ထက်ထက်မိုးဦး တစ်ယောက်ဘန်ကောက်တွင် ဟိုတယ်ဖွင့်ရန်ပြင်။

မြန်မာနိုင်ငံမှ နာမည်ကြီး သရုပ်ဆောင် ထက်ထက်မိုးဦးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် Baiyok တာဝါအနီးရှိ မက်ကာစန်အင်း ဟိုတယ်(MAKKASAN INN HOTEL) ကို နှစ်ချုပ်ဖြင့် ငှားရန်လုပ်ကိုင်ရန် အဆိုပါဟိုတယ် ပိုင်ရှင်ထံသို့ ကမ်းလှမ်းထားကြောင်း ယင်းဟိုတယ် အောက်ထပ်၌ ပင်လယ်စာ စားသောက်ဆိုင်ဖွင့် လှစ်ထားသူ မစ္စတာထုံချိုင်းက ဇွန်လ ၁၉ ရက်နေ့တွင် ပြောကြားသည်။
အဆိုပါ ဟိုတယ်ကို နှစ်ချုပ်ဖြင့် ငှားရမ်း လုပ်ကိုင်ရန် ကမ်းလှမ်းထားသည်မှာ နှစ်လခန့် ရှိပြီဖြစ်ပြီး သဘော တူညီမှု တစ်စုံတစ်ရာ မရရှိသေးကြောင်း ၎င်းက ပြောကြားသည်။ မက်ကာစန် အင်းဟိုတယ်မှာ လွန်ခဲ့သော တစ်နှစ်ခန့်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး Baiyok တာဝါ၊ Big C ၊ Centeral World Palza ၊ Platinum ၊ Pratunam Market တို့နှင့်နီးသော အချက်ချာ ကျသည့်နေရာတွင် တည်ရှိသည်။
မက်ကာစန်အင်း ဟိုတယ်တွင် အထပ်ခြောက်ထပ်ပါဝင်ပြီး အခန်းစုစုပေါင်း ၄၀ ခန့်ရှိကာ လက်ရှိတွင် အခန်းတစ်ခန်းအတွက် တစ်ရက် ဈေးနှုန်းမှာ ဘတ် ၉၈၀ ဖြစ်သည်။
ထက်ထက်မိုးဦး သည် ယင်းဟိုတယ်တွင် နှစ်လခန့် လာရောက်တည်းခိုဖူးကြောင်း မစ္စတာထုံချိုင်းက ဆက်လက်ပြောကြားသည်။


Source: PhatPa

No comments: