မြောင်းမြသို့သွားသော သင်္ဘောတစ်စင်းနစ်မြုပ်

မကြာသေးမီက နာဂစ်မုန်တိုင်းဒဏ်ဆိုးရွားစွာခံခဲ့ရသော ဧရာဝတီတိုင်းအတွင်းရှိ မြောင်းမြမြို့သို့သွားသော သင်္ဘောတစ်စီး ဇူလိုင်(၁)ရက် မနက်အစောပိုင်းမှာ နစ်မြုပ်ခဲ့မှုကြောင့် လူ(၃၈)ဦးသေဆုံးခဲ့သည်။ အဆိုပါသင်္ဘောသည် ခရီးသည်တင်သင်္ဘောမဟုတ်ဘူးလို့ သိရပြီး ပုံမှန်အားဖြင့် စပါးများသယ်ယူပို့ဆောင်လေ့ရှိသည်။ လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူရန် မြောင်းမြသို့အသွားတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ သင်္ဘောပေါ်တွင် သင်္ဘောမောင်းသူများအပါအဝင် စုစုပေါင်းလူ(၈၂)ဦးပါရှိပြီး (၄၄)ဦးအသက်ရှင်ခဲ့သည်။ သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။ ယခုအချိန်သည် မြန်မာနိုင်ငံ၌ မြစ်ရေမျက်နှာပြင်မြင့်တက်နေသဖြင့် ရေလမ်းကြောင်းခရီးသွားရာတွင် သတိပြုသင့်ကြောင်း သိရသည်။
Source: Planet

No comments: