Free IT Certifications


ပြီးခဲ့တဲ့ တစ်ရက်က အလုပ်ရှာနေတဲ့ အသိတစ်ယောက် က သူသွားရောက်ခဲ့တဲ့ အင်တာဗျူးများ အကြောင်း ကိုပြောရင်း အင်တာဗျူးတစ်ခုမှ သူကို Technical Test တစ်ခုဖြေခိုင်း လိုက်ကြောင်းပြောပြပါတယ်။ ဘယ်လို Test လည်းလို့ မေးကြည့်တဲ့ အခါမှာ့ အလွန်စိတ်ဝင်စားဖွယ်ရာ ကောင်းမှန်းသိခဲ့ရပါတယ်။ အဲ့ဒီ site မှာ အခုလောလောဆယ် ပရိုမိုရှင်း ရှိနေပြီး Free Test များ ရှိနေပါတယ်။
ရမှတ် ၂.၇၅ အထက်ရရင်တော့ Certificate ကိုမှာကြားနိုင်ကြောင်းသိရပါတယ်။ အဲ့ဒီ site name လေးကတော့ www.brainbench.com ဖြစ်ပါတယ်။

3 comments:

MELODYMAUNG said...

ဒီ certificate ကို ဘယ်လောက် အတိုင်းအတာထိ အသိအမှတ်ပြု လက်ခံပါသလဲ သိရင်ပြောပြပေးပါလား။ ဥပမာ- KMD တို့ MCC တို့ဆိုရင် Co. တော်တော်များများက လက်ခံသလို international အနေနဲ့ Microsoft certified ဆိုရင် world wide လက်ခံကြတာမျိုးဆိုတော့ ဒီ free IT certificate ကလဲ အသိအမှတ်ပြုခံရပါ့မလားဆိုတာ တွေးကြည့်တာပါ။

Mr. Programmer said...

Free ဆိုတာကလည်း Promotion Period အတွက်ပါ။ တကယ်တမ်းတော့ သူမှာလည်း Fee ရှိတာပါပဲ။ ဘယ်လောက် အသုံးဝင်တယ်ဆိုတာက စင်ကာပူမှာ တော်တော်လေး အသိအမှတ်ပြုပါတယ်။ ပြီးတော့ နိုင်ငံအတော်တော်များ များမှာလည်း အသိအမှတ်ပြုပါတယ်။ မှန်တာပြောရင် Microsoft Test ထက်တောင် ပိုခက်ပါတယ်။ ဖြစ်နိုင်ရန်ဖြေကြည့်ပါ။ ဖြေပြီးရင် ကိုကိုယ်တိုင် သိပါလိမ့်မယ်။ သူရဲ့ အဆင့်ဟာ ဘယ်လောက်ရှိတယ်ဆိုတာ။ KMD, MCC ကပေးတာသင်တန်းဆင်းလက်မှတ်ပါ။ Test Result မဟုတ်ပါဘူး။ ပြီးတော့ဒီဟာက Microsoft လိုမျိုးပါ။ ဖြေပြီးတာနဲ့ ဘယ်အပိုင်းမှာ အားနည်းတယ် ဘယ်အပိုင်းမှာ သာတယ်ဆိုတာ ဖော်ပြပေးပါတယ်။ အလုပ်လျှောက်တဲ့အခါမှ ကိုယ်ရဲ့ Transcript ပေးလိုက်တာနဲ့ သူတို့သိသွားပါတယ်။

ငစနေ said...

အစ်ကိုရေ ... link အတွက် ကျေးဇူးပဲ။ ကျွန်တော့်အတွက် အတော်လေး အသုံးဝင်ပါလိမ့်မယ်။ ကြိုးစားကြည့်လိုက်ပါဦးမယ်။