သတိ...ကမ္ဘာကြီး ပူလာနေပြီ။

အန္တာတိက ဒေသ မှ ကယ်လီဖိုးနီးယားပြည်နယ် အရွယ် ရှိဒေသကို ဖုံးလွှမ်းထားသော ဆီးနှင်း အလွှာကြီးမှာ အပူချိန် တိုးလာမှုကြောင့် အရည်ပျော်ခဲ့သည်ဟု အမေရိကန်ပြည်ထောင်စု အာကာသလေ့လာရေးဌာန နာဆာမှ အင်္ဂါနေ့က ထုတ်ပြန်သော အစီအရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ကယ်လီဖိုးနီးယားပြည်နယ် ပါဆာဒီး နားရှိ နာဆာအဖွဲ့၏ ဓာတ်ခွဲခန်း Jet Propulsion Laboratory နှင့် ကော်လို ရာဒိုတက္ကသိုလ်တို့မှ သိပ္ပံပညာ ရှင်အဖွဲ့တစ်ဖွဲ့က ထပ်မံရရှိ ခဲ့သော ဂြိုဟ်တုဓာတ်ပုံများအရ ၂၀၀၅ ခုနှစ် တွင် ဆီးနှင်းများ နေရာအနှံ့ အလုံးအရင်းဖြင့် အရည်ပျော်ခဲ့ကြောင်း ပေါ်လွင် နေသည်ဟု ဆိုသည်။

ယခင်က ထိုသို့ ဖြစ်နိုင်ဖွယ်မရှိဟုတွက်ဆထားခဲ့ ကြသည်။

ကိုလိုရာဒို တက္ကသိုလ် သဘာဝပတ်ဝန်းကျင် သိပ္ပံပညာသုတေ သနလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဌာန၏ ညွှန်ကြားရေးမ·း ကွန်ရက် စတက်ဖင်က ပြောကြားရာ၌ ယခုကဲ့သို့သော အတိုင်း အတာမျိုးဖြင့် အရည် ပျော်ခဲ့ခြင်းကို ပထမဆုံးအကြိမ် ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဆို၏။

]]မကြာသေးခင်ကအထိတော့ အန္တာတိကကျွန်းဆွယ်ကလွဲရင် အန္တာတိက ဒေသမှာ ပူနွေးလာတဲ့ လက္ခဏာမျိုး မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် အခုတော့ ကျယ်ပြန့်တဲ့ဒေသကြီးတွေမှာ ပူနွေးလာမှုရဲ့ အကျိုးသက်ရောက်မှုတွေကို စပြီးတွေ့နေရပြီ}}ဟု စတက်ဖင်က ဆိုသည်။

အန္တာတိက ဒေသကို ဖုံးလွှမ်းထားသည့် ဆီးနှင်းများ အရည်ပျော်ခြင်းသည် ကွာလှမ်းသည့် ကုန်းတွင်းပိုင်းဒေသ၊ အမြင့်ပိုင်းလတ္တီတွဒ်နှင့် မြေမြင့်ပိုင်းများအပါအ၀င် တစ်ချိန်က အရည်ပျော်ခြင်း ဖြစ်နိုင်ခြေမရှိဟု တွက်ဆ ထားသော နယ်မြေမျိုးစုံ၌ ဖြစ်ပေါ်ခဲ့သည်။

ဆီးနှင်းများ အရည်ပျော်ခြင်းကို ဂြိုဟ်တု၏ စကက်ထရိုမက်ထရီ (Satellite Scatterometry) ကိရိယာကို အသုံးပြု၍ စူးစမ်းရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုကိရိယာသည် များမကြာ သေးမီကမှ အေးခဲသွားသော ရေခဲ၊ သို့မဟုတ် ဆီးနှင်းပြင်လော၊ ရှေးနှစ် ပေါင်းများစွာကတည်းက အေးခဲနေ သည့် ရေခဲ၊ သို့မဟုတ်ဆီးနှင်းပြင်လော ဆိုသည်ကို ခွဲခြားဖော်ပြနိုင်စွမ်းရှိသည့် ခေတ်မီဓာတ်ပုံရိုက်ယူရေး ကိရိယာ (ကင်မရာ) တစ်မျိုးဖြစ်သည်။



Source: Myanmar Journals

No comments: