မိုး ကတော့ အေးအေးဆေးဆေးပဲ။


ယခုနှစ်အတွင်း ကြော်ငြာအများစုတွင် သူ့ပုံရိပ်တွေက အများစုနေရာယူထားသည်။ ထို့အပြင် ယခု ရက်ပိုင်းအတွင်း ထုတ်ဝေထွက်ရှိလာသော ပုံနှိပ်မီဒီယာအားလုံးလိုလိုတွင်လည်း သူ့အကြောင်းမျက်နှာဖုံးတင်ကြ၊ ရေးသားကြနှင့် အထူးအလေးပေးဖော်ပြခြင်း ခံနေရသည်။ သူကားအခြားမဟုတ်။

လောလောဆယ်တွင် ပရိတ်စိတ်ဝင်စားမှု အရှိဆုံး၊ ဆွဲဆောင်မှု အရှိဆုံးသရုပ်ဆောင် မိုးဟေကိုပင်ဖြစ်သည်။ မိုးဟေကိုနှင့် ပက်သတ် သောကောလဟာလအချို့က ပရိသတ်အကြားတွင် တောမီးပမာ ပျံ့နှံ့နေသည်။

The Voice Weekly ကမိုးဟေကို ၏ ကောလဟာလအပေါ်ရှိသည့် အမြင်သဘောထားကို သိရှိရန်ဇူလိုင်လ ၁၁ ရက်နေ့က ပုလဲကွန်ဒိုရှိရှူတင်ရိုက်ကွင်း တစ်ခုသို့ သွားရောက်တွေ့ဆုံ မေးမြန်းဖြစ်ခဲ့သည်။

The Voice: အနုပညာလောကထဲကို လယ်နှခုနှစ်ထဲက ဝင်ရောက်လာတာလဲ။

မိုးဟေကို : ၁၉၉၉ ခုနှစ်လောက်ကပါ။

The Voice: အခုချိန်မှာ ကျေနပ်နိုင်တဲ့ အောင်မြင်မှုတစ်ခုကို ရရှိနေပြီလား။

မိုးဟေကို : အောင်မြင်မှုတစ်ခုရဖို့အများကြီးလိုနေပါတယ်။

The Voice: နှင်းဆီသခင်အငြိမ့်မှာ မိုးဟေကို အငြိမ့်ကမယ်လို့ ပရိသတ်တွေသိထားပြီးမှ ဘာဖြစ်လို့မကဖြစ်တာလဲ။

မိုးဟေကို : နှင်းဆီသခင်အငြိမ့်မှာကြော်ငြာထားပြီးမှ မပါဖြစ်တာ အငြိမ့်မှ မကတတ်တာ။ ပြီးတော့ ကိုယ်မပိုင်တဲ့အလုပ်ဆိုရင်လည်း အလုပ်ချင်ဘူးလေ။ အငြိမ့်မကဖြစ်ပေမယ့် အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအာဖြင့် အမျိုးသမီးဝတ်စားဆင်ယင်မှုပြပွဲမှာ ပါဝင်ခဲ့ပါတယ်။

The Voice: ဒီအငြိမ့်ကဖို့ ကြိုတင်ပြင်ဆင်ဖို့ အချိန်မရလိုက်တာလား။

မိုးဟေကို : ဟုတ်တယ်၊ သူတို့ကြော်ငြာထားပြီးမှကဖို့သိရတာ၊ အကသင်ဖို့အချိန်ကလည်း အတော်ကပ်သွားလို့ပါ။

The Voice: အကသင်ပြီးသွားရင်အငြိမ့်တွေကဖို့ အစီအစဉ်ရှိလား။

မိုးဟေကို : မရှိပါဘူး။

The Voice: ပြောချင်ရင်ပေါ့အပြင်မှာ ထွက်နေတဲ့ကောလဟာလတွေကို ဘာများပြောချင်ပါ သလဲ။

မိုးဟေကို : ဘာမှပြောစရာအရှိပါဘူး။ ပြောဖို့မှမလိုတာ။

The Voice: ဒီကောလဟာလနဲ့ပတ်သတ်ပြီး မိုးဟေကို ဘာပြေချင်လဲ။

မိုးဟေကို : ကိုယ် ဘာပြောရမှာလဲ၊ ပြောစရာမရှိပါဘူး။

The Voice: လက်ရှိဘာတွေလုပ်နေပါသလဲ။

မိုးဟေကို : ဗီဒီယိုဇာတ်ကားတွေအတွက် ရိုက်ကူးရေးလုပ်နေတယ်။

Source: Voice/Phatpa

No comments: