မြန်မာဝန်ကြီးချုပ်ပြောကြားသည့်အတိုင်း စင်ကာပူရှိ မြန်မာသံရုံးစောင့်ရှောက်ပုံ။


၂၂ ရက် နိုဝင်ဘာ ကြာသာပတေးနေ့ နေ့လည် ၁၁ နာရီ ၄၅ မိနစ် တွင် စင်ကာပူ လူဝင်မှုကြီးကြပ်ရေး၌ Appointment တစ်ခုရှိ၍ ထို Appointment အတွက်လိုအပ်သော မြန်မာသံရုံးမှ စာကို မြန်မာသံရုံမှ ၄င်းနေ့ မနက် ၉နာရီတွင် လာယူရန် ချိန်းဆိုခဲ့သည်။
ချိန်းဆိုသည့် အတိုင်းပင် ကျနော်သည် သံရုံးသို့ မနက် ၈.၅၀နာရီတွင် ရောက်ရှိခဲ့ရာ သံရုံး အ၀င်ဝ ၌ စောင့်ကြိုနေသော ကြော်ငြာ စာရွက် က ကျနော် အား ရက်ရက်စက်စက် ထိုးနှုက်လိုက်သည်။ အကြောင်း မှာ ကောင်စစ်တာဝန်များ ကို နေ့လည် ၃နာရီ မှ ၄နာရီ အထိသာ ဆောင်ရွက်မည်ဆိုခြင်းပင်။ ကြိုတင် အကြောင်းကြားခြင်းမရှိ။ သံရုံ ကိစ္စအတွက် ခွင့်ယူ၍ လာကြသော မြန်မာနိုင်ငံသား အများအပြား စိတ်ပျက်စွာ ဖြင့် စောင့်နေသည် ကိုလည်း တွေ့မြင်လိုက်ရသည်။ ဒီလို သူများနိုင်ငံမှာ အလုပ်လုပ်နေကြသူများ အဖို့ ခွင့်တစ်ရက်ရဖို့ ဆိုတာ အလွန်ခက်ကြောင်း သံရုံးမှ အန်တီကြီးများ အန်ကယ်ကြီးများ သိပုံမပေါ်။
ဒီလိုနဲ့ ကျနော် လည်း စင်ကာပူ လူဝင်မှုကြီးကြပ်ရေး ကို ဖုန်းဆက်ပြီး အချိန်ပြန်ပြောင်းပေးရန် တောင်းပန်လိုက်ရတော့သည်။ ဒီလိုနဲ့ အကြောင်းစုံကို စုံစမ်းကြည့်လိုက်တော့ ၀န်ကြီးချုပ် လာမည်ဆိုသော ကြောင့်ပင်။

ဒီလိုနဲ့ဒီနေ့ထုတ် မြန်မာသတင်းစာ ဖတ်လိုက်တော့ ၀န်ကြီးချုပ်က မြန်မာသံရုံး ၀န်ထမ်းများကို စင်ကာပူသို့ရောက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ အား ထိတွေစောင့်ရှောက်ဖို့မှာ ကြားခဲ့တယ် လို ဖတ်လိုက်ရသည်။ သြော်စောင့်ရှောက်လိုက်တာ. အဲ့ဒီနေ့က ညနေ ၃နာရီ ထိုးမှ ပဲ သံရုံးမှ စတင် ၍ မြန်မာနိုင်ငံသားများ အတွက် အလုပ်လုပ်ပါတော့သည်။ ကောင်တာ စဖွင့်လိုက်သည် နှင့် လူအုပ်က ၀ုန်းကနဲ ၀င်လာကြသည်။ အဲ့ဒီအထဲတွင် လူငယ် တစ်ယောက်မှ ကောင်တာမှာ အန်တီကြီးကိုပြောသံကြားလိုက်ရသည်။ သူသည် သံရုံးအဖွင့် ကိုစောင့်ရင်း orchard road မှာ ထမင်းသွားစားရာ Passport ပျောက်သွား ကြောင်းပြောပြီး အဲ့ဒီ အန်တီကြီး ဆီ Form တောင်းရာ၊ အန်တီကြီးက.. “မင်းမှာ ပိုက်ဆံပါလို့လား၊ ပိုက်ဆံပါမှ မင်းကို Passport ပျောက်ကြောင်း ပုံစံထုတ်ပေးလို့ရမှာ” ဟုအန်တီကြီးမှ မြန်မာနိုင်ငံသားများ အား စောင့်ရှောက်လိုက်ပုံကို မျှဝေခံစားလိုက်ရပါသည်။

No comments: