စည်းကမ်းပျက်တဲ့ ရဲတွေ ကာတွန်းလက်ပတ် ပတ်ရမည်။

စည်းကမ်းဖေါက်ဖျက်တဲ့ ထိုင်းရဲတပ်ဖွဲ့တွေကို ဂျပန်ရုပ်ပြောင်ဇာတ်လမ်းဖြစ်တဲ့ Hello Ketty ရုပ်ပုံပါ လက်ပတ်ဝတ်ဆင်ခိုင်းပြီး အပြစ်ပေးမယ်လို့ ထိုင်းရဲအရာရှိကြီးတစ်ဦးက ပြောခဲ့ပါတယ်။
စည်းကမ်းမဲ့အမှိုက်ပစ်တာ တားမြစ်ထားတဲ့နေရာမှာ ကားရပ်တာ သို့မဟုတ် အလုပ်ခွင် နောက်ကျမှရောက်လာတာတွေ စသဖြင့် မလျော်ကန်တဲ့ အပြုအမူတွေနဲ့ တွေ့ရှိရသူရဲတွေကို ထိုင်းရဲရုံးကြီးက တစ်နေကုန် Hello Ketty လက်ပတ်ပတ်ခိုင်းထားပြီး နေရမယ်လို့ ရဲမှူးကြီးပုန်ပတ်ချာရာဖန်က ပြောပါတယ်။
အသဲနှလုံးပုံပေါ်ထိုင်နေတဲ့ Hell Ketty ပုံဟာ မိန်းကလေးငယ်လေးတွေ စွဲမက်ကြတဲ့ပုံဖြစ်ပါတယ်။ ဒီလိုကလေးဆန်တဲ့ပုံမျိုးကို ရဲတွေလက်မောင်းမှာ ပတ်မထားလိုကြပါဘူး။
အခုလို အပြစ်ပေးခြင်းဟာ ရဲတွေအနေနဲ့ အပြစ်ရှိတယ်ဆိုတာ သိပြီးရှက်အောင် စီစဉ်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါနဲ့စဉ်းစားမိတာ တစ်ခုကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ရဲတွေကိုလည်း ဒီလိုသာ အပြစ်ပေးမယ်ဆိုရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲကြီး က လက်ပတ်တွေကို ရဲတိုင်းဝယ်ပေးရမလို ဖြစ်နေတဲ့အတွက် ဒေ၀ါလီခံသွားနိုင်တယ်လို့စဉ်းစားမိပါတယ်။

No comments: