စိတ်မချရတဲ့ ကွန်ဒုံးတွေအသိမ်းခံရ။

ကလေးမွေးဖွားနှုန်းနှင့် HIV ရောဂါထိန်းချုပ်မှုအတွက် တောင်အာဖရိကအစိုးရကနှစ်စဉ် ကွန်ဒုံးသန်း ၄၀၀ ကို အခမဲ့ဖြန့်ဝေပေးနေသည်။
သို့သော် မကြာသေးမီက Kohrs Medical Supply မှအစိုးရထံပေးသွင်းနေသော ကွန်ဒုံးများသည် စိတ်ချရမှုမရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့၍ ပြန်ရုပ်သိမ်းရန် အမိန့်ထုတ်ခဲ့သည်။ ပြီးခဲ့သော ဩဂုတ်လကလည်း Zalatar ကုမ္ပဏီမှထုတ်လုပ်သော ကွန်ဒုံးသန်း ၂၀ ကိုစိတ်မချရ၍ ပြန်လည်ရုပ်သိမ်းရန် အမိန့်ထုတ်ခဲ့ဘူးသည်။
တောင်အာဖရိကတွင် HIV ရောဂါစွဲကပ်နေသူပေါင်း ၅ သန်းကျော်ရှိသည်။ အစိုးရကမူ အဆိုပါကုမ္ပဏီများနှင့် ချုပ်ဆိုထားသော စာချုပ်များကို ဖျက်သိမ်းပစ်ခဲ့သည်။ Source: Phatpa

No comments: