အ၀လွန်ခြင်းနှင့် ခေါင်းကိုက်ဝေဒနာ ဆက်စပ်။

အ၀လွန်ခြင်းသည် ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်သည့် (ဦးယဉ်းနာ) ဝေဒနာများကို ဖြစ်ပွားစေကြောင်း အမေရိကန်သုတေသန ပညာရှင်များက ထုတ်ဖော်ပြောကြား လိုက်သည်။ အ၀လွန်ခြင်းနှင့် ခေါင်းကိုက်ဝေဒနာ ဆက်စပ်လေ့လာ သုတေသနပြုချက် အသစ်တစ်ရပ်အရ အ၀လွန်ခြင်းကြောင့် ခန္ဓာကိုယ် အတွင်း သွေးစီးဆင်းမှု နှေးကွေးစေပြီး ဦးနှောက်အာရုံကြောများကို ထိခိုက်စေကြောင်း၊ ထို့အပြင် ဦးနှောက်ဆဲလ်များ ပျက်စီးမှုပိုမို များပြားစေကြောင်း ၄င်းတို့က ဆက်လက် ပြောကြားသည်။
အခွင့်အလမ်း အ၀လွန်သူများ သို့မဟုတ် ကိုယ်အလေးချိန် သာမန်ထက်ပိုများ နေသူများသည် ပုံမှန်ကိုယ်အလေးချိန် ရှိသူများထက် ခေါင်းကိုက်ခြင်း ဝေဒနာခံစားရမှု နှစ်ဆနီးပါးမျှ အခွင့်အလမ်းရှိကြောင်း ၄င်းတို့၏သုတေသနပြုချက်၌ ဖော်ပြထားသည်။
သို့ရာတွင် အ၀လွန်သူများအနေဖြင့် ကိုယ်အလေးချိန် လျှော့ချခြင်းဖြင့် ဦးခေါင်း ကိုက်ခြင်းဝေဒနာ သက်သာမှုမှာ အနည်းငယ်သာ လျော့ပါးနိုင်ကြောင်း၊ အကောင်းဆုံး နည်းလမ်းမှာ အ၀မလွန်အောင် ထိန်းသိမ်းရန်ဖြစ်ကြောင်း အကြံပြုထားသည်။
Source: MMAL

No comments: