မြန်မာနိုင်ငံသားများအား အင်တာနက်မှတစ်ဆင့် အလုပ်ရှာရန် စင်ကာပူသံအမတ်ကြီး တိုက်တွန်း။

စင်ကာပူနိုင်ငံတွင် အလုပ်ရှာဖွေလိုကြသည့် မြန်မာတို့အနေဖြင့် ပွဲစားများကိုအားကိုးခြင်း၊ အလည်အပတ်ဗီဇာဖြင့် သွားရောက်၍ အလုပ်ရှာဖွေခြင်းတို့ ပြုသည်ထက် အင်တာနက်ကို ပိုမို အားကိုးရှာဖွေသင့်သည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူသံအမတ်ကြီး မစ္စတာ ရောဘတ်ချွားက အကြံပေးလိုက်သည်။

“လိုတဲ့အချက်တွေ အင်တာနက်မှာ အလွယ်တကူရနိုင်ပါတယ်။ စင်ကာပူ လူ့စွမ်းအားဝန်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက် မှာဆိုရင် စင်ကာပူမှာ အလုပ်နဲ့ပတ် သက်တဲ့သတင်းတွေတင်ထားပါတယ်” ဟု မစ္စတာချွားက ပြောကြားသည်။

မြန်မာနိုင်ငံသားများသည် အလုပ် ရှာဖွေရေး ပွဲစားများကို အားကိုး တတ်ကြရာ ယင်းသည် အာမခံချက်မရှိ ကြောင်း၊ စင်ကာပူကုမ္ပဏီများ၏ ၀က်ဘ်ဆိုက်များထဲ ၀င်ကြည့်၍ အလုပ်ရှင် လိုချင်သည့် အရည်အချင်းနှင့် အချက်အလက် များကို သိရှိအောင် ကြိုးပမ်း၍ တိုက်ရိုက်ဆက်သွယ်ခြင်းက အကောင်းဆုံး ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

“ဒါကြောင့် သူတို့ဆီကို တိုက်ရိုက် အီးမေးလ်ပို့ပါ။ တကယ်လို့ သူတို့က စိတ်ဝင်စားတယ်ဆိုရင် လူတွေ့ စစ်ဆေးဖို့ ကိုယ်စားလှယ်တစ်ဦးကို မြန်မာနိုင်ငံပဲဖြစ်ဖြစ်၊ တခြားနိုင်ငံကိုပဲ ဖြစ်ဖြစ် စေလွှတ်ပါလိမ့်မယ်” ဟု ၎င်းင်းက ပြောသည်။

ထို့ပြင် အေဂျင်စီများ၊ ပွဲစားများကို အားကိုးခြင်းသည် အမြော်အမြင် နည်းရာရောက်ကြောင်း၊ ၎င်းင်းတို့သည် ငွေ အမြောက်အမြားတောင်းပြီး အလုပ် မရသည့်အခါ စိတ်ပျက်စရာကောင်းကြောင်း သံအမတ်ကြီးက ပြောသည်။

စင်ကာပူ၊ ချန်ဂီလေဆိပ်တွင် မကြာမီ ခရီးသည်ဂိတ်အမှတ် (၃) ကို ဖွင့်လှစ် မည်ဖြစ်ရာ နိုင်ငံခြားသား အလုပ် သမား များခေါ်ယူလိုသည့် ကုမ္ပဏီအချို့ရှိကြောင်း၊ ယင်းကုမ္ပဏီများထံ တိုက်ရိုက်ဆက်သွယ်၍ ၎င်းင်းတို့ လိုအပ်ချက်နှင့် မိမိအရည်အချင်း ကိုက်ညီပါက တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း လည်း မစ္စတာချွားက ပြောသည်။

အလည်အပတ်ဗီဇာဖြင့် စင်ကာပူသို့ ဦးစွာလာပြီးမှ အလုပ်ရှာလျှင်မူ မိမိကို အပြည့်အ၀ အကူအညီပေးနိုင်မည့် သူငယ်ချင်း၊ သို့မဟုတ် ဆွေမျိုးရှိမှသာ ပိုမိုအဆင်ပြေနိုင်သည်ဟု ၎င်းင်းက ဖြည့်စွက်ပြောကြားသည်။

“တကယ်လို့ ကိုယ်က အလည် သဘောမျိုးလာတယ်ဆိုရင် အခုမှ စရောက်တာဆိုတော့ ဘယ်သွားလို့ သွားရမှန်း မသိ ဖြစ်တတ်တယ်။ အကောင်းဆုံးကတော့ ကိုယ့်ဟာကိုယ် အင်တာနက်ကို အားကိုးပြီး လေ့လာဖို့ပါပဲ။ အဲဒီမှာ ကိုယ်သိချင်တဲ့ အချက်အလက်တွေ အများကြီးရနိုင်ပါတယ်။”

“ပွဲစားကို အားကိုးတာကအာမခံချက်မရှိပါဘူး။ ဒီလောက်ပိုက်ဆံအများကြီး ကုန်စရာမလိုဘူး”ဟု ၎င်းင်းကပြောသည်။

No comments: