တရုတ်လုပ် သွားတိုက်ဆေး အချို့တွင် အသက်အန္တရာယ် ရှိ ဓာတုပစ္စည်းများ ပါဝင်နေ။


အရည်အတွက် တစ်သောင်းကျော်ရှိသော တရုတ်လုပ်သွားတိုက် ဆေးများတွင် အသက် အန္တရာယ် ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ ပါဝင်နေသဖြင့် စတိုးဆိုင်များ မှ ဖယ်ရှားပြစ် လိုက်ကြောင်း အေပီ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဒိုမီနီကန် အာဏာပိုင်များ အနေဖြင့် အဆိုပါ သွားတိုက်ဆေးများ တွင် Diethylene glycol ခေါ်ဓာတုပစ္စည်း တစ်မျိုးပါဝင် နေကြောင်း မေလ ၁၈ရက် ကသိရှိပြီးနောက် ရာပေါင်းများစွာ သော ကျန်းမာရေးလုပ်သားများ သည် “Excel” နှင့် “Mr. Cool” ကုန်ပစ္စည်း အမှတ်တံဆိပ်များ ကို လိုက်လံ ရှာဖွေလျှက် ရှိကြောင်း သိရှိရပါသည်။

Source: AP

No comments: