ရေချိုးခန်းအဆိုတော် အလိုရှိ

အိန္ဒိယရုပ်မြင်သံကြား လိုင်းတစ်လိုင်းက အဆိုတော်ကောင်းများကို ရှာဖွေနေ ပါတယ်။ သီချင်းဆိုရမယ့် နေရာကတော့ လက်တွေ့သဘာဝ ရုပ်မြင်သံကြားလိုင်းတွေ မျက်စိမှောက်နေတဲ့ ရေချိုးခန်းနေရာမှာပဲဖြစ်တယ်။ "ရေချိုးခန်းအဆိုတော်" အမည်ရှိတဲ့ သီချင်းဆိုပြိုင်ပွဲကို Filmy ဖျော်ဖြေရေးလိုင်းက ထုတ်လွှင့်ပြသမှာ ဖြစ်ပြီး လေ့ကျင့်ထားခြင်းမရှိတဲ့ အဆိုတော်တွေထဲက ရေချိုးခန်းထဲမှာ သီချင်းဆိုပြီး ပရိသတ်ကိုပီတိဖြစ်အောင်လုပ်နိုင်တဲ့ အဆိုတော်ကို ရွေးမှာဖြစ်တယ်။ပြိုင်ပွဲဝင်များဟာ အသက် ၁၈ နှစ်နဲ့ အထက်ရှိရမှာဖြစ်ပြီး ကျောက်ပြားကပ် နံရံ၊ ရေပန်းနဲ့ဘုံဘိုင်ခေါင်းများမှအစ ရေချိုးခန်းနဲ့ ချွတ်စွပ်တူအောင် စီမံပြုလုပ် ထားတဲ့ စတူဒီယိုခန်းထဲမှာ သီချင်းဆိုရမှာဖြစ်တယ်။ တကယ်ရေချိုးတဲ့အခါမျိုးလို မဟုတ်ဘဲ အ၀တ်အစားဝတ်ဆင်လျက် သီချင်းဆိုရမှာဖြစ်တယ်။

Source : MMTimes

No comments: