အမေရိကန်တွေ နက္ခတ်ဗေဒင်ကို ယုံကြည်ကြသည်

အမေရိကန်လူမျိုး အများစုသည် ထာဝရဘုရားကို ယုံကြည်ကြပြီး အတော်များများ အရေအတွက်ကလည်း အာကာသတွင်းမှ အမျိုးအမည်မသိ ယာဉ်ပျံများ၊ မာရ်နတ်နှင့် တစ္ဆေများ အမှန်တကယ်ရှိကြသည်ဟု ယူဆ ကြကြောင်း လူထုသဘောထား စစ်တမ်းတစ်ခုက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

အရွယ်ရောက်ပြီး အမေရိကန် ၈၂ ရာခိုင်နှုန်းသည် ထာဝရဘုရားသခင်ကို ယုံကြည်ကြပြီး ထို့ထက် အနည်းငယ်သာ လျော့နည်းသည့် ၇၉ ရာခိုင်နှုန်းက တန်ခိုးပြာဋိဟာများကို ယုံကြည်ကြကြောင်း ဟဲရစ်အွန်လိုင်းက ပြုလုပ်ခဲ့သည့် လေ့လာသုံးသပ်ချက်၌ ဖော်ပြ ထားသည်။

နိုဝင်ဘာလ ၇ ရက်နေ့နှင့် ၁၃ ရက် နေ့များအကြား အရွယ်ရောက်ပြီး အမေရိကန် ၂ç၄၅၅ ယောက်အား မေးမြန်း မှုပြုခဲ့ရာတွင် ၇၀ ရာခိုင်နှုန်းကျော်က ကောင်းကင်ဘုံနှင့် နတ်မိမယ် တို့ရှိသည်ကို ယုံကြည်ကြောင်း ဖြေကြား ပြီး ၁၀ ယောက်တွင် ခြောက်ယောက်ကျော်တို့က ငရဲနှင့် မာရ်နတ်ရှိကြောင်း ယုံကြည်ကြသည်ဟု ဆိုသည်။

ဒါဝင်၏ သီအိုရီဖြစ်သည့် ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်ကြသူ ၄၂ ရာခိုင် နှုန်းရှိပြီး လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ဟု ယုံကြည်ကြသည့် လူများမှာ ၃၉ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။

ဘာသာရေးယုံကြည်သူ အမေရိကန် ၇၀ ရာခိုင်နှုန်းအနက် ၂၁ ရာခိုင်နှုန်းက ၎င်းင်းတို့ အလွန်ဘာသာတရား ကိုင်းရှိုင်းသည်ဟု ပြောကြပြီး ၄၉ ရာခိုင်နှုန်းက အတော်အတန်ကိုင်းရှိုင်း သည်ဟု ဆိုကြသည်။

သဘောထားစစ်တမ်း ကောက်ခံရ သူများ၏ သုံးပုံတစ်ပုံတို့က အာကာသမှ အမျိုးအမည်မသိ ယာဉ်ပျံများ၊ စုန်း ကဝေများနှင့် နက္ခတ်ဗေဒင်တို့ကို ယုံကြည်ကြကြောင်း သိရသည်။

Source:MMTimes

No comments: