MP3 ကိုကြာမြင့်စွာ သုံးစွဲခြင်းသည် နားမကြားခြင်း ဝေဒနာခံစားရနိုင်သလား?။


MP3 သီချင်းဖွင့်စက်ကို အသံအမြင့်ဆုံးထား၍ အချိန်ကြာမြင့်စွာ နားထောင်ပါက လုံးဝနားကန်းသွားသည် အထိ ဖြစ်စေနိုင်ကြောင်း သီချင်းချစ်သူများကို ဥရောပသမဂ္ဂက သတိပေးလိုက်သည်။ MP3 ကို အချိန်ကြာမြင့်စွာနားထောင် သောကြောင့် ဥရောပတိုက် တစ်ခုတည်း၌ပင် နားမကြားသူ ၂ ဒသမ ၅သန်းမှ ၁၀ သန်းအထိရောက်ရှိလာကြောင်း သိပ္ပံ ပညာရှင်များက သတိပေးပြောကြားလိုက်သည်။
၈၅ ဒက်စီဘယ်လ်ထက်မြင့်သောနှုန်းဖြင့် တစ်နေ့ အနည်းဆုံး တစ်နာရီ ငါးနှစ်ထပ်မနည်း နားထောင်ပါက နားလုံးဝကန်းသွားနိုင်သည်။ MP3 ကိုကြာမြင့်စွာသုံးစွဲလာပါက ကိုယ်တိုင်သတိမပြုလိုက်မိဘဲ အကြားအာရုံကိုပျက်စီးလာစေနိုင် သောကြောင့် လူအများ အထူးသဖြင့် ကလေးငယ်များနှင့် လူငယ်များ အသံလျှော့နားထောင်ကြရန် ဥရောပ သမဂ္ဂက တိုက်တွန်းထားသည်။
ပြင်သစ်တွင်လည်း Apple က IPod များကို ပြန်သိမ်း၍ အသံထွက်နှုန်း ၁၀၀ ဒက်စီဘယ်လ်ထက် မကျော်ရန် Software ဖြင့်ထိန်းချုပ်ပြီးမှ ပြန်လည်ရောင်းချခဲ့သည်။

Source; Reuter

No comments: