ဒေါ်လာ ၁၀၀ တန် laptop များ ထွက်ပေါ်လာတော့မည်။

လွန်ခဲ့သော ငါးနှစ်ကစ၍ စီစဉ်ခဲ့သော ဒေါ်လာ ၁၀၀ တန် laptop စီမံချက်အရ ယနေ့အချိန်တွင် ၎င်း laptop ၁၀၀ တန်များကို အမြောက်အမြား စတင်ထုတ်လုပ်တော့မည်ဟု သိရသည်။

တန်ဖိုးနည်း laptop များကို သန်းနှင့်ချီ ထုတ်လုပ်နိုင်ရန်အတွက် handware ထုတ်လုပ်သူများက လိုအပ်သော အစိတ်အပိုင်းများကို စတင်၍ ထုတ်လုပ်နေကြသည်။

အဆိုပါ စီမံချက်ကို စတင်ခဲ့သည့် အဖွဲ့အစည်းက ပထမဦးစွာ လိုအပ်သည့် laptop သုံးသန်းအတွက် အမှာစာများ ပေးထားသည်။

ပထမဦးဆုံး ထုတ်လုပ်သော laptot များကို ၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကလေးများ လက်သို့ရောက်ရှိအောင် ဆောင်ရွက်ပေးမည်ဟု သိရသည်။

သို့သော်လည်း software များကိုမူ ရေးရန်လိုအပ်သေးကြောင်း ကလေးတစ်ယောက် laptot တစ်လုံး စီမံချက် အဖွဲ့အစည်းမှ solftwar ထုတ်လုပ်မှု အကြီးအကဲ Walter Bender က ပြောကြားခဲ့သည်။

Source: Phatpa

No comments: