အနာဂတ်စွမ်းအင်အတွက် အသုံးဝင်သည့် Paper battery

ပြောင်းလွယ်ညွတ်လွယ်သော ဘက်ထရီအချပ်လွှာများသည် လာမည့်မျိုးဆက်သစ်ကိရိယာများ၏ စွမ်းအင်လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း၊ သုတေသီများက တင်ပြခဲ့သည်။ ၎င်းသုတေသီတို့က စာပို့တံဆိပ်ခေါင်းတစ်ခုထက် အနည်းငယ်သာကြီးသော အလင်းရောင်တစ်ခုကို ပေးနိုင်သည့် ၂.၃ ဗို့ရှိ နမူနာပစ္စည်းတစ်ခု ထုတ်လုပ်ခဲ့သည်။

သို့သော်လည်း သုတေသီတို့ ရည်ရွယ်ချက်မှာ စက္ကူ ၅၀၀ ပါ အထုတ်အရွယ်အစားရှိ ဘက်ထရီထုတ်လုပ်နိုင်ရန်ဖြစ်ပြီး နောင်တွင်ကားဘက်ထရီအဖြစ် သုံးနိုင်ရန်ဖြစ်သည်။

သမားရိုးကျဘက်ထရီကဲ့သို့ စွမ်းအင်သိုလှောင်ထားနိုင်သော ဘက်စုံရစက္ကူဘက်ထရီ ထုတ်လုပ်မှုသုတေသီများက ၎င်းစက္ကူဘက်ထရီများသည် အဆင့်မြင့်စွမ်းအားများ အသုံးပြုမှုအတွက် စွမ်းအင်ရုတ်ချည်းပေါက်ကွဲမှု ထုတ်ပေးနိုင်စွမ်းရှိသော လျပ်သိုတစ်ခုကဲ့သို့လည်း အသုံးပြုနိုင်မည်ဟုဆိုသည်။

သမားရိုးကျဘက်ထရီများတွင် သီးခြားအခန်းငယ်များ ပါဝင်သော်လည်း စက္ကူဘက်ထရီများသည် ဘက်ထရီအစိတ်အပိုင်းအားလုံးကို တစ်ခုတည်းသော တည်ဆောက်မှုပုံစံဖြင့် ပေါင်းစည်းထားသည်။ ပို၍စွမ်းအားပြည့်ဝစေသည်။

Source:phatpa

No comments: