ရထားအိမ်သာထဲကျတဲ့ကလေးငယ် အသက်မသေ။

နယူးဒေလီ - အိန္ဒိယနိုင်ငံတွင် ရထား တစ်စီးပေါ် အိမ်သာထဲ၌ မွေးဖွားခဲ့ သော မိန်းကလေးငယ်တစ်ဦးသည် အိမ်သာပေါက်ထဲမှ ရထားလမ်းပေါ် ထွက်ကျသွားခဲ့သော်လည်း သေကံ မရောက်ခဲ့ကြောင်း ကြာသပတေးနေ့ ထုတ် တိုင်း(မ်)အော့ဖ်အင်ဒီးယား သတင်းစာတွင် ဖော်ပြသည်။

မိခင်သည် ကိုယ်ဝန် ခုနစ်လသာ ရှိ သေးပြီး အိမ်သာထဲတွင် မူးမေ့နေစဉ် အလေးချိန် သုံးပေါင်ရှိသော ကလေး ငယ်ကို မွေးကာ အိမ်သာပေါက်မှ ထွက်ကျသွားခြင်း ဖြစ်သည်။

မွေးကင်းစကလေးသည် ရထား သံလမ်းနှင့် ဇလီဖားတုံးများအကြား ကျောက်ခဲများပေါ် ကျရောက်သွားပြီး ရထား အမှုထမ်းများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကလေး၏အခြေအနေမှာ တည်ငြိမ် နေကြောင်း ဆရာဝန်များက ပြောသည်။

]]မတွေးဝံ့လောက်တဲ့ ဖြစ်ရပ်ဖြစ်ပြီး ၁၂ နာရီအတွင်းမှာပဲ သူအခြေအနေ ကောင်းလာတော့မှာပါ}}ဟု ကလေး အထူးကုဆရာဝန် ရက်ဂ်ျကူးမားက ၎င်းင်းသတင်းစာကို ပြောသည်။

အသက် ၃၃ နှစ်အရွယ် မိခင်က ကလေးကို အမည်မပေးရသေးပေ။ ၎င်းင်းအမျိုးသမီးသည် ရာဂျက်စ်သန် ပြည်နယ်ရှိ နေအိမ်မှ ဆွေမျိုးများနှင့် အတူ ဆေးစစ်ရန် အနောက်ပိုင်း အမီ ဒါဘတ်မြို့သို့ ထွက်လာခြင်း ဖြစ်သည်။

No comments: