ဘယ်သူသေသေ ငတေမာရင် ပြီးရော။

မိမိနိုင်ငံအတွက် လျှပ်စစ်ကို လုံလောက်စွာ ဖြန့်ဖြူးရန် မစဉ်းစားပဲ မြန်မာနိုင်ငံရှိ ပညာရှိသုခမိန် တစ်စုက သူတို့ အတွက် လက်နက်ဝယ်ရန်၊ သူတို့ မိသားစု ကောင်းစားဖို့ အတွက် သူ့တစ်ပါးနိုင်ငံကို ဖြန့်ဖြူးရန် စဉ်းစားနေပုံမှာ နားမလည် နိုင်အောင် ဖြစ်ရ သော ကြောင့် ဖော်ပြလိုက်ရပါသည်။



Source:The Voice

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆောက်အအုံသစ် ဖွင့်လှစ်။




ရန်ကုန်လေဆိပ်ကို မေလ ၂၅ရက်နေ့က တရားဝင်ဖွင့် လှစ်လိုက်ရာ ပြည်ပရောက် မြန်မာများ အဖို့ ပြည်ပရှိ ၄င်းတို့၏ နိုင်ငံခြားသား ဧည့်သည်များ ကို ယခင်လို သိမ်ငယ်စရာ မလိုပဲ မြန်မာနိုင်ငံ သို့ ဖိတ်ခေါ်နိုင်ပြီး ဖြစ်ပါသည်။

အကြီးမားဆုံး ကြယ်ပေါက်ကွဲမှုကြီး ဖြစ်ပွား နေထက် အဆဘီလျံ ၅၀ ပို၍တောက်ပခဲ့။

အလွန်ကြီးမားသော ကြယ်တစ်လုံးပေါက်ကွဲရာမှ နေထက် အဆပေါင်းဘီလျံ ၅၀ ပိုတောက်ပ သော အရောင်များဖြင့် လင်းလက်နေသည်ကို နက္ခတ္တဗေဒပညာရှင်များ အံ့ဘနန်းမြင်တွေ့ခဲ့ကြသည်ဟု အမေရိကန် နာဆာအာကာသအဖွဲ့မှ မေလ ၇ ရက်နေ့က ကြေညာသည်။

``လေ့လာခဲ့ရသမျှ ကြယ်ပေါက်ကွဲမှု တွေထဲမှာ အခုပေါက်ကွဲမှုကတော့ အထွတ်အထိပ်ပါပဲ´´ ဟု ပြီးခဲ့သော ဆောင်းဦးပေါက်ရာသီက စတင်ပေါက်ကွဲ ခဲ့သည့်ဖြစ်ရပ်ကို စောင့်ကြည့်လေ့လာ ခဲ့ကြသော နာဆာအထောက်အပံ့ခံ အဖွဲ့များ၏ခေါင်းဆောင် အဲလက် ဖီးလစ်ပင်ကိုက ဆိုသည်။

ပေါက်ကွဲမှုမှ ပေါ်ထွက်လာသော အလင်းပမာဏနှင့် ကြာမြင့်ချိန်ကို တွေ့ရ၍ တအံ့တသြဖြစ်ကြရပါသည် ဟုလည်း ကယ်လီဖိုးနီးယားပြည်နယ် မောင့်ဟမ်မီလ်တန်တောင်ထိပ်ရှိ လစ် နက္ခတ်လေ့လာရေးစခန်းနှင့် ဟ၀ိုင်ယီ ပြည်နယ် မော်နာကီယာတောင်ထိပ်ရှိ ကက်နက္ခတ်လေ့လာရေးစခန်းများမှ အဖွဲ့ခေါင်းဆောင် ဖီးလစ်ပင်ကိုက ပြောသည်။

ဆူပါနိုဗာ SN 2006 အမည် တပ်ထားသော ယင်းပေါက်ကွဲမှုသည် ထုထည်အလွန်ကြီးမားသော ကြယ်ကြီး တစ်လုံးသက်တမ်းကုန်ဆုံး၍ ပေါက်ကွဲ ခြင်းဖြစ်နိုင်သည်ဟုလည်း နာဆာအဖွဲ့ ၏ ချန်ဒရာအိတ်စရေး နက္ခတ် လေ့လာ ရေးစခန်းမှ လေ့လာရေးလုပ်ငန်းများ ကြီးကြပ်မှုခေါင်းဆောင် ဘာကလေမြို့ ရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဒေ့ဗ်ပူလေက ဆိုသည်။

ဆူပါနိုဗာ SN 2006 ၏ အလွန် အမင်းတောက်ပသည့် အလင်းရောင်သည် ရက်ပေါင်း ၇၀ ကြာမြင့်ခဲ့သည်။
ဗဟိုချက်မှ နျူကလီးယားစွမ်းအင် ထုတ်လွှတ်မှု မရှိတော့သောကြောင့် ဗဟိုချက်ဆွဲငင်အားဖြင့် ပေါက်ကွဲပျက် စီးနေသော ဧရာမကြယ်ကို ဆူပါနိုဗာ ဟုခေါ်သည်။သို့သော် ရေဒီယိုသတ္တိကြွ ဂမ်မာရောင်ခြည်များကြောင့် အမှုန်များ ပြောင်းလဲသွားရာမှ စွမ်းအင်လျော့ပါး သွားခြင်းဖြင့်လည်း ဆူပါနိုဗာပေါက်ကွဲ မှုမျိုးဖြစ်နိုင်သည်ဟု နက္ခတ္တဝေဒပညာ ရှင်တို့က ဆိုသည်။

ဆူပါနိုဗာအဖြစ် ပေါက်ကွဲတော့ မည့်ကြယ်တစ်လုံး၏ အနည်းဆုံးထုထည် ပမာဏသည် နေထက်ရှစ်ဆပိုကြီးရ မည်ဖြစ်သည်။ နောက်ဆုံးတွေ့ခဲ့သည့ှ် ဆူပါနိုဗာမှာ နေထက် အဆ ၁၅၀ ပိုကြီးနေသည်။

Source: MMTimes

Myanmar extends Aung San Suu Kyi's detention: police


Military-run Myanmar on Friday extended the detention of democracy leader Aung San Suu Kyi, police sources told AFP.

"We issued an order of further detention," a police source said.

The latest period of her detention began in May 2003 and was scheduled to expire this weekend.

Japan's Jiji press news agency reported the military had extended her house arrest for another 12 months, but the police source declined to confirm the new timeframe of her detention.

An Asian diplomat in Yangon said a police car was seen entering her house earlier in the day.

The 61-year-old Nobel peace laureate has spent most of the past 17 years under house arrest at her lakeside Yangon home and has little contact with the outside world, apart from her live-in maid and visits from her doctor.
Source: AFP/ms

ထူးစမ်းဖွယ်ရာ စင်ကာပူပင်လယ်ပြင်မှ သဘာဝရေပန်းကြီး။




ဒီနေ့ ၂၅ မေလ နေ့လည် ၂.၃၀နာရီ ခွဲခန့် တွင် စင်ကာပူ၏ အရှေ့ဘက်၌ ထူးစမ်းဖွယ်ရာ ရေပန်းကြီး တစ်ခုကိုမြင်တွေ့လိုက်ရသည်။ ၄င်းသည် လေဆင်နှာမောင်း ကဲ့သို့ ဖြစ်နေပုံပေါ်သည်။ ရေတွေ က ပတ်ပတ်လည်ဝိုင်းနေပြီး အပေါ်သို့ ပန်းထွက်နေသည်။

တွေ့ရာလေးပါး (၃)။

ရန်ကုန်မြို့ကြီး ကို မြို့တော်စည်ပင်သာယာ က သန့်ရှင်းရေးခွန်များ ယူသော်လည်း စင်ကာပူ၌ နအဖ မှဆေးရုံတက်သူ များပြားလာသဖြင့် သန့်ရှင်းရေး ၀န်ထမ်းများ အား လစာပေးရန် မလောက်ငှ မှုကြောင့် ရန်ကုန်မြို့အနီး တစ်ဝိုက်၌ရှိ သော ဆည်များ၊ မိုးအတုရွာစေသော နည်းများကိုအသုံးပြု ကာ ရန်ကုန်မြို့ကြီးကို ရေဆေးလိုက်ကြောင်း သိရှိရသည်။ ရေဆေးတာ လွန်သွား၍ မြို့နေလူအပေါင်း ရေးဘေးခ သွားလေသည်။ ဒီလိုနဲ့ မကြာခင်ကဖွင့်လှစ်လိုက် သော မြန်မာနိုင်ငံသားပိုင် လေကြောင်းလိုင်ပိုင် လေယာဉ်ပျံကြီးဖြင့် စင်ကာပူသို့ပြန်လာခဲ့သည်။ သို့သော်လမ်းခရီး တစ်ဝက်၌ လေယာဉ်ကြီး သဘာဝဓာတ်ငွေ့ ကုန်သွား၍ ဘန်ကောက် ကို ၀င်၍ ဓာတ်ငွေ့ဖြည့်ရပြန်သည်။ ထိုလေယာဉ်ကြီးနဲ့ အတူ စင်ကာပူတွင် ဆံပင်ညှပ်ခ ဈေးကြီး၍ ရန်ကုန်သို့ ကတုံးပြန်တုံးသော မြန်မာနိုင်ငံမှ ၀န်ကြီးချုပ် စင်ကာပူသို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံသား အများအပြား ၀မ်းသာလျှက်ရှိကြသည်။ အကြောင်းမှာ သံရုံးမှ အခွန်တော်ငွေကို အထူးနှုန်းဖြင့်လက်ခံ မည်ဟု သတင်းကြား သောကြောင့်ပင်ဖြစ်ပေသည်။ သို့သော အခွန်နှစ်ထပ်မ ပေးဆောင်ရေး အသင်း၏ လှုပ်ရှားမှုများကို နိုင်ငံတော်အကြီးအကဲ က အမြင်ကပ်လာ သဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသား တိုင်း မြန်မာနိုင်ငံ နိုင်ငံခြားကုန်သွယ်မှု ဘဏ်၌ မဖြစ်မနေ စာရင်းဖွင့် ၍ မြန်မာပြည်သို့ ငွေပို့လိုလျှင် ထိုမှ ပိုရမည် ဟုအမိန့်အသစ်ချအပ်လေသည်။ သို့သော် စင်ကာပူရှိ မြန်မာများကလည်း အညံ့မခံ။
အခွန်မ ပေးဆောင်ရေး ဦးဆောင်သူအချင်းချင်း။ လူပျိုကြီးများ နှင့် အပျိုကြီးများ။ မယူခင်ကပင် ကလေးရနေသူများ (စင်ကာပူရှိ အများစုမှ မယူခင်ကတည်း က ကလေးရရန် အခြေရှိ)။ အချင်းချင်း အိမ်ထောင်ပြုရန် ကြံစည်ကြသည်။ ကြံစည်ရခြင်း အကြောင်းအရင်းမှာ စင်ကာပူ အစိုးရမှ မိသာစုရှိသူများ ကို နိုင်ငံသားရရန် အခွင့်အလမ်းပို၍ ပေးခြင်းကြောင့် ဟုဆိုကြသည်။ တစ်ချို့က ရန်ကုန်သို့ ချက်ချင်းပြန်ယူ ကြသည်။ တစ်ချို့ က Ready made ယူကြသည်။ Ready Made ဆိုသည်မှာ ယောက်ျားမရှိ ကလေးရှိသော စင်္ကာပူရမ်မ တစ်ချို့ကို ဆိုလိုခြင်း ဖြစ်သည်။ ထို့အပြင် လီရှမ်လွန်း က Baby Bonus များပေးမည်ဟု ဆိုပြန်သည်။ ထို့အတွက် ပို၍အားတက် သွားကြသည်။ အခုဆိုရင် KK Women & Children Hospital တွင် booking အပြည့်ဖြစ်နေကြောင်း သိလိုက်ရသည်။ ဘာပြောပြော မြန်မာလေး များတိုးပွားလာ မည် ကို တွေး၍ ပီတိဖြစ်ရသည်။

မိမိအမှားကို မိမိတာဝန်မယူုတတ်ခြင်း။

ကျွန်တော်ဒီနေ့ စနေနေ့ရုံးပိတ်ရက် နေ့လည်ပိုင်းတွင် ဈေးမှအပြန် စာတိုက်ပုံး ကိုဖွင့်၍ စာရှိမရှိ စစ်ခဲ့ရာ Courts Electronic Store မှ Credit Application Approved Letter/Card တစ်စောင်ကို ထူးဆန်းစွာရရှိခဲ့ပါသည်။ အကြောင်းမှာ ဤစာမှာ ကျွန်တော်မသိသော ကျွန်တော်အိမ်လိပ်စာ ပေးထားသောသူ ကို လိမ်မူထားသောကြောင့် ဖြစ်သည်။
ထိုသူမည်သူနည်း။ ဘာကြောင့် ကျွန်တော်အိမ်လိပ်စာကို ကျနော်မသိပဲ အသုံးပြုပါသနည်း အကယ်၍ ပြဿနာဖြစ်လာပါက မည်သူဖြေရှင်းပေးမည်နည်း။ (ပြဿနာဖြစ်ပါက ၄င်းလိပ်စာရှိ ပစ္စည်းများကို သိမ်းယူတတ်သည်ဟု ကြားဖူးသည။်) မေးခွန်းများစွာ မိမိကိုယ်ကို မေးမိသည်။ အဖြေကာပေါ်မလာ။ နောက်ဆုံးတွင်တော့ အတူနေ သူငယ်ချင်းကိုမေးမိသည်။ (အတူနေသူငယ်ချင်း ဆိုသော်လည်း အချိန်တိုင်းမှာ သူ့ချစ်သူကောင်မလေးနှင့်သာ အချိန်ကုန်လေ့ရှိပြီ တစ်ပတ်မှ တစ်ခါလောက်စကားပြောဖြစ်။) ဤနာမည်ဖြင့် သူငယ်ချင်းရှိမရှိကို။ ထိုအချိန်ကျမှ သူငယ်ချင်းက သူ့ရဲ့ သူငယ်ချင်းဖြစ်ကြောင်း၊ ၄င်း ကျွန်တော် လိပ်စာ ကိုအသုံးပြု၍ application apply ခြင်းကို သူပင်မသိကြောင်း ပြောပြပြီး သူ ထိုသူ့ထံဖုန်းဆက်၍ ပြောမည်ဟု ကျွန်တော်ကိုကတိပေးသည်။
မကြာပါဘူး ထိုသူ ကျွန်တော်ထံဖုန်းဆက်လာသည်။ မျှော်လင့်ထားသည်မှာ သူလုပ်မိသည့် အမှားအတွက် တောင်းပန်မည်ဟု ထင်ထားသော်လည်း သူ၏ အသံမှာ စိတ်ဆိုးနေသည့်ပုံပင် ပေါက်နေ၍ ကျွန်တော် ကပင် တောင်းပန်ရမည် ပုံပေါ်နေသည်။ ဘယ်စာရတာလဲ။ ဘာရေးထားလဲ။ ဘယ်တုံးကပို့တာလဲ။ စုံနေတာပဲ။ မေးခွန်းတွေမေးသည်။ ပြီးတော့ သူ မလုပ်ကြောင်း Courts မှ အလိုလိုပို့တာဖြစ်ကြောင်း ပြောသည်။ ဒီလိုနဲ့ ကျွန်တော် ခံနိုင်ရည် တွေကုန်ခမ်းလာကာ အိုကေ အကြောင်းမဟုတ်ဘူး။ အခု Courts ခေါ်ပြီး Verify လုပ်လိုက်မယ် ဆိုပြီးပြောလိုက်သည်။
Courts က မန်နေဂျာက ပြောပါသည်။ ထိုသူ၏ IC, Pay-slip များက Courts ကို အလိုလိုရောက်လာပြီး apply မလုပ်ဘူးတဲ့။ ပြီးတော့ ကျွန်တော်မကျေနပ်လျှင် ထိုသူကို လိပ်စာ အတုသုံးမှုနှင့် အရေးယူပေးမည် ဟုပြောပါသည်။ တော်တော်ကို ရှုပ်ကုန်ပြီ။
ဘာလုပ်ရမှန်းမသိ။ မြန်မာပြည်မှ လာသည့် လူအတူတူချင်း မလို့သာ ဒီလောက် သည်းငြီးခံမိသည်။ ဒါပေမယ့် သူ့လုပ်ရက်ကိုတော့ တော်တော် ရွံရှာသွားမိသည်။ မိမိပြုမိသော အမှားအတွက် တာဝန်မယူတတ်သော ထိုသူအတွက် နောက်တွင် ဒီထက်ပိုဆိုးသော ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရန် အမြန်ဆုံးရပ်တန်းကရပ်နိုင်ရန် ဤစာဖြင့် ဖော်ပြ လိုက်ရပါသည်။

ကြားမိရသည့် သတင်းတစ်ချို့။

လွန်ခဲ့သော တနင်္ဂနွေနေ့ကရန်ကုန်က အသိမိတ်ဆွေတစ်ယောက် စင်ကာပူသို့ သင်တန်းတက်ရန် ရောက်ရှိလာသည်။ ရောက်ရောက်ခြင်းပင် သူက သူနှင့်အတူလေယာဉ် တစ်စီးတည်းစီး ခရီးသွားမိတ်ဆွေ အကြောင်းပြောပြသည်။ ထိုမိတ်ဆွေက ကတုံးကြီးဖြင့် စင်္ကာပူသို့ တစ်ကျော့ပြန်ခရီး ပြန်လာခြင်းဖြစ်သည်။ သူ၏အမွှာညီအကိုတော် သူမှာလည်း သူနှင့် သွေးမတူသ၍ သူ့ကိုကူညီမရ။ သူ့အဖို့တော့ လောကဓံတရားများ ကိုကြံ့ကြံ့ခံနိုင်ရန်မလွယ်ကူ။ မိမိပြုသော ကံ မိမိခံရခြင်းဖြစ်မည်။

နောက်တစ်ခုကြားရသည်များမှာ ပြည်ပသို့ထွက်ခွာ၍ အလုပ်လုပ်မည့်သူများ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှု ဘဏ်တွင် စာရင်းဖွင့်ရမည်ဆိုခြင်းပင်။ နောင်တွင် တရားဝင်ငွေလွဲ ခြင်းများ ကာကွယ်ရန်ဖြစ်သည်ဟု ဆိုသည်။ အဓိကမှာတော့ သူတို့ နိုင်ငံခြားငွေလိုနေ၍ ဖြစ်ပြီး ပြည်ပရောက်မြန်မာများ ကို ထပ်မံသတ်လိုခြင်းဖြစ်သည်။ ပေးထားသည့် အခွန်ငွေ ၁၀% ကို မလောက်သေး။ ထပ်မံ လည်ပင်းညစ်ခြင်ပြန်သည်။ ဒါ့အပြင် ကြားဖူးကြမည် ထင်ပါသည်။ မှီခို နိုင်ငံကူးလက်မှတ်ကိုင်ဆောင် သူများ ၄င်းတို့၏ လက်မှတ်ကို စွန့်လွှတ်သည့် အခါ စင်ကာပူဒေါ်လာ ၂၁၆၀ ထပ်မံပေးရသည်။ မိမိအိမ်ထောင်ဖက် နိုင်ငံခြားသားဖြစ်က ထိုသူမြန်မာနိုင်ငံသို့ပြန်သည်ဖြစ်စေ၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလိုလျှင်ဖြစ်စေ စင်ကာပူ ဒေါ်လာ ၅၀၀ စရံပေးရမည်ဖြစ်သည်။

နောက်တစ်ခုမှာ မြန်မာနိုင်ငံအဖို့တော့ လေဆိပ်သစ်ကြီးဖြစ်သော ရန်ကုန်လေဆိပ်ကို မေလ ၂၅ရက်နေ့တွင် စတင် အသုံးပြုတော့မည်ဖြစ်ကြောင်း နှင့် အသုံးမပြုခင်ကတည်းက ပင် မိုးရွာလျှင် မိုးများ စယိုနေပါကြောင်း သိရှိရပါသည်။
ထိုအပြင် ထိုလေဆိပ်အတွင်းရုံးခန်းများ ကိုပြင်ဆင်ဖွဲ့စည်းတည်ဆောက်လျှင်လည်း ၄င်းကန်ထရိုက်တာများကို ပင် အသုံးပြုရမည်ဆိုခြင်းပင်။ အကြောင်းမှာ ထိုလေဆိပ်၏ ရှောင်ရန် ဆောင်ရန်တို့ကို ၄င်းတို့ပင်သိသောကြောင့်ဟုဆိုသည်။

နောက်တစ်ခုမှာ Myanmar Blog လောကတွင် အငြင်းပွားမှုကြီးတစ်ခု ပေါ်ပေါက်နေ ကြောင်းသိရှိရသည်။ ၄င်းမှာ မြန်မာစာ စာလုံးပေါင်းသတ်ပုံ အကြောင်းဖြစ်သည်။ လွန်ခဲ့သော နှစ်များက ဖြစ်ပျက်ခဲ့သော ညီလင်းဆက်နှင့် မေဗလစ် ကဲ့သို့ပင်။ အခြား နိုင်ငံများရှိ blog community တွင်တော့ ဤသို့သတင်းများ မကြားဖူးပါ။ အုပ်စုဖွဲ့ခြင်းများကို လည်း မတွေ့ဖူးသေးပါ။ သို့သော် ကောင်းသောဖွဲ့စည်းခြင်း ဖြစ်ပါစေကြောင်း ဆုမွန် ကောင်းတောင်းလျှက်။

Myanmar PM gets medical treatment in Singapore

Myanmar Prime Minister General Soe Win flew back to Singapore for medical treatment on Sunday, 10 days after a brief return to his country, witnesses said.
Myanmar's military leader General Than Shwe and other senior army generals saw Soe Win off at the Yangon airport where he left on a commercial flight, they said.
Soe Win, 58, earlier spent more than two months in a Singapore hospital receiving treatment for illnesses that may include leukemia.
The Irrawaddy, a Thailand-based journal that covers Myanmar, reported in March that Soe Win may be suffering from leukemia.
The Myanmar government has not given any information on his illness. He has been missing from the state-controlled Myanmar media since February.
Soe Win was appointed prime minister in October 2004 after his predecessor and powerful military intelligence chief, Khin Nyunt, was purged in connection with alleged corruption scandals.
An official at the Myanmar embassy in Singapore said in March Soe Win was treated at the Singapore General Hospital but he was not critically ill.
The official declined to give details of his condition but said a team of doctors looked after him, including a couple of specialists who had flown in from Yangon.
The United States has accused Soe Win, Than Shwe's trusted deputy, of direct involvement in the May 2003 attack by pro-government youths on Myanmar's democracy icon, Aung San Suu Kyi, and her supporters. The attack, near Mandalay, led to her detention.
Myanmar leaders have turned to Singapore for medical treatments since Western nations imposed a visa ban on them a few years ago.
Than Shwe also went to the same Singapore hospital for treatment late last year.

ClickOne Publishing/Web Application debugging from Visual Studio on Windows Vista

If you haven't experienced Windows Vista yet, it is a very cool operating system, but there are a lot of lessons to learn in getting up to speed in working in the new environment.
The biggest thing to get used to if you haven't been running a non-admin account on your XP machine is that there are probably a hundred things or more that you get away with that you don't even know that the reason you get away with it is that you are an admin.
In Vista, even when logged in with an administrator account, you are still not allowed to do administrator things without a privilege elevation through a mechanism called User Access Control (UAC). UAC will seem like a living hell at first because all kinds of things will stop working for you. For example, if you are only getting to some files because you are an admin, and an app such as Quicken tries to run and access those files, you will just get whatever kind of error the app vendor decided to surface for a file I/O error. However, the best way to approach it is to treat it as a learning experience to figure out how to avoid running things as admin unless you really need to (i.e. give your user account permissions to the directories you really need, don't rely on Admin privilege to give you access).
Another example is when publishing with ClickOnce. When you publish from Visual Studio to an http address, VS uses Frontpage Server Extensions (FPE) to create the virtual directory and copy the files to it. First step on Windows Vista is that you need to have IIS 6 Compatibility enabled (it is not on by default, nor is IIS installed by default like XP). Once you do that, IIS 7 knows how to look like a Frontpage Server Extension endpoint. The other thing is that you can only access the web server through FPE if you are accessing as an admin from VS.
Even when logged in as an admin, VS will not be running with admin privilege by default. As a result, when you try to publish a ClickOnce app you will get an obscure error that says that FPE is not installed on the server. Specifically:
"Failed to connect to 'http://localhost/WindowsApplication3/' with the following error: Unable to create the Web 'http://localhost/WindowsApplication3/'. The Web server does not appear to have the FrontPage server extensions installed."
The solution is quite simple: you need to run VS as an admin. To do this, you can right click on the shortcut to VS from the start menu and select Run as Administrator.
If you want to always run VS as admin, do the following:


• Go to devenv.exe in the C:\Program Files\Microsoft Visual Studio 8\Common7\IDE directory.
• Right click and go to properties.
• Select the Compatibility tab.

• Check the box at the bottom that says Run this program as an administrator (see below).

The new security protections of UAC are there for a reason. You could just turn it off and you wouldn't have problems like this in the first place. I'd encourage you not to do that. Use it as a tool to teach you how to get your work done without admin privilege to the extent possible. So in this case I prefer to only run VS as an admin when I need to by doing the right click - Run as Administrator option instead of always enabling it, but you will have to make these productivity vs security decisions for yourself.

တင်ဇာမော် ထပ်မံအိမ်ထောင်ပြုလိုက်ခြင်း။

မြန်မာအနုပညာ လောက၏ ထုံးစံအတိုင်း အဆိုတော် တင်ဇာမော် တစ်ယောက် အင်္ဂလန်မှ အပြန် အင်္ဂလန်တွင် အလုပ်လုပ်ကိုင်နေသော မိုက်ကယ်အောင် ခေါ် ကိုကျော်စိုးအောင် နှင့် မေလ ၅ရက်နေ့ က လက်ထပ်လိုက်ကြောင်း မြန်မာဂျာနယ်တစ်ချို့ တွင်ဖော်ပြထား သည် ကိုတွေ့လိုက်ရသည်။
ထပ်မံအိမ်ထောင် ပြုဦးမည့် အနုပညာရှင်တစ်ဦးမှာ မျိုးသန္တာထွန်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။

ရန်ကုန်မြို့ ရေကြီးမှုသတင်းနှင့် ဓာတ်ပုံများ။

ရန်ကုန်မှာ နေပူတုန်းကလည်း ချွေးတုတ်တုတ်ရွှဲအောင် နေစရာမရှိ ပူခဲ့ပြီး ကဆုန်လပြည့်နေ့မှာ မိုးအေးလေးတွေလာလို့ ကြည်နူးမယ်ကြံကာရှိသေး မေလ ၄ ရက်နေ့၊ မနက်ကတည်းကနေ တစ်နေ့လုံး၊ တစ်ညလုံး မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းမှုကြောင့် ရေတွေအတော်လွှမ်းမိုးခဲ့ပါတယ်။ အချို့ရပ်ကွက်တွေမှာဆို အချိန်မီလွတ်အောင်မပြောင်းနိုင်ကြပါဘူး။ ဣစ္ဆိတံလမ်းတစ်လျှောက် ပါရမီဘက်မှာဆိုရင် ည ၂ နာရီကတည်းက ခါးလောက်ရေတက်လာလို့ မနက်ပိုင်းမှာ တချို့ကအရေးကြီးပစ္စည်းတွေ ရွှေ့ပြောင်းနေခဲ့ကြတယ်။ ဗဟန်းဇီဝိတဒါနသံဃာ့ဆေးရုံရှေ့မှာလည်း လမ်းတစ်ခြမ်းကိုပိတ်ပြီး မြောင်းရှင်း နေရတယ်။ သုဝဏ္ဏအားကစားရုံရှေ့မှာလည်း ကားတွေဖြတ်ဖို့မလွယ်လို့ ခုံးတံတားပေါ်ကနေလှည့်ပြန်ကြရသလို သုဝဏ္ဏခုံးတံတားအောက်မှာလည်း ရေစီးကောင်းအောင်ဝိုင်းပြီး အမှိုက်ဖယ်နေသူတွေ အများအပြား တွေ့ရပါတယ်။ မြေနီကုန်းဒဂုံစင်တာက ကားပါကင်လို မြေအောက်ခန်းတွေမှာလဲ ရေတွေအပြည့်ဖြစ်ကုန်တာကြောင့် အတော်လေးအလုပ်ရှုပ်ကုန်ကြတယ်လို့သိရပါတယ်။
ကန်တော်ကလေး မြန်မာ့ဂုဏ်ရည်လမ်းတစ်လျှောက်နဲ့ အဲဒီလမ်းနဲ့ဆက်နေတဲ့ လမ်းတွေက အောက်ထပ်အိမ်တွေမှာလဲ ရေတွေအများကြီး ၀င်လာပြီး၊ တိုက်တွေရဲ့ အောက်ဆုံးထပ်တွေမှာ ထားလေ့ရှိတဲ့ ရေစက်မော်တာတွေအကုန် ရေတွေဝင်ကုန်လို့ ဖွင့်ပြီး ရေခြောက်အောင်လုပ်နေကြရပြန်ပါတယ်။ မြေညီထပ်အခန်းတွေဆိုတာ ဆိုင်ခန်းတွေသာများကြတာကြောင့် အတော်လေးအလုပ်ရှုပ်ကြရပါတယ်။ ရွှေပန်းထိမ်ဆိုင်တစ်ချို့ဆိုရင်လဲ အမြတ်တနိုးစုထားကြရတဲ့ ရွှေမှိုက်တွေ ရေထဲပါသွားကုန်ကြတယ်လို့သိရပါတယ်။ ဆန် ဆီ ဆားလိုပစ္စည်းတွေရောင်းတဲ့ဆိုင်တွေလဲ အတော်ဆုံးရှုံးကြရ တယ်လို့သိရပါတယ်။

မြို့ထဲပိုင်းခြောက်မြို့နယ်မှာတော့ ၅-၅-၂၀၀၇ မနက်ပိုင်းမှာပဲ ရေတွေပြန်ကျသွားပြီး၊ တစ်ချို့မြို့နယ်တွေမှာတော့ ရေတွေရှိနေသေးတယ်လို့သိရပါတယ်။ ဆုံးရှုံးမှုတန်ဖိုးနဲ့ လူအထိအခိုက်တွေကိုတော့ ၆-၅-၂၀၀၇ နေ့အထိ တိတိကျကျမသိရသေးပါဘူး။














Source: Popular

သမီးမိန်းကလေးမွေးဖွားရန် ဆေးလိပ်သောက်ရမလိုဖြစ်နေ။

ပဋိသန္ဓေဆောင်စဉ် မိဘများ ဆေးလိပ် သောက်ပါက ယောက်ျားလေးထက် မိန်းကလေးမွေးနိုင်ခြေ အလွန်များပြား မည်ဖြစ်ကြောင်း ကလေးအထူးကု ဆရာဝန်များ၏ ကျယ်ပြန့်သည့်လေ့လာ မှုတစ်ခုကဆိုသည်။ ပဋိသန္ဓေနုစဉ် မိဘနှစ်ဦးစလုံး ဆေးလိပ်သောက်သူ ဖြစ်လျှင် ယောက်ျားလေးမွေးနိုင်ခြေ ထက်ဝက်နီးပါး လျော့နည်းသွားနိုင်ပြီး ဆေးလိပ်သောက်ခြင်းကြောင့် ၀မ်းထဲရှိ သန္ဓေသားများသေဆုံးနိုင်သော အထောက် အထားများကိုလည်း တွေ့ရှိ ခဲ့ကြသည်။
ဆေးလိပ်သောက်ခြင်းသည် ယောက်ျားလေးရရှိနိုင်ရန် အခြေအနေ လျော့နည်းသွားစေသည်သာမက သားအိမ် အတွင်း၌ သန္ဓေသားလောင်း ခိုင်မြဲ အောင် မတွယ်ကပ်နိုင်ဘဲ ကိုယ်ဝန် ပျက်သည်အထိ ဖြစ်စေနိုင်သည်။
အနောက်နိုင်ငံများတွင် မွေးဖွားသည့် ကလေး ၅၂ ရာခိုင်နှုန်းနီးပါးသည် ယောက်ျားလေးများဖြစ်နေပြီး ဆေးလိပ် သောက်သူများကမွေးသော ကလေးများ သည် မိန်းကလေးအချိုးအစား သိသိ သာသာ များပြားနေသည်။
လီဗာပူးဆေးရုံတွင် ကိုယ်ဝန်ဆောင် ၉ç၀၀၀ အား လေ့လာချက်အရ ဆေးလိပ် သောက်သည့် မိဘများ၌ မိန်းကလေး မွေးဖွားမှုနှုန်းမှာ အံ့သြဖွယ်တိုးလာကြောင်း တွေ့ရသည်။
ကိုယ်ဝန် ဆောင်စဉ် ဆေးလိပ်သောက်ခဲ့သော မိခင်များသည် ဆေးလိပ်မသောက်သူများထက် သားယောက်ျားလေး မွေးနိုင်ခြေ သုံးပုံတစ်ပုံ လျော့နည်းသည်။
ဖခင်ပါဆေးလိပ်သောက်လျှင်၊ ထို့ပြင် မိခင်၏အခြားသော ကျန်းမာရေးနှင့် အသက်အရွယ်ဆိုင်ရာ အချက်အလက် များကိုပါ ထည့်တွက်လျှင် ယောက်ျား လေးမွေးနိုင်ခြေ ထက်ဝက်နီးပါးကျဆင်း သွားကြောင်း တွေ့ရသည်။
လီဗာပူးမြို့၊ အပူပိုင်းဆေးပညာသင် ကျောင်းတွင် ကိုယ်ဝန်ဆောင် ၉ç၀၀၀ အား အခြေပြု လေ့လာခဲ့သည့် ဆန်း စစ်ချက်ကြောင့် နိုင်ငံတကာသိပ္ပံ ပညာအသိုင်းအ၀ိုင်း၌ လူဦးရေ ချိန်ညှိမှု ကိစ္စကို ဆေးလိပ်သောက်ခြင်းနှင့် ဆက်စပ်စဉ်းစားလာကြသည်။
လီဗာပူးအမျိုးသမီးဆေးရုံတွင် ၁၉၉၈ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း မီးဖွား ခဲ့သော အမျိုးသမီးပေါင်း ၉ç၀၀၀ အား လေ့လာချက်၌ ဆေးလိပ်အလွန်အကျွံ သောက်သူများသည် မိန်းကလေးမွေး နိုင်ခြေအများဆုံးရှိကြောင်း တွေ့ရပြီး အခြားသူသောက်သည့် ဆေးလိပ်မီးခိုး ငွေ့နံ့ ရရုံမျှနှင့်ပင် သန္ဓေသားလောင်း၏ လိင်ကို အပြောင်းအလဲဖြစ်စေ နိုင်ကြောင်း တွေ့ရသည်။
ကိုယ်တိုင်ဆေးလိပ် မသောက်သော်လည်း စီးကရက်သောက် သည့် ခင်ပွန်းထံမှ ဆေးလိပ်ငွေ့များ ရှူရသော မိခင်များသည် သားယောက်ျား မွေးရန်အခြေအနေ ပိုနည်းသွားနိုင်သည်။
ပါမောက္ခဘားနာ့ဒ်ဘရာဘင် ဦးဆောင် သည့် သုတေသီများအဖွဲ့၏လေ့လာချက် အရ စီးကရက်တွင်ပါဝင်သော နီကိုတင်း ကဲ့သို့သောပစ္စည်းများက အဖိုခရိုမိုဆုမ်း ပါသော သုက်ပိုးများ မျိုးမအောင်ရန် ဖန်တီးပေးကြောင်း တွေ့ရသည်။
Source: MMTimes

မြန်မာနိုင်ငံမှ မြင်မြင်သမျှ ပါမောက္ခ အစီအစဉ်များ။

မြန်မာပြည်အထက်ပိုင်း အဆင့်မြင့် ပညာဦးစီးဌာနအောက်ရှိ မန္တလေး တက္ကသိုလ်တွင် ၂၀၀၇ ခုနှစ်မှစ၍ နိုင်ငံ့ ၀န်ထမ်းမဟုတ်သော်လည်း တက္ကသိုလ် တစ်ခုခုမှ သက်ဆိုင်ရာ ဘာသာရပ်၌ အနိမ့်ဆုံး မဟာသုတေသနဘွဲ့ရပြီးသူ တိုင်းသည် လူတွေ့စစ်ဆေးအောင်မြင် ပါက ပါရဂူဘွဲ့ကြိုသင်တန်း တက်ရောက်နိုင်ကြောင်း သိရှိရသည်။
ပါရဂူဘွဲ့ပေးမည့်ဘာသာရပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်၊ ပထ၀ီဝင်၊ သမိုင်း၊ ဒဿနိက၊စိတ်ပညာ၊အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ ဓာတု ဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒနှင့် ဘူမိဗေဒ စသည့် ဘာသာ ရပ်ပေါင်း ၁၄ မျိုးတို့ ဖြစ်ကြသည်။
အဆိုပါ အခွင့်အလမ်းများသည် ယခင်နှစ်များတွင်မူ ပညာရေးဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ် များမှ နည်းပြ၊ သရုပ်ပြများမှ မဟာသုတေသန ကျမ်းပြီးသူများ အတွက်သာ ဖြစ်ခဲ့ပြီး ၎င်းင်းတို့သည်ပင် နှုတ်ဖြေ ဖြေဆို ရကြောင်း၊ မဟာဘွဲ့ရသူများကမူ ရေးဖြေနှင့်နှုတ်ဖြေနှစ်မျိုးစလုံး ဖြေဆိုအောင်မြင်မှသာ တက်ရောက်ခွင့် ရကြောင်း သိရှိရသည်။
ယခုနှစ်တွင်မူ အခြားဝန်ကြီးဌာနမှ ၀န်ထမ်းများသည် နည်းပြ၊ သရုပ်ပြများ နည်းတူ လုပ်သက်နှစ်နှစ် အနည်းဆုံးရှိ ပြီး မဟာဘွဲ့ရရှိပြီးပါက ရေးဖြေနှင့် နှုတ်ဖြေ ဖြေဆိုအောင်မြင်လျှင် ထိုသင်တန်းကို တက်ရောက်နိုင်သည်။
အစိုးရ၀န်ထမ်းနှင့် ပြင်ပမှ မဟာ သုတေသနပြီးပါကနှုတ်ဖြေ အောင်မြင်လျှင် အဆိုပါသင်တန်းကို တက်ရောက် နိုင်ကြောင်း သိရှိရသည်။ ဤနှုတ်ဖြေ စာမေးပွဲအတွက် မေးခွန်းပုံစံများကို သက်ဆိုင်ရာ ဘာသာရပ်၏ ပါမောက္ခ ဌာနမ•းများထံစုံစမ်းနိုင်ကြောင်း ဖေဖော် ၀ါရီ ၂၄ ရက် နေ့ထုတ် မန္တလေးမြို့ ရတနာပုံနေ့စဉ်သတင်းစာပါ ပညာရေး ၀န်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်) မန္တလေး တက္က သိုလ် ပါရဂူသင်တန်းသားများခေါ်ယူ ခြင်း ကိစ္စအသိပေးစာတွင် ပါရှိသည်။
ဖြေဆိုမည့် မဟာဘွဲ့ရ၀န်ထမ်းများသည် သက်ဆိုင်ရာဘာသာများကို မေလ ၁၀ ရက်နေ့ မနက် ၉ နာရီ မှ မွန်းတည့် ၁၂ နာရီနှင့် အင်္ဂလိပ်ဘာသာရပ်ကို နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ ဖြေဆိုရ မည်ဖြစ်သည်။ နှုတ်ဖြေကို မေလ ၁၄ ရက်နေ့တွင် မဟာသုတေ သနဘွဲ့ရပြီးသူများ နည်းတူစစ်ဆေးမည် ဟု ဖော်ပြပါရှိသည်။

Source: MMTimes

ယခုတစ်ပတ်တွင်းဆိုင်ရာ မြန်မာဂျာနယ်များမှ သတင်းများ။


Reds crowned champions


United have been crowned Premiership champions for a record ninth time after closest rivals Chelsea failed to beat Arsenal at the Emirates Stadium on Sunday.

A first half penalty from Gilberto Silva gave Arsenal a 1-0 victory over Jose Mourinho's men who were reduced to ten men just before the break when Khalid Boulahrouz was sent off for a foul on Julio Baptista which led to the spot-kick.

Michael Essien levelled on 70 minutes but the Blues could find no way through after that in a hugely tense affair.

Twenty-four hours Chelsea had seen United secure a 1-0 win over local neighbours Manchester City on Saturday.

It's the ninth Premiership title the Reds have won under Sir Alex Ferguson and it's arguably their greatest ever triumph.

The Reds will be presented with the Championship trophy after their final game of the season against West Ham at Old Trafford on Sunday. Before that they face a mid-week trip to Stamford Bridge.

Victory in their next two games would give United a record Premiership points' total of 94 points.

Their best ever to date came at the end of the 1993/94 season when they finished on 92 points. They came within a point of that in 1999/2000 when they ended the campaign on 91.

Source:Manutd.com

တွေ့ရာလေးပါး (၂)။

ချန်ဂီ လေဆိပ်မှ ရန်ကုန်သို့ ပြန်သန်းရန် ဘိုးအင်း ၇၄၇ လေယာဉ်ကြီးသည် ချန်ဂီလေဆိပ်မှ စတင်ထွက်ခွာလာပါ တော့သည်။ လေယာဉ်ပေါ် ရှိခရီးသည်များထဲ မှ တစ်ယောက်ဖြစ်သော် ကျနော်သည် လေယာဉ်မယ်များက ခရီးသည်များကို ကျွေးရင်ပြင်ဆင်နေသော ကောက်ညှင်းပေါင်းနှင့် ငါးရံ့ခြောက် အနံ့ ကလေယာဉ်ပျံတစ်ခု လုံးအတွင်းပျံ့နှံ့မွှေးကြိုင် လျှက်ရှိပေသောကြောင့် စားချင်လွန်အားကြီးသော ကြောင့် သရေကျလျှက်ရှိသည်။ ဒီနေ့ လေယာဉ်ပေါ်တွင် ကောင်ညှင်းပေါင်းနှင့် ငါးရံ့ခြောက်၊ ထန်းရည်တို့ ဖြင့်တည်ခံဧည့်ခံပါသည်။ လေယာဉ်သည် မြန်မာအမျိုးသားပိုင် ကုမ္ပဏီမှ ပိုင်ဆိုင်သည် ဖြစ်သည့်အလျှောက် ပစ္စည်းတန်ပိုများ မချည့်မဆန့်သယ်ဆောင်လာပုံရသည်။ အများစုမှာ ဗိုလ်ချုပ်ကတော်များ မှာကြားလိုက်သည့် ပစ္စည်းများပင်။ စင်္ကာပူမှ နာမည်ကြီး ပါတိတ်မျိုးစုံ၊ မိတ်ကပ်မျိုးစုံနှင့် လျှပ်စစ်ပစ္စည်းများပင်။ ဒီကြားထဲ ထန်းလျှက်ပြားများကို ငွေစက္ကူပတ်ထား သော အထုပ်များကိုလည်းတွေ့ လိုက်ရသည်။ နိုင်ငံခြားအခေါ် ချောကလက်။ မကြာပါဘူး လေယာဉ်ပျံကြီးသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသို့ ခေတ္တရပ်နားရန် ဆိုက်ရောက်လာပါတော့သည်။ လေဆိပ်ရောက်သည်နှင့် ခရီးသည်များ လမ်းလျှောက်လျှင် ပင်ပန်းမည်ဆိုသဖြင့် နိုင်ငံတော် အကြီးအကဲ၏ စေတနာကြောင့် လက်တွန်းလှည်းလေးများဖြင့် လေယာဉ်ပေါ်သို့ တက်ရောက်ကြိုဆိုနေသည်ကိုတွေ့ရသည်။ ခရီးသည်များ ကိုလက်တွန်းလှည်းပေါ်တွင် ထိုင်စေပြီး လေဆိပ်အလုပ်သမားများက လိုရာကို လိုက်လံပို့ဆောင်ပေးသည်။ ထို့ကြောင့် ကျနော် လည်း မနေသာတော့ပဲ နိုင်ငံတော်အကြီးအကဲကြီး ကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းပေး လိုက်သည်။ မကြာပါဘူး လူဝင်မှုကြီးကြပ်ရေး ကောင်တာသို့ရောက်လာသည်။ ကျနော် နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်ပြီး ကျနော် ကို နေထိုင်ခွင့် ဗီဇာ ရက်၃၀ စာအုပ်ပေါ်တွင် ထုပေးလိုက်သည်။ ပြီးသည်နှင့် ကျနော်ထံ မှ တံဆိပ်ထုရာတွင် ကုန်သွားသော မင်အတွက် တန်ဖိုး ၁၀ ဒေါ်လာတောင်းယူလေသည်။ သြော် ဒါလည်း နိုင်ငံတော်အကြီးအကဲ စေတနာပင်ဖြစ်မည်။ ပြီးတာ နှင့် အကောက်ခွန်ဌာနဖြတ်တော့ သတိထားမိသည်မှာ ကျနော် အိပ်ထဲမှ ပစ္စည်းများ လျော့နေခြင်းပင်။ အကြောင်းကိုစုံစမ်းကြည့်သော် ထိုလက်တွန်းလှည်းများဖြင့် ကြိုဆိုသည်မှာ သူတို့အလိုရာကို နှိုက်ယူရာတွင် အချိန်ပိုမိုရရှိရန် အတွက်ဖြစ်ကြောင်းသိရှိလိုက်ရသည်။ ဤသည်မှာ လည်း နိုင်ငံတော်အကြီးအကဲ စေတနာပင်ဖြစ်မည်။ လေဆိပ်မှထွက်လိုက်သည်နှင့် အသင့်စောင့်နေသော ဆိုက်ကားအများအပြား ကိုတွေ့လိုက်သည်။ ဘာကြောင့်ကားများမရှိပဲ ဆိုက်ကားများသာရှိနေသည်ကို သိလိုသဖြင့် မေးလိုက်ရာ ဤသည်မှာလည်း နိုင်ငံတော်အကြီးအကဲ၏ စေတနာပင်ဖြစ်ကြောင်း ထပ်မံသိလိုက်ရသည်။ အကြောင်းမှာ ဓာတ်ဆီများချွေတာပြီး တိုင်ပြည်ဝန်ထမ်းများအား လစာတိုးပေးရန် ဆိုသောကြောင့်ဖြစ်သည်။ သို့သော် နောက်ဆုံးသိ လိုက်ရသည့် သတင်းမှာ ၀န်ထမ်းများအား လစာ အနည်းငယ်သာတိုးပေးနိုင်ပြီး ဓာတ်ဆီများချွေတာ၍ စုဆောင်းထားသော ပိုက်ဆံငွေများမှာ စင်ကာပူ မှ မကြာခင်ကလာရောက်၍ ဆေးရုံ အကြွေးတောင်းသွားသော စင်ကာပှူနိုင်ငံခြားရေးဝန်ကြီးထံ အကြွေးဆပ်လိုက်ရသောကြောင့်ပင်။



အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သည်။