လူတွေဘာကြောင့် လိင်ဆက်ဆံကြသလဲ

လူတွေဘာကြောင့် လိင်ဆက်ဆံကြသလဲဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းရင်း ၂၃၇ ချက်ကို စာရင်းပြုစုထားပါတယ်။ လူငယ်အမျိုးသားနဲ့ အမျိုးသမီးတွေ ရင်းနှီးကြရာမှာ တူညီတဲ့ စိတ်ဓါတ်လှုံ့ဆော်မှုကြောင့် ဖြစ်တယ်ဆိုတာ သုတေသီတွေက တင်ပြခဲ့ကြပါတယ်။ ဒီကိစ္စမှာ နှလုံးသားချစ်ခြင်းမေတ္တာဆိုတာထက် တဏှာရာဂကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ကောလိပ်ကျောင်းသားအရွယ် ယောက်ျားမိန်းမတွေကတော့ လိင်ကိစ္စနဲ့ ပတ်သက်လို့ အကြောင်းပြချက်တွေကို လက်ခံခဲ့ကြပါတယ်။ ဒါတွေကတော့ ပုဂ္ဂိုလ်ရေးဆွဲဆောင်မှုကြောင့်၊ ဒါမှမဟုတ် ကိုယ်ခန္ဓာချင်းနှီးနှောရတဲ့ အတွေ့အကြုံသာယာလို့၊ အရသာတွေ့လို့ဖြစ်တယ် ဆိုတာတွေပါဘဲ။

ဒီအချက်နဲ့ ပတ်သက်ပြီး ဩဂုတ်လထုတ် Archives of Sexual Behavior မှာ ဖေါ်ပြထားပါတယ်။ ထိပ်တန်းအကြောင်းပြချက် ၂၅ ချက်က အချက် ၂၀ မှာတော့ ယောက်ျားရော မိန်းမတွေပါ သဘောထားညီခဲ့ပါတယ်။

တက္ကဆက်တက္ကသိုလ် သုတေသီတွေက ငါးနှစ်တာ အချိန်ယူပြီး သူတို့စရိတ်နဲ့ သူတို့ လိင်ကိစ္စနောက်ကွယ်မှာ ဘာတွေရှိတယ်။ လိင်ကိစ္စအတွက် အချိန်တွေ ဘယ်လိုသုံးနေတယ်ဆိုတာကို လေ့လာခဲ့ကြပါတယ်။

အခုလို လေ့လာချက်အရ ယောက်ျားတွေက ရုပ်ဝတ္ထုအရသာခံချင်ပြီး မိန်းမတွေက ချစ်မေတ္တာကြောင့်ဖြစ်တယ် ဆိုတဲ့အယူအဆကို ပယ်ဖျက်လိုက်တဲ့ သဘောတွေ့ရပါတယ်လို့ လေ့လာရေးပြုလုပ်ခဲ့တဲ့ တက္ကဆက်တက္ကသိုလ် စိတ္တဗေဒပါမောက္ခ ၀ီဒီမက်စ်တန်က ပြောပါတယ်။

ပါမောက္ခမက်စ်တန်နဲ့ အဖွဲ့ဟာ အသက် ၁၇ နှစ်ကနေ ၅၂ နှစ်အရွယ်ထိ ယောကျာ်းမိန်းမ ၄၄၄ ယောက်ကို မေးခွန်းများမေးပြီး လိင်ဘာကြောင့် ဆက်ဆံရတယ်ဆိုတဲ့ အကြောင်းရင်း ၂၃၇ ချက်ကို ပြုစုခဲ့ကြပါတယ်။ အခုလို စာရင်းဇယားတွေရပြီးတဲ့နောက် ကောလိပ်ကျောင်းသူကျောင်းသား ၁၅၄၉ ဦးကို ဒီအကြောင်းရင်းတွေထဲကနေ သူတို့အတွေ့အကြုံနဲ့ ယှဉ်ပြီးရွေးထုတ်နိုင်ခဲ့ပါတယ်။

အမျိုးသားတွေဟာ လိင်ဆက်ဆံရတာနဲ့ ပတ်သက်လာရင် ပိုပြီးအခွင့်အရေး ယူတတ်ကြတာတွေ့ရသလို အမျိုးသမီးတွေအနေနဲ့ကတော့ သူတို့အပေါ်ကို စိတ်ကျေနပ်အောင် လုပ်ပေးဖို့ လိုအပ်တယ်လို့ ခံယူထားတာ တွေ့ရကြောင်း ပါမောက္ခမက်စ်တန်က ပြောပါတယ်။

Source:Phatpa

No comments: