လိုဏ်ဂူထဲ၌ ရေကြီးလာ၍ ထိုင်း၌ လူရှစ်ဦးသေဆုံးခဲ့။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ လိုဏ်ဂူတစ်ဂူတွင် ဥရောပကမ္ဘာလှည့်ခရီးသည် ခြောက်ဦးနှင့် ထိုင်းဧည့်လမ်းညွှန် နှစ်ဦးတို့ ၀င်ရောက်လေ့လာလျက်ရှိကြစဉ် ရုတ်တရက် ရေကြီးလာသဖြင့် သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများက ပြီးခဲ့သည့် တနင်္ဂနွေနေ့ က ပြောကြားလိုက်သည်။
အားလပ်ရက်ခရီးထွက်သူများသည် ပြီးခဲ့သောစနေနေ့တွင် ခအိုဆော့အမျိုးသားဥယျာဉ်၌ ၎င်းင်းတို့၏ ဧည့်လမ်းညွှန် များနှင့်အတူ ခြေကျင်ခရီးကြမ်းထွက်ကြစဉ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၎င်းင်းလိုဏ်ဂူအတွင်းရှိ စမ်းချောင်းမှာ ရုတ်တရက် ရေတက်ခဲ့ခြင်းဖြစ်သည်။
အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးသာ အသက်ရှင်ကျန်ရစ်ပြီး တနင်္ဂနွေ နေ့က ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် အလောင်းရှစ်လောင်းကို ရေထဲမှ ဆယ်ယူရရှိ ခဲ့ကြောင်း ခရိုင်အရာရှိ စီးတီးချိုင်းထိုင်းချာရွန်းက ပြောသည်။
]]အခုတော့ အလောင်းတွေကို ဘယ်သူဘယ်ဝါဆိုတာ ခွဲလို့ ရပါပြီ။ ၁၀ နှစ်သား ဂျာမန်လူငယ်လေးတစ်ယောက်၊ အင်္ဂလိပ်အမျိုးသားတစ်ယောက်၊ ဆွစ်အမျိုး သားတစ်ယောက်နဲ့ ဆွစ်အမျိုးသမီး သုံးယောက်ပါ}}ဟု ၎င်းင်းက အေအက်ဖ်ပီကို ပြောသည်။
]]အသက်ရှင်ကျန်ရစ်သူက အင်္ဂလိပ် အမျိုးသမီးတစ်ယောက်ပါ။ သူကတော့ အခြေအနေ အတော်ကောင်းပါတယ်။ လိုဏ်ဂူထိပ်ကို တက်နိုင်ခဲ့လို့ အသက်မသေဘဲ လွတ်မြောက်လာခဲ့တာပါ။ သူ့ကို ဆေးကုသပေးဖို့အတွက် ပြည်နယ် ဆေးရုံကို ပို့ထားပါပြီ}}ဟု ၎င်းင်းက ဆိုသည်။
ခအိုဆော့ အမျိုးသားဥယျာဉ်သည် ဘန်ကောက်မြို့မှ တောင်ဘက် ၆၄၅ ကီလို မီတာ(မိုင် ၄၀၀)အကွာ ဆူရတ် ဌာနီပြည်နယ်တွင် တည်ရှိသည်။
၎င်းင်းဥယျာဉ်သည် ကြီးမားသော ရေကန်၊ ထူထပ်သော သစ်တော၊ ထုံးကျောက် တောင်ကမ်းပါးများနှင့် လိုဏ်ဂူ အမြောက်အမြားတည်ရှိမှုတို့ကြောင့် ၂၀၀၆ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၂၀ç၀၀၀ ကျော် လာရောက်ခဲ့ပြီး ခြေကျင်ခရီးကြမ်း ထွက်သူများအတွက် အထူးရေပန်းစားသော ခရီးပန်းတိုင်တစ်ခုဖြစ်ကြောင်း ဒေသန္တရခရီးသွား လုပ်ငန်းဆိုင်ရာ ၀က်ဘ်ဆိုက်တစ်ခုက ဆိုသည်။

Source: MMTimes

No comments: