာချွားက ပြောသည်။

အလည်အပတ်ဗီဇာဖြင့် စင်ကာပူသို့ ဦးစွာလာပြီးမှ အလုပ်ရှာလျှင်မူ မိမိကို အပြည့်အ၀ အကူအညီပေးနိုင်မည့် သူငယ်ချင်း၊ သို့မဟုတ် ဆွေမျိုးရှိမှသာ ပိုမိုအဆင်ပြေနိုင်သည်ဟု ၎င်းင်းက ဖြည့်စွက်ပြောကြားသည်။

“တကယ်လို့ ကိုယ်က အလည် သဘောမျိုးလာတယ်ဆိုရင် အခုမှ စရောက်တာဆိုတော့ ဘယ်သွားလို့ သွားရမှန်း မသိ ဖြစ်တတ်တယ်။ အကောင်းဆုံးကတော့ ကိုယ့်ဟာကိုယ် အင်တာနက်ကို အားကိုးပြီး လေ့လာဖို့ပါပဲ။ အဲဒီမှာ ကိုယ်သိချင်တဲ့ အချက်အလက်တွေ အများကြီးရနိုင်ပါတယ်။”

“ပွဲစားကို အားကိုးတာကအာမခံချက်မရှိပါဘူး။ ဒီလောက်ပိုက်ဆံအများကြီး ကုန်စရာမလိုဘူး”ဟု ၎င်းင်းကပြောသည်။

သွားပိုးပေါက် အချိန်မီ မဖာထေးလျှင် အသက်အန္တရာယ် ရှိနိုင် ။


အံဆုံးပေါက်ခြင်း၊ သွားပိုးစားပြီး သွား၌ အပေါက် ပေါက်ခြင်း တို့ကို အချိန်မီ ပြုပြင်ဖာထေးခြင်း မပြုပါက အသက် အန္တရာယ်စိုးရိမ်ရသည်အထိ ဖြစ်နိုင်ကြောင်း ရန်ကုန်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခနှင့် ဌာနမ·း ဒေါက်တာ ဦးကိုကိုမောင်က ဆိုသည်။
“သွားပိုးပေါက်ဖြစ်နေတာကို အချိန်မီ မဖာထေးဘူးဆိုရင် သွားပိုးက အမြစ်ထိပ်ကနေ မေးရိုးဖောက်ပြီး လည်ပင်း အောက်မှာရှိတဲ့ ကြွက်သားမျှင်ထဲကို ၀င်သွားတယ်။ ဒီလို ၀င်သွားရင် ပိုးတွေ ကထုတ်တဲ့ အင်ဇိုင်းဓာတ်ကြောင့် တစ်ခုနဲ့တစ်ခုကပ်နေတဲ့ ကြွက်သား ဆဲလ်တွေကွာသွားပြီး အဆိပ်တွေက အထဲကို ပြန့်ဝင်သွားတယ်။ အဲဒီလို အဆိပ် တွေပြန့်သွားရင် မေးရိုးအောက်၊ လျှာအောက်တွေမှာ ရောင်လာပြီး လည်ပင်းက သစ်သားလိုမာလာတယ်။ လျှာ အောက်ကို ပိုးက ၀င်တဲ့အတွက် လျှာက အပေါ်မြင့် တက်လာပြီး ရေ မသောက်နိုင်၊ အသက်မရှူနိုင်တဲ့ အဆင့်ကိုရောက်ပြီးအသက်ဆုံးသွားနိုင်တယ်”ဟု ၎င်းင်းက ရှင်းပြသည်။

အံဆုံးပေါက်မည့်နေရာတွင်လည်း သွားဖုံးအသားက အုပ်နေသည့်အတွက် အတွင်း၌ ပိုးဝင်ရောက်နေတတ်ပြီး ပိုးက အောက်ခြေဆင်းကာ နေရာအနှံ့ ပိုမိုပျံ့နှံ့လွယ်ကြောင်း ပြောသည်။

ထိုကဲ့သို့ သွားပိုးပေါက်ခြင်း၊ အံဆုံး ပေါက်ခြင်းမှတစ်ဆင့် ပိုးပျံ့နှံ့ခြင်းသည် ဆီးချိုရောဂါသည်များနှင့် ကိုယ်ခံအား ကျနေသူများတွင် ပိုမိုဖြစ်လွယ်ကြောင်း ဒေါက်တာဦးကိုကိုမောင်က ပြောသည်။

“ကျွန်တော်တို့ လူမျိုးတွေက သွားကို ဂရုမစိုက်ဘူး။ ပိုးပေါက်နေတဲ့သွားက ကျဉ်နေပြီ၊ နာနေပြီဆိုတာတောင် ဂရု မစိုက်ကြဘဲ ဆေးမြီးတိုနဲ့ကုတော့ အခု လိုဖြစ်ကြရတာ”ဟု ၎င်းက ပြောသည်။
Source: MMTimes

အရိုးတီဘီရောဂါအကြောင်း ပိုမိုသိရှိရန်လို။

ချောင်းဆိုးသွေးပါအဆုတ်တီဘီရောဂါကို ကမ္ဘာ့ကူးစက်ရောဂါဆိုးကြီးတစ်ခု အဖြစ် သိရှိကြသော်လည်း ၎င်းင်းနှင့် ဆက်နွှယ်ဖြစ်ပေါ်သည့် အရိုးတီဘီ ရောဂါအကြောင်းကိုမူ သိရှိသူ အလွန် နည်းပါးနေသေးကြောင်း မြောက် ဥက္ကလာပ အထွေထွေဆေးရုံကြီးမှ အရိုး အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ မြသောင်းက ပြောသည်။

တီဘီရောဂါ ခံစားရသူများ၏ ၁၄ ရာခိုင်နှုန်းမှာ အဆုတ်တွင် မဟုတ်ဘဲ ခန္ဓာကိုယ်အခြားနေရာများတွင် ဖြစ် ပေါ်တတ်ပြီး ၎င်းရာခိုင်နှုန်း တစ်ဝက် မှာ အရိုးအဆစ်တီဘီရောဂါ ဖြစ်သည်။

“ပြည်သူတွေအနေနဲ့ အရိုးအဆစ် မှာ တီဘီဖြစ်တယ်ဆိုတာ သိပ်မသိကြဘူး။ ဒီရောဂါဖြစ်တဲ့သူ တချို့နဲ့ နီးစပ် တဲ့လူတွေပဲ ဒီရောဂါအကြောင်း သိကြ တာ။ ကိုယ်ခန္ဓာပေါ်မှာ တီဘီရောဂါ မဖြစ်နိုင်တဲ့ နေရာမရှိဘူး။ ခန္ဓာကိုယ်ရဲ့ အရေပြားကနေပြီး ရိုးတွင်းခြင်ဆီ အထိ တီဘီရောဂါဖြစ်နိုင်တယ်။ အရိုး အဆစ်နဲ့ အဆုတ်တီဘီရောဂါပိုးချင်း တူပေမယ့် ရောဂါဖြစ်စဉ် ကွဲပြားပါ တယ်”ဟု ၎င်းင်းက ပြောသည်။

အဆိုပါ အရိုးတီဘီရောဂါသည် အသက်အန္တရာယ် မထိခိုက်နိုင်သော်လည်း ရောဂါဖြစ်စဉ်ကို အချိန်မီ မဖော်ထုတ် နိုင်ပါက ကုသမှုနောက်ကျပြီး ခါးရိုးဘုကြီးနှင့် ခါးကုန်းကာ တစ်သက် လုံးဒုက္ခိတဖြစ်တတ်ကြောင်းသိရသည်။

အရိုးတီဘီရောဂါလက္ခဏာများမှာ တချို့တွင် အရိုးအဆစ်နာသကဲ့သို့ သာမန်ရောဂါလက္ခဏာပြကာ ရောဂါ ပိုးက အရိုးများကို လှိုက်စားသွားတတ်ပြီး အချို့တွင် အရိုးအဆစ်တွင်း ပြည်တည်၍အဆစ်ရောင်ခြင်းတို့ဖြစ်သည်။

“တချို့ အရိုးတီဘီလက္ခဏာတွေဆို ဓာတ်မှန်ရိုက်ကြည့်တာတောင် မတွေ့နိုင်ဘူး။ အဲဒီတော့ လူနာက ကိုယ် တစ်ခုခုအလေးအပင်မမိလို့ ထင်မိတယ်။ ဒီလိုနဲ့ အချိန်တွေကြာပြီး နောက်ကျမှ ကုမိလို့ မလိုလားအပ်တဲ့ အခြေအနေတွေ ဖြစ်သွားနိုင်တယ်။”

“ပြည်သူတွေ သတိထားရမှာက တီဘီရောဂါကို ဆရာဝန်တိုင်း ကုတတ်တယ်လို့ မထင်ပါနဲ့။ ကုနည်းမှားနေတဲ့ သူတွေအများကြီးပဲ။ အဆစ်အိမ်မှာ နာကျင်ပြီး သာမန်ပိုးသတ်ဆေးသောက် လို့ မပျောက်နိုင်ဘူး၊ ကာလအတန် ကြာ အနားယူတဲ့အထိ မပျောက်ကင်းရင် တီဘီရောဂါဖြစ်နိုင်တယ်”ဟု ဒေါက်တာမြသောင်းက ပြောသည်။
အရိုးတီဘီမှာ အနည်းဆုံး ဆေး တစ်နှစ် သောက်ရမည်ဖြစ်သည်။

ဒေါက်တာမြသောင်းက အရိုးတီဘီ သည် ခွဲစိတ်ကုသစရာ မလိုဟု အချို့ ဂျာနယ်များတွင် ရေးသားထားသည်မှာ မှားယွင်းပြီး လူနာအတွက် အလွန် အန္တရာယ်ရှိကြောင်း ပြောသည်။

“တီဘီရောဂါကို အဓိကကုသရမှာကတော့ သောက်ဆေးပါ။ ခွဲစိတ်ကုသတာဟာလည်း ပျောက်ကင်းတဲ့နည်းလမ်း မ¸ုတ်ဘူးဆိုတာ အခြေခံအားဖြင့် မှန်ပါတယ်”ဟု ပြောသည်။

အရိုးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာနေ၀င်းကမူ ၎င်းင်းအရိုး အဆစ်တီဘီတွင် ခါးရိုးတီဘီဖြစ်ပွားသူ ဦးရေ များလာသော်လည်း ပြည်သူတို့ အနေဖြင့် အခြားအကိုက်အခဲ အဆစ် ရောင်ရောဂါဟု ထင်မှတ်ကုသနေကြောင်း ပြောသည်။

“ဒီခါးရိုးတီဘီက သုံးနှစ်နဲ့ ငါးနှစ် ကလေးတွေ၊ အသက် ၄၀ ကျော်တွေမှာ ပိုဖြစ်တယ်။ ကလေးဆိုရင် ညညငို မယ်။ တရှောင်ရှောင်နဲ့ အစား အသောက်ပျက်ပြီး မလန်းဆန်းရင်၊ သူ့ကျောပေါ်မှာ အဖုအကျိတ်တွေ့ မယ်ဆိုရင် ဒီကလေးဟာ ခါးရိုးတီဘီ ခံစားနေရတာပါ”ဟု ပြောသည်။

အဆိုပါ အရိုးတီဘီရောဂါသည်တီဘီ ရောဂါကာကွယ်ဆေး ပုံမှန် မသောက် သုံးခဲ့သောသူများ၊ တီဘီ ရောဂါလူနာ နှင့် နီးကပ်စွာနေထိုင်ခဲ့ရသူများ၊ ခန္ဓာ ကိုယ် တစ်နေရာတွင် တီဘီရောဂါ ဖြစ် ခဲ့ဖူးသူများ၊ နာတာရှည် ရောဂါခံစား နေရပြီး ခုခံအားကျနေသူများတွင် ပိုမိုဖြစ်ပေါ်တတ်ကြောင်း ပါမောက္ခ ဒေါက်တာမြသောင်းက ပြောသည်။

အတွင်းတိမ်ကြောင့် မျက်စိအများဆုံးကွယ်။

မြန်မာနိုင်ငံတွင် နှစ်စဉ်မျက်စိကွယ်နိုင်သည့် လူဦးရေသည် ခြောက်သောင်းမှ ကိုးသောင်းကျော်အထိရှိနေပြီး အတွင်း တိမ်ရောဂါသည် မျက်စိကွယ်စေသည့် အဓိကအကြောင်းရင်းအဖြစ်ရှိနေသည်။

“အတွင်းတိမ်ရောဂါဟာ မျက်စိ ကွယ်မှုအားလုံးရဲ့ ၆၃ ရာခိုင်နှုန်းလောက် ရှိနေပါတယ်”ဟု မျက်စိအထူးကု ဆရာ ၀န်များအဖွဲ့ဥက္ကဋ္ဌပါမောက္ခဒေါက်တာ မြအောင်က ဆိုသည်။

ကျန်းမာရေးဦးစီးဌာန၏ စာရင်းများ အရ အတွင်းတိမ်ရောဂါပြီးနောက် ရေတိမ်ရောဂါ၊ မျက်စိအနောက်ပိုင်း ရောဂါ၊ မျက်ခမ်းစပ်ရောဂါ၊ မျက်ကြည် လွှာရောဂါနှင့် မျက်စိထိခိုက်ဒဏ်ရာ များသည် မျက်စိကွယ်စေသည့် အဓိက အကြောင်းရင်းများတွင် အစဉ်လိုက်ရှိ ကြသည်။

ဒေါက်တာမြအောင်က ယခု နောက် ပိုင်းတွင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ တို့ကြောင့်ဖြစ်သည့် နောက်ဆက်တွဲ မျက်စိရောဂါများလည်း အဖြစ်များလာကြောင်း နိုဝင်ဘာလအတွင်း ကျင်းပခဲ့သော ၎င်းင်းအသင်း၏ ၁၉ ကြိမ်မြောက် ညီလာခံ၌ ပြောကြားသည်။

“ကျန်းမာရေးဦးစီးဌာနရဲ့ ၁၉၉၇-၉၈ မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေး စီမံချက်စစ်တမ်းအရ မြန်မာနိုင်ငံမှာ မျက်မမြင်ဦးရေ ခုနစ် သိန်းကျော်ရှိပြီး အဲဒီဦးရေအရ လူဦးရေ တစ်သိန်းမှာ ၆၀၀ လောက် မျက်စိ ကွယ်နေ တယ်”ဟု ၎င်းင်းက ဆိုသည်။

ဒေါက်တာမြအောင်က မြန်မာနိုင်ငံ တွင် မျက်စိအထူးကုဆရာဝန် ၂၀၀ ကျော်ရှိသည့်အတွက် လူဦးရေ သုံးသိန်း၌ တစ်ဦးနှုန်းဖြစ်ကြောင်း ပြောသည်။

“မျက်စိအထူးကုဆရာဝန်တွေအားလုံးက တစ်နှစ်တစ်နှစ်ကို အတွင်းတိမ် ရောဂါဝေဒနာရှင် သုံးသောင်းလောက် ခွဲစိတ်ပေးနိုင်ခဲ့ပြီး မျက်စိကုဌာနတွေ မရှိတဲ့ မြို့နယ်တွေကိုလည်း နယ်ထွက် ခရီးစဉ်အဖြစ်သွားရောက်ပြီး ခွဲစိတ် ကုသပေးခဲ့တယ်”ဟု ၎င်းင်းက ဆိုသည်။

ဒေါက်တာမြအောင်က မှတ်တမ်းများအရ ရန်ကုန် မျက်စိဆေးရုံကြီး တစ်ခုတည်းပင်လျှင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ်အထိ သွားရောက်ခဲ့သည့် နယ်ခရီးစဉ်များ၌ စုစုပေါင်း မျက်စိ ဝေဒနာရှင် ၄၅ç၀၀၀ ခန့် ခွဲစိတ်ကုသ ပေးနိုင်ခဲ့ပြီး ၎င်းင်းတွင်အတွင်းတိမ်ရောဂါ ဝေဒနာရှင် ၇ç၀၀၀ နီးပါး ပါဝင်ခဲ့ကြောင်း ပြောကြားသည်။

မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ် ရေးစီမံချက် မန်နေဂျာဒေါက်တာ ခင်ငြိမ်းလင်းကလည်း ယခင်က မြန်မာ နိုင်ငံတွင် မျက်ခမ်းစပ်ရောဂါသည် မျက်စိကွယ်စေသည့် အဓိကအကြောင်း ရင်း တစ်ခုဖြစ်ခဲ့သော်လည်း ၂၀၀၆ ခုနှစ်တွင် မျက်ခမ်းစပ်ရောဂါ ဖြစ်ပွား နှုန်းသည် လူ ၁ç၀၀၀ တွင် တစ်ဦးမှ ငါးဦးနှုန်းအထိသာရှိတော့ကြောင်း ပြောကြားသည်။

“စီမံချက်အနေနဲ့ ရှေ့တက်လာတဲ့ မျက်စိကွယ်စေတဲ့ အကြောင်းရင်းတွေကို ပြင်ပလူနာကြည့်ရှုခြင်း၊ ခွဲစိတ်ကုသ ခြင်း၊ ကျေးရွာအရောက် မျက်စိကျန်းမာ ရေးစောင့်ရှောက်မှုပေးခြင်း၊ ကျောင်းကျန်းမာရေးမှာ စစ်ဆေးခြင်း လုပ်ငန်းစဉ်တွေနဲ့အတူ ဆန်းစစ်ဆောင်ရွက်နေပါတယ်”ဟု ၎င်းင်းက ဆိုသည်။

အမေရိကန်တွေ နက္ခတ်ဗေဒင်ကို ယုံကြည်ကြသည်

အမေရိကန်လူမျိုး အများစုသည် ထာဝရဘုရားကို ယုံကြည်ကြပြီး အတော်များများ အရေအတွက်ကလည်း အာကာသတွင်းမှ အမျိုးအမည်မသိ ယာဉ်ပျံများ၊ မာရ်နတ်နှင့် တစ္ဆေများ အမှန်တကယ်ရှိကြသည်ဟု ယူဆ ကြကြောင်း လူထုသဘောထား စစ်တမ်းတစ်ခုက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

အရွယ်ရောက်ပြီး အမေရိကန် ၈၂ ရာခိုင်နှုန်းသည် ထာဝရဘုရားသခင်ကို ယုံကြည်ကြပြီး ထို့ထက် အနည်းငယ်သာ လျော့နည်းသည့် ၇၉ ရာခိုင်နှုန်းက တန်ခိုးပြာဋိဟာများကို ယုံကြည်ကြကြောင်း ဟဲရစ်အွန်လိုင်းက ပြုလုပ်ခဲ့သည့် လေ့လာသုံးသပ်ချက်၌ ဖော်ပြ ထားသည်။

နိုဝင်ဘာလ ၇ ရက်နေ့နှင့် ၁၃ ရက် နေ့များအကြား အရွယ်ရောက်ပြီး အမေရိကန် ၂ç၄၅၅ ယောက်အား မေးမြန်း မှုပြုခဲ့ရာတွင် ၇၀ ရာခိုင်နှုန်းကျော်က ကောင်းကင်ဘုံနှင့် နတ်မိမယ် တို့ရှိသည်ကို ယုံကြည်ကြောင်း ဖြေကြား ပြီး ၁၀ ယောက်တွင် ခြောက်ယောက်ကျော်တို့က ငရဲနှင့် မာရ်နတ်ရှိကြောင်း ယုံကြည်ကြသည်ဟု ဆိုသည်။

ဒါဝင်၏ သီအိုရီဖြစ်သည့် ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်ကြသူ ၄၂ ရာခိုင် နှုန်းရှိပြီး လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ဟု ယုံကြည်ကြသည့် လူများမှာ ၃၉ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။

ဘာသာရေးယုံကြည်သူ အမေရိကန် ၇၀ ရာခိုင်နှုန်းအနက် ၂၁ ရာခိုင်နှုန်းက ၎င်းင်းတို့ အလွန်ဘာသာတရား ကိုင်းရှိုင်းသည်ဟု ပြောကြပြီး ၄၉ ရာခိုင်နှုန်းက အတော်အတန်ကိုင်းရှိုင်း သည်ဟု ဆိုကြသည်။

သဘောထားစစ်တမ်း ကောက်ခံရ သူများ၏ သုံးပုံတစ်ပုံတို့က အာကာသမှ အမျိုးအမည်မသိ ယာဉ်ပျံများ၊ စုန်း ကဝေများနှင့် နက္ခတ်ဗေဒင်တို့ကို ယုံကြည်ကြကြောင်း သိရသည်။

Source:MMTimes