ဘတ်စ်ကားခ မတိုးရန် မထသ ညွန်ကြား၊ မလိုက်နာသူများရှိနေ

ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်အစိုးရက ရန်ကုန်ရှိ ခရီးသည်တင် ဘတ်စ်ကားခ အချို့ကို ယခင်နှုန်းအတိုင်း ကောက်ခံရန် ညွှန်ကြားချက်ထုတ် သတ်မှတ်လိုက်သည်။

“ချထားတဲ့ ကားတွေက သီးသန့်တွေ၊ ချက်ပလက် ဗိုက်ပူတွေ၊ ကေအမ်ဟီးနိုးတွေ၊ ကားလတ် ဒိုင်နာတို့တွေပေါ့ ကျပ် ၅၀ က စပါတယ်။” ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးဌာန အရာရှိတဦးက မဇ္ဈိမ သို့ တယ်လီဖုန်းမှတဆင့် ပြောပြသည်။

သို့သော်လည်း ဘတ်စ်ကားများ တိကျစွာ လိုက်နာမှုမရှိဘဲ အနည်းဆုံး ၅၀ ကျပ် သတ်မှတ်ချက်ကို အနည်းဆုံး ၁၀၀ ကျပ် ကောက်ခံလျှက် ရှိသည်။

“ရန်ကုန်မြို့တွင်းက ၂၀၀ ပါ။” ဟု သူက ထပ်ပြောသည်။

လောင်စာဆီ ဈေးနှုန်းများ တက်သွားပြီးနောက် ဘတ်စ်ကားခများ တိုးမြှင့် ကောက်ခံ လာခဲ့ကြရာ ယခင်က ကျပ် ၂၀၀ ကောက်ခံသည့် လမ်းကို ကျပ် ၅၀၀ ကောက်ခံ ခဲ့ကြသည်။

Source: Mizzima

မာဒေးကားဖလားပြိုင်ပွဲ ချန်ပီယံ မြန်မာအသင်းနိုင်ပွဲဆက်

၃၉ ကြိမ်မြောက် မာဒေးကားဖလားဘောလုံးပြိုင်ပွဲကို ဩဂုတ် ၂၂ ရက်နေ့က ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ မြန်မာက အိမ်ရှင် မလေးရှားကို ၂-၁ ဂိုးဖြင့်ထပ်မံအနိုင်ရရှိသွားပြီး အကြှိုဗိုလ်လုပွဲသို့တက်ရောက်ရန် သေချာသွားပြီဖြစ်သည်။

မြန်မာနှင့် မလေးရှားတို့အုပ်စု ဒုတိယပွဲစဉ်တွင် မြန်မာအသင်းအတွက် ဂိုးများကို ပထမပိုင်း ၄၁ မိနစ်တွင် အောင်မျိုးသန့်နှင့် ဒုတိယပိုင်း ၆ မိနစ်တွင် ရန်ပိုင်တို့က တစ်ဂိုးစီသွင်းယူခဲ့ခြင်းဖြစ်သည်။

မလေးရှားတို့ နှစ်ဂိုးပြတ်ရှုံးနေရာမှ ချေပဂိုးရရေးအရှိန်မြှင့် တိုက်စစ်ဆင်ကစားလာရာ ၆၉ မိနစ်တွင်မို့ဒ်ဇာကွန်းအာဒါက ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့သည်။

ပထမပိုင်း မိနစ် ၄၀ တွင် မလေးရှားတိုက်စစ်မှူး မို့ဒ်ဆာဖီဆာလီက မြန်မာခံစစ်မှူး ဇော်လင်းထွန်း အားကြမ်းတမ်းစွာ လူချကစားသဖြင့် ထိုင်းကွင်းလယ်ဒိုင်လူကြီး ချိုင်ယာအလီမာဟာပက်က တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့ရာ မလေးရှားတို့ ၁၀ ယောက်ဖြင့်ကစားသွားရသည်။

မြန်မာအသင်းသည် အုပ်စု(က)တွင် လာအိုနှင့်ကစားရန် တစ်ပွဲကျန်သေးသော်လည်း၂ ပွဲနိုင် ၆ မှတ်ဖြင့် အကြိုဗိုလ်လုပွဲသို့တက်ရန် သေချာသွားပြီဖြစ်သည်။

မြန်မာအသင်းသည် ဩဂုတ် ၂၅ ရက်တွင် လာအိုနှင့် အုပ်စုနောက်ဆုံးပွဲစဉ်ကစားရမည်ဖြစ်သည်။

အုပ်စု (က) အခြားပွဲစဉ်တွင် လီဆိုသိုက လာအိုကို ၃-၁ ဂိုးဖြင့်အနိုင်ရသွားသည်။လီဆိုသိုက ပထမပိုင်းမှာပင် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

Source: Phatpa

အနာဂတ်စွမ်းအင်အတွက် အသုံးဝင်သည့် Paper battery

ပြောင်းလွယ်ညွတ်လွယ်သော ဘက်ထရီအချပ်လွှာများသည် လာမည့်မျိုးဆက်သစ်ကိရိယာများ၏ စွမ်းအင်လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း၊ သုတေသီများက တင်ပြခဲ့သည်။ ၎င်းသုတေသီတို့က စာပို့တံဆိပ်ခေါင်းတစ်ခုထက် အနည်းငယ်သာကြီးသော အလင်းရောင်တစ်ခုကို ပေးနိုင်သည့် ၂.၃ ဗို့ရှိ နမူနာပစ္စည်းတစ်ခု ထုတ်လုပ်ခဲ့သည်။

သို့သော်လည်း သုတေသီတို့ ရည်ရွယ်ချက်မှာ စက္ကူ ၅၀၀ ပါ အထုတ်အရွယ်အစားရှိ ဘက်ထရီထုတ်လုပ်နိုင်ရန်ဖြစ်ပြီး နောင်တွင်ကားဘက်ထရီအဖြစ် သုံးနိုင်ရန်ဖြစ်သည်။

သမားရိုးကျဘက်ထရီကဲ့သို့ စွမ်းအင်သိုလှောင်ထားနိုင်သော ဘက်စုံရစက္ကူဘက်ထရီ ထုတ်လုပ်မှုသုတေသီများက ၎င်းစက္ကူဘက်ထရီများသည် အဆင့်မြင့်စွမ်းအားများ အသုံးပြုမှုအတွက် စွမ်းအင်ရုတ်ချည်းပေါက်ကွဲမှု ထုတ်ပေးနိုင်စွမ်းရှိသော လျပ်သိုတစ်ခုကဲ့သို့လည်း အသုံးပြုနိုင်မည်ဟုဆိုသည်။

သမားရိုးကျဘက်ထရီများတွင် သီးခြားအခန်းငယ်များ ပါဝင်သော်လည်း စက္ကူဘက်ထရီများသည် ဘက်ထရီအစိတ်အပိုင်းအားလုံးကို တစ်ခုတည်းသော တည်ဆောက်မှုပုံစံဖြင့် ပေါင်းစည်းထားသည်။ ပို၍စွမ်းအားပြည့်ဝစေသည်။

Source:phatpa

ဂုဏ်ယူမိသည် မြန်မာပြည်။

(ထွေရာလေးပါး။)
ဒီနေ့မန္တလေးမှ မိတ်ဆွေတစ်ဦးနှင့် အင်တာနက်တွင် တွေ့၍စကား ပြောဖြစ်ကြသည်။
စစချင်းပင် သူက ကျနော်တို့ရဲ့ ချစ်လှစွာသော အစိုးရက ပြည်သူများအတွက် ၈.၈.၈၈ ကိုဂုဏ်ပြုသော အားဖြင့် မြန်မာနိုင်ငံတွင် ဓာတ်ဆီဈေး ၂၅၀၀ကျပ် သို့တိုးမြှင့်သွားပြီ ဖြစ်ကြောင်းပြောပါသည်။ ဒါနဲ့ သူကမကြာခင် စင်ကာပူသို့လာ၍ ဟောပြောပွဲတက်ရန် လာ မည်ဟုဆိုရာ စိတ်ဝင်စားသဖြင့်မေးလိုက်ရာ အလုပ်မရှိအကိုင်မရှိ အကြွေးများဝိုင်းလည် ပတ်နေသော ပုဂ္ဂိုလ်၏ ၁၀ရက်အတွင်း သူဌေးဖြစ်နည်းဟောပြော ပွဲကိုလာတက်ခြင်းဖြစ်သည်။ အဲ့ဒီဟောပြောပွဲ လက်မှတ်ကို ခက်ခက်ခဲခဲ ၀ယ်ယူထားရကြောင်း သူကထပ်မံပင်ပြောလိုက်သေးသည်။

ပြီးတော့သူထပ်မံ ပြောသေးသည်မှာ မကြာခင်အတွင်း အသစ်ပြေးဆွဲတော့မည့် ပုဂံအဲယားလိုင်းမှ ပရိုမိုးရှင်းအကြောင်းပင်။ ဒါ့အပြင် ထိုအဲယားလိုင်းမှ ပြေးဆွဲမည့်လေယာဉ်များမှာ ထူးထူးဆန်းဆန်း ခရီးသည်တင် လေယာဉ်မဟုတ်။ စစ်တိုက်လေယာဉ်များ ဖြစ်သည်။ အကြောင်းမှာ ပုဂံအဲယားပိုင်ရှင်က ကျနော်တို့အစိုးရအတွက် နှစ်စဉ် ခရီးသည်စီး လေယာဉ်ဝယ်မပေးဖူးဘဲ စစ်တိုက်လေယာဉ်များသာ ၀ယ်ပေးနေကြဖြစ်ရာ အကျင့်ပါသွား၍ ဟုဆိုသည်။ မဆိုးပါဘူး အတွေ့အကြုံ အသစ်တော့ရမှာ သေချာသည်။

ဒီလိုနဲ့ သူနဲ့စကားမပြောဖြစ်တာကြာပြီ ဖြစ်တဲ့အကြောင်းပြောရာ သူက ရန်ကုန်၌ ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင်ဆက်သွယ်ရေး ဆိုင်ရာဟောပြောပွဲ ကျင်းပနေလို့ ဖြစ်ကြောင်းပြောသည်။ ကျနော် ဒီကိစ္စအတွက် တော်တ်ာကို ဂုဏ်ယူမိပါသွားသည်။ တော်တော် အဆင့်မြင့်နေပြီ။ သူကဟုတ်တယ် တော်တော် အဆင့်မြင်နေပြီ ဖြစ်ကြောင်းနှင့် နိုင်ငံတော်ရှိ အခါကြီး ရက်ကြီးများတွင် အင်တာနက် ကွန်နက်ရှင်များ အလိုလို နှေးကွေးသွားအောင် စွမ်းဆောင်နိုင်သော တစ်နိုင်ငံတည်းသောနိုင်ငံဖြစ်ကြောင်း၊ ပြည်ပမှ ဖုန်းများခေါ်ဆိုလျှင်လည်း အီးမေးလ်၊ ဖက်(စ်) များ ပြောလိုမရဟု ကမ္ဘာပေါ်ရှိ နိုင်ငံများကို ဤကဲ့သို့ တိုးတက်လာသော နည်းပညာများ မျှဝေခြင်းဖြစ် ကြောင်းပြောကြားပါသည်။

A Personalized Birthday Story

It's from http://www.bethanyroberts.com/BirthdayStory.htm

Once upon a birthday, there was a young boy named Mr. Programmer. Mr. Programmer was 29 years old and lived in Singapore, . Mr. Programmer was walking home from Work, thinking about birthday cake and presents. Suddenly a giant Cheeky jumped out from behind a and pounced on Mr. Programmer! But as he was about to scream for help, Mr. Programmer realized the Cheeky was only licking his face. In fact, the furry kisses tickled! Mr. Programmer giggled and decided to keep the giant Cheeky as a pet. And on the way home he decided to name his new pet ''Micky.''

When Mr. Programmer and Micky finally got home, his Mom, Mom, was standing on the front porch. And was she surprised to see a Cheeky following Mr. Programmer home! ''What in world is that?'' cried Mr. Programmer's Mom. ''It's a giant Cheeky ,'' answered Mr. Programmer. ''I can see that, Mr. Programmer, but what in the world is it doing here?'' ''It's my birthday. Can it be my new pet?'' answered Mr. Programmer. ''Oh, dear,'' said Mr. Programmer's Mom. ''I wouldn't get your hopes up. You know your father doesn't like Cheeky s. But, it is kind of cute. And it is your birthday. I suppose you can keep it while I finish frosting your birthday cake.'' And with that, Mr. Programmer hugged Micky and led his new pet into the house--even though he knew his father would probably not let it stay.

Once in the house, Mr. Programmer and Micky played Age Of Empire, until Mr. Programmer's favorite television show, '','' started. Then Mr. Programmer forgot all about watching Micky. But half way through , Mr. Programmer heard his father, Dad, shout, '' Mr. Programmer ! Get in the ...NOW!!'' Mr. Programmer rushed into the , where his Dad was pointing toward the . ''Look what your new pet did!'' he said. Mr. Programmer looked. There were balloons and streamers, hanging from the ceiling. Mom and Dad were wearing party hats. But right in the middle of the , were the messy remains of the birthday cake! ''I'll clean it up, Dad,'' said Mr. Programmer. ''I'm sorry, Mr. Programmer, said his Dad, ''but a giant Cheeky is not a good pet. You'd better find it a new home.''

So Mr. Programmer looked to see where Micky was hiding. Soon Mr. Programmer found Micky crouched beneath the table where Mr. Programmer did his Music. ''Come on, Micky, you have to go. And hey, don't look at me that way, I'm not the one who ate the cake and made a mess!'' said Mr. Programmer. And Mr. Programmer started to lead Micky out of the house and down to the local Cold Storage. Mr. Programmer knew the store owner would find Micky a good home. So after hugging Micky and saying good-bye, he thanked the owner of Cold Storage, and walked backed home. Mr. Programmer didn't notice the Cheeky was following! Back home, Mr. Programmer sadly slurped six Milk shakes. But Mr. Programmer's father reminded him about the mess he still had to clean up. Halfway through the clean-up, Mr. Programmer suddenly noticed Micky in the doorway. ''Micky! You're back!'' he shouted. Micky hopped up and down and gave everyone furry, tickling, BIG kisses. Even Mr. Programmer's father giggled. ''I guess that Cheeky can stay,'' said Mr. Programmer's Dad. Micky was a birthday pet after all! Mr. Programmer's Mom baked another Chocolate cake, and they all celebrated. What a happy birthday it was! The End.

စည်းကမ်းပျက်တဲ့ ရဲတွေ ကာတွန်းလက်ပတ် ပတ်ရမည်။

စည်းကမ်းဖေါက်ဖျက်တဲ့ ထိုင်းရဲတပ်ဖွဲ့တွေကို ဂျပန်ရုပ်ပြောင်ဇာတ်လမ်းဖြစ်တဲ့ Hello Ketty ရုပ်ပုံပါ လက်ပတ်ဝတ်ဆင်ခိုင်းပြီး အပြစ်ပေးမယ်လို့ ထိုင်းရဲအရာရှိကြီးတစ်ဦးက ပြောခဲ့ပါတယ်။
စည်းကမ်းမဲ့အမှိုက်ပစ်တာ တားမြစ်ထားတဲ့နေရာမှာ ကားရပ်တာ သို့မဟုတ် အလုပ်ခွင် နောက်ကျမှရောက်လာတာတွေ စသဖြင့် မလျော်ကန်တဲ့ အပြုအမူတွေနဲ့ တွေ့ရှိရသူရဲတွေကို ထိုင်းရဲရုံးကြီးက တစ်နေကုန် Hello Ketty လက်ပတ်ပတ်ခိုင်းထားပြီး နေရမယ်လို့ ရဲမှူးကြီးပုန်ပတ်ချာရာဖန်က ပြောပါတယ်။
အသဲနှလုံးပုံပေါ်ထိုင်နေတဲ့ Hell Ketty ပုံဟာ မိန်းကလေးငယ်လေးတွေ စွဲမက်ကြတဲ့ပုံဖြစ်ပါတယ်။ ဒီလိုကလေးဆန်တဲ့ပုံမျိုးကို ရဲတွေလက်မောင်းမှာ ပတ်မထားလိုကြပါဘူး။
အခုလို အပြစ်ပေးခြင်းဟာ ရဲတွေအနေနဲ့ အပြစ်ရှိတယ်ဆိုတာ သိပြီးရှက်အောင် စီစဉ်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါနဲ့စဉ်းစားမိတာ တစ်ခုကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ရဲတွေကိုလည်း ဒီလိုသာ အပြစ်ပေးမယ်ဆိုရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲကြီး က လက်ပတ်တွေကို ရဲတိုင်းဝယ်ပေးရမလို ဖြစ်နေတဲ့အတွက် ဒေ၀ါလီခံသွားနိုင်တယ်လို့စဉ်းစားမိပါတယ်။

ရေချိုးခန်းအဆိုတော် အလိုရှိ

အိန္ဒိယရုပ်မြင်သံကြား လိုင်းတစ်လိုင်းက အဆိုတော်ကောင်းများကို ရှာဖွေနေ ပါတယ်။ သီချင်းဆိုရမယ့် နေရာကတော့ လက်တွေ့သဘာဝ ရုပ်မြင်သံကြားလိုင်းတွေ မျက်စိမှောက်နေတဲ့ ရေချိုးခန်းနေရာမှာပဲဖြစ်တယ်။ "ရေချိုးခန်းအဆိုတော်" အမည်ရှိတဲ့ သီချင်းဆိုပြိုင်ပွဲကို Filmy ဖျော်ဖြေရေးလိုင်းက ထုတ်လွှင့်ပြသမှာ ဖြစ်ပြီး လေ့ကျင့်ထားခြင်းမရှိတဲ့ အဆိုတော်တွေထဲက ရေချိုးခန်းထဲမှာ သီချင်းဆိုပြီး ပရိသတ်ကိုပီတိဖြစ်အောင်လုပ်နိုင်တဲ့ အဆိုတော်ကို ရွေးမှာဖြစ်တယ်။ပြိုင်ပွဲဝင်များဟာ အသက် ၁၈ နှစ်နဲ့ အထက်ရှိရမှာဖြစ်ပြီး ကျောက်ပြားကပ် နံရံ၊ ရေပန်းနဲ့ဘုံဘိုင်ခေါင်းများမှအစ ရေချိုးခန်းနဲ့ ချွတ်စွပ်တူအောင် စီမံပြုလုပ် ထားတဲ့ စတူဒီယိုခန်းထဲမှာ သီချင်းဆိုရမှာဖြစ်တယ်။ တကယ်ရေချိုးတဲ့အခါမျိုးလို မဟုတ်ဘဲ အ၀တ်အစားဝတ်ဆင်လျက် သီချင်းဆိုရမှာဖြစ်တယ်။

Source : MMTimes

လူတွေဘာကြောင့် လိင်ဆက်ဆံကြသလဲ

လူတွေဘာကြောင့် လိင်ဆက်ဆံကြသလဲဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းရင်း ၂၃၇ ချက်ကို စာရင်းပြုစုထားပါတယ်။ လူငယ်အမျိုးသားနဲ့ အမျိုးသမီးတွေ ရင်းနှီးကြရာမှာ တူညီတဲ့ စိတ်ဓါတ်လှုံ့ဆော်မှုကြောင့် ဖြစ်တယ်ဆိုတာ သုတေသီတွေက တင်ပြခဲ့ကြပါတယ်။ ဒီကိစ္စမှာ နှလုံးသားချစ်ခြင်းမေတ္တာဆိုတာထက် တဏှာရာဂကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ကောလိပ်ကျောင်းသားအရွယ် ယောက်ျားမိန်းမတွေကတော့ လိင်ကိစ္စနဲ့ ပတ်သက်လို့ အကြောင်းပြချက်တွေကို လက်ခံခဲ့ကြပါတယ်။ ဒါတွေကတော့ ပုဂ္ဂိုလ်ရေးဆွဲဆောင်မှုကြောင့်၊ ဒါမှမဟုတ် ကိုယ်ခန္ဓာချင်းနှီးနှောရတဲ့ အတွေ့အကြုံသာယာလို့၊ အရသာတွေ့လို့ဖြစ်တယ် ဆိုတာတွေပါဘဲ။

ဒီအချက်နဲ့ ပတ်သက်ပြီး ဩဂုတ်လထုတ် Archives of Sexual Behavior မှာ ဖေါ်ပြထားပါတယ်။ ထိပ်တန်းအကြောင်းပြချက် ၂၅ ချက်က အချက် ၂၀ မှာတော့ ယောက်ျားရော မိန်းမတွေပါ သဘောထားညီခဲ့ပါတယ်။

တက္ကဆက်တက္ကသိုလ် သုတေသီတွေက ငါးနှစ်တာ အချိန်ယူပြီး သူတို့စရိတ်နဲ့ သူတို့ လိင်ကိစ္စနောက်ကွယ်မှာ ဘာတွေရှိတယ်။ လိင်ကိစ္စအတွက် အချိန်တွေ ဘယ်လိုသုံးနေတယ်ဆိုတာကို လေ့လာခဲ့ကြပါတယ်။

အခုလို လေ့လာချက်အရ ယောက်ျားတွေက ရုပ်ဝတ္ထုအရသာခံချင်ပြီး မိန်းမတွေက ချစ်မေတ္တာကြောင့်ဖြစ်တယ် ဆိုတဲ့အယူအဆကို ပယ်ဖျက်လိုက်တဲ့ သဘောတွေ့ရပါတယ်လို့ လေ့လာရေးပြုလုပ်ခဲ့တဲ့ တက္ကဆက်တက္ကသိုလ် စိတ္တဗေဒပါမောက္ခ ၀ီဒီမက်စ်တန်က ပြောပါတယ်။

ပါမောက္ခမက်စ်တန်နဲ့ အဖွဲ့ဟာ အသက် ၁၇ နှစ်ကနေ ၅၂ နှစ်အရွယ်ထိ ယောကျာ်းမိန်းမ ၄၄၄ ယောက်ကို မေးခွန်းများမေးပြီး လိင်ဘာကြောင့် ဆက်ဆံရတယ်ဆိုတဲ့ အကြောင်းရင်း ၂၃၇ ချက်ကို ပြုစုခဲ့ကြပါတယ်။ အခုလို စာရင်းဇယားတွေရပြီးတဲ့နောက် ကောလိပ်ကျောင်းသူကျောင်းသား ၁၅၄၉ ဦးကို ဒီအကြောင်းရင်းတွေထဲကနေ သူတို့အတွေ့အကြုံနဲ့ ယှဉ်ပြီးရွေးထုတ်နိုင်ခဲ့ပါတယ်။

အမျိုးသားတွေဟာ လိင်ဆက်ဆံရတာနဲ့ ပတ်သက်လာရင် ပိုပြီးအခွင့်အရေး ယူတတ်ကြတာတွေ့ရသလို အမျိုးသမီးတွေအနေနဲ့ကတော့ သူတို့အပေါ်ကို စိတ်ကျေနပ်အောင် လုပ်ပေးဖို့ လိုအပ်တယ်လို့ ခံယူထားတာ တွေ့ရကြောင်း ပါမောက္ခမက်စ်တန်က ပြောပါတယ်။

Source:Phatpa