ဟံသာဝတီ အိုင်အက်စ်ပီ နိုဝင်ဘာတွင် စတင်သုံးမည်။

တစ်နိုင်ငံလုံး၏ အင်တာနက်ဆက်သွယ် မှုများ ၀င်ထွက်ရာနေရာ အဖြစ် ဆောင်ရွက် သွားရန် ရည်မှန်းထားသည့် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းပိုင် ဟံသာဝတီ အိုင်အက်စ် ပီကို စက်များထပ်မံ အားဖြည့်တပ်ဆင် နေခြင်းကြောင့် နိုဝင်ဘာလကျမှသာ စတင်အသုံးပြုနိုင်မည် ဖြစ်ကြောင်း အဆိုပါလုပ်ငန်း သတင်းအချက် အလက်နှင့်နည်းပညာဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဟံသာဝတီ အိုင်အက်စ်ပီကို မူလက မြန်မာနိုင်ငံ၏အကြီးဆုံး အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ဆောင်ရွက်သွားရန်နှင့် မေလကုန်တွင် စတင်အသုံးပြုရန် ရည်ရွယ်ထားသော်လည်း ယခုအခါတွင် တစ်နိုင်ငံလုံး အတွက် အင်တာနက်ဆက်သွယ်မှုများ ၀င်ထွက်ရာနေရာအဖြစ် ပြောင်းလဲ အသုံးပြုသွားမည်ဖြစ်သည်။

“အရင်တုန်းက အိုင်အက်စ်ပီအဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားပေမယ့် အခု အြေငသညေူါအေနတပေ အဖြစ် ပြောင်းလဲ ဆောင်ရွက်သွားမှာဖြစ်လို့ လိုအပ်တဲ့ စက်တွေကို ထပ်မံတပ်ဆင်နေတဲ့အတွက် နိုဝင်ဘာလလောက်ကျမှ စတင်အသုံး ပြုနိုင်မှာပါ”ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုနှစ်မကုန်မီ ပုဂ္ဂလိကကုမ္ပဏီများကို ဒေသဆိုင်ရာအင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများအဖြစ် လုပ်ကိုင်ခွင့်ပြုသွား ရန်စီစဉ်ဆောင်ရွက်လျက်ရှိပြီး ထိုကဲ့သို့ လုပ်ကိုင်ခွင့်ချထားပေးပြီးပါက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံ ဆိုက်ဘာမြို့တော်ရှိ ရတနာပုံတယ်လီ ပို့မှ အဓိကအင်တာနက် ၀န်ဆောင်မှုပေးသူ အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပိုင် ဟံသာဝတီ အိုင်အက်စ်ပီသည် တစ်နိုင်ငံ လုံး၏ အင်တာနက်ဆက်သွယ်မှုများ ၀င်ထွက်ရာနေရာ အဖြစ်သာ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ထိုကဲ့သို့လုပ်ကိုင်သွားနိုင်ရန်အတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ဆောင်ရွက်လျက် ရှိသည့် အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းများ ကို မေလဆန်းမှစတင်ကာ ရတနာပုံ တယ်လီ ပို့သို့ စတင်လွှဲပြောင်းလျက်ရှိပြီး အောက်တို ဘာလတွင် အပြီးလွှဲပြောင်းသွားရန် ရည်မှန်းထားကြောင်း အဆိုပါတာဝန်ရှိသူက ပြော သည်။

အဆိုပါဟံသာဝတီ အိုင်အက်စ်ပီကို ကမာရွတ်မြို့နယ်၊ ဟံသာဝတီအ၀ိုင်းအနီးရှိ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းပိုင် အဆောက်အအုံ တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး နည်းပညာ ဆိုင်ရာပံ့ပိုးမှုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကုမ္ပဏီက ဆောင်ရွက်ကာ ဒေါ်လာ ၂ ဒသမ ၃ သန်း အကုန် အကျခံ တည်ဆောက်ထားခြင်း ဖြစ်သည်။

ဟံသာဝတီ အိုင်အက်စ်ပီသည် နိုင်ငံတကာမှ အင်တာနက် ဆက်ကြောင်းများနှင့် ပြည်တွင်းမှ အင်တာနက် ဆက်သွယ်မှု များကို ပေါင်းဆုံချိတ်ဆက်ပေးမည့်ဝန်ဆောင်မှုများကို လုပ်ကိုင်ပေးသွားမည်ဖြစ်သည်။

မန္တလေးချော်ဆိပ်အနီး ဧရာဝတီမြစ်အတွင်းမှ ဆင်းတုတော်သုံးဆူပေါ်တော်မူ။


မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက် ချော်ဆိပ်ရပ် ဧရာဝတီမြစ်ကမ်းနဖူးပေါ်ရှိ ရန်မျိုးလုံ ဆုတောင်း ပြည့်မြတ်စွာဘုရား ရင်ပြင် တော်မှ ပေ ၃၀၀ ခန့်အကွာ ဧရာဝတီ မြစ်ကြမ်းပြင်တွင် မေလ ၂၇ နှင့် ၂၈ ရက်နေ့များတွင် စကျင် ကျောက်သား ဗုဒ္ဓရုပ်ပွား ဆင်းတုတော်နှစ်ဆူ ပေါ်တော်မူခဲ့ပြီး နောက် ကိုးရက်အကြာ ဇွန်လ ၅ ရက်နေ့တွင် စကျင်ကျောက် သားရုပ်ပွားတော်တစ်ဆူ ထပ်မံပေါ် တော်မူသောကြောင့် ယခုအခါ ပေါ် တော်မူဗုဒ္ဓရုပ်ပွားတော်မြတ် သုံးဆူ အထိရှိလာကာ ရန်မျိုးလုံ ဘုရားရင်ပြင် တော်တွင် ပူဇော်ခံလျက်ရှိကြောင်း သိရသည်။

ချော်ဆိပ်ရှိ မော်တော်ရေငုပ်အဖွဲ့သည် အဆိုပါရုပ်ပွား ဆင်းတုတော် သုံးဆူကို ကမ်းစပ်မှ ပေ ၃၀၀ ကျော် ကွာဝေးသော မြစ်လယ်တွင် အတောင် ၃၀ ခန့် ရေငုပ်၍ ပင့်ဆောင်ခဲ့ရခြင်း ဖြစ်သည်။

ပေါ်တော်မူသည်ကို ရေအောက် တွင် စတင်တွေ့ရှိသူမှာ ဆီမီးခုံဇာတိ သံမှိုကျွန်းရွာသား ရေလုပ်ငန်းလုပ်သက် ၂၀ ခန့်ရှိ အသက် ၃၀ နှစ်ရှိသူ ကိုမောင်မြင့်ဆိုသူဖြစ်ပြီး ရုပ်ပွားတော် ငယ်ကို ၎င်းင်း၏ သန့်စင်အောင်ရေငုပ် အဖွဲ့က ပင့်ဆောင်၍ ရန်မျိုးလုံဘုရား ဂေါပကအဖွဲ့ထံ လ·ဒါန်းခဲ့ကြသည်။ ရုပ်ပွားဆင်းတုတော်ကြီးကိုမူ မော်တော် အဖွဲ့နှင့် ရေလုပ်သား ၁၅၀ ခန့်က မြစ်အတွင်းမှ စုပေါင်းပင့်ဆောင်ခဲ့ကြ ခြင်းဖြစ်သည်ဟု သိရသည်။

]]စတွေ့တုန်းကတော့ ပုံမှန်မဟုတ်ဘူး။ သံတုံးဖြစ်နိုင်တယ်ဆိုပြီး နောက် တစ်ခေါက် ပိုနားလည်တဲ့သူနဲ့ ထပ်ငုပ် ကြည့်တော့ ဘုရားဆင်းတုတော်ဖြစ်နေတယ်။ ရေထဲက စတွေ့ချိန်မှာ ဦးခေါင်းတော်က အနောက်ဘက်ကို ခေါင်းပြု ထားပြီး မျက်နှာတော်က မြောက်ဘက်ကို လှည့်လျက်သား ဖူးတွေ့ရတယ်}} ဟု ၎င်းင်းရုပ်ပွားတော်ကို ဆယ်ယူခဲ့သူ တစ်ဦး ဖြစ်သူဦးသန်းအောင်က မြန်မာတိုင်း(မ်) ကို ရှင်းပြသည်။

“ရုပ်ပွားတော်ငယ်ကို သန့်စင်အောင် ရေငုပ်အဖွဲ့က ညနေ ၆ နာရီလောက်မှာ ရေထဲကနေပေါ်တော်မူတယ်ဆိုပြီး ကျွန်တော့ကို လာအပ်ပါတယ်။ ပြဿနာ တစ်စုံတစ်ရာဖြစ်လာရင် အားလုံးတာဝန်ယူပေးမယ်ဆိုပြီး လက်ခံ ပေး ခဲ့ပါတယ်။”

“မေလ ၂၈ ရက် ဒုတိယနေ့မှာ သန့်စင်အောင်ရေငုပ်အဖွဲ့ရယ် တခြား အဖွဲ့ပေါင်းစုံစုပြီး မနက် ၉ နာရီက စပင့်ကြတယ်။ ဆင်းတုတော်ကကြီးလွန်း တဲ့အတွက် မçမနိုင်ဘဲ သင်္ဘောဆီတိုင်ကနေ အနောက်ဘက် ပေပင်ဆိပ် အထိ ရေစီးနဲ့မျောပါသွားတယ်။ နေ့လယ် ၂ နာရီဝန်းကျင် ပေပင်ဆိပ် အရောက်မှာ ကြိုးတွေမြဲအောင်ချည်ပြီး မော်တော်နဲ့ပြန်ဆန်ကြတယ်။ ငြိမ်းချမ်း မိုးဆီတွဲတွန်း သင်္ဘောကလည်း ကူညီ ပေးတဲ့အတွက် နေ့လယ် ၂ နာရီခွဲ တိတိမှာ ရန်မျိုးလုံဘုရားဆိပ်ကမ်းကို ပင့်ဆောင်နိုင်ပြီး ည ၈ နာရီမှာ ဘုရား ရင်ပြင်တော်ပေါ် အရောက်ပင့်ဆောင် နိုင်ခဲ့ပါတယ်” ဟု ရန်မျိုးလုံဆုတောင်း ပြည့်မြတ်စွာဘုရားအား ၂၈ နှစ်တိုင် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခဲ့သူ ဂေါပကအဖွဲ့ဝင် ဦးဘိုကျန်က မြန်မာ တိုင်း(မ်)ကို ရှင်းပြသည်။

ယခုအခါ အဆိုပါ ပေါ်တော်မူဘုရား ကြီးများသည် ပညာရှင်များ၏အဆို အရ ဘူမိဖဿမုဒြာဟန်ပုံသဏ္ဌာန် ဖြစ်ပြီး
လိုရာပြည့်စုံ ရန်မျိုးလုံ ဆုတောင်းပြည့် ပေါ်တော်မူမြတ်စွာ ဘုရားကြီးများ ဟု တိုင်းသံဃနာယက ဆရာတော် များက ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်ထားသည်ဟု သိရသည်။

ပထမပေါ်တော်မူဆင်းတုတော်နှစ်ဆူ တွင် မေလ ၂၇ ရက် ညနေ ၆ နာရီ ခန့်က ပင့်ဆောင်နိုင်ခဲ့သော ရုပ်ပွား တော်ငယ်သည် Óဏ်တော်အမြင့် ၄၃ လက်မ ရင်အုပ်တော် အကျယ် ၂၁ လက်မရှိကာ ဦးခေါင်းတော် အနည်း ငယ် တိမ်းလျက်ရှိသည်။ မေလ ၂၈ ရက်နေ့တွင် ပင့်ဆောင်ခဲ့သော ရုပ်ပွား ဆင်းတုတော်ကြီးသည် Óဏ်တော် အမြင့် ၁၀ ပေ ၁၀ လက်မ၊ ခါးတော် ရှေ့ခြမ်းသုံးပေ (ပတ်လည် ဆယ်ပေ သုံးလက်မ)၊ ပလ’င်တော် ရှေ့ခြမ်း ခုနစ်ပေ ရှစ်လက်မ (ပတ်လည် ၁၉ ပေ ၉ လက်မ) ရှိပြီး ရင်အုပ်တော် အကျယ် လေးပေ ခြောက်လက်မရှိ သည်ဟု ရန်မျိုးလုံဘုရား အတွင်းရေးမ·း ဦးဘိုကျန်က ဆိုသည်။

ထပ်မံပေါ်တော်မူသော ရုပ်ပွားတော် သည် Óဏ်တော် ကိုးပေ၊ ပခုံးတော် သုံးပေ ခြောက်လက်မ၊ ကိုယ်လုံးတော် ခုနစ်ပေ၊ နားတော် တစ်ပေ၊ မျက်နှာတော် နှစ်ပေ ကိုးလက်မရှိသော စကျင် ကျောက်သားဆင်းတုတော် ဖြစ်သည်ဟု ရန်မျိုးလုံဘုရားဂေါပကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌဦးသန်းမြင့်က ဆိုသည်။

ထပ်မံတွေ့ရှိရသော တတိယ ဆင်းတုတော်၏ ပလ’င်မျက်နှာပြင်တွင် ဘုရားဒါယိကာ ဒါယိကာမများ၏ ကောင်းမှု ကုသိုလ် ကမ္ပည်းကျောက်စာ ပါရှိသည်ကို တွေ့ရသည်။

ကျောက်စာမှတ်တမ်းအရ ၁၂၅၂ ခုနှစ် ဘုရားအစ်မ မနှင်းလှ၊ မောင် ဘုရားဒါယိကာ ဦးစန်းဒွန်း၊ သားသမီး တစ်စုကောင်းမှု၊ နတ်လူသာဓုခေါ်စေ သောဝ်ဟုရေးထိုးထားသည်ကို တွေ့ရှိ ရသည်။ သို့သော် ခုနှစ်သက္ကရာဇ်၏ ဆယ်ဂဏန်းနေရာတွင် ငါးဂဏန်းနှင့် ကိုးဂဏန်း မည်သည်က အမှန်ဖြစ် ကြောင်း သေချာစွာ မဆုံးဖြတ်နိုင်သေးဟု သိရသည်။

သို့သော် ဇွန်လ ၆ ရက်နေ့ သြ၀ါဒ ခံယူပွဲတွင် မစိုးရိမ်ဆရာတော်ဘုရား ကြီးက သက္ကရာဇ် ၁၂၉၂ ခုနှစ်ဆိုရင် ဘုန်းကြီးထက် သုံးနှစ်ကြီးမယ်။ ၁၂၅၂ ခုနှစ်ဆိုရင်တော့ နှစ် ၁၀၀ ကျော် ကြီးမယ်။ ဘုရားသုံးဆူရဲ့ မျက်နှာတော် တွေက တူညီနေတဲ့အတွက် လက်ရာရှင်ဟာ တစ်ဖွဲ့တည်းဖြစ်နိုင်တယ်။ ၁၉၃၀ ပြည့်နှစ်တစ်ဝိုက်ဆိုရင် သန်းခေါင် စာရင်းတွေ ရှိနေပြီဖြစ်လို့ ဘုရားကြီးရဲ့ အလ·ရှင်တွေကို မြစ်ရိုး တစ်လျှောက် စုန်ဆန်ကြည့်နိုင်ရင် ဘုရားသုံးဆူရဲ့ သမိုင်းကြောင်းကို သေချာသိနိုင်မှာ ဖြစ်တဲ့အတွက် ရှာဖွေ ဖော်ထုတ်စေချင် တယ် ဟု ၁၂၉၂ ခုနှစ်ကို ယူဆ မိန့်ကြားသွားခဲ့သည်။

ချော်ဆိပ်ရပ်ကွက်နေ အသက် ၈၅ နှစ်ရှိ ဦးအေးက ဆင်းတုတော်ကြီး နှစ်ဆူကို လွန်ခဲ့သော ၇၅ နှစ်ခန့်က မြင်းခြံမြို့နယ် ဆီမီးခုံရွာသို့ ပင့်ဆောင်ရင်း ချော်ဆိပ်ဘုရားတောင်ဘက် ရေနံတိုင်နှင့် ပေ ၃၀၀ ခန့်အကွာတွင် ဖောင် တော်နစ်မြုပ်ပြီး ရေအောက်တွင် ကိန်းဝပ်စံပါယ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

၁၉၈၀ ပြည့်နှစ် ၀န်းကျင်ခန့်မှစတင် ၍ အဆိုပါဘုရားအနီး ဧရာဝတီမြစ် အတွင်းမှ သင်္ဘောပျက်များ၊ ရထား ခေါင်းတွဲပျက်များ စသည်ဖြင့် နှစ်စဉ် ဆယ်ယူနိုင်ခဲ့သော်လည်း ယခုကဲ့သို့ ရုပ်ပွားဆင်းတုတော် ပေါ်တော်မူပြီး ဆယ်ယူနိုင်ခြင်းသည် ၎င်းင်းတို့၏ ရေလုပ်ငန်းလုပ်သက် နှစ် ၃၀ ၀န်းကျင် အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း နှင့် အဆိုပါဒေသရှိ ရေလုပ်သားများက အားရ၀မ်းသာဖြစ်မိကြောင်းကို ဖြည့်စွက် ပြောကြားကြသည်။

Microsoft's Surface computers hit Las Vegas party scene


Microsoft's touch-screen Surface computers debuted in a Las Vegas casino bar on Wednesday, giving Sin City patrons high-tech tools for flirting and concocting cocktails.

Harrah's Entertainment Inc. became the second business, behind telecom giant AT&T, to deploy Microsoft's computer technology which essentially turns table tops into touch-controlled computer displays.

Harrah's said it put six customized Surface computers in a bar at its Rio All-Suite Hotel & Casino.

Harrah's crafted its own software for the machines and equipped them with cameras so people can send pick-lines, drinks or both to bar-goers they are interested in, connecting with them in real life.

"People continue to be excited about the endless possibilities of Surface technology and how it can transform everyday scenarios, including the social and entertainment space," said Microsoft Surface general manager Pete Thompson.

"We're now bringing some of those possibilities to life."

A "Flirt" feature in the Surface computers lets people exchange original messages or choose from suggested come-on lines.

Patrons can create drink recipes and then have the cocktails delivered to themselves or others.

People can use the computers to play games, watch online videos, or take a virtual stroll along the renowned Las Vegas strip without leaving their seat at the "iBar", according to Harrah's.

This is the first time Surface computers, which Microsoft sells for approximately 10,000 dollars each, have been put to use in an entertainment venue. AT&T uses Surface in some of its retail stores.

Harrah's vice president of innovation, gaming and technology Tim Stanley said investment in the technology is aimed at giving "a new genre of guests" chances to discover "uninhibited excitement."