အ၀လွန်မှုကို ထိန်းချုပ်နည်း။

အ၀လွန်ရောဂါ ကုသမှုကျွမ်းကျင်သူများအနေဖြင့် မတ်တတ်အနေအထားရှိသည့် ကွန်ပျူတာအလုပ်ခုံကို တည်ဆောက်ခဲ့ကြကြောင်း၊ ယင်းက၀န်ထမ်းများအား ၎င်းတို့ အလုပ်လုပ်ကိုင်ရင်း လေ့ကျင့်ခန်းကိုပြုလုပ်စေနိုင်ပြီး ကိုယ်အလေးချိန် လျော့ကျစေနိုင်မည်ဖြစ်ကြောင်း၊ ယင်းအလုပ်ခုံကို တီထွင်ဆောက်လုပ်ခဲ့သူများ ဖြစ်သော နယူးယော့ခ်ရှိ မေယိုကလင်းနစ်ကမူ ၎င်းင်းကအ၀လွန်သူများအား တစ်နှစ် လျှင် ကိုယ်အလေးချိန် ကီလိုဂရမ် ၃၀ ကျစေရန် ကူညီပေးနိုင်ကြောင်း ပြောကြား လိုက်သည်။ အဆိုပါ မတ်တတ်အနေအထားရှိသည့် ကွန်ပျူတာ အလုပ်ခုံကို စမ်းသပ်ရာတွင် မိမိတို့ဆန္ဒအလျောက် ပါဝင်သုံးစွဲခဲ့သူ ၁၅ ဦးမှာ တစ်နာရီလျှင် ပျမ်းမျှ ၁၉၁ ကယ်လိုရီ မိမိတို့ကိုယ်ခန္ဓာအတွင်း လောင်ကျွမ်းစေခဲ့ကြောင်း သိရှိရသည်။

Source: MMTimes

2 comments:

Nay Nay Naing said...

သုံးကြည့်မှနဲ့ တူတယ်.. လူက သိပ်ဝနေတယ်လို့ ခံစားနေရတယ်. :D..

Mr. Programmer said...

haha. me too:P