ဖတ်ခဲ့မိသော ဈေးကြီးပေးဝယ်ခဲ့ရသည့် စိုးမြတ်သူဇာ ခံစားမှု ၃၅။



ရန်ကုန်ကဂျာနယ်များတွင် အပြောများ၍ လူအများစိတ်ဝင်စားမှုခံရခြင်း၊ ခဏတာအတွင်းမှာ စာအုပ် အုပ်ရေ ကုန်သွားခြင်း နှင့် ဈေးနှုန်းအလွန်ကြီးခြင်း ကြောင့်ဖတ်ဖြစ်ခဲ့ပါတယ်။ စာအုပ်ဈေးနှုန်းကို တရားဝင် ၄၀၀၀ ကျပ်အဖြစ်ဖော်ပြထားပြီး၊ အပြင်မှာဖြင့် ၅၀၀၀ ကျပ်ဖြင့်ရောင်းချပြီး စင်ကာပူတွင်တော့ ၉ ဒေါ်လာဖြင့်ရောင်းချပါတယ်။
အမှန်မှာတော့ ဓာတ်ပုံ Album တစ်ခုကိုပေးဝယ်ပြီးဖတ်ရသလိုဖြစ်နေပြီး၊ ဇာတ်လမ်းမရှိ ဒီစာအုပ်မှာ စိုးမြတ်သူဇာက သူ့ကိုယ်ရေးအတ္တုပ္ပတ္တိဆိုတဲ့ အတိုင်း သူ့တစ်ယောက်တည်းအကြောင်းသာမဟုတ်၊ သူနဲ့ဆက်နွယ်နေတဲ့ သူ့မိဘနှစ်ပါး၊ သူ့ညီမ၊ သူ့မောင်၊ သူ့ခင်ပွန်းမိသားစုတို့အပြင် သူ့ကျင်လည်ရတဲ့ ရုပ်ရှင်လောကသားတွေရဲ့ အကြောင်း၊ သူ့ရဲ့ရည်းစားဟောင်းများအကြောင်းရေးထားတာကို ပေးဖတ်ရခြင်းဖြစ်ပါတယ်။

ထူးဆန်းဖွယ်ရာညောင်ပင်ကြီး။



ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ ပန်ဟတ်အထက်ရွာတွင် ကာလအတန်ကြာလဲနေသာ ညောင်ပင်ကြီးတစ်ပင်သည် ထူးဆန်းစွာ ပြန်လည်ထောင်မတ်လာပြီး အနီးအနားရှိ ရွာသူရွာသားများက ဖယောင်းတိုင်၊ အမွှေးတိုင်၊ ကန်တော့ပွဲများ ဆင်ယင်၍ ပူဇော်ပသလျှပ်ရှိကြောင်း သိရပါသည်။

ညောင်ပင်ကြီး၏လုံးပတ်လည်မှာ ၁၅ ပေခန့်ရှိပြီး မြန်မာသက္ကရာဇ် ၁၃၆၇ခု တန်ခူးလပြည့်ကျော် ၁၁ ရက်ညနေ ၃း၃၀ အချိန်တွင် ယင်းညောင်ပင်ကြီးမှာ မိုးကြီးလေကြီး ဒဏ်ကြောင့် အမြစ်များထွက်ပေါ်လာသည် အထိလဲကျနေရာမှ မြန်မာသက္ကရာဇ် ၁၃၆၈ ခု၊ ၀ါခေါင်လဆန်း ၄ ရက် ည ၈ နာရီအချိန်တွင် ပြန်လည်ထောင်မတ်လာသည် ကို တွေ့ရခြင်းဖြစ်ကြောင်း၊ ယင်းနေ့မှစ၍ အနီးအနားရှိ ရွာသူရွာသားများနှင့် ကျောက်မဲမြို့နေ မိဘပြည်သူများလာရောက်ကြည့်ရှုကြသည်မှာ ဘုရားပွဲသဖွယ်စည်ကားလျှက်ရှိကြောင်းသိရပါသည်။

ယခုအခါ ယင်းညောင်ပင်ကြီးပတ်ဝန်းကျင် ပေ ၂၀ ခန့် အကွာတွင်ခြံဝန်းကြီးသဖွယ် ၀န်းရံခတ်ထားပြီး၎င်းဝန်းကျင်အတွင်းတွင် သက်ကယ်မိုးများ၊ ၀ါးတဲများ ဆောက်လုပ်ထားကြပြီး၊ ယင်းညောင်ပင်ဓာတ်ပုံတစ်ပုံကို ကျပ် ၅၀၀ ဖြင့်ရောင်းချပေးကြောင်း၊ မကြာမီ ယင်းဝန်းကျင်အတွင်း ရေတွင်းတူးရာမှ ဆင်းတုတော်တစ်ဆူတူးယူရရှိထားကြောင်း ဦးဆန္တိမာ က ဆက်လက်ပြောပါသည်။
Source: YGN TIME

လောကကြီးရဲ့ အပြင်ဘက်ကိုပြေးထွက်ချင်နေတဲ့ ကျွန်တော်။

လောကကြီးကိုအရမ်းငြီးငွေ့သွားပြီဗျာ။ တစ်ခါတစ်လေ ခံစားရတယ်။ လောကကြီးက မတရားဘူးလို့။ တစ်ခါတစ်လေ မှန်တဲ့ ဘက်မှာ မရပ်တည်ဘူး။
မရက်စက်တတ်လို့ အလျှော့ပေးရင် အဲ့ဒီအပေါ်မှာ အနိုင်လိုချင်ကြတယ်။ ဒါတောင် စိတ်ချမ်းသာမှုကရှာလို့မရဘူး။ သံယောဇဉ်တွေမရှိချင်ဘူး။ သံယောဇဉ်ဆိုတာ မှန်တာ ပြောရရင်တော့ အပူမီးတစ်မျိုးပါပဲ။ ပုထုစဉ်လူသားဖြစ်နေသ၍တော့ ဒီ အပူမီးတွေလောင်း ကျွမ်းနေဦးမှာပဲ။
နောက်ပြီး တစ်ဘက်လူမှာ ဘာဖြစ်သွားသလဲမစဉ်းစာဘူး။ သူတို့ဖြစ်ချင်တာ၊ လိုချင်တာ၊ လုပ်ချင်တာပဲသိတယ်။ တစ်ဦးတစ်ယောက်စိတ်ချမ်းသာ ဖို့အတွက် အခြားတစ်ယောက် ကစိတ်ဆင်းရဲ့ပေးရတာ ဓမ္မတာလိုဖြစ်နေတယ်။
ကိုယ်က တဖက်သူစိတ်ချမ်းသာစေချင်ပေမယ့် ကိုယ်ကတော့ဘယ်တော့မှ စိတ်ချမ်းသာမှုမရဘူးဗျာ။ ပြီးတော့ အလိုရှိတဲ့ အချိန်မှာ မျက်နှာလေးတွေရွှင်ပြီးတော့၊ အလိုပြည့်သွားတဲ့ အချိန်မှာ မျက်နှာလေးတွေကို ရွှဲတတ်ကြတယ်။
နောက်ပြီး နားလည်မှု၊ သည်းခံမှုတွေကို အခွင့်အရေးယူတက်ကြတယ်။တစ်ခါတစ်လေ ကျေးဇူးမတင်မဲ့ အပြင် စော်ကားသွားတက်ကြတယ်။

သြော် အသင်လောကကြီး၊ ကျွန်တော် ဘယ်လောက်ထိ ဒီဒဏ်ရာတွေခံနေရဦးမှာလဲ။ ပြေးစရာလမ်းမရှိတော့ဘူးလား။ ပြေးလို့ကောမလွတ်တော့ဘူးလား။ကျွန်တော်မှာ သံယောဇဉ်တွေဆိုတာလဲမရှိချင်တော့ဘူး၊ မေတ္တာဆိုတာလည်းမထားချင်တော့ဘူး။
စိတ်ချမ်းသာတာ၊ စိတ်ညစ်တာတွေလည်းမရှိချင်တော့ဘူး။ ဝေဒနာတွေလည်းမခံစား ချင်တော့ဘူး။ဒဏ်ရာတွေလည်းမရချင်တော့ဘူး။
လူတွေအားလုံးကိုစိတ်ချမ်းသာစေချင်တယ်။ လူတွေအားလုံးကပြန်ပြီးစိတ်ချမ်းသာမှု မပေးနိုင်တာသိပေမဲ့၊ မျှော်လင့်တောင့်တတဲ့သူဆီက အမြဲစိတ်ဆင်းရမှုပဲရနေတယ်။
တရားမှုဆိုတာမရှိကြတော့ဘူးလားဗျာ။
ကျွန်တော်မှာ အခုနေတာ လိုရာဆု တစ်ခုတောင်းခွင့်ပြုမယ်ဆိုရင် ကျွန်တော်တောင်းမိ မှာကတော့ လောဘ၊ ဒေါသ၊ မာန၊ သံယောဇဉ်၊ ဝေဒနာ တွေမရှိတဲ့ နေရာကို အမြန်ဆုံး ရောက်ရပါလို့၏။

IT Advisor

ကျွန်တော် မှတ်မိပြီး အရမ်းရယ်စရာကောင်းခဲ့တဲ့ ရယ်စရာပုံပြင်လေးတစ်ပုဒ်ကိုပြောပြလိုပါတယ်။


တစ်ခါက Silicon Valley မှာ မျောက်ဆိုင်တစ်ဆိုင်ဖွင့်ထားပါတယ်တဲ့။ အဲ့ဒီမှာမျောက်တွေ အမျိုးမျိုးကိုပြထားပြီး၊ ဈေးနှုန်းများကိုလည်း ချိတ်ထားကြပါတယ်။
တနေ့တော့ Boss တစ်ယောက် ဟာ သူရဲ့အလုပ်အတွက်လိုမယ့် IT Professional တစ် ယောက်ခေါ်ဖို့ရာ အဲ့ဒီဆိုင်ကိုရောက်လာပါသတဲ့။ ဒါနဲ့ ဒီ သူဌေးကြီးက ဟိုကြည့်ဒီကြည့်နဲ့ ဆိုင်ပိုင်ရှင်ကိုလည်းမေးတာပေါ့။ သူသိချင်တာရှိရင်။ ပရိုဂရမ်ရေးနေတဲ့မျောက်တကောင် ကိုတွေကတော့သူ ကUS$ 2500 လို့ရေးထားတယ်။ ဒါနဲ့ သူဌေးကြီးကမေးပါလေးရော။ သူကဘာတွေတက်လဲ ပေါ့။ ပိုင်ရှင်ကလည်း သူက VB နှင့် ပရိုဂရမ်ရေးနိုင်တယ်တဲ့။ ဒါနဲ့ နောက်တကောင်ကျတော့ US$3000 ဆိုတော့မေးပြန်ရော။ ဒါနဲ့ ပိုင်ရှင်က ထပ်မံရှင်းပြပါတယ်။ သူ က JAVA လည်းရတယ် Oracle လည်းရတယ်ဆိုပဲ။ ဒီလိုနဲ့ နောက်ဆုံးမှာ မျောက်တကောင်ကဘာမှ လည်း မလုပ်ပဲ ဟိုယောင်ယောင်၊ ဒီယောင်ယောင် နဲ့ ဟိုမျောက်နဲ့စကားပြောလိုက်၊ ဒီမျောက် နဲ့စကားပြောလိုက်၊ ဘာမှလည်း မလုပ်ဘူး။ ပြီးတော့ဈေးနှုန်းကိုလည်းကြည့်ပါဦး။ US$6000။ ဈေးကြီးလိုက်တာပြောမနေနဲ့ ပြီးတော့ ဘာမှလည်းမလုပ်၊တတ်လည်းမတတ်ဘူး။ ဒါနဲ့ပိုင်ရှင်ကိုမေးလိုက်တော့ ပိုင်ရှင်က အဲ့ဒီမျောက် မြင်မှာဆိုးလို့ လက်ကလေးနဲ့ကွယ်ပြီးသူဌေးကြီးကိုရှင်းပြလိုက်တော့တယ်။ သူက ဘာမှမလုပ်တတ်ဘူး၊ ဒါပေမယ့်သူ့ကိုယ်သူ IT Advisor လို့တော့ပြောတာပဲ၊ ဒါကြောင့်ပိုပေးရလို့ပြောလိုက်တော့မှပဲရှင်းသွားပါတော့တယ်။

ကျွန်တော်လည်းအဲ့ဒီလို Advisor ကြီးနဲ့ ရန်ကုန်မှာအလုပ်လုပ်တုန်းက ကြုံဖူးတော့ အရမ်းကိုရယ်လိုက်ရတာပြောမနေပါနဲ့တော့။

ကျွန်တော် သိတဲ့ ဗိုလ်ချူပ် အကြောင်း။

ကျွန်တော်ဒီနေ့ တော်လှန်ရေးနေ့ အတွက်စာတစ်ပုဒ်ရေးမယ်ဆိုပြီး စိတ်ကူးရတာနဲ့ ဘယ်အကြောင်းရေးမလဲလို့ စိတ်ကူးလိုက်တဲ့အခါမှာ ယနေ့မြန်မာတပ်မတော်ကြီး ကိုထူထောင်ခဲ့တဲ့ ကျွန်တော်အပါအ၀င် လူအများလေးစားတန်ဖိုးထားကြတဲ့ လွတ် လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကျွန်တော်သိသလောက်ရေး မယ်လို့ဆုံးဖြတ်ချက် ချမိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့တတွေလေးစားခဲ့ရတဲ့ ဗိုလ်ချုပ်အကြောင်းက ယနေ့ မြန်မာမီဒီယာ တွေမှာ ဖိအားနှင့်မဖော်ပြဖို့တားမြစ်နေ တဲ့အချိန်၊ကလေးသူငယ်တွေကို ဗိုလ်ချုပ်အောင်ဆန်းဆိုတာဘယ်သူလဲလို့ဖုံးကွယ်
ဖို့ကြိုးစားနေတဲ့အချိန်မှာ ကျွန်တော်တက်နိုင်တဲ့ဘက်က ကျွန်တော်သိသလောက် ဗဟုသုတလေးတွေနဲ့ရေးဖြစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကို ၁၉၁၃ခုနှစ်ဖေဖော်ဝါရီ ၁၃ ရက်မှာ ဖခင် ရှေ့နေကြီးဖြစ်တဲ့ ဦးဖာ နှင့် မိခင် ဒေါ်စုတို့က မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းရဲ့ နတ်မောက်မြို့မှာ ဖွားမြင်ခဲ့ပါတယ်။
ဗိုလ်ချုပ်ဟာ သာမန်လူတန်းစာက ဆင်းတက်လာတာမဟုတ်ပဲ သူရဲ့ ဦးလေးကတော့ လူအများသိကြတဲ့၁၈၈၆ကအင်္ဂလိပ်ကိုတော်လှန်ခဲ့တဲ့အထဲမှာ ပါဝင်ခဲ့တဲ့ ဗိုလ်မင်းရောင်
ဖြစ်ပါတယ်။
၁၉၄၂ခုနှစ် သူ ကာကွယ်ရေးဝန်ကြီးဖြစ်နေစဉ်အတွင်းမှာ ဒေါ်ခင်ကြည်နှင့်ဖူးစာဆုံပြီး လက်ထပ်ခဲ့စဉ်မှာပဲ ဒေါ်ခင်ကြည်ရဲ့ ညီမဖြစ်သူသည်လည်း ကွန်မြူနစ်ခေါင်းဆောင်တဦး ဖြစ်တဲ့ သခင်သန်းထွန်းနှင့်လက်ထပ်ခဲ့တယ်လို့သိရှိရပါတယ်။ ဗိုလ်ချုပ်တွင် သား ၂ဦး နှင့် သမီးတစ်ဦး ထွန်းကားခဲ့ပြီး။ သူရဲ့ သားတစ်ယောက်ဖြစ်တဲ့ အောင်ဆန်းလင်းကတော့ ၈နှစ် သားအရွယ်မှာ ရေနှစ်လို့သေဆုံးခဲ့ပါတယ်။ နောက်သားတစ်ယောက်ရဲ့ နာမည်ကတော့ အောင်ဆန်းဦးဖြစ်ပြီး ယခုအခါ အင်ဂျင်နီယာအဖြစ်အမေရိကန်နိုင်ငံမှာနေထိုင်လျှက်ရှိပါ တယ်။ ဗိုလ်ချုပ်ရဲ့ တစ်ဦးတည်းသောသမီးကတော့ ဖြင့် ယနေ့မြန်မာလူထု ပါးစပ်ဖျားတွင် သာမက နိုင်ငံတိုင်းလိုလိုတွင်စိတ်ဝင်စားမှုခံရသူ၊ အဖေခြေရာနင်းနိုင်သူ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အမျိုးသားလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။

ဗိုလ်ချုပ်ငယ်စဉ်က နက်မောက်နှင့်ရေနံချောင်းမြို့တွေမှာ အခြေခံပညာဆည်းပူးခဲ့ပြီးဝိဇ္ဇာ ဘွဲ့(အင်္ဂလိပ်စာ၊ ခေတ်သစ် သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ) ကိုတော့ရန်ကုန်တက္ကသိုလ်မှဆည်း ပူးခဲ့တယ်လို့သိရှိရပါတယ်။ ဒီလို ထူးချွန်တဲ့ သူ့ကို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ အမှုဆောင်အဖွဲ့အ၀င်အဖြစ်ရွေးချယ်ခဲ့ပါတယ်။ မကြာခင်မှာပဲဗိုလ်ချုပ်ဟာ အိုးဝေမဂ္ဂဇင်း ရဲ့အယ်ဒီတာဖြစ်လာခဲ့ပါတယ်။

၁၉၃၆ ဖေဖော်ဝါရီမှာတော့ ဗိုလ်ချုပ်ကို ၀န်ကြီးချုပ်ဟောင်းဖြစ်မဲ့ ကိုနုနှင့်အတူ တက္ကသိုလ် တာဝန်ရှိသူတွေကိုထိခိုက်တယ်လို့ယူဆခဲ့ကြတဲ့ ငရဲခွေးကြီး လွတ်နေပြီး ဆိုတဲ့ ဆောင်းပါးရဲ့ ရေးသူကို မဖော်ပြခဲ့လို့ဆိုပြီး ကျောင်းမှ ထုတ်ပယ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဒုတိယ အကြိမ် ကျောင်းသားအရေးတော်ပုံစတင်လာပါတော့တယ်။

၁၉၃၈ မှာတော့ ဗိုလ်ချုပ်ကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ ဥက္ကဌ အဖြစ်ရွေးချယ်ခဲ့ပါတယ်။စောစောက စခဲ့တဲ့ကျောင်းသားအရေး ပုံဟာလည်း တဖြည်းဖြည်းနဲ့ မြန်မာပြည်အလယ်ပိုင်း မန္တလေးအထိ ပျံနှံသွားခဲ့ပါတယ်။ အဲ့ဒီ နှစ်မှာပဲ အင်္ဂလိပ်ကိုလိုနီအစိုးရက သူကို ကျောင်းသားကိုယ်စားလှယ်အဖြစ် ရန်ကုန် တက္ကသိုလ်ဥပဒေပြင်ဆင်ရေးကော်မတီမှာတာဝန်ပေးအပ်ခဲ့ပါတယ်။

၁၉၃၈ ခုနှစ်အရောက်မှာတော့ ဗိုလ်ချုပ်က ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေး အဖြစ်ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဗိုလ်ချုပ် သည် ကိုလိုနီဆန့်ကျင်ရေး နှင့် နိုင်ငံရေးအံတုမှုကိုလုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူသည် ၁၉၃၀ မေလမှာ တော့ ဒို့ဗမာအစည်းအရုံး ကိုဖွဲ့စည်းခဲ့ပြီး တိုင်းပြည်ရဲ့ ခေါင်းဆောင်အဖြစ် ယူဆကြတဲ့
သခင်များထဲက သခင် တစ်ယောက်ဖြစ်လာပါတယ်။ သူသည် ၄င်းအဖွဲ့အစည်းရဲ့ အထွေ
ထွေ အတွင်းရေးမှုးတာဝန်ကို ၁၉၄၀ အထိတာဝန်ယူခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတာဝန် ကိုယူစဉ်အတွင်းမှာ ဗိုလ်ချုပ်သည် နိုင်ငံတ၀န်းလုံးဆန္ဒပြမှုများကိုလုပ်ဆောင်ခဲ့ပြီး ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကိုစတင်ခဲ့ပါတယ်။ ဗိုလ်ချုပ်သည် တခြားအမျိုးသားရေးအသင်းဖြစ် တဲ့ဗမာ့ထွက်ရပ်ဂိုဏ်းကို ဒို့ဗမာအစည်းအရုံး၊ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ ရဟန်းပျိုများ နှင့် ဒေါက်တာဘမော်ရဲ့ ဆင်းရဲသား ပါတီ များဖြင့်ဖွဲ့စည်းခဲ့ပြန်ပြီး သူသည် အထွေထွေအတွင်းရေးမှုတာဝန်ကိုပင်ယူခဲ့ပြန်ပါတယ်။ ၁၉၃၉ ခုနှစ် သြဂုတ်မှာတော့ ဗမာ့ကွန်မြူနစ် ပါတီကိုထူထောင်ခဲ့ပြီး အထွေထွေအတွင်းရေးမှုတာဝန်ကိုတာဝန်ယူခဲ့ပါတယ်။
မကြာပါဘူး သူဟာပြည်သူ့အရေးတော်ပုံပါတီမှ နေပြီး ဆိုရှယ်လစ် ပါတီအဖြစ် ဒုတိယကမ္ဘာ စစ်အပြီးမှာ ပြောင်းလဲခဲ့ပါတယ်။ ၁၉၄၀ မတ်လ မှာတော့ ဗိုလ်ချုပ်သည် အိန္ဒိယအမျိုးသား ကွန်ဂရက် အစည်းအဝေးကိုတက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ကိုလိုနီအစိုးရသည် သူကို့ ကိုလိုနီဆန့်ကျင်ရေးအတွက် လာရောက်တက်တဲ့သခင်ဆိုပြီး ဖမ်းရန်ပြင်ဆင်ခဲ့ပါတယ်။ ဒီလို နဲ့ ဗိုလ်ချုပ်သည် မြန်မာနိုင်ငံသို ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ပြီးတာနဲ့ သူသည် တရုတ်ပြည် မှ တရုတ်ကွန်မြူနစ်များထံမှာ အကူအညီသွားတောင်းခံရာမှ ဂျပန်များတွေ့ဆုံပြီး ဂျပန်သို့သွားရန်အကြောင်းဖန်တီးလာခဲ့ပါတယ်။

၁၉၄၁ ဖေဖော်ဝါရီလ မှာ ဗိုလ်ချုပ်သည် ဗမာပြည်ကို ဂျပန်မှ Fumimaro Konoe အစိုးရရဲ့ လက်နက် အင်အား၊ ငွေကြေးအင်အားအကူအညီတွေရမယ်ဆိုလို့ ပြန်လာခဲ့ပါတယ်။ ပြီးတာနဲ့သူဟာ စစ်သင်တန်း တက်ရန်အတွက်ဂျပန်ကို ရဲဘော်သုံးကျိပ်ဝင်များနှင့်ထွက်ခွာခဲ့ပါ တယ်။ ဒီဇင်ဘာလမှာတော့BIA ခေါ်ဗမာလွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံဘန် ကောက် မြို့မှာ ဂျပန်များရဲ့အကူအညီနှင့်ဖွဲ့စည်းခဲ့ပါတယ်။ သူသည် စစ်ဦးစီးအရာရှိချုပ်တာဝန် ကို ယနေ့အခေါ် ဗိုလ်မှူးချုပ်အဖြစ်တာဝန်ယူခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဗမာပြည်သည် ဂျပန်လက်အောက် ကို ၁၉၄၂ မတ်လ မှာကျရောက်ခဲ့ပြီဖြစ်ပါတယ်။ ဇူလိုင်လမှာတော့ သူသည် BIA ကို BDA ခေါ် ဗမာ့ကာကွယ်ရေးတပ်မတော် အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ မကြာခင်မှာပဲ သူကို ဂျပန်ဧကရာဇ်မှ ဖိတ်ခေါ်ပြီး Order of the Rising Sun Award ကိုချီးမြှင့် ခဲ့ပါတယ်။

၁၉၄၃ သြဂုတ်လတွင် ဂျပန်သည် ဗမာပြည်ကို ရွှေရည်စိမ် လွတ်လပ်ရေးပေးအပ်ခဲ့ပြီး၊ သခင်အောင်ဆန်းကိုတော့ စစ်ဝန်ကြီး အဖြစ်တာဝန်ပေးခဲ့၍ သူ့ရဲ့တပ်မတော်ကို BNA ခေါ် ဗမာ့အမျိုးသားရေးတပ်မတော်အဖြစ်ပြန်လည် ဖွဲ့စည်းခဲ့ပေးပါတယ်။ သူသည် ဂျပန်တွေရဲ့ ရွှေရည်စိမ်လွတ်လပ်ရေးကို စိတ်ပျက်လာပြီး လျှို့ဝှက်စွာဖြင့် ဂျပန်များကိုဗမာ့မြေပေါ်မှ မောင်းထုတ်ရန်ပြင်ဆင်ဖို့အတွက် အိန္ဒိယမှာရှိ အင်္ဂလိပ်စစ်တပ်ကို ကွန်မြူနစ်ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့သခင်သန်းထွန်း၊ သခင်စိုးရဲ့အကူအညီနှင့်အဆက်အသွယ်လုပ်ခဲ့ ပါတယ်။

၁၉၄၅ မတ်လ ၂၇ ရက်နေ့မှာတော့ ဗိုလ်ချုပ်သည် ဗမာ့အမျိုးသားတပ်မတော် ကို ဂျပန်များကိုစတင်တော်လှန်ဖို့အတွက် ဦးဆောင်ပြီးဆောင်ရွက်ခဲ့ပါတယ်။ ထိုနေ့ကိုတော့ဖြင့် တော်လှန်ရေးနေ့ ယနေ့ အခေါ် တပ်မတော်နေ့အဖြစ်သမိုင်းမှာမှတ်တမ်းဝင်ခဲ့ပါတယ်။
၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဗိုလ်ချုပ်သည်တောင်ပေါ်မြေပြန့်တိုင်းရင်းသားများ ပါခံစားနိုင်မည့် လွတ်လပ်ရေးကိုအတူတကွရရှိရန် သမိုင်းဝင်ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ဗိုလ်ချုပ်ရဲ့ကြိုးပမ်းမှုများကြောင့် များမကြာမှီမှာပဲ ကိုလိုနီ အင်္ဂလိပ်အစိုးရသည် ဗမာပြည်ကို လွတ်လပ်ရေးပေးရန်အလျှော့ပေးလိုက်ရပါတော့တယ်။
လွတ်လပ်ရေးမပေးခင်လအနည်းငယ်အလိုမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနှင့် သူဖွဲ့စည်းထား တဲ့ဝန်ကြီး၆ဦး တို့သည် ၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့မှာ ဦးစောရဲ့လုပ်ကြံမှုကြောင့်လုပ်ကြံခံခဲ့ရပါ တော့တယ်။

အပေါ်တစ်မျိုး အောက်တစ်မျိုး။

ကျွန်တော် ရန်ကုန်တိုင်းဂျာနယ်ဖတ်ရင်းနဲ့ သတင်းတိုလေးတစ်ပုဒ်ကိုဖတ် လိုက်ရပါတယ်။ သတင်းကတော့ NLD ပါတီဝင်၊ ဟောင်းများ ရွှေတိဂုံစေတီ တော် အင်္ဂါထောင့်၌ အေးချမ်းစွာ ဘုရားဖူးလာရောက်ကြသည့် မိသားစုတစ်စုအား မချေမငံ အော်ဟစ်ဆဲဆိုခဲ့ကြသဖြင့်လို့ဆိုပြီး အောက်တွင် တော့ ဘာသာရေးနှင့်မဆိုင်သည့်အပြုအမူများကိုပြုလုပ်ခြင်း၊ ဟောပြောခြင်း၊ လှုံ့ဆော်ခြင်းများမပြုလုပ်ရန်ဆိုတော့ တစ်မျိုးကြီးများဖြစ်နေမလားလို့ပါ။

ကျိုက်ထီးရိုးစေတီတော်ကို အင်ဂျင်နီယာရှုထောင့်ဖြင့် တိုင်းတာ ထူးဆန်းစွာ ဖြစ်တည်နေမှုကို ရှင်းလင်းမပြနိုင်သေး။



Crystal Report အကြောင်းသိကောင်းစရာ။

Intoduction
Crystal Report comes in various flavors and the one that is required for building reports for .NET is "Crystal Report for Visual Studio .NET". It exposes a rich programming model with which we could manipulate its properties and methods during runtime. If you are developing your .NET applications using Visual Studio .NET then you won’t have to install any additional software as it is already built into Visual Studio .NET.
---- Advantages -----
Some of the major advantages of using Crystal Report for Visual Studio .NET are :
- Rapid report development
- Can extend it to complicated reports with interactive charts
- Exposes a report object model using which it can interact with other controls on the web form
- Can programmatically export the reports into widely used formats like .pdf, .doc, .xls, .html and .rtf

---- The Architecture ----
The various components that make up a simple implementation of Crystal Report as a 2-tier architecture, required for web applications are
The Client :
The client only needs a browser to access the reports which are embedded into the .aspx pages.
The Web Server hosts the :
- Crystal Report Engine (CREngine.dll)
Along with other tasks like merging the data with the report file, exporting reports into different formats, etc., it is the Report Engine that converts your Crystal Report into plain HTML that is passed on to your .aspx page.
- Crystal Report Designer (CRDesigner.dll)
The reports are created from scratch using the Crystal Report Designer, with which you could design the titles, insert data, formulas, charts, sub-reports, etc.
- The .rpt Report file
The first step to implement a report into your web application would be to create it using the Crystal Report Designer interface. You will find some ready-made .rpt samples provided with the default installation.
- The Data Source
The way your .rpt file gets the data depends on which method you choose. You can choose to make Crystal Report itself to fetch your data without writing any code for it or you can choose to manually populate a dataset and pass it on to the report file. We will look at the various possibilities a little later in this article.
- Crystal Report Viewer web form Control (CRWebFormViewer.dll)
The Crystal Report Viewer control is a web form control that can be inserted into your .aspx page. It can be thought of as a container that hosts the report on the .aspx page.
Note : In a more complex implementation, the reporting server and the web server could be on different physical servers, where the web server would make an HTTP request to the reporting server. The Crystal Reports could also be implemented as a web service.
---- Implementation Models -----
Fetching the data for the Crystal Report could be done by using any of the following methods :
- Pull Model :
where in Crystal Report handles the connection to the database using the specified driver and populates the report with the data, when requested.
- Push Model :
where it is the developer who has to write code to handle the connection and populate the dataset, and pass it on to the report. The performance can be optimized in this manner by using connection sharing and manually limiting the number of records that are passed on to the report.
---- Report Types ----
Crystal Report Designer can load reports that are included into the project as well as those that are independent of the project.
- Strongly-typed Report :
When you add a report file into the project, it becomes a ‘strongly-typed’ report. In this case, you will have the advantage of directly creating an instance of the report object, which could reduce a few lines of code, and caching it to improve performance. The related .vb file, which is hidden, can be viewed using the editor’s ‘show all files’ icon in the Solution Explorer.
- Un-Typed Report :
Those reports that are not included into the project are ‘un-typed’ reports. In this case, you will have to create an instance of the Crystal Report Engine’s 'ReportDocument' object and manually load the report into it.
---- Other things you should know ----
- Though the Crystal Report Viewer control comes with some cool in-built options like zooming, page navigation, etc., it does not have a custom print option. You will have to depend on the browser’s print feature.
- An un-registered copy of Crystal Report for Visual Studio .NET will remain active only for the first 30 uses, after which the ‘save’ option will be disabled. To avoid this, all you have to do is register the product with www.crystaldecisions.com for which you are not charged.
- The default installation will service only 5 concurrent users. To support more users, you will have to buy additional licenses from www.crystalDecisions.com

ကျွတ်ကျွတ်အိတ်မှပြောသောစကားများ။

ကျွန်တော်ပြောပြချင်တဲ့ ပုံပြင်လေးတစ်ပုဒ်။ (အပိုင်း ၃)
ကျွန်တော်ရင်တွေ တဒိတ်ဒိတ်နဲ့ ခုန်နေသည်မှာ ကျွန်တော်ဘေးမှာ ထိုင်နေသောသူများပင် ကြားနိုင်ပါသည်။ အနက်ပေါ်မှာ အစိမ်းရောင် အကွက်ကလေးတွေနှင့်ပြည့်လျှံနေတဲ့ သူ ဆင်မြန်းထားတဲ့ အင်္ကျီနဲ့ ထမီမှာ သူရဲ့ ဖြူစွတ်တဲ့ အသားအရည်ကို မီးမှောင်းထိုးထားသ ကဲ့သို့ ဖြစ်နေပြီး မိတ်ကပ်မရှိ၊ သနပ်ခါးပါးပါး လေးသာလိမ်းထားသော သူမျက်နှာမှာ ကျွန်တော့် အတွက်တော့ ရာဇ၀င်ထဲက ပပ၀တီမင်းသမီးလေးကို တွေ့လိုက်ရသလို ခံစားလိုက်ရပါသည်။ ကျွန်တော်ထင်ပါတယ်။ ဤသို့ခံစားရမည်မှာ ကျွန်တော် တစ်ယောက်ထဲ သာမဟုတ်ပဲ မြင်သူတိုင်းပင် ငေးရလောက်အောင်သူ အရမ်းလှပနေပါသည်။
အခုတစ်ခါတွင်လည်း သူသည် ကျွန်တော်၏မျက်နှာခြင်းဆိုင်ထိုင်ခုံတွင်နေရာကျပြန်ပါသည်။
သူလည်းအရမ်းအံသြသွားမယ်ထင်ပါတယ်။ ဒီကားပေါ်မှာ သူ ဒီကိုပြန်လာတုန်းက စီးတဲ့ကား ပေါ်က လူတွေအကုန်နီးပါး ပြန်တွေ့လိုက်လို့ပါ။ အထူးသဖြင့် တစိုက်မတ်မတ်သူ့နားမှာထိုင် ကြည့် လာခဲ့တဲ့ ကျွန်တော့်ကြောင့်ဆိုလျှင်လဲ မှားမည် မထင်ပါ။
အခုလည်းကြည့် ကျွန်တော်ကိုသူမြင်မြင်ချင်းပဲ မျက်စောင်းစထိုးပါတော့သည်။ သူဘာလို့ထိုးတယ် ဆိုတာကတော့ သူဘာသာ သူသာ အသိဆုံးဖြစ်မည်ဟု ယုံကြည်ပါသည်။
ဘာပြောပြော ကျွန်တော် သူ့ရဲ့ မျက်စောင်းကို ကျွန်တော် အကျေအနပ်ကြီးကို လက်ခံလိုက်ပါတယ်။ သူ့ရဲ့အတွေးတစ်နေရာ ဒါမှမဟုတ် သူ့ရဲ့ စိတ်တစ်နေရာမှာ ကျွန်တော်ရောက်ရှိသွားလို့ပါ။
ဒီအပြန်ခရီးမှာ သတိထားခဲ့မိတာကတော့ သူနားမှာ သူ့ရဲ့မောင်ဝမ်းကွဲလေးတစ်ယောက် ပါလာတာ ကိုတွေ့လိုက်ရပါတယ်။ နောက်ပြီးသူမှာ လက်ဆွဲကျွတ်ကျွတ်အိတ် တွေပါ လာတာတွေ့ရပါတယ်။ အဲ့ဒီအိတ်တွေ အကုန်လုံးကလည်း AWB ဘဏ်ရဲ့တစိတ်တွေဖြစ်နေ တာကတော့ အတော့်ကိုထူးခြားနေမိပါတယ်။ ကျွန်တော်တို့အဖွဲ့ကလည်း ကျွန်တော့်တို့ ဘဏ် အကြောင်းပြော၊ ဟိုအကြောင်းပြောနဲ့ပေါ့။ အဲ့ဒီအထဲမှာ ငြိမ်နေသည်မှာ ကျွန်တော်တစ်ယောက် သာဖြစ်ပါသည်။ အကြောင်းမှာ သူကျွန်တော့်ကိုသိအောင်ဘာလို လုပ်ရမည် ကိုစဉ်းစားနေလို့ဖြစ်ပါတယ်။ အတင်းသွားပြီး မိတ်ဆက်ရင်ကောင်းမလား၊ ဒါမှမဟုတ် သွားပြီးနှုတ်ဆက်ရင်ကောင်းမလားနဲ့။ ဒါပေမယ့် အဖြစ်မရှိတဲ့ ကျွန်တော့် အဖို့ လက်တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။ သူ့စိတ်ဆိုးတာ၊ သူ့ ကျွန်တော်ကို အထင်သေးမှာ အရမ်းကြောက်လို့ပါ။ အထူးသဖြင့် သူဟာ ကျွန်တော်သိပ်ပြီးတန်ဖိုးထားတိတ်တခိုးချစ်ရတဲ့ ကောင်းမလေးမလို့ပါ။
ကျွန်တော် သူ့ကို ဘယ်လိုချဉ်းကပ်ရမလဲ စဉ်းစားနေစဉ်မှာပဲ သူတို့နှစ်ယောက်စကားပြောသံ လေးတွေကိုသဲ့သဲ့ကြားလိုက်မိပါတယ်။ ဒါဟာ ကျွန်တော်အတွက် လမ်းစပဲလား၊ ဒါမှမဟုတ် ကျွန်တော့် ရဲ့ ကိုယ်စောင့်နတ်က ကျွန်တော်ဒီလောက်ခံစားနေရတာ မကြည့်ရက်လို့လားမသိ။ ~ ငါ တို့ ဘဏ်တောင် မူဆယ်မှာဖွင့်တော့မှာ~တဲ့။ ~Wow~ ရင်ထဲမှာ အရမ်းပြောသွားပြီး ပါးစပ်မှ လွတ်ခနဲထွက်သွားလိုက်မိတော့ ဘေးကလူတွေက ကျွန်တော်ကိုကြောင်ပြီး ကြည့်နေရင်ပြုံးစိစိနဲ့။ သူတို့တွေထင်မှာပေါ့ ဒီကောင်ကြောင်သွားပြီးထင်တယ်ပေါ့။
မကြောင်ပါဘူး။ မကြောင်တာကိုကျွန်တော်ဘာသာကျွန်တော်ပဲသိပါတယ်။ သိတဲ့အတိုင်းပဲလေ ကျွန်တော်တို့ ပရိုဂရမ်မာဆိုတာ ဥာဏ်များပါဘိ။ သူ့ရဲ့ အိတ်တွေက AWB လို့ရေးထားတာရယ်၊ သူပြောလိုက်တဲ့ ဘဏ်ဖွင့်တယ်ဆိုတဲ့စကားရယ်ကြောင့် သူ AWB လုပ်နေကြောင်းချက်ချင်းသိလိုက်လို့ပါ။ ဘာပြောပြော လမ်းစတော့ပွင့်သွားပြီ။ ဒါပေမယ့်ဒီလမ်း ကို ဘယ်လိုလျှောက်မှ ရမယ်ဆိုတာတော့ မစဉ်းစားရသေး။ အဓိက ကတော့သူကျွန်တော့် နာမည်သိအောင်လုပ်ရမယ်။ ဒါမှ သူမှတ်မိမှာ။ နောက်ဆုံးကျွန်တော် ဘေးမှာရှိတဲ့ သူငယ်ချင်းကို လက်ကုတ်ပြီးတော့ အချက်ပြပြီးတိုင်ပင်လိုက်သည်။
~ မျိုးမျိုး မင်းငါ့နာမည်သိလား~ ဘာမှမဆိုင်ပဲသူ့ ကျွန်တော့်ဘက်လှည့်အကြည့်တွင် ကျွန်တော်သူငယ်ချင်းကိုမေးလိုက်မိပါတယ်။ သူငယ်ချင်းကလည်း ~ သိတာပေါ့ကွ မင်းနာမည် တေဇ လေ~ တဲ့။ တော်လိုက်တဲ့ သူငယ်ချင်း။
အဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာသူရဲ့စူးရှတဲ့အကြည့်လေး ကျွန်တော့်အပေါ်ကျရောက်လာတာ ကိုတွေ့လိုက်မိပါတယ်။ ကျွန်တော်ဘာလုပ်ရမှန်းမသိဘဲ အပြုံးလေးတစ်ချက်ကို အလိုအလျှောက်သူ့ထံပို့ လိုက်မိပါတယ်။ အို့ ပြောရင်းဆိုရင်နဲ့ ကား က ဆင်မလိုက်အဝေးပြေးဝင်ထဲဝင်လာပြီး။

ဆက်ရန်။

ယခုတစ်ပတ်အတွက် နည်းပညာဆိုင်ရာ မြန်မာနိုင်ငံသတင်းများ။



ဆီးဂိမ်းပြိုင်ပွဲကို မြန်မာ့မြေပေါ်မှာ ဘယ်အချိန်ပြန်တွေ့နိုင်မလဲ။

ဒီဇင်ဘာလအတွင်းမှာ ကျင်းပတော့ မယ့် ၂၀၀၇ ထိုင်းနိုင်ငံ(ဘန်ကောက်) ဆီးဂိမ်းဟာ မြန်မာ့အားကစားကို တစ်ကျော့ပြန် ဆန်းစစ်တာမှန်ပေမယ့် အခုအချိန်မှာ စိတ်ဝင်စားတာကတော့ အဲဒီလို တစ်ကျော့ပြန်ဆန်းစစ်လို့ ရလာမယ့်ရလဒ်တွေ မဟုတ်သေးဘဲ မြန်မာပြည်အနေနဲ့ ဘယ်တော့မှ ဒီလို ဒေသအတွင်း အကြီးဆုံးပြိုင်ပွဲ ဖြစ်တဲ့ ဆီးဂိမ်းကို ဘယ်တော့ လက်ခံကျင်းပ နိုင်မလဲဆိုတာပါပဲ။

အကြောင်းကတော့ ရှင်းပါတယ်။ အရှေ့တောင်အာရှပြိုင်ပွဲတွေ လက်ခံ ကျင်းပပေးတဲ့နိုင်ငံတွေဟာ ဆုတံဆိပ် ရရှိမှုမှာလည်း ထိပ်ဆုံးမှာရပ်တည်နေ တာကြောင့် နိုင်ငံရဲ့အားကစားကဏ္ဍ တစ်ရပ်ကို ထဲထဲဝင်ဝင်ဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုကို ပြောပါဆိုရင် ဒီလိုမျိုး ဒေသတွင်းပြိုင်ပွဲကြီးတွေကို လက်ခံကျင်းပပေးဖို့ပါပဲ။

ဒီ ၂၀၀၇ ပြိုင်ပွဲပြီးသွားရင်လည်း ၂၀၀၉ ပြိုင်ပွဲကို လာအိုက ကျင်းပဖို့ ပြင်ဆင်နေတဲ့အကြောင်း၊ အကယ်၍ လာအိုက မကျင်းပနိုင်ခဲ့ရင် စင်ကာပူက လက်ခံကျင်းမယ်ဆိုတာရယ်၊ ပြီးတော့ ၂၀၁၁ ပြိုင်ပွဲကို အင်ဒိုနီးရှားက လက်ခံကျင်းပဦးမယ်၊ ၂၀၁၃ ဆီးဂိမ်း ပြိုင်ပွဲကိုတော့ စင်ကာပူက လက်ခံ ကျင်းပပေးဦးမယ် ဆိုတာတွေဟာ မြန်မာနိုင်ငံအနေနဲ့ကလည်း ပြိုင်ပွဲတွေ အရင်လို ပြန်လည်ကျင်းပပေးဖို့ လိုအပ်လာပြီဆိုတာ ထောက်ပြ နေသလိုပါပဲ။

တကယ်တော့ ဒီအရှေ့တောင်အာရှ ပြိုင်ပွဲကြီးဟာ မြန်မာပြည်နဲ့စခဲ့တာဆို မမှားနိုင်တာ သေချာပါတယ်။ ဒုတိယ အကြိမ်ဆီးဂိမ်း (ယခင်ကျွန်းဆွယ်) ပြိုင်ပွဲကြီးကို ၁၉၆၁ ခုနှစ်၊ ရန်ကုန် မြို့မှာ ကျင်းပခဲ့စဉ်က မြန်မာဟာ ရွှေ ၃၅၊ ငွေ ၂၆ နဲ့ ကြေး ၄၃ ခုရယူပြီး နိုင်ငံအလိုက် ပထမရရှိခဲ့တာတွေနဲ့ ၁၉၆၉ (၅) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကိုလည်း ရန်ကုန်မြို့မှာ လက်ခံကျင်းပ ခဲ့စဉ်က မြန်မာက ရွှေ ၅၇၊ ငွေ ၄၆၊ ကြေး ၄၆ ခုရရှိခဲ့ပြီး ပထမအဆင့်ကို ထပ်မံရရှိခဲ့တာတွေဟာ နိုင်ငံနဲ့လူမျိုးရဲ့ ဂုဏ်ရှိန်ကိုမြင့်မားစေခဲ့တဲ့ သမိုင်း မှတ်တမ်းတွေပဲ ဖြစ်ပါတယ်။

~အဲဒီတုန်းကတော့ ရန်ကုန်မှာ ခြိမ့်ခြိမ့်သဲသဲပဲပေါ့။ ဘောလုံးဆို ရွှေရတယ်။ ကျွမ်းဘားက မြင့်အောင် ဆိုရင် ထူးထူးခြားခြား ရွေငါးခုတောင် ရတယ်။ လက်ဝှေ့မှာလည်း ရွှေတံဆိပ် ရှစ်ခုနဲ့ ရွှေအကုန်လုံးနီးပါး သိမ်းယူနိုင် ခဲ့တယ်။ အဲဒီလက်ဝှေ့ပွဲတွေကို သမိုင်း တက္ကသိုလ်ဝင်းအတွင်းက အားကစားရုံ သစ်ကြီးမှာ မြန်မာ့လက်ဝှေ့ ကျော်တွေ မော်ကွန်းထိုးနိုင်ခဲ့တယ်။ နောက် အလေးမ၊ ပြေးခုန်ပစ်နဲ့ ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲတွေမှာ လည်း ရွှေတံဆိပ်တွေ တစ်သီကြီးရယူ နိုင်ခဲ့တယ်။ ပြိုင်ပွဲတိုင်းမှာလည်း မြန်မာ အားကစား ပရိသတ်တွေဟာ ရုံအပြည့်၊ ကွင်းအပြည့် အားပေးကြတာ တကယ့်ကို အားရစရာကြီးပါပဲ~ ။တံခွန်အားကစားဂျာနယ်မှ ဦးထွန်းထွန်းလင်းက ၁၉၆၉ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ဆီးဂိမ်းအတွေ့အကြုံ များကို ပြန်လည်ပြောပြပါတယ်။ ဒီသမိုင်းမှတ်တမ်းတွေဟာ တစ်ကျော့ပြန် ပြန်လည်ကျင်းပနိုင်ရေးကို အားပေး အားမြှောက်ပြုနေတဲ့ အင်အားတွေပါပဲ။ အခုခေတ်မှာတော့ ဒီပြိုင်ပွဲတွေရဲ့ နောက်မှာ ထက်ကြပ် မကွာကပ်လိုက် နေတဲ့ စီးပွားရေးရလဒ် ကောင်းဖြစ်တဲ့ နိုင်ငံခရီးသွားလုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်းတွေအပြင် ကိုယ့်ယဉ်ကျေး မှုကို ကိုယ်အိမ်မှာကို ခေါ်ပြသခွင့်ရတဲ့ အခွင့်အရေးတွေကြောင့် ပြိုင်ပွဲတွေကို ပိုမို ကျင်းပချင်လာကြပါတယ်။

ဒါပေမယ့် ဒီလိုပြိုင်ပွဲတွေ လက်ခံကျင်းပဖို့ကလည်း အားကစားကွင်းနဲ့ အခြားအားကစားဆိုင်ရာ အသုံး အဆောင်ပစ္စည်းတွေကို နိုင်ငံတကာ အဆင့်မီစေရမှာ သေချာတာကြောင့် နိုင်ငံ့အားကစားလောကကို တစ်ဆင့် ပြန်မြှင့်တင်ရာလည်း ရောက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲ လက်ခံကျင်းပ မယ်ဆိုရင် အားကစားကွင်း သုံးကွင်းရှိ ပါတယ်။ သုဝဏ္ဏဘောလုံးပြိုင်ကွင်း၊ အောင်ဆန်းကွင်းနဲ့ မန္တလေးက မကြာမီက ပြုပြင်ထားတဲ့ ဗထူး အားကစား ပြိုင်ကွင်းတွေပဲ ဖြစ်တယ်။

လက်ရှိအခြေအနေအရ ထိုင်းက ဆီးဂိမ်းကို ခြောက်ကြိမ်၊ မလေးရှားက ငါးကြိမ်၊ စင်ကာပူနှင့် အင်ဒိုနီးရှားက လေးကြိမ်စီ၊ ဖိလစ်ပိုင်က သုံးကြိမ်၊ မြန်မာက နှစ်ကြိမ်၊ ဘရူနိုင်းနဲ့ဗီယက်နမ်က တစ်ကြိမ်စီ၊ လာအိုက လာမယ့် ပြိုင်ပွဲထည့်တွက်ရင် တစ်ကြိမ်နဲ့ ကမ္ဘောဒီးယားကလည်း ပြိုင်ပွဲကျင်းပဖို့ လုပ်ဆောင်နေတာတွေဟာ မြန်မာ နိုင်ငံအတွက်လည်း ပြန်လည်ကျင်းပဖို့ တွန်းအားပေးရာ ရောက်နေပါတယ်။

ဘာပဲပြောပြော မြန်မာနိုင်ငံအနေနဲ့ လက်ခံကျင်းပဖို့ ပြင်ဆင်နေပြီဆိုတာ တောင် ၂၀၁၅ ခုနှစ်အထိတော့ စောင့်ရမှာ သေချာပါတယ်။ ဒါပေမယ့် ၂၀၁၇၊ ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွေကို မြန်မာ့မြေ၊ မြန်မာပရိသတ်ရှေ့မှာ ပြန်လည်ကျင်းပနိုင်မယ်၊ မကျင်းပ နိုင်ဘူးဆိုတာကိုတော့ မြန်မာတစ်နိုင်ငံ လုံးက အားကစားချစ်သူတွေစောင့်မျှော် နေကြမှာပါပဲ။
Source: Myanmar Time

ခံစားမှုအစ ချောင်းသာက ။

ကျွန်တော်ပြောပြချင်တဲ့ ပုံပြင်လေးတစ်ပုဒ်။ (အပိုင်း ၂)
စိတ်မပါ၊ခန္ဓာကိုယ်ကြီးသာပါလာသော ဤလမ်းခရီးကို ပုသိမ်အလွန်၌ဇက်ကူးအပြီးတွင် ဖုန်များက စ၍နှုတ်ဆက်လိုက်ပါတော့သည်။ တောင်များကိုတက်လိုက်ဆင်းလိုက်နှင့် ကြမ်းတမ်းလှသည့်လမ်းပေါ်တွင် ဆီးဖြူသီးကို စကောထဲ ထည့်လိမ့်သလားအောက်မေ့ရ သည်။ ဒီလိုနဲ့ပဲ နာမည်ကြီးဥတိုချောင်းကိုရောက်လာပါသည်။ တစ်ချို့ကပြောနေကြတယ် ~ဒီချောင်းထဲမှာ မိချောင်းရှိတယ်၊ ရေချိုရေငန်စပ် မိချောင်း~။ အလိုလိုမှ ရေကြောက်ပါသည် ဆိုမှ ဖြဲခြောက်နေသည့်အလား။ ပို၍ဆိုးသည်မှာ ကျွန်တော်တို့သွားသည့်အချိန်တွင် ဥတိုချောင်းတံတားမှာအဟောင်းသာရှိသေးသည်။ အသစ်မှာ အခုမှ စ၍ဆောက်ဖို့ပြင်ဆင်နေချိန်။
တံတားမှာ အလွန်ကြောက်ဖို့ကောင်းပါသည်။ ခရီးသည်များမှာ မိမိဘာသာဆင်းလျှောက်ရသည်အထိအခြေအနေဆိုးလှပါသည်။ ဖြတ်လျှောက်နေတုန်း ပြုတ်သာကျလိုက်လို့ကတော့။ သွားပြီ။ ဟိုဘက်ကမ်းရောက်မှသာ သက်ပြင်းချနိုင်တော့သည်။
နောက်ဆုံးတွင်တော့ တောင်ကုန်းအမြင့်ကြီးကိုအကျော်တွင် ငှက်ပျော်ပင်များ၊ အုန်းပင်များကို ဘေးဘက်ဝဲယာတွင်စတွေ့ပြီ၊ ကားအရှေ့ဘက်တွင် တော့ အဆုံးသတ်ကိုမမြင်နိုင်တဲ့ အပြာရောင် ပင်လယ်ကြီး ကန့်လန့်ကြီးဆီးကြိုနေပါတော့တယ်။
ကျွန်တော့်တို့အဖွဲ့ဟာ ရန်ကုန်မှာကတည်းက ကြိုတင်မှာကြားထားသော AMBO ဟိုတယ်တွင်ဆင်းနေခဲ့ကြပါသည်။
~သြော် ဒီနေ့ဟာအရမ်းကိုသာယာနေတဲ့နေ့ပါလား၊ ချစ်စရာကောင်းတဲ့လှပတဲ့မိန်းကလေးတစ်ယောက်ရယ်၊ ပင်ပန်းမှုတွေဖယ်ရှားပေးနိုင်ပြီး လန်ဆန်းမှုတွေအပြည့်ပေးနိုင်တဲ့ ဒီ အပြာရောင်ပင်လယ်ကြီးကို မြင်တွေ့ခွင့်ရခဲ့လို့ပါ။
ဒီပင်လယ်ပြင်ကျယ်ကြီးရဲ့သောင်ပြင်တွေမှာ စောစောကတွေ့ခဲ့ရတဲ့ကောင်မလေးနဲ့ လက်ကလေးကိုင်ပြီး ဘယ်တော့မှ လမ်းလျှောက်ခွင့်ရပါမလဲ၊ တတ်နိုင်ရင် ဒီကောင်မလေးလက်ကိုကိုင်ပြီး ဘ၀တစ်ခုလုံးအတွက်တောင်လျှောက်ပြစ်ချင်တာ
ကောင်မလေးကတော့သိမှာမဟုတ်ဘူး။ အခုလောက်ဆို သူရဲ့ မိဘ၊ မောင်နှမ သူငယ်ချင်းများနဲ့ ဒါမှမဟုတ်သူ့မှာချစ်သူရှိရင် သူ့ချစ်သူနဲ့ပျော်နေရှာလောက်ပြီ~
မခံစားတတ်တဲ့ အသည်းဟာလည်းအခုအချိန်မှာတော့ ခံစားမှုအပြည့်။တိုက်ဆိုင်တယ်လို့ ဘဲပြောရမလားမသိ။ ဒီအပြောကျယ်တဲ့ပင်လယ်ပြင်ကြီးကိုစတွေ့တဲ့အချိန်ကျမှ ကောင်မလေးတစ်ယောက်အတွက် စ ခံစားတတ်လာလို့ပါ။
ဒီနေ့ဆိုရင်ရန်ကုန်ပြန်ရတော့မယ်။ ပစ္စည်းများသိမ်းဆည်းပြီး လာခေါ်မည့်ကားကိုစောင့်ရင်း သူငယ်ချင်းများနှင့်စကားပြောဖြစ်ပါသည်။ သူတို့တွေက ပုသိမ်ဝင်၍ထမင်းစားပြီး ဘုရားဖူးဦးမည်ဟုပြောသည်။ ကျွန်တော့်အဖိုးမှာ သူငယ်စဉ်က ပုသိမ်ထောင်တွင်ဆရာဝန်အဖြစ်တာဝန်အတော်ကြာယူခဲ့ဘူးပြီးမိတ်ဆွေအများရှိပါသည်။ ဒါ့ကြောင့် ကျွန်တော်မိဘဖြစ်သူကလည်း ရောက်တုံးလေ ၀င်ရောက်လည်ပတ်ချင်ပုံရသည်။
လူတိုင်းကိုယ်စီမှာစိတ်ကူးကိုယ်စီနှင့် ကျွန်တော်တစ်ယောက်အပါအ၀င်ပေါ့။ ပျောက်သွားတဲ့ကောင်မလေးကိုများ တနေရာရာမှာတွေ့လို တွေ့ငြား နဲ့ ဟိုဝင်ဒီထွက် ဈေးဝယ်ထွက်ရင်းနဲ့ရှာကြည့်မိပါသည်။ သူငယ်ချင်းတစ်ယောက် က ~ ကောက်ရိုးပုံထဲ အပ်ကျတာကမှ ရှာရလွယ်အုံးမယ်၊ မင်းရှာမနေပါနဲ့တော့ကွာ~ တဲ့။ တော်တော်အားပေးတယ်။
~ ရန်ကုန်သို့ကားထွက်တော့မယ်၊ ခရီးသည်များကားပေါ်တက်ကြပါ~ ကားစပယ်ရာ၏ အော်သံကြောင့် နောက်ဆုံးတော့ ကျွန်တော်လက်ရှော့လိုက်ရပါတော့သည်။
ကားက စထွက်ပါပြီ။ စိတ်ထဲတွင် ငိုခြင်သလို၊စိတ်ညစ်သလိုနှင့် ကားပေါ်တွင်ကျွန်တော်အဖေ့ ဘေး၌ထိုင်ကာပါလာခဲ့ပြီး ကားမှာ ဟိုဝင်ဒီထွက်နဲ့ လူများကိုဝင်ကြိုနေပါသည်။ တနေရာအရောက်တွင်တော့ ~ မ……~ မ……~ လို့ ကားစပယ်ရာထံမှာ အော်ခေါ်သံကြားလိုက်ရပါတော့တယ်။ အိုး… တိုက်ဆိုင်တာလား၊ မြတ်စွာဘုရားကပဲ ဖန်တီးပေးလိုက်တာလားမသိ။

ဆက်ရန်။ ။

ကျွန်တော်ပြောပြချင်တဲ့ ပုံပြင်လေးတစ်ပုဒ်။

မိုးရွာနေသော ဒီ တနင်္လာနေ့အဖို့ ရုံးတက်ရသည်မှာ တကယ်စိတ်မပါလှပါ။
ဒါနဲ့ပဲ မသွားချင်ပေမဲ့ သွားနေရဦးမည့် အတွက် စိတ်ပျက်ပျက်နှင့်ထွက်လာခဲ့မိပါတယ်။ ထွက်လာရင်းနှင့် လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေကြသော ကျောင်းသားများကို တွေ့ရသောအခါ ကျွန်တော်ငယ်စဉ် အခါက ကျောင်းသားဘ၀အကြောင်းကို သတိရသွားမိပါသည်။
ကျွန်တော်သည် ငယ်စဉ်ကကျောင်းတက်အလွန်ပြင်းပါတယ်။ တက်နိုင်လျှင်မိဘနှစ်ပါး နှင့်သာအချိန်ကုန်နေမိပြီး အပေါင်းအသင်းဆို၍ ကျွန်တော်မေမေသာရှိပါသည်။ အမဖြစ်သူမှာလည်း ကျွန်တော်ထက် ၅နှစ်ကြီးသောကြောင့် ကျွန်တော်နှင့်မကစားလိုပဲ သူ့ရဲ့အပေါင်းအဖော်များသာအချိန်ကုန်လေ့ရှိပါသည်။
မိုးရွာပြီဆိုလျှင် ကျောင်းတက်ပျင်းသောကျွန်တော့်ကို ကျွန်တော့်မေမေကကျောင်းမလွှတ်ပဲ အိမ်မှာထားလေ့ရှိပါတယ်။အထူးသဖြင့် ကျွန်တော်မှာ G6PD ခေါ်သွေးဖြူဥ နည်းတဲ့ရောဂါရှိတဲ့အတွက်ငယ်စဉ်က အလွန်ချူခြာလွန်းတဲ့ကျွန်တော့် ကိုအရမ်းဂရုစိုက်ခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေကုန်လွန်လာခဲ့ပြီး ဆယ်တန်းကိုကျော်လွန် လာခဲ့ပါတယ်။
တက္ကသိုလ်ရောက်ပြန်တော့ကော မိဘ ကသူတို့မျက်စိအောက်မှာပဲထားပြန်ပါတယ်။ သူငယ်ချင်းများနဲ့ခရီးသွားရန်ပြင်ဆင်သော်လည်းပေးမလွတ်။ ကျွန်တော့်ကို အချိန်ပြည့် ကွန်ပျူတာတစ်လုံးနဲ့သာ အချိန်ကုန်စေလိုတဲ့သဘောမှာရှိပါတယ်။ KMD မှာ IDCS ကို ၁၉၉၅ စတက်တုန်းကလည်း ဖေဖေကပင်လိုက်၍ အကြိုအပို့လုပ်ပေးပါတယ်။ ကျွန်တော့်သူငယ်ချင်း အများကပင် ဖေဖေနှင့်ရင်းနှီးနေလေပြီ။ သူတို့ကို အိမ်ခေါ်၊ Project လုပ်နဲ့ နောက်ဆုံးမှာ Myanmar Horoscope (Zartar) System ကို ဖေဖေရဲ့ ဗေဒင်ပညာအကူအညီနဲ့ NCC ကိုတင်သွင်းခဲ့ပြီး ပထမဆုရခဲ့ပါတယ်။
ဒါနဲ့ပဲ ပထမဦးဆုံးစ၍ Programmer ဆိုတဲ့အလုပ်ကို ဖေဖေရဲ့သူငယ်ချင်း ဘဏ်တစ်ခုမှာ13-Sept 1997 က အလုပ် စလုပ်ဖြစ်ပါတော့သည်။ ကျွန်တော့် အလုပ်စလုပ်တော့ အသက် ၁၉ နှစ်အရွယ်သာရှိပြီ ဘဏ်၌အငယ်ဆုံးဖြစ်ပြီး လူအများရဲ့စိတ်ဝင်စားမှု အထူးသဖြင့်စပ်စုမှုကိုခံ ခဲ့ရပါတယ်။ ဒီလိုနဲ့ အချိန်တွေတဖြည်းဖြည်းကုန်လွန်လာခဲ့ပြီး အိမ်ထောင်ကျဖို့ အခြေအနေ တစ်ခုကိုဖန်တီးလာခဲ့ပါတယ်။ ဒါဟာလည်း ကျွန်တော်ထင်ပါတယ်၊ မိဘရဲ့ ကန့်သတ်ချက်များ လွန်းခြင်းနှင့် ကျွန်တော်ကို ကလေးတစ်ယောက်လိုဆက်ဆံနေခြင်းက ဤအခြေအနေကို တွန်းပို့လိုက်သလိုဖြစ်နေမယ်ဆိုရင်လည်းမှားမယ်လို့မထင်ပါဘူး။
၁၉ ဒီဇင်ဘာ ၁၉၉၈ တွင် ဘဏ်မှ လုပ်ဖော်ကိုင်ဖက်များနဲ့ ချောင်းသာခရီးထွက်ရန် စီစဉ်ခဲ့ပါတယ်။ ထုံစံအတိုင်း ကျွန်တော်မိဘများကလိုက်ခြင်ပြန်ပါသည်။ ကဲ နောက်ဆုံးတော့ ချောင်းသာခရီးသွားရန် ပုသိမ်ကားဂိတ်ရောက် မနက်စာစားပြီး၊ ကားပေါ်တက်နေရာယူခဲ့ပြီ ကားထွက်ရန်အချိန်ကို စောင့်နေခဲ့ ပါတယ်။ ထိုအချိန်၌ ကားထွက်တော့မည်ဖြစ်သ၍မိန်းကလေးတစ်ယောက်ရဲ့ အော်ခေါ်သံကိုကြားလိုက်မိပြီး သတိထားမိသည်မှာ ကျွန်တော် ဘေးခုံတွင်ခုံတစ်ခုံလွတ်နေ ခြင်ဖြစ်ပါသည်။ အပြီးသတ်တော့ ထိုအော်ခေါ်သည့် ကောင်မလေးမှာ ကျွန်တော်ရဲ့ ဘေးတွင်ကျသော အရမ်းချောမောလှပတဲ့သူဖြစ်နေပါတယ်။ ဘာဖြစ်သွားမှန်းမသိကျွန်တော် အသက်ရှုရပ်သွားသလောက်ရအောင်ပင် သူမရဲ့အလှအတွင်းမှာ ကျွန်တော်နှစ်မြောသွားမိ ပါသည်။ သူကတော့ ပဲအပြည့်နဲ့ပေါ့။ ကျွန်တော်မိဘ တွေကတော့ မသိရှာပါ။ ကားရှေ့ပိုင်းတွင် ထိုင်ပြီး ဟိုဟာစားလိုက်၊ ဒီဟာစားလိုက်နဲ့။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် အချို့ကတော့ မျက်စပြစ်ပြပါတယ်။
ဒီလိုနဲ့ပဲညောင်တုန်းရောက်တော့ ဧရာဝတီမြစ်ကြီးကို စက်လှေနဲ့ကူးပြီး တစ်ဖက်က ကားကို ပြောင်းစီးဖို့ပြင်ဆင်ရပါတယ်။ ဒီလိုနဲ့ ပုသိမ်မြို့ဝင်ပြီး ကားဂိတ်အရောက်မှာတော့ ကျွန်တော်တို့ တဖွဲ့လုံးဟာ ဆင်းကျန်ရစ်ခဲ့ပြီး ချောင်းသားကားမလာခင်ထမင်းစားပါသည်။ ထမင်းသာစားနေရသော်လည်း ဘာဟင်းနဲ့စားလို့ဝင်သွားမှန်းမသိသည်မှာကျွန်တော်ဖြစ်ပါတယ်။ ကျွန်တော်စိတ်တွေဒီမှာမရှိတော့ဘူး။ စောစာက ကားပေါ်မှာပါသွားပြီ။ ဒီဟာက ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကကျွန်တော့်ကိုစလိုက်တာပါ။ ဟုတ်မှာပါ ကျွန်တော်ကိုယ် တိုင်ကလည်း။ သူဘယ်မှာနေသည်မသိ။ သူဘယ်သွားသည်မသိ။ သိသည်မှာသူမရဲ့ နာမည်လေး တစ်ခုပင်။

ဆက်ရန်။
မှတ်ချက်။စိတ်ကူးယဉ်၍ရေးထားခြင်းသာဖြစ်ပါသည်။

အမြတ်နိုးဆုံးပန်း

ပန်းလေးတစ်ပွင့်
ပွင့်ဖူးဖို့ရာ
စောင့်ရှောက်ခဲ့တာ
ဥယာဉ်မှူးပမာ..။

ပွင့်လင့်စကား
မြတ်နိုးပန်ခွင့်
ချူစွတ်နိုင်စွမ်း
မရှိခဲ့တာ
ဥယာဉ်မှူးပမာ..။

ရင်တထိတ်ထိတ်
စိုးရိမ်ရင်ထဲ
ဘယ်တော့လေများ
ဆွတ်ခူးသွားမလဲ
မကြုံချင်သော
နေ့ဆိုးများပမာ..။

TODAY Newspaper Voices for Double Tax

ဒီတပတ်အတွက်သတင်းအထူးအဆန်းလေးများ


ကမ္ဘာကြီးပူနွေးလာတာ နေမင်းကြီးကြောင့်ဆိုပဲ။

ဒီတပတ်ထုတ်ဂျာနယ်တစ်ခုမှာရေးထားသားပါ။
ရာသီဥတု အပြောင်းအလဲများနှင့်အတူ ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ အင်္ဂါဂြိုလ်၊ ပလူတို စသော နေအဖွဲ့အစည်းများတွင်းရှိ အခြားဂြိုလ်များတွင်ပါ ပူနွေးလာရာ နေအဖွဲအစည်းကိုယ်တိုင်က ပူနွေးလာခြင်းဖြစ်သည်ဟုယူဆလာခဲ့ကြသည်။ သို့ဖြစ်ရာ နေ၏ပြောင်းလဲလှုပ်ရှားမှုများက ကမ္ဘာကြီးပူနွေးလာမှုနှင့် ဆက်စပ်နေသည်လားဆိုသည်ကို ပညာရှင်များကလေ့လာသုံးသပ်လျှပ်ရှိကြသည်။
ပညာရှင်အချို့က ကမ္ဘာကြီးပူနွေးလာခြင်းမှာ လူတို့၏ပြုမူဆောင်ရွက်မှုများကြောင့်ဆို သည် ထက်နေ၏အပြောင်းအလဲများကြောင့်ကြုံရသော သဘာဝလက္ခဏာ တစ်ရပ်ဟု ခန့်မှန်း ကြပါသည်။
ယခင်အတိတ်နှစ်သန်းပေါင်းများစွာကပင်နေ၏အပြောင်းအလဲများသည် ကမ္ဘာကို ရိုက်ခတ်ခဲ့ပေရာ ယခုအချိန်တွင်လည်း ယင်းသို့ဖြစ်လာခြင်းလောဆိုသည်ကို သုံးသပ်လျှပ် ရှိကြသည်။
အင်္ဂါဂြိုလ်ပေါ်ရှိ ရေခဲပြင်များအရည်ပျော်ပျောက်ကွယ်ခဲ့ခြင်းသည်နေမင်းကြောင့်ဟု ဖော်ပြခဲ့ပြီး ကမ္ဘာသည်လည်း ယင်းကဲ့သို့သောအခြေအနေမျိုးကြုံတွေ့လာရခြင်းဖြစ်နိုင်သည် ဟု ပညာရှင်များကယူဆလာကြောင်းဖော်ပြထားပါတယ်။

~ဘယ်လောက်ပဲဝေးဝေး၊ တူညီစွာကြိုးစားနေမယ်~

ကျွန်တော် မနေ့ကသတင်းစာဖတ်ပြီး ဘာတွေများဆက်ပြီးဖြစ်မလဲဆိုပြီးစဉ်းစားနေမိပါတယ်။
ဒါနဲ့ မြန်မာနိုင်ငံဘက်မှသက်ဆိုင်ရာအဖွဲ့အစည်းတွေကကော ဘာတွေဖြေရှင်းမလဲပေါ့။ ဒါပေမဲ့
အခွန်နှစ်ထပ်ကင်းလွတ်ခွင့်အတွက်ဆောင်ရွက်နေတဲ့သူတွေရဲ့ blog မှာ Myanmar Embassy မှ သံအမတ်ကြီးရဲ့ အတွင်းရေးမှုးမလေးကသူတို့ကို နေပြည်တော်သို့တိုက်ရိုက်တိုင် ကြားရန်သာပြောဆိုခဲ့ကြောင်းသိရပါတယ်။

အဲ့ဒါနဲကျွန်တော်စဉ်းစားမိတာက သူတို့မှာလုပ်ပိုင်ခွင့်မရှိတောင် သူတို့ကဘာလို့တာဝန်ယူပြီး သတင်းပို့မပေးတာလဲပေါ့။ သူတို့တွေ က တရားဝင် သံတမန်တွေဖြစ်ပြီး သံတမန်ဆိုတာ နိုင်ငံ တစ်နိုင်ငံရဲ့တာဝန်အရှိဆုံးအစိုးရကိုယ်စားလှယ်အဖွဲ့ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်ဘာလို့ ဒီသံရုံးတွေဆက်ထားတော့မှာလည်းဆိုပြီးတော့ ကလေးအတွေးတွေမိပါတယ်။
ခင်ဗျားတို့လည်းစဥ်းစားကြည့်လေ၊ အရာရာကို သက်ဆိုင်ရာမိခင်နိုင်ငံကိုပြန်ပြီးကိုယ်တိုင် သတင်းပို့တိုင်ကြားလုပ်ဆောင်ရမယ်ဆိုမှတော့ သူတို့တွေဒီမှာရှိနေလည်းဘာထူးတော့မှာလဲ။
ဟိုအရင်ကဆို ပိုလို့တောင်ဆိုးသေး။ မိတ္တူကူးစရာမှ မိတ္တူကူးစက်မရှိ။ ရေဆာရင် သောက်ဖို့ ရေသန့်စက်ကလည်းမရှိ။ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ဒါတွေအကုန်လုံးထားပေးထားပါ တယ်။ ကျေးဇူးတင်ပါတယ် သံအမတ်ကြီးခင်ဗျာ။ဒါပေမယ့် သံရုံးမှာရှိတဲ့ရေသန့်စက်ကတော့ အချိန်ပြည့်ပိတ်ထားပြီးရေကုန်နေတာ တွေ့ရပါ တယ်။ ကဲကဲဒီလောက်ဆိုတော်လောက်ပါပြီ။ ဒါမှမဟုတ် မေတ္တာတွေအပို့ခံနေရဦးမယ်။
သြော်မေတ္တာပို့ခံရအုန်းမယ်ဆိုတာနဲ့ပြောရဦးမယ်။ ကျွန်တော်ကို အသိရောင်းရင်းများက ဘာလို့ဒီ မြန်မာနိုင်ငံသားတွေအတွက်နဲ့ စိတ်ရှုပ်ခံပြီး စဉ်းစား၊ blog တွေရေးနေတာလဲတဲ့။ ကိုယ်နဲ့လည်းဘာမှမဆိုင်တော့ဘူးလေတဲ့။တော်ကြာပြဿနာတက်အုံးမယ်ဆိုပြီတော့။
သူတို့ပြောတဲ့စကားကြောင့်တော်တော်စိတ်မကောင်းဖြစ်သွားပါတယ်။ သူတို့ကတော့ ကျွန်တော်ကိုစေတနာနဲ့ပြောတာပါ။ ဒါပေမယ့် ကျွန်တော်ကိုကျွန်တော်ပြန်ပြောလိုက်မိပါတယ်။ ကိုယ့်ကိုလူဖြစ်အောင် မွေးဖွားလာတဲ့နိုင်ငံအတွက် အခြေအနေအရပ်ရပ်ကြောင့်အဲ့ဒီနိုင်ငံသားမဟုတ်တော့ ရင်တောင်လုပ်ပိုင်ခွင့်မရှိတော့ဘူးလားဆိုပြီးတော့ပါ။ နိုင်ငံသားပဲ ပြောင်းတာဖြစ်ပြီး၊ ကျွန်တော်ရဲ့သွေး၊စိတ်၊ယဉ်ကျေးမှု၊ လူ့မျိုး ကတော့ မြန်မာအဖြစ် ကျွန်တော်ရဲ့နောက်ဆုံးထွက်သက်အ ထိရှိနေမှာပါ။ အဲ့ဒါကတော့ အရမ်းကိုကြိမ်းသေပါတယ်။ မြန်မာတစ်ယောက်အနေနဲ့သာခံစားမှုတွေကိုတင်ပြနေခြင်း ဖြစ်ပြီးဆက်လက်လုပ်ဆောင်နေရဦးမယ်ဆိုပြီဆုံးဖြတ်ချက်ချထားပါတယ်။
အဲ့ဒီအကြောင်းကိုညီလိုခင်ရတဲ့ ညီလေးတစ်ယောက်ကိုပြောပြတော့ သူကကျွန်တော့်ကိုစပြီး ၀ိုင်ဝိုင်းသီချင်းလေးဆိုပြပါတယ်။
~မင်းနဲ့ကိုယ်နဲ့စည်းခြားနေပြီကွာ~တဲ့။ကျွန်တော်ကလည်းပြန်ပြီးတော့ဆိုလိုက်ပါတယ်။
~ဘယ်လောက်ပဲဝေးဝေး၊ တူညီစွာကြိုးစားနေမယ်~။

စင်ကာပူသတင်းစာများမှ အခွန်/နိုင်ငံကူးလက်မှတ်အကြောင်းပြောဆိုချက်များ။

ကျွန်တော် ဒီနေ့ထုတ် TODAY Newspaper ၂၂ မတ်လ ၂၀၀၇ ရဲ့ ပြည်သူ့အော်သံမှာ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ အခွန်နဲ့ပတ်သတ်ပြီးထပ်မံဖော်ပြထားသာတွေ့ရပါတယ်။ ဒါပေမယ့် သူဟာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခကို S$၂၀၀ သာဖော်ပြထားသာတွေ့ရပြီး၊ အမှန်မှာ တော့ S$၃၀၀ ပေးနေရခြင်းဖြစ်ပါကြောင်း။

Your Tax or Your Passport

Copied from Singapore Today Newspaper: 21-March-2007

စင်ကာပူ Today Newspaper မှစိတ်ဝင်စားဖွယ်ရာ သတင်းလေးတစ်ပုဒ်

ဒီနေ့စင်ကာပူ သတင်းစာမှာ စိတ်ဝင်စားဖွယ်ရာသတင်းလေးတစ်ပုဒ်တွေ့လိုက် လို့ဖော်ပြပေးလိုက်ပါတယ်။ ခင်ဗျားတို့ကိုယ်တိုင်ပဲ ဘာသာပြန်ကြည့်ပါ။ နိုင်ငံရေးမဟုတ်ပါ။

မှတ်ချက်။
ကျွန်တော် စင်ကာပူနိုင်ငံရဲ့တရားဝင်သတင်းစာမှ ကူးယူဖော်ပြခြင်းသာဖြစ်ပါတယ်။


မြန်မာနိုင်ငံပညာရေး နိမ့်ကျနေပြီလား။

ကျွန်တော်ဒီနေ့ ဂျာနယ်တစ်စောင်ဖတ်မိပါတယ်။ အဲ့ဒီအထဲမှာ အံ့သြဖွယ်ရာကြော်ငြာတစ်ခု ဖတ်ခဲ့မိပါတယ်။ အခြားမဟုတ်ပါဘူး။ ဘွဲ့ရပြီးသား ၊ဒီပလိုမာရပြီးကျောင်းသားတွေကို စင်ကာပူမှ Certificate အဆင့်သာပေးသောကျောင်းကိုတက်ရန်ကြော်ငြာနေခြင်းဖြစ်ပါသည်။
စင်ကာပူမှ ITE ဆိုတာ Polytechnic အဆင့်မမှီသူတွေ GCE အောင်ကျောင်းသားများကို လက်ခံသောကျောင်းဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ကြော်ငြာမှာတော့ အခြေခံအထက်တန်းအဆင့်တင်မဟုတ်ပဲ ဘွဲ့ရ၊ ဒီပလိုမာရ ကျောင်းသားများအတွက်ပါရေးထားတာတွေ့လိုက်ရိပါတယ်။ သြော် မြန်မာနိုင်ငံပညာရေး က အဲ့ဒီလောက်နိမ့်ကျနေပြီလားလို့စဉ်းစားရင်းစိတ်မကောင်းဖြစ်မိ ပါတယ်။

ဝေဟင်ပျံမယ့် မြန်မာအမျိုးသမီးလေယာဉ်မှူးများ



အခုတလောရန်ကုန်က ကြားရတဲ့သတင်းတစ်ခုကတော့ စိတ်ဝင်စားစရာပါ။
လေယာဉ်မှုးအဖြစ်အမျိုးသမီးအချို့ကိုခန့်အပ်ခြင်းပါ။ ဘာပြောပြော ဒီကိစ္စဟာ ဖွံဖြိုးနေတဲ့နိုင်ငံအတွက်ဘာမှမဟုတ်ပေမဲ့(ဒါတောင်အလွန်နည်းပါတယ်) အခုလို့ မြန်မာနိုင်ငံ လိုမျိုးနေရာမှာ ဒီလို အခွင့်အရေးတွေပေါ်ထွက်လာတာဟာ အဆိုးထဲက အကောင်းအဖြစ်မျှော်လင့်ရမှာပါ။ ခန့်အပ်တဲ့ ကုမ္ပဏီကတော့ အများသိကြတဲ့အတိုင်းပဲ မိုးကျရွှေကိုယ် ထူးကုမ္ပဏီပိုင် ပုဂံအဲကပဲဖြစ်ပါတယ်။ ကျွန်တော့် blog ကိုလာရောက် အားပေးကြည့်ရှုတဲ့ သူများသိရှိနိုင်ရန်ကျွန်တော်ဖော်ပြပေးလိုက်ပါတယ်။
လေယာဉ်တုန်ခါမှုကို ခြေဖ၀ါးကတစ်ဆင့် ခံစားလိုက်တိုင်း ကျေနပ်မှုပီတိ အဟုန်မြင့်လာတယ်လို့ ဆိုတဲ့သူကတော့ များမကြာမီမှာ အမျိုးသမီး လေယာဉ်မှူး ဖြစ်လာတော့မယ့် အဲပုဂံလေကြောင်းလိုင်းမှ လေယာဉ်မယ်တစ်ဦးဖြစ်သူ မမေချိုဝင်း ပါပဲ။
အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မမေချိုဝင်းက လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်နေရင်း အခွင့်အရေးရတိုင်း လေယာဉ်စက်သံကို ငြိမ်ငြိမ် လေးထိုင် နားထောင်မိရင်ဖြင့် တေးဂီတသံခံစား ရသလို ပါပဲတဲ့။
~တစ်ခါတလေ လေယာဉ်ပေါ်က စီးမြင်နေရတဲ့ ကြည်လင် တည်ငြိမ်နေတဲ့ မြင်ကွင်းကို ငုံ့ကြည့်ရ တာကလည်း ကျေနပ်စရာပါပဲ~ လို့ မမေချိုဝင်း က ပြောပါတယ်။
မမေချိုဝင်းဟာ တခြားအမျိုးသမီး လေယာဉ် ၀န်ထမ်းတစ်ဦးဖြစ်တဲ့ မနှင်းဦးဝေနဲ့ အမျိုးသား လေယာဉ်ဝန်ထမ်းလေးဦးအဖွဲ့နဲ့အတူ အဲပုဂံရဲ့ အစီအစဉ်နဲ့ Integrated Aviation Academy မှာ နှစ်နှစ်ကြာသင်တန်း တက်ရောက်ဖို့ ပြီးခဲတဲ့လလယ်ပိုင်းက ထွက်ခွာ သွားပြီဖြစ်ပါတယ်။
~ကျွန်မ လေယာဉ်မှူးရာထူးကို လျှောက်ထား ဖြစ်တာက ဒီအလုပ်က အရမ်းစိတ်လှုပ်ရှားစရာ ကောင်းပြီး စိန်ခေါ်မှု အပြည့်ရှိတဲ့အလုပ်လို့ ထင်လို့ ပါပဲ~ လို့ မမေချိုဝင်းက ဆိုပါတယ်။
အစိုးရ ကွန်ပျူတာကောလိပ် ပုသိမ်မြို့က ကွန်ပျူတာနည်းပညာဆိုင်ရာ ဘွဲ့ရထားတဲ့ မမေချိုဝင်းက သူ့ရဲ့ပညာရေး နောက်ခံ¸ာ သူအခု လုပ်မယ့် လေယာဉ်မှူးရာထူးအတွက် အထောက် အကူပြုတယ်လို့ ဆိုပါတယ်။
~ အခုနောက်ပိုင်း လေယာဉ်တွေမှာ လေယာဉ် မောင်းတာကကို fly-by-wire စနစ်နဲ့ လေယာဉ်မှူး တွေက တိုက်ရိုက် ထိန်းချုပ်တာမဟုတ်ဘဲ ကွန်ပျူတာတွေကတစ်ဆင့် ညွှန်ကြားထိန်းချုပ်တာမို့ ကျွန်မရဲ့ ပညာနောက်ခံ ဗဟုသုတကို လေယာဉ်မောင်းတဲ့အခါ အသုံးချလို့ရပါတယ်~ လို့ သူက ဆိုပါတယ်။
မနှင်းဦးဝေကလည်း ဒီအတိုင်းပါပဲ။ နိုင်ငံ တကာဆက်ဆံရေးဘာသာအဓိကနဲ့ ဘွဲ့ရထားတဲ့ မနှင်းဦးဝေကလည်း နိုင်ငံတကာ လေကြောင်း လိုင်းအဖြစ် ပျံသန်းဖို့ တာစူနေတဲ့ အဲပုဂံအတွက် သူ့ပညာရေးနောက်ခံက အလွန် အထောက်အကူ ပြုပါတယ်တဲ့။ မမေချိုဝင်းက သူ့ကို လေယာဉ်မှူးအဖြစ် ရွေးချယ်ခံလိုက်ရတဲ့အတွက် အရမ်းကြည်နူးသွား မိပြီး တာဝန် ပိုရှိ သွားတယ်လို့ ခံစားရတယ်လို့ ဆိုပါတယ်။ မီဒီယာတချို့မှာ သူတို့နှစ်ဦးကို မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး လေယာဉ်မှူး တွေအဖြစ် ရေးသားထားတာနဲ့ ပတ်သက်ပြီး မမေချိုဝင်းက ဒီလိုပြော ပါတယ်။~ စိတ်လှုပ်ရှားမိတယ်။ စိုးလည်းစိုးရိမ်တယ်။ လေယာဉ်မှူးတစ်ယောက် ဖြစ်ဖို့ တော်တော် အားထုတ်ရမယ်။ ပြီးတော့ ဆုံးဖြတ်ချက်ချရဲရမယ်~ တဲ့။
အမျိုးသမီးလေယာဉ်မှူးအရေအတွက်က အမျိုး သားတွေထက် လျော့နည်းနေတာနဲ့ ပတ်သက်လို့ သူက ဒီအလုပ်ဟာ အန္တရာယ်များတဲ့ အလုပ်တစ်ခုလို့ သဘောထားခဲ့ကြတာရယ်၊ အစဉ်အဆက် အမျိုးသားတွေ ကပဲတာဝန်ထမ်းဆောင် ခဲ့တာမို့လို့ ဆိုပါတယ်။
~ ဒါပေမယ့် အခုခေတ်မှာတော့ အမြင်တွေ ပြောင်းလာကြပါပြ~ လို့ အသက် ၂၆ နှစ်ရှိပြီဖြစ် တဲ့ မနှင်းဦးဝေက ပြောပါတယ်။
အဲပုဂံက သူ့ကို ဒီလိုလေယာဉ်မှူးအဖြစ် ရွေးချယ်လိုက်တာဟာ သူ့ရဲ့လေယာဉ်မှူးအရည် အသွေးကိုသာမက ခေါင်းဆောင်မှုအရည်အသွေး၊ ခရီးသည်ဝန်ဆောင်မှု၊ အုပ်ချုပ်မှုနဲ့ စီးပွားရေး ဆိုင်ရာ အရည်အသွေးတွေကိုလည်း မြှင့်တင်ရာ ရောက်ကြောင်း ဆိုပါတယ်။
~ လေယာဉ်ပျံသန်းတဲ့ အခြေခံပဉ္စလက်ကို ခံစားမိနေသလိုပဲ။ အဲဒါက လေယာဉ်ပျံသန်းမှု အရှိန်တို့၊ သက်သောင့် သက်သာ ရှိမှုတို့နဲ့ မဆိုင်ဘူး။ လေယာဉ်ပျံသန်းတာက ပဉ္စလက်တစ်ခုပဲလို့ ထင်တယ~ လို့ မနှင်းဦးဝေက ပြောပါတယ်။
ဒီသင်တန်းပြီးရင်တော့ သင်တန်းတက်ဖို့ စေလွှတ်ခံရတဲ့ သူတို့ခြောက်ယောက်ဟာ အဲပုဂံရဲ့ ပြည်တွင်းပြည်ပ ခရီးစဉ်တွေမှာ လေယာဉ်မှူးများအဖြစ် တာဝန်ထမ်းဆောင်ရမှာပါ။
မလေးရှားတက္ကသိုလ်မှာ သူတို့တစ်တွေဟာ လေခွင်းအားနဲ့ လေယာဉ်ပျံသန်းမှုစည်းမျဉ်းစည်းကမ်း၊ ရာသီဥတု အပြောင်းအလဲ အနေအထား စတဲ့ဘာသာရပ်တွေကို သင်ကြားရမှာဖြစ်ပါတယ်။
ဒီလိုမျိုးဆက်သစ် အမျိုးသမီးလေယာဉ်မှူးတွေ ပေါ်ထွက်လာတာနဲ့ ပတ်သက်ပြီး ၁၉၅၆ ခုနှစ်က လေယာဉ်အပေါ့စား (ဂလိုက်ဒါ) မောင်းပြခဲ့တဲ့ မြန်မာအမျိုးသမီးလေယာဉ်မှူး ဒေါ်လှသန်းက ~ ဒီလိုအမျိုးသမီး လေယာဉ်မှူးတွေ ပေါ်ပေါက် လာတာ ၀မ်းသာစရာပါ။ မြန်မာအမျိုးသမီးလေးတွေ အတွက် လမ်းပွင့်သွားပြီလို့လည်း ဆိုချင်ပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၅၀ ကြာပြီးမှ ဒီလိုဖြစ်လာတာ နောက်တောင်ကျနေပြီလို့ ပြောရမလိုပါ~ တဲ့။
အခုဆိုရင် အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်လှသန်းဟာ အစ္စရေးနဲ့ အင်္ဂလန်တို့လို နိုင်ငံရပ်ခြားမှာ လေယာဉ်မောင်း အတတ်ပညာကို ဆည်းပူးလေ့လာခဲ့ပြီး မြန်မာနိုင်ငံမှာလည်း စိန်တံဆိပ်ရှင် ယူဂိုဆလပ်ဆရာ တစ်ဦးရဲ့ကြီးကြပ်မှုနဲ့ လေ့လာ ဆည်းပူးခဲ့တယ်လို့ သိရပါတယ်။
~ အဲဒီအချိန်ကတည်းက အမျိုးသမီးတွေ အတွက် လေယာဉ်မောင်းကလပ်တွေ ဆက်တိုက် ဖွင့်ပေးခဲ့ရင် အခုဆိုရင် မြန်မာအမျိုးသမီး အာကာသယာဉ်မှူးတွေ ရှိနှင့်ပြီပေါ့~ လို့ သူက အားမလိုအားမရ ပြောပါတယ်။
ဒေါ်လှသန်းတို့ ဂလိုက်ဒါ မောင်းနှင်ပြစဉ် ကာလတုန်းက ကားမောင်းတတ်တဲ့ မိန်းကလေး တောင်မှ မရှိသလောက် နည်းပါးတဲ့အချိန်လို့ ဆိုရမှာပါ။
~ အန်တီ မိတ္ထီလာမှာ ဂလိုက်ဒါမောင်းပြပြီး ဆင်းလာတဲ့အခါမှာ ပရိသတ်က မယုံနိုင်လို့ အသားကို လာထိကြည့် ကြတယ်။ အဲဒီရှေးကျတဲ့ အချိန်တုန်းက အန်တီဟာ ခေတ်ရှေ့ပြေးဖြစ်ခဲ့တယ်။ မိန်းကလေးတွေ အရာရောက် လာတာကို အရမ်းဝမ်းသာပါတယ်~ တဲ့။လို့ပြောကြားသွားပါတယ်။

Code Project ရဲ့ Vista API ပြိုင်ပွဲ။

ဆုကြေးငွေ $10,000!!!!


Windows Vista ကအောင်မြင်စွာနှင့် ဈေးကွက်မှာ နေရာယူလာပြီးကတည်း က
၎င်း API ကို Developers များစိတ်ဝင်စားစွာအသုံးချလာကြပါတယ်။
အခုချိန်မှာတော့ Code Project (codeproject.com) က ၄င်း တို့ရဲ့ အကောင်းဆုံး Windows Vista API Article Post များကိုပြိုင်ပွဲ ပုံစံကျင်းပရန်စီစဉ်နေကြောင်းသိရပါတယ်။ ဒီပြိုင်ပွဲလေးဟာ အင်မတန်မှာ တန်ဖိုးရှိလှမယ့် ရွက်ပုံးသီးပညာရှင်များ ပေါ်ထွက်လာမှာဖြစ်ပြီး၊ မိမိရဲ့ အတတ်ပညာကိုလည်း တခြားသူများထံမျှဝေခံစားနိုင်မှာဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင် စားစရာကောင်းတာကတော့ ဆုကြေးငွေပါ။

ဘာတွေလုပ်ဖို့လိုအပ်မလဲဆိုတာကတော့

ခင်ဗျားတို့ရဲ့ အရမ်းကောင်းတဲ့ Vista Article နှင့် Code sample (or App) ကို CodeProject.com ကိုပို့ပေးလိုက်ပါ။ ဒါပေမယ့် ခင်ဗျားတို့ရဲ့ article ကတော့ Vista ကိုအထူးပြုရေးရမှာပါ။ ဆိုလိုတာကတော့ Vista API အကြောင်းကို .NET 3.0 ထက်ပိုပြီး ဦးစားပေး ရေးဖို့ဖြစ်ပါတယ်။ပို့ရမှာကတော့ Vista/.NET 3.0 area ကိုပို့ရမှာပါ။

ဘာတွေအနိုင်ရမှာလည်းဆိုတာကတော့

လစဉ်ဆု
သူတို့ရဲ့ judges တွေက ပို့ထားတဲ့ အထဲကမှလစဉ်စီစစ်ရွေးချယ်ပြီး အဲ့ဒီအထဲကမှ ဆုပေးသွားမှာဖြစ်ပါတယ်။
ဆုရရှိမည်သူများကတော့ An Xbox 360, Xbox HD DVD Player, X Live Vision Camera , 12 Months XBox Live Gold Membership, Wireless Remote, 3 Xbox games စတဲ့ US$ ၁၀၀၀ ပတ်ဝန်းကျင်လောက်ရှိမှာဖြစ်ပါတယ်။

ဆုကြီး
လစဉ်စီစစ်ရွေးချယ်ထားတဲ့အထဲကမှ ၆လပြည့်တဲ့အခါမှ အကောင်းဆုံးကိုထပ်မံရွေးချယ်မှာဖြစ်ပါတယ်။
ဆုကြေးများကတော့ Sony Home Theater System, including:
• Sony 46" BRAVIA™ Flat-panel LCD Television (KDL-46V2500)
• Sony Integrated Home Theater System (DAV-DX375)
တန်ဖိုးကတော့ US$ 4000 လောက်ရှိမှာပါ။



စည်းကမ်းချက်များ
1. The articles must focus on Vista-specific technology. This means the focus is more on the Vista API rather than on, say, .NET 3.0.
2. The articles can be in C++, C#, VB.NET or any .NET language.
3. No cheating, lying, stealing code, or biting.
4. The deadline for entries is midnight on the last day of each month.
5. The judges decision is final and no correspondance will be entered into.
6. Only those who live in jurisdictions in which this contest is legal may enter.
7. Any breach of the rules and the prize will be award to the runner up.
8. The contest will begin on December 1, 2006 and end on May 31, 2007, at 11:59:59 PM US Eastern Standard Time.

ယခုအပတ်အတွက်ရန်ကုန်မှသတင်းများ (၁၂-မတ်လ)




ကျွန်တော်နိုင်ငံရေးမလုပ်ပါ။

ကျွန်တော် ရဲ့ blog လေးမှာ ကျွန်တော့်စိတ်ထဲမှာရှိတာလေး တချို့ ကိုရေးမိခဲ့ပါတယ်။ ဒါနဲ့ လူတွေက လာမေးကြပါတယ်။ မြန်မာပြည် ကို ကောင်းကောင်းမပြန်ချင်ဘူးလားတဲ့။
ကျွန်တော့်ကို visa မပေးပဲနေရင်ဘယ်လိုလုပ်မလဲပေါ့။
ကျွန်တော် တော်တော် အံ့သြမိပါတယ်။ ကျွန်တော် ဘာများ အမှားလုပ်မိလို့လည်းပေါ့။ ကျွန်တော် ဘယ် ၇ ရက်သားသမီးကိုမှ စိတ်ဆင်းရဲအောင် မလုပ်ဘဲနဲ့ များ ကျွန်တော် ကိုပေးမပြန်ချင်ရမှာလဲပေါ့။ ပြီးတော့ အခုတလောတွင်း လာရောက်လည်ပတ်သူလည်း များပြားလာတာတွေ့ရပါတယ်။
အဲ့ဒါနဲ့ ကျွန်တော် မိတ်ဆွေတချို့ကို မေးမိပါတယ်။ ကျွန်တော် blog ကို ဘယ်လိုမြင်လဲဆိုတော့၊ တချို့ကတော့ ဘာမှမဖြစ်ပါဘူးတဲ့၊ တချို့ကတော့ နိုင်ငံရေး ဆန်တယ်လို့ပြောပါတယ်။
အဲ့ဒါကြောင့် ကျွန်တော်ဒီနေရာက ရှင်းလင်းပြပါရစေ။
ကျွန်တော် နိုင်ငံရေးမလုပ်ပါ။ စိတ်လည်းမ၀င်စားပါ။ စိတ်မ၀င်စားတာက နားမလည် လို့လည်းဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်အနေနဲ့ လည်းလုပ်ပိုင်ခွင့်မရှိတော့ပါဘူး။ ပြီးတော့ ကျွန်တော် မည်သူကိုမျှလည်း မတိုက်ခိုက်ပါဘူး။ ရီစရာလေးတွေ၊ နေ့စဉ်ကြုံတွေ့ နေတာလေး တွေတာရေးမိတာပါ။ အချင်းချင်း ခံစားမှုလေးတွေ ဖလှယ်ကြတာပါ။ သူတစ်ပါးရေးတဲ့ ဆောင်းပါး ကို ဝေဖန်တာ နိုင်ငံရေးမဟုတ်သလို၊ နေ့စဉ်မြင်နေရ ကြုံနေရ အခက်အခဲများ အတွေ့ကြုံများကိုရေးခြင်းသည်လည်း နိုင်ငံရေးမဟုတ်ပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကျွန်တော် လေးစားပါတယ်။ အထူးသဖြင့် ကျွန်တော်ကို ဒီနေ့ အခြေအနေရောက် အောင် မွေးဖွားခဲ့ရာ မွေးရာဇာတိဖြစ်တဲံ့မြန်မာနိုင်ငံကို အထူးသဖြင့် အစဉ်လေးစားစွာဖြင့်…။

စင်္ကာပူ မှ အံ့သြဖွယ်ရာသတင်းလေး။

ဒီ မတ်လ ဆန်းပိုင်းက စင်္ကာပူ သတင်းစာ များ ၌ ဖော်ပြထားတဲ့ အံ့သြဘွယ်ရာ သတင်းတစ်ခု အကြောင်း ပြောပြလိုပါတယ်။ ဒီနေ့ ကမ္ဘာကြီး ဟာ ခေတ်မှီလာတာနှင့်အမျှ လူမှုရေးရာများ မှာ လည်းများစွားပြောင်းလွဲသွားပါတယ်။ ဘာလို့ ဒီလိုတွေ ပြောနေတာလဲဆိုတော ၉ နှစ်အရွယ် သမီးလေး က ကလေးမွေးလို့တဲ့။ အို… ဟုတ်မှဟုတ်ပမလားလို့ မျက်စိကို ပွတ်ပြီး ထပ်ဖတ်လိုက်မိပါတယ်။
ဒါနဲ့ပဲ သူ ၈နှစ်သမီးအရွယ် ၂၀၀၄ ခုနှစ်က Primary 3 ကျောင်းသူလေးဟာသူ့ ရဲ့ ကိုယ်ဝန်ဟာလည်း သူ့ရဲ့ ချစ်သူ ဖြစ်တဲ့သူ့ရဲ့ ကျောင်းက အတန်းတူ ကျောင်းသားလေး ဖြစ်နေပါတယ်။ သူရဲ့ အဖေ က လည်း သူမ ပညာဆည်းပူးနေတဲ့ ကျောင်းမှာပဲ ဆရာ အဖြစ်လုပ်ကိုင်ပါတယ်။ သူ က ၈နှစ်သမီးသာဆိုတယ် လူက တော့ လူကြီးနီးပါ ထွားကျိုင်းလှပါတယ်။ သူ နှင့်သူ့ ချစ်သူတို့ သူရဲ့ အိမ်မှာ တွေ့ကြပါတယ်။ လူကြီးတွေကလည်း တကယ့်ကလေးအရွယ်ဆိုတော့ ဘယ်အမှုထားမလဲ။ ကလေးတွေပဲဆော့ပစေပေါ့။ ပြီးတော့ သူမရဲ့ မိဘတွေကလည်း အချိန်ပြည့် အပြင်မှာအလုပ်လုပ်နေရပြီး အချိန်တော်တော်များများ မှာကလေးဟာ အိမ်ဖော်နဲ့ပဲနေခဲ့ရတာလည်းဖြစ်ပါတယ်။ဒီ အသက်အရွယ်လေး ဆိုတာ တကယ့် ကလေးလေးလို ကျောင်းစာ တွေလုပ်၊ သူငယ်ချင်းများနဲ့ ပျော်ရွှင်စွာ ဆော့ကစား ရမယ့် အရွယ်မှာ သူကတော့ မနက်ပိုင်း ကိုယ်ပူခြင်း၊ ကိုယ်တွေလက်တွေ နာကျင်လာခြင်း၊ အော့ အန်ခြင်း စတဲ့ ကိုယ်ဝန်ဆောင် မိခင်ရဲ့ ခံစားမှုတွေစတင်ခံစားလာရပါတယ်။
အဲ့ဒီ ကျောင်းသူလေး ဟာ ကိုယ်ခန္ဓာ အလေးချိန်ဟာ တဖြည်းဖြည်းနဲ့တိုးလာ တာကို သူ့ရဲ့ မိဘတွေ့ ၊ သူငယ်ချင်းတွေ၊ ဆရာ ဆရာမတွေ က သတိမထားမိပါဘူး။ သူကိုယ်တိုင်နဲ့ သူ့မိဘတွေကိုယ်တိုင် က နေးမကောင်းတာသက်သက်ပဲထင်ထားပါတယ်။ သူ့ရဲ့ အမေကလည်း သူ့သမီး ဆီးမှာ ရောဂါပိုးဝင်တယ်လို့ပဲထင်ထားတာပါ။ ဒါနဲ့ပဲ သူကို သူတို့ ရဲ့ မိသားစုဆရာဝန်ဆီ ခေါ်သွားစစ်တော့မှာ သူတို့သမီးလေးမှာ ကိုယ်ဝန် ၆လရှိနေပြီဆိုတာ သိခဲ့ရပါတယ်။ အဲ့ဒီ အချိန် ဟာ ကိုယ်ဝန်ဖျက်ချဖို့ အရမ်းကို နောက်ကျသွားပါပြီ။
အဲ့ဒါနဲ့ ကလေးကိုယူလိုက်ရပြီးတော့ အခု အဲ့ဒီကလေးကို သူများကိုမွေးစားဖို့အဖြစ်ပေး လိုက်ပါပြီလို့ သူ့အမေကပြောပါတယ်။ အခုအချိန် အဲ့ဒီသမီးလေးက မွေးတဲ့ ကလေးဟာ ၃ နှစ်အရွယ်ရောက်လို့နေပါပြီလို့လည်းဆက်ပြောပါတယ်။
အဲ့ဒီသမီးလေးကတော့ အခုအချိန်မှာ တခြားနိုင်ငံတစ်ခုရဲ့ မူလတန်းမှာ စာပေများဆက်လက် သင်ကြားရင် သူ့ရဲ့ ချစ်သူကောင်လေးကတော့ Reformative Training Centre ကိုပို့ထားတယ်သိရပါတယ်။

Boom time for IT workers in singapore

Vacancies, part of global shortage, jump more than five-fold to 5,700 in two years

LABOUR markets are tightening all round, but this is an especially good time to be an information technology (IT) professional.
Salaries are rising in line with the insatiable demand for such workers, who have seen their pay jump by up to $100,000 a year for top jobs in recent years.

The number of vacancies in the IT sector has jumped from just over 1,000 jobs in 2003 to about 5,700 jobs in 2005, according to the latest Infocomm Development Authority manpower surveys.


The latest salary review from recruitment company Robert Walters also showed that there was a shortage of 'good quality candidates' in the IT industry, part of a global shortage across many sectors.

Robert Walters, which is based in England and specialises in mid- to senior-level positions, reported big increases in salaries in some industries across the world.

In Singapore's tech industry, these increases range from about $10,000 a year for a business solutions architect to about $100,000 a year for a chief information officer, compared to figures in 2003.

The red-hot IT sector is not unique to Singapore. Nor is it the only one in which employers are desperately seeking workers.

In India, for example, the software industry expects to see about 380,000 new jobs this year, even as companies in other sectors, from manufacturing to retail, are also scrambling to fill vacancies.

Indian conglomerate Tata Group's head of human resources, Mr Satish Pradhan, said: 'Staffing is getting to be like capital - if you have not lined up enough inflows to support your growth, you are in trouble.'

The key factor driving the IT boom in Singapore is the upbeat view of the economy, prompting companies to dust off the IT projects they had shelved after the 9/11 terrorist attacks in 2001 and the Sars outbreak in 2003.

This has created more jobs, especially mid-level to senior-level ones.

A manager with Robert Walters specialising in the IT industry, Mr Tejas Bhuptani, said many senior positions were 'shifted or scrapped' during the Sars days and the downturn that followed.

'Now, companies find their IT systems are old, while they have new funds coming in.

'They are hiring more senior people to look after these projects and mentor the junior ones, who have not had anyone mentoring them over the past few years,' he said.

This trend was also identified by a separate report by recruitment and human resources consultant Hudson, which said business confidence had grown substantially from last year and 'many companies in all sectors are investing in IT again'.

The job boom also comes from the Singapore Government's drive to attract multinational companies (MNCs) to base their global IT departments in Singapore.

IT workers can comprise up to 30 per cent of the entire staff of a large MNC investment banking company, translating to jobs numbering in the thousands, said Robert Walters associate director Roger Olofsson.

The hot areas: project management, as well as security and business analysis, to name a few.

Of these, project management and infocomm security rank as two of five areas that face the greatest shortage of skilled manpower, an IDA manpower survey last year showed.

A spokesman for IT company NCS said there is 'especially high demand' in the industry because it 'requires personnel with IT skills or niche skill sets'.

'In addition, it is not easy to recruit candidates who understand the global market well,' she said.

To entice such workers, it is not enough to dangle a bigger pay cheque, noted a statement from Robert Walters.

'Employers are having to offer more attractive packages, move more swiftly and be more flexible and imaginative in order to secure the right candidates,' it said.

While candidates can now afford to compare salary offers, IT company IBM's country manager for human resources, Ms Tho Lye Sam, said people also made their choices based on a 'holistic' compensation package instead of just 'cold, hard cash'.

'They do find things like medical benefits and workplace flexibility important to them too,' she said.


Source: Mar 12, 2007
The Straits Times

လေအေးပေးစက်သုံးမှာလား ဒဏ်ငွေဆောင်မှာလား။

ဒီနေ့ သောကြာနေ့ (9/3/2007) ဖြစ်သည့် အလျှောက် ပျင်းပျင်းနဲ့ မြန်မာအစိုးရသတင်းစာကိုဖတ်မိပါတယ်။ အမှတ်မထင် ဆောင်းပါးရှင် ငါးမင်းဆွေဆိုသူ ရေးသား ထားတဲ့ -ကုန်းဈေးနှုန်းကျချင်သလား၊လျှပ်စစ်မီးမှန်ချင်သလား။- ဆောင်းပါးကိုဖတ်မိ ပါတယ်။ တော်တော်တော့ အပျင်းပြေသားဗျ။ ရီးစရာတွေ ချည်းပဲ။

ပထမတွင်တော့ နိုင်ငံတော်အစိုးရက ဘယ်လိုနိုင်ငံတော်အတွက်ဆောင်ရွက်နေတာ၊ သူဟာ နိုင်ငံတော်နှင့် ပတ်သက်သော်ငြားလည်း မည့်သို့မျှအခွင့်အရေးမယူကြောင်း၊ ထို့အတွက် အမျိုးသားရေး ဦးဝင်းနိုင် ကို RFA မှနေ၍ လူကြီးလူကောင်းပီပီပြန်လည်တောင်းပန် ဖို့အတွက်ရေးထားပါတယ်။

နောက်ပိုင်းတွင်တော့ အဓိက ခေါင်းစဉ်ဖြစ်တဲ့ ကုန်းဈေးနှုန်းကျဆင်းရေး နှင့် လျှပ်စစ်မီး ကိစ္စ ကိုပြောသွားပါတယ်။ အဲ့ဒီ အထည်မှာ မှ အရမ်းရီစရာ ကောင်းတဲ့ အကြောင်းလေးကို ပြောပြ ချင်ပါတယ်။

လျှပ်စစ်မလုံလောက်သော ယခုအချိန်တွင် လျှပ်စစ်ကို ခြိုးခြံ ချွေတာသုံးစွဲဖို့၊ လေအေးပေး စက်များ ဟာလျှပ်စစ်အမြောက်အပြား သုံးစွဲကြောင်း၊ အိမ်သုံး လေအေးပေးစက် သည် လျှပ် စစ်ဓာတ်အား ၀ပ် ၁၁၀၀ မှ ၀ပ် ၂၀၀၀ အထိသုံးစွဲရကြောင်း၊ အိမ်သုံး လေအေးပေးစက် တစ် လုံးသုံးစွဲခြင်းဟာ ၀ပ် ၄၀ အား လေးပေမီးချောင်း အချောင်းလေး ငါးဆယ်သုံးစွဲမှုနှင့် ညီမျှ ကြောင်း၊ ထို့ကြောင့် လူနေအိမ်များ နှင့် ရုံးခန်းများတွင် လေအေးပေးစက်သုံးစွဲမှု ကို ပိတ်ပင် လိုက် ပါက ရပ်ကွက် အိမ်ရာများ မီးပိုလင်းလာမည်ဖြစ်ကြောင်း၊ ၄င်းကိုတိုင်းလည်း ကြိုက်နှစ် သက်သူဖြစ်ကြောင်း၊ သို့သော် လူနေအိမ်များ မီးလင်းပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ် နိုင်ရန် ပို အရေးကြီးကြောင်း၊ ဒါကြောင့် လူနေအိမ်များ၊ ရုံးခန်းများတွင် တပ်ဆင် ထားသော လေအေးပေးစပ်များဖြုတ်သိမ်းသင့်ကြောင်း၊ သုံးစွဲပါက ထိရောက် ဟန့်တား လောက်သော ဒဏ်ငွေများ ချသင့်ပါကြောင်း၊ ထိုသို့ လုပ်ဆောင်လိုက်ပါက လူနေ အိမ်ရာ ရပ်ကွက်များ ယခုထက်ပို၍ မီးမှန်လာမည်ဖြစ်ကြောင်းရေးထားပါတယ်။

တော်တော်လေးကိုရီလိုက်ရတာ။ သြော် တော်ပါပေတဲ့ ငတုံးကြီး ငါးမင်းဆွေရယ်ဆိုပြီးတော့။

ဆေးပညာဆိုင်ရာအသစ်တွေ့ရှိချက်များ