ကလေးတွေ စကားပြောတတ်မှုကို ကွန်ပြူတာပရိုဂရမ်တစ်ခုနဲ့သိနိုင်

လူများမည်သို့ စကားပြောဆိုတတ်လာကြကြောင်း ကလေးငယ်တစ်ဦးက ဖေါ်ထုတ်ပြသပေးနိုင်သည့် နည်းလမ်းကဲ့သို့ ကွန်ပြူတာပရိုဂရမ် တစ်ခုဖြင့် ဘာသာစကားအမျိုးမျိုးတို့၏ အသံများကိုလည်း အဓိပ္ပါယ်ဖေါ်ထုတ်ပေးနိုင်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ရှာဖွေတွေ့ရှိခဲ့မှုကြောင့် ကလေးများသည် မွေးဖွားလာကတည်းက ကမ္ဘာ့ဘာသာစကား အားလုံးရှိ အသံများကို သိနိုင်စွမ်း ရှိသည်ဆိုသော အယူအဆနှင့် ပတ်သက်၍ သံသယရှိစရာများ ဖြစ်လာခဲ့သည်။

မွေးကင်းစကလေးများ၏ ဦးဏှောက်တွင်လည်း ဘာသာစကားနှင့် ပတ်သက်သည့် အသိဥာဏ်မည်မျှရောက်သည်။

၎င်းဘာသာစကားနှင့် ပတ်သက်သည့်အသိပညာ မည်မျှ ၎င်းကလေးက ရရှိသည်ဆိုသော ပြဿနာများကို ယေဘုယျရည်မှန်းချက် သင်ကြားလေ့လာမှုစနစ်ဖြင့် ရှင်းပြနိုင်ကြောင်း ကာလီဖိုးနီးယား ပါလီအယ်ဖိုရှိ စတန်းဖို့တက္ကသိုလ် စိတ်ပညာပါမောက္ခ ဂျိမ်းမက်ကလီလန်က ပြောကြားခဲ့သည်။

၎င်းက၎င်း၏ ကွန်ပြူတာပရိုဂရမ်သည် ကလေးငယ်များက ဘာသာစကား၏ တည်ဆောက်မှုကို နားလည်သဘောပေါက်သည်။

နားလည်သဘောပေါက်သည့်တိုင်အောင် အသံများမှတဆင့် စနစ်တကျ ရွေးချယ်သည်ဆိုသော သီဝရီကို ထောက်ခံနေကြောင်း ပြောကြားခဲ့သည်။

Source: Phatpa

No comments: