မန်ချက်စတာယူနိုက်တက်နဲ့ ဘောလိဝုဒ် ပထမဆုံးပူးပေါင်းရိုက်ကူးတဲ့ ရုပ်ရှင်။

ဘောလိဝုဒ်မှာ ရိုက်ကူးတဲ့ Goal ရုပ်ရှင်ကို ဒီလကုန်မှာ ပြသ တော့မှာဖြစ်ရာ ဒီရုပ်ရှင်ကားပေါက်သွား ဖို့ မန်ချက်စတာ ယူနိုက်တက် ဘောလုံး အသင်းနဲ့ ပူးပေါင်းထားတယ်။
အိန္ဒိယရုပ်ရှင်သရုပ်ဆောင် ဂျွန်အေဘရာဟင်ဟာ အင်္ဂလိပ် ပရီမီယာလိဂ် ချန်ပီယံအသင်းရဲ့ လှုံ့ဆော်နိုးကြားမှုကို ခံယူထားတဲ့ဘောလုံးသမားတစ်ယောက် အဖြစ်ပါဝင်ထားတယ်။
"ကျွန်တော်တို့ရုပ်ရှင်ကို မန်ယူကလပ် နဲ့ တွဲဖက်ထားတာ အလွန်ကောင်းပါ တယ်။ ကျွန်တော်ဟာ ငယ်စဉ်ကတည်း က ဘောလုံးကစားတာကို အသည်းစွဲ ဖြစ်ပြီး အဲဒီအချိန်ကတည်းက မန်ယူ အသင်းကို လေးစားမြတ်နိုးခဲ့တယ်" The Times of India ကို အေဘရာဟင်က အင်္ဂါနေ့က ပြောပါတယ်။
ဒါဟာ မန်ယူဘောလုံးအသင်းအနေ နဲ့ ပထမဆုံးအကြိမ် အိန္ဒိယရုပ်ရှင်နဲ့ ပတ်သက်ခဲ့ခြင်းဖြစ်တယ်လိွု့သေူ ဒါရိုက် တာ ဗီဗက်အဂ္ဂနီဟိုထရီက ပြောပါတယ်။
မန်ယူဘောလုံးအသင်းရဲ့ ဥပစာမှာ လည်း ဒီရုပ်ရှင်ကို ရိုက်ခဲ့ရာ အိန္ဒိယ ရုပ်ရှင်အတွက် ပထမဆုံးပဲလို့ အဂ္ဂနီ ဟိုထရီက ပြောတယ်။
ဒီရုပ်ရှင်မြှင့်တင်ရေး ကြော်ငြာတွေမှာ အင်္ဂလန်က ၀ိန်းရွန်နေနဲ့ ပေါ်တူဂီက ခရစ္စတီယာနိုရော်နယ်ဒိုတို့လည်း ပါဝင် တယ်လို့ The Time of India က ပြောတယ်။
အေဘရာဟင်ရဲ့ ချစ်သူဖြစ်တဲ့ အင်မတန်မှ မျက်စိကျလောက်တဲ့ ဘောလိဝုဒ်အမျိုးသမီးသရုပ်ဆောင် Bipasha Basu လည်း Goalထဲမှာ ပါဝင်တယ်။
ဇာတ်လမ်းကတော့ ဘောလုံးပွဲတွေ အနိုင်မကစားနိုင်ရင် အသင်းပိတ်ပစ် ရတော့မယ့် အခြေအနေဆိုက်နေတဲ့ ဘောလုံးကလပ်အသင်း တစ်သင်း အကြောင်း ရိုက်ကူးထားတာဖြစ်တယ်။
အသင်းမန်နေဂျာက သူ့ရဲ့ဘောလုံး သမားတွေကို မန်ချက်စတာယူနိုက် တက်အသင်းဆီကို ခေါ်သွားခဲ့တယ်။ ဘောလိဝုဒ်ရဲ့ အစဉ်အလာဖြစ်တဲ့ ကခုန် ကြဖို့မဟုတ်ဘဲ စိတ်တက်ကြွလာအောင် ခေါ်သွားခြင်းသာ ဖြစ်တယ်လို့ ဖော်ပြ ထားတယ်။

Source: MMTimes

No comments: