စနေဂြိုဟ်လတစ်စင်းမှ အခိုးအငွေ့များပန်းနေ။

စနေဂြိုဟ်၏ လတစ်စင်းပေါ်မှ ပန်းထွက်နေသော ထူးဆန်းသည့် အခိုးအငွေ့များမှာ ၎င်းင်းလ၏မညီညာသည့်ပတ်လမ်း အတွင်း ဆွဲငင်အားယိမ်းထိုး လှုပ်ယမ်း မှုကြောင့် အပေါ်ယံရေခဲလွှာပေါ်ရှိ ဧရာမအက်ကြောင်းများ ဖွင့်ချည်ပိတ်ချည် မတည်မငြိမ်ဖြစ်နေကြရာမှ ပန်းထွက် လာကြဖွယ်ရှိသည် ဟု ဗုဒ္ဓဟူးနေ့ထုတ် လေ့လာချက် တစ်ခုက ဆိုသည်။

အငွေ့များသည် Enceladus ခေါ် လ၏ တောင်ဝင်ရိုးစွန်း ပြတ်ရွေ့ကြော များတစ်လျှောက်မှ ပန်းထွက်နေခြင်း ဖြစ်ပြီး ယခင်နှစ်နှစ်ကတည်းက သိပ္ပံ ပညာရှင်များ စတင်တွေ့ရှိခဲ့ကြသည်။

လမျက်နှာပြင်အောက် မနက်ရှိုင်း လှသည့် နေရာရှိ ရေနွေးများ ရေနွေးငွေ့ အဖြစ် ပန်းထွက်လာနိုင်ဖွယ်ရှိသော် လည်း ခန့်မှန်းခြေ ကီလိုမီတာ (မိုင်) အနည်းငယ်အထိ ထုရှိပြီး အပူချိန် ရေခဲအမှတ်အောက် ၁၉၃ ဒီဂရီ ဆဲလ် စီးယပ် (ရေခဲအမှတ်အောက် ၃၁၅ ဒီဂရီဖာရင်ဟိုက်) ရှိသည့် အခြေအနေ နှင့် မကိုက်ညီအောင်ဖြစ်နေပြန်သည်။

ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဖရန် ဆစ်နင်မိုး ဦးဆောင်သည့် သုတေသနအဖွဲ့၏ တွေးဆချက်အရ မျောနေသော ဧရာမ ရေခဲလွှာထုချပ်ကြီးများ တစ်ခု နှင့်တစ်ခု ပွတ်တိုက်မိရာမှ ဖြစ်ပေါ်လာသည့် အပူကြောင့် ရေငွေ့စသော အခြေ အနေများဖြစ်လာနိုင်သည်ဟု ဆိုသည်။

Nature ဂျာနယ်ပါ လေ့လာချက်အရ ဧရာမရေခဲလွှာ ချပ်ကြီးများ ရွေ့လျားနေနိုင်ခြင်းမှာ ၎င်းင်းရေခဲထုလွှာကြီး၏အောက် ကီလို မီတာများစွာနက်သည့်နေရာတွင် အရည် များရှိနေ၍ဖြစ်သည်ဟုလည်းဆိုသည်။

အချင်းကီလိုမီတာ ၅၀၀ ခန့်သာရှိသော အဆိုပါ လမျက်နှာပြင်ပေါ်လွှမ်းခြုံထားသော ရေခဲလွှာထုမှာ အနည်းဆုံး ငါးကီလိုမီတာရှိပြီး အချို့နေရာတွင် ထို့ထက် အဆများစွာပို၍ထူနိုင်သည့် အထောက်အထားများကိုလည်း သုတေသီများ တွေ့ရှိခဲ့ကြသည်။

Nature ဂျာနယ်ပါ ဒုတိယလေ့လာ ချက်တွင် ဂေါ့ဒတ်အာကာသ ပျံသန်းရေးဌာနမှ တာရီဟားဖို့ဒ် ဦးဆောင်သော အခြားသိပ္ပံပညာရှင်များအဖွဲ့က ရေခဲ ပြင်ပေါ်ရှိ အက်ကြောင်းကြီးများ ပွင့်ချည်ပိတ်ချည် မတည်မငြိမ် ဖြစ်နေ သည့်အကြောင်းရင်းကို ရှင်းပြထားသည်။

No comments: