ဗုဒ္ဓဘာသာဝင်မဟုတ်သူများ အုပ်ချုပ်သော ဗုဒ္ဓဘာသာ ကျနော်တို့၏ နိုင်ငံ။


ယနေ့သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ရန်ကုန်မှ Hip-Hop အဆိုတော်များ အရိုက်ခံလိုက်ရခြင်း ဖြစ်သည်။ ဆက်ဖတ်ကြည့် သော်.. အဆိုတော်မှာ အင်္ကျီ ချွတ်၍ သီဆိုခြင်းကြောင်း ဖြစ်ကြောင်းသိလိုက် ရသည်။ အင်္ကျီ ချွတ်လိုက်ရာ ၄င်းအဆိုတော်၏ ကြောမှာ ဆေးမင်ကြောင်ထိုးထားခြင်းကြောင့် ဖြစ်ပြီး၊ အဆိုပါ ဆေးမင်ကြောင်ပုံ ကို ဘုန်းကြီး ပုံနှင့် တူတယ်ဆိုပြီး လူမိုက်လက်မှတ်ရရှိထားပြီး၊ ရှုးတိုက်ပေးတိုင်း ဟောင်တတ်သည့် စွမ်းအားရှင်များတက်လာကာ ၎င်းအား ဖမ်းဆီးအရေးယူရန် အော်ဟစ်ပြောဆိုကြရာမှ ပြဿနာများ စတင်ခဲ့ခြင်းဖြစ်သည်။

အမှန်မှာ အဆိုတော်သည် နိုင်ငံရေး စိတ်ဝင်စားတဲ့သူလည်း မဟုတ်ဘူး၊ သူက ဗုဒ္ဓဘာသာ
ဝင်လည်း မဟုတ်ဘူး။ ခရစ်ယာန် ကက်သလစ် ဘာသာရဲ့သင်္ကေတပုံကို ကြောမှာ ဆေးမင်ကြောင် ထိုးထားခြင်းဖြစ်ပြီး ၄င်း၏ ၀က်ဘ်ဆိုက်မှာကို အဲဒီပုံကို တင်ထားသည်။

အဆိုတော် ရသ နှင့် လူငယ်အဆိုတော်များက ဖြစ်ပွားခဲ့သည့် ပြဿနာကို ရဲစခန်းသို့ သွားရောက် တိုင်ကြားရာ ရဲကမရှင်းပေးသောကြောင့် ဂီတအစည်းအရုံးကို တိုင်တန်းထားကြောင်း ဖော်ပြထားသည်။ စဉ်းစာကြည့်လျှင် ဗုဒ္ဓဘာသာ နိုင်ငံဖြစ်သော ကျနော်တို့နိုင်ငံမှ အုပ်ချုပ်သူများ က ဘာလို့ ဗုဒ္ဓှဘာသာ နှင့် ပတ်သက်လျှင် ဤသို့ ဖိနှိပ်စော်ကားတာလည်း?။ အဖြေက လွယ်လွယ်လေးပင် ထွက်လာသည်။ သူတို့တွေ ဒိဠိ ဖြစ်သွားခြင်းဖြစ်သည်။

Ref: Irrawaddy

No comments: