မြန်မာဝန်ကြီးချုပ်ပြောကြားသည့်အတိုင်း စင်ကာပူရှိ မြန်မာသံရုံးစောင့်ရှောက်ပုံ။


၂၂ ရက် နိုဝင်ဘာ ကြာသာပတေးနေ့ နေ့လည် ၁၁ နာရီ ၄၅ မိနစ် တွင် စင်ကာပူ လူဝင်မှုကြီးကြပ်ရေး၌ Appointment တစ်ခုရှိ၍ ထို Appointment အတွက်လိုအပ်သော မြန်မာသံရုံးမှ စာကို မြန်မာသံရုံမှ ၄င်းနေ့ မနက် ၉နာရီတွင် လာယူရန် ချိန်းဆိုခဲ့သည်။
ချိန်းဆိုသည့် အတိုင်းပင် ကျနော်သည် သံရုံးသို့ မနက် ၈.၅၀နာရီတွင် ရောက်ရှိခဲ့ရာ သံရုံး အ၀င်ဝ ၌ စောင့်ကြိုနေသော ကြော်ငြာ စာရွက် က ကျနော် အား ရက်ရက်စက်စက် ထိုးနှုက်လိုက်သည်။ အကြောင်း မှာ ကောင်စစ်တာဝန်များ ကို နေ့လည် ၃နာရီ မှ ၄နာရီ အထိသာ ဆောင်ရွက်မည်ဆိုခြင်းပင်။ ကြိုတင် အကြောင်းကြားခြင်းမရှိ။ သံရုံ ကိစ္စအတွက် ခွင့်ယူ၍ လာကြသော မြန်မာနိုင်ငံသား အများအပြား စိတ်ပျက်စွာ ဖြင့် စောင့်နေသည် ကိုလည်း တွေ့မြင်လိုက်ရသည်။ ဒီလို သူများနိုင်ငံမှာ အလုပ်လုပ်နေကြသူများ အဖို့ ခွင့်တစ်ရက်ရဖို့ ဆိုတာ အလွန်ခက်ကြောင်း သံရုံးမှ အန်တီကြီးများ အန်ကယ်ကြီးများ သိပုံမပေါ်။
ဒီလိုနဲ့ ကျနော် လည်း စင်ကာပူ လူဝင်မှုကြီးကြပ်ရေး ကို ဖုန်းဆက်ပြီး အချိန်ပြန်ပြောင်းပေးရန် တောင်းပန်လိုက်ရတော့သည်။ ဒီလိုနဲ့ အကြောင်းစုံကို စုံစမ်းကြည့်လိုက်တော့ ၀န်ကြီးချုပ် လာမည်ဆိုသော ကြောင့်ပင်။

ဒီလိုနဲ့ဒီနေ့ထုတ် မြန်မာသတင်းစာ ဖတ်လိုက်တော့ ၀န်ကြီးချုပ်က မြန်မာသံရုံး ၀န်ထမ်းများကို စင်ကာပူသို့ရောက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ အား ထိတွေစောင့်ရှောက်ဖို့မှာ ကြားခဲ့တယ် လို ဖတ်လိုက်ရသည်။ သြော်စောင့်ရှောက်လိုက်တာ. အဲ့ဒီနေ့က ညနေ ၃နာရီ ထိုးမှ ပဲ သံရုံးမှ စတင် ၍ မြန်မာနိုင်ငံသားများ အတွက် အလုပ်လုပ်ပါတော့သည်။ ကောင်တာ စဖွင့်လိုက်သည် နှင့် လူအုပ်က ၀ုန်းကနဲ ၀င်လာကြသည်။ အဲ့ဒီအထဲတွင် လူငယ် တစ်ယောက်မှ ကောင်တာမှာ အန်တီကြီးကိုပြောသံကြားလိုက်ရသည်။ သူသည် သံရုံးအဖွင့် ကိုစောင့်ရင်း orchard road မှာ ထမင်းသွားစားရာ Passport ပျောက်သွား ကြောင်းပြောပြီး အဲ့ဒီ အန်တီကြီး ဆီ Form တောင်းရာ၊ အန်တီကြီးက.. “မင်းမှာ ပိုက်ဆံပါလို့လား၊ ပိုက်ဆံပါမှ မင်းကို Passport ပျောက်ကြောင်း ပုံစံထုတ်ပေးလို့ရမှာ” ဟုအန်တီကြီးမှ မြန်မာနိုင်ငံသားများ အား စောင့်ရှောက်လိုက်ပုံကို မျှဝေခံစားလိုက်ရပါသည်။

အခုတစ်မျိုး တော်ကြာတစ်မျိုး တက်လည်းတက်နိုင်တဲ့ အာဆီယံရယ် (ကိုအာကြီး လို့ပဲခေါ်ခွင့်ပြု ပါတော့လားဗျာ..။

Southeast Asian leaders on Monday abruptly canceled a scheduled address by U.N. envoy Ibrahim Gambari on Myanmar, after the military-ruled country objected.

"It is a very difficult matter. It is a difficult problem for Myanmar," Singapore Prime Minister Lee Hsien Loong, the chairman of ASEAN, told reporters, after reading out the statement.

Lee had invited Gambari to address the East Asian Summit on Wednesday about the progress he has made in his meetings with Myanmar's junta in recent weeks. The summit brings together the 10-member Association of Southeast Asian Nations and six others: China, India, Japan, South Korea, Australia and New Zealand.

But during a dinner meeting of ASEAN leaders, Myanmar Prime Minister Thein Sein insisted that Gambari should only report to the U.N. and not to ASEAN or the East Asia Summit, said Lee.

In view of Myanmar's position, Gambari "will not brief the ASEAN or the East Asia Summit leaders," Lee said. "The ASEAN leaders agreed that ASEAN would respect Myanmar's wishes and make way for Myanmar to deal directly with the U.N. and the international community on its own."

Lee said Singapore would instead facilitate meetings between Gambari and individual countries.

The leaders took several hours to draft the joint statement over dinner. They could be heard squabbling over the wording until just before midnight as the microphone at a nearby podium was inadvertently turned on.

Diplomats said the objection to Gambari's address was not only from Myanmar but from other countries as well, notably Malaysia and Indonesia, who felt that it would amount to interference.

Gambari began pushing Myanmar's junta to restart political reconciliation with Suu Kyi after a bloody crackdown on pro-democracy demonstrators in September that left at least 15 people dead.

source: AFP

ဗုဒ္ဓဘာသာဝင်မဟုတ်သူများ အုပ်ချုပ်သော ဗုဒ္ဓဘာသာ ကျနော်တို့၏ နိုင်ငံ။


ယနေ့သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ရန်ကုန်မှ Hip-Hop အဆိုတော်များ အရိုက်ခံလိုက်ရခြင်း ဖြစ်သည်။ ဆက်ဖတ်ကြည့် သော်.. အဆိုတော်မှာ အင်္ကျီ ချွတ်၍ သီဆိုခြင်းကြောင်း ဖြစ်ကြောင်းသိလိုက် ရသည်။ အင်္ကျီ ချွတ်လိုက်ရာ ၄င်းအဆိုတော်၏ ကြောမှာ ဆေးမင်ကြောင်ထိုးထားခြင်းကြောင့် ဖြစ်ပြီး၊ အဆိုပါ ဆေးမင်ကြောင်ပုံ ကို ဘုန်းကြီး ပုံနှင့် တူတယ်ဆိုပြီး လူမိုက်လက်မှတ်ရရှိထားပြီး၊ ရှုးတိုက်ပေးတိုင်း ဟောင်တတ်သည့် စွမ်းအားရှင်များတက်လာကာ ၎င်းအား ဖမ်းဆီးအရေးယူရန် အော်ဟစ်ပြောဆိုကြရာမှ ပြဿနာများ စတင်ခဲ့ခြင်းဖြစ်သည်။

အမှန်မှာ အဆိုတော်သည် နိုင်ငံရေး စိတ်ဝင်စားတဲ့သူလည်း မဟုတ်ဘူး၊ သူက ဗုဒ္ဓဘာသာ
ဝင်လည်း မဟုတ်ဘူး။ ခရစ်ယာန် ကက်သလစ် ဘာသာရဲ့သင်္ကေတပုံကို ကြောမှာ ဆေးမင်ကြောင် ထိုးထားခြင်းဖြစ်ပြီး ၄င်း၏ ၀က်ဘ်ဆိုက်မှာကို အဲဒီပုံကို တင်ထားသည်။

အဆိုတော် ရသ နှင့် လူငယ်အဆိုတော်များက ဖြစ်ပွားခဲ့သည့် ပြဿနာကို ရဲစခန်းသို့ သွားရောက် တိုင်ကြားရာ ရဲကမရှင်းပေးသောကြောင့် ဂီတအစည်းအရုံးကို တိုင်တန်းထားကြောင်း ဖော်ပြထားသည်။ စဉ်းစာကြည့်လျှင် ဗုဒ္ဓဘာသာ နိုင်ငံဖြစ်သော ကျနော်တို့နိုင်ငံမှ အုပ်ချုပ်သူများ က ဘာလို့ ဗုဒ္ဓှဘာသာ နှင့် ပတ်သက်လျှင် ဤသို့ ဖိနှိပ်စော်ကားတာလည်း?။ အဖြေက လွယ်လွယ်လေးပင် ထွက်လာသည်။ သူတို့တွေ ဒိဠိ ဖြစ်သွားခြင်းဖြစ်သည်။

Ref: Irrawaddy

ဘဲအုပ်က တစ်ရာ နှစ်ရာ ဒေါ်ဗေဒါက တစ်ယောက်တည်း။

ကျနော်ဒီနေ့ မိတ်ဆွေ တစ်ဦးမိသားစု မှ သံရုံး (အကောက်ခွန်ရုံး) သို့ ၄င်းတို့၏ နိုင်ငံသား စွန့်လွှတ်ကြောင်း လျှောက်လွှာတင်ရန် အကူအညီတောင်း၍ လိုက်ပါခဲ့သည်။

ရောက်ရောက်ချင်းဆိုလျှင်ပဲ လူအုပ်ကြီးက ကောင်တာတွင်စုပြုံနေကြသည်။ ကောင်တာ မှ အဖွားကြီး မှာ ထိုလူအုပ်ကြီး ကြားထဲတွင် ပျောက်နေသည်။ မြန်မာနိုင်ငံသား များ အဖို့ သူတို့၏ ချွေးနည်းစာ များထဲမှ ၁၀% ကို ဦးဦးဖျားဖျား လာရောက် ဆက်သ ရသည်။ အဘက်ဘက် ကတိုးလာ သည့် ကုန်ဈေးနှုန်း၊ အိမ်ဈေးများ ကြားထဲမှ မရှိရှိတာ ကိုလာ ဆက်သရခြင်း ဖြစ်သည်။ S Passဖြင့် အလုပ်လုပ်သူများ က ဒေါ်လာ ၈၀ ပေးရပြီး EP/PR ဖြင့် အလုပ်လုပ်သူများက ဒေါ်လာ ၁၀၀ နှင့် အထက် ဆောင်ကြသည်။

အလုပ်မလုပ်သူများ က ပေးဆောင်ရန်မလိုပေ (ဒါပေမယ့် စင်ကာပူမှ ကြော်ငြာများ သလို စာတမ်းလေးရှိသည်။ Terms & Conditions apply)။

ဒီလို ဒီလို စောင့်နေရင်းနှင့် ပင် ကျနော်မိတ်ဆွေ မိသားစု အလှည့်ရောက်လာသည်။ ဒါနဲ့ ပဲ ကောင်တာ မှ အဖွားကြီး ဒေါ် …… ဆိုပြီး လှမ်းခေါ်လိုက်သည်။ ပြီးတာနဲ့ အော် အော် နိုင်ငံသားစွန့်လွှတ်မယ့် သူတွေပဲ… ဦးစားပေးလုပ်ပေးရမှာပေါ့ ဟု လူအများကြားတွင် လှောင် သလိုလို နဲ့ မျက်နှာထိ မျက်နှာထား နဲ့အော်လိုက်သည်။ ပြောသံလေးတွေကြားလိုက် ရသည်။ ဘာဆိုင်လည်း ကိုယ်ဘာသာ နိုင်ငံသား စွန့်လွှတ်တာ။ သူ့အပူ ဘာပါလို့လဲ။သံရုံးမှာ လုပ်ပြီး Diplomat ဆိုတဲ့ အဆင့်အတန်းတောင်ရှိရဲ့လားမသိ။

ကျနော်မိတ်ဆွေ၏ အမျိုးသားမှာ နိုင်ငံသား အဖြစ် ယခင် နှစ်ကတည်း ကစွန့်လွှတ်ပြီးဖြစ်သည်။ သူ၏ ဇနီးသည်မှာ ယခုမှ စွန့်လွှတ်ခြင်း ဖြစ်ပေသည်။ ပြီး တော့ သားသမီးတွေ ရှိတယ်ဆိုတော့ ဇနီးဖြစ်သူမှာ အလုပ်လုပ် မလုပ်နိုင်ပဲ အိမ်ထောင်ရှင်မ အဖြစ်သာ အိမ်အလုပ်လုပ်၊ သားသမီးများ စာသင်လုပ်သည်။ ဒါပေမယ့် သံရုံးမှ ၄င်းအား အခွန် ဒေါ်လာ ၉၀ နှုန်း နဲ့ အနည်းဆုံး ၂ နှစ်စာပေးရမည် ဟုပြောလေသည်။ ထူးဆန်းတာက အလုပ်လုပ်တဲ့သူတောင် ၈၀ သာ ပေးရပြီး၊ အလုပ်မလုပ် သည့်သူက ၉၀ ပေးရခြင်းဖြစ်သည်။

Seven-year-old Singaporean boy looks for place in university

He is only seven but he took his 'O' Levels in Chemistry in January this year.

Now, Singaporean boy Ainan Celeste Cawley is searching for a university that is willing to take him in.

The young genius has ambitions to be a research scientist, but his immediate goal is to take the 'A' Level Chemistry early next year.

Besides attending primary school, Ainan is also tutored at home, and has been receiving enrichment lessons at the Nanyang Technological University (NTU).

His parents want to enrol him in a university as soon as possible as they are concerned that he may lose interest in science.

So the family has launched a worldwide appeal for a place in university, and are hoping to secure fundings to pay for Ainan's education.

They also hope that he will read chemistry and other subjects like physics, biology and nanotechnology.

His parents said Ainan started walking at the age of 6 months, and by one, he could engage adults in complex conversations.

By three, he was drawing hyper-dimensional objects, some of which had hundreds of sides.

And by the time he turned six, Ainan started composing piano pieces.

Source: CNA

မြန်မာအစိုးရမှ ပြည်ပသတင်းများကို တုန့်ပြန်ရန် ရေဒီယိုလိုင်းအသစ်ထုတ်လွှင့်။

ယင်းရေဒီယိုလိုင်းကို အောက်တိုဘာလ ၁၅ရက်မှ စတင်၍ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး နေ့စဉ် နံနက် ၅နာရီခွဲတွင် လှိုင်းလတ် ၅၉၈၉၊ ကီလိုဟတ်ဇ် ၅၀.၁၃ မီတာမှ ထုတ်လွှင့်ခြင်း ဖြစ်ကြောင်းသိရှိရသည်။

“မနက်တိုင်း အစောကြီးထတဲ့ သူဆိုတော့ ဘုရားရှိခိုးပြီးတာနဲ့ အမြဲတမ်း တီဗီတွေ၊ ရေဒီယိုတွေ အကုန်ဖွင့်တာ။ အဲ့ဒီနေ့က မနက် ၅နာရီခွဲ ရေဒီယိုဖွင့် တော့ ဗလရဲ့ သီချင်းလာနေတယ်။ အဲ့ဒါနဲ့ ဒီအချိန်မြန်မာ သီချင်းလာတာနဲ့ ဘာလိုင်းလဲဆိုပြီး တခြားလိုင်းမပြောင်းပဲ ဆက်နားထောင်ကြည့်တာ။ သတင်းလိုမျိုးတွေလဲ လာတယ်။ သတင်းက အခုတလောလွင့်နေတဲ့ ရေဒီယိုလိုင်းပေါင်းစုံက အကြောင်းမျိုးတွေပဲ။ မြန်မာနိုင်ငံ အကြောင်းတွေကို သီချင်းသုံးပုဒ်လောက်လာလိုက် အဲ့ဒီသတင်းလိုလို သုံးသပ်ချက်လိုမျိုးတွေ လာလိုက်နဲ့ လွှင့်နေတယ်“ ဟုစမ်းချောင်းမြို့တွင် နေထိုင်သူ အငြိမ်းစား ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

သီချင်းများနှင့် သတင်းကဲ့သို့ အကြောင်းအရာများသာ ပါဝင်ပြီး ယင်းအကြောင်းအရာများသည် လက်ရှိမြန်မာနိုင်ငံနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော ပြည်တွင်း ပြည်ပအကြောင်းအရာများကို ဝေဖန်ချက်၊ သုံးသပ်ချက်ကဲ့သို့ ပြောကြားချက်များ ပါဝင်ကြောင်း၊ နိုင်ငံပိုင်သတင်းစာများ နှင့် ရုပ်သံရေဒီယိုများ မှ သတင်းများကို စကားပြန်ဟန်နှင့် တင်ဆက်သည့် ပုံစံမျိုးဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပသတင်းများကို နေ့စဉ် စောင့်ကြည့် နားထောင်သူတစ်ဦးက ပြေကြားသည်။