ဟံသာဝတီ အိုင်အက်စ်ပီ နိုဝင်ဘာတွင် စတင်သုံးမည်။

တစ်နိုင်ငံလုံး၏ အင်တာနက်ဆက်သွယ် မှုများ ၀င်ထွက်ရာနေရာ အဖြစ် ဆောင်ရွက် သွားရန် ရည်မှန်းထားသည့် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းပိုင် ဟံသာဝတီ အိုင်အက်စ် ပီကို စက်များထပ်မံ အားဖြည့်တပ်ဆင် နေခြင်းကြောင့် နိုဝင်ဘာလကျမှသာ စတင်အသုံးပြုနိုင်မည် ဖြစ်ကြောင်း အဆိုပါလုပ်ငန်း သတင်းအချက် အလက်နှင့်နည်းပညာဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဟံသာဝတီ အိုင်အက်စ်ပီကို မူလက မြန်မာနိုင်ငံ၏အကြီးဆုံး အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ဆောင်ရွက်သွားရန်နှင့် မေလကုန်တွင် စတင်အသုံးပြုရန် ရည်ရွယ်ထားသော်လည်း ယခုအခါတွင် တစ်နိုင်ငံလုံး အတွက် အင်တာနက်ဆက်သွယ်မှုများ ၀င်ထွက်ရာနေရာအဖြစ် ပြောင်းလဲ အသုံးပြုသွားမည်ဖြစ်သည်။

“အရင်တုန်းက အိုင်အက်စ်ပီအဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားပေမယ့် အခု အြေငသညေူါအေနတပေ အဖြစ် ပြောင်းလဲ ဆောင်ရွက်သွားမှာဖြစ်လို့ လိုအပ်တဲ့ စက်တွေကို ထပ်မံတပ်ဆင်နေတဲ့အတွက် နိုဝင်ဘာလလောက်ကျမှ စတင်အသုံး ပြုနိုင်မှာပါ”ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုနှစ်မကုန်မီ ပုဂ္ဂလိကကုမ္ပဏီများကို ဒေသဆိုင်ရာအင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများအဖြစ် လုပ်ကိုင်ခွင့်ပြုသွား ရန်စီစဉ်ဆောင်ရွက်လျက်ရှိပြီး ထိုကဲ့သို့ လုပ်ကိုင်ခွင့်ချထားပေးပြီးပါက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံ ဆိုက်ဘာမြို့တော်ရှိ ရတနာပုံတယ်လီ ပို့မှ အဓိကအင်တာနက် ၀န်ဆောင်မှုပေးသူ အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပိုင် ဟံသာဝတီ အိုင်အက်စ်ပီသည် တစ်နိုင်ငံ လုံး၏ အင်တာနက်ဆက်သွယ်မှုများ ၀င်ထွက်ရာနေရာ အဖြစ်သာ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ထိုကဲ့သို့လုပ်ကိုင်သွားနိုင်ရန်အတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ဆောင်ရွက်လျက် ရှိသည့် အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းများ ကို မေလဆန်းမှစတင်ကာ ရတနာပုံ တယ်လီ ပို့သို့ စတင်လွှဲပြောင်းလျက်ရှိပြီး အောက်တို ဘာလတွင် အပြီးလွှဲပြောင်းသွားရန် ရည်မှန်းထားကြောင်း အဆိုပါတာဝန်ရှိသူက ပြော သည်။

အဆိုပါဟံသာဝတီ အိုင်အက်စ်ပီကို ကမာရွတ်မြို့နယ်၊ ဟံသာဝတီအ၀ိုင်းအနီးရှိ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းပိုင် အဆောက်အအုံ တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး နည်းပညာ ဆိုင်ရာပံ့ပိုးမှုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကုမ္ပဏီက ဆောင်ရွက်ကာ ဒေါ်လာ ၂ ဒသမ ၃ သန်း အကုန် အကျခံ တည်ဆောက်ထားခြင်း ဖြစ်သည်။

ဟံသာဝတီ အိုင်အက်စ်ပီသည် နိုင်ငံတကာမှ အင်တာနက် ဆက်ကြောင်းများနှင့် ပြည်တွင်းမှ အင်တာနက် ဆက်သွယ်မှု များကို ပေါင်းဆုံချိတ်ဆက်ပေးမည့်ဝန်ဆောင်မှုများကို လုပ်ကိုင်ပေးသွားမည်ဖြစ်သည်။

1 comment:

Anonymous said...

နောက်ဆုံးကျလဲ ခြံစည်းရိုး ပိုမြှင့်တာပဲ ဖြစ်မှာပါဗျာ :(