စင်ကာပူမှ မဟာဘွဲ့ရပြီးမြန်မာကျောင်းသားများ လုပ်ငန်းခွင်အတွင်းနေရာကောင်းမရ

စင်ကာပူနိုင်ငံရှိ တက္ကသိုလ်များမှ မဟာဘွဲ့ရပြီးသော မြန်မာကျောင်းသားအချို့မှာ ယင်းနိုင်ငံရှိ လုပ်ငန်းခွင်များ၌ အဆင့်မြင့်မားသော အလုပ်အကိုင်နေရာကောင်းများမရရှိကြကြောင်း အဆိုပါနိုင်ငံမှ ကွန်ပြူတာဆိုင်ရာဘွဲ့လွန် သင်တန်းအောင်မြင်ထားသည့် မြန်မာကျောင်းသားတစ်ဦးက ပြောကြားသည်။
အဆိုပါမြန်မာကျောင်းသားများနည်းတူ နိုင်ငံခြားသားကျောင်းသားအချို့လည်း စင်ကာနိုင်ငံတွင် လုပ်ငန်းခွင်နေရာ ကောင်းရရှိမှုနည်းပါးကြောင်း၊ အထူးသဖြင့် အိုင်တီ၊ ကွန်ပျူတာပရိုဂရမ်ရေးဆွဲခြင်းနှင့် စီမံခန့်ခွဲမှုပညာရပ်များတွင် မဟာဘွဲ့သင်တန်းအောင်မြင်ပြီး ကျောင်းသားများသည် မန်နေဂျာ၊ ကြီးကြပ်ရေးမှူးရာထူးများထက် မိမိရရှိသည့် ဘွဲ့နှင့် မအပ်စပ်သော အောက်ခြေအဆင့် ဝန်ထမ်းဘဝမှ စတင်ဝင်ရောက်လုပ်ကိုင်ရကြောင်း၊ အဆိုပါဘာသာရပ် များဖြင့် မဟာဘွဲ့သင်တန်းအောင်မြင်ပြီးသော ကျောင်းသားများသည် စင်ကာပူဒေါ်လာ ၁၈၀၀ မှ ၁၀၀၀ အတွင်းသာ လစာငွေကြေးရရှိသော နေရာတွင်ပင် ရောင့်ရဲနိုင်ကြသော်လည်း အများစုမှာကျေနပ်မှုမရှိကြကြောင်း၎င်းက ထပ်လောင်းပြောကြားသည်။
စင်ကာပူနိုင်ငံရှိ လုပ်ငန်းခွင်အများစုမှာ ရရှိထားသော ဘွဲ့လက်မှတ်ထက် အတွေ့အကြုံ၊ အရည်အချင်းကိုသာအဓိက ထားဦးစားပေးရွေးချယ်လေ့ရှိကြောင်း၊ မြန်မာကျောင်းသားအများစုမှာ ဘွဲ့လက်မှတ်ရရှိပြီးနောက် နေရာကောင်းရရှိရေး ကိုသာမျှော်မှန်းလေ့ရှိခြင်းကြောင့် အတွေ့အကြုံပိုင်း၌ အားနည်းချက်များရှိနေတတ်ကြောင်း ပြည်ပတက္ကသိုလ်များသို့ ပညာရေးဝန်ဆောင်မှုပေးနေသည့် ပြည်တွင်းပညာရေးအေဂျင်စီတစ်ခုမှ သင်တန်းဆရာတစ်ဦးက သုံးသပ်ပြောကြား သည်။


ဒီနေ့လည်း အလုပ်မှာ အင်တာဗျူးခေါ်ရာ မြန်မာတစ်ယောက်ကို ခေါ်လိုက်မိသည်။ ထိုနောက် ထိုသူ့ သူငယ်ချင်းများ က ပုံစံတူ ကိုယ်ရေးရာဇ၀င်ဖြင့် ကျနော်ရုံးမှ အီမေလ်ပြန်သူထံ သို့ အီးမေလ်ဖြင့်ပိုကြသည်။ တော်တော် ကို နားမလည်နိုင် အောင်ဖြစ်လိုက်ရသည်။ သူတို့တွေအားလုံး လျှောက်နိုင်ပါသည်။ သို့သော် ပုံစံတူလုပ်ပြီး မလျှောက်သင့်ဟု ထင်မိသည်။ ပြီးတော့ အလုပ်ကိုခေါ်သော Website မှာသာ လျှောက်သင့်ပြီး အလွယ်လိုက်မှုကို ရှောင်ရှားသင့်သည်။ အကြောင်းမှာ HR မှ တစ်ယောက် က နင်တို့ မြန်မာတွေက Copy Cat တွေများလှချည်းလား ဟုပြောဆိုသံကို ကြားလိုက်ရသော ကြောင့်ပင်။

3 comments:

N3 said...

အလုပ်အတွေ့ အကြုံ မရှိပဲ ရတဲ့ ဘွဲ့ တွေတူနေတော့ ကိုယ်ရေးရာဇ၀င် ကလွဲရင် ကျန်တာတူနေတာလဲ ဖြစ်နိုင်ပါတယ် အစ်ကိုကြီးရယ်။ တစ်ယောက်က သူရေးထားတဲ့ CV လေးပြမိလိုက်ရင် နောက်တစ်ယောက်က အဲ့ဒီ CV မှာ ကိုယ်ရေးရာဇ၀င်လေးပဲ ပြင်လိုက်ပြီး အလုပ်တွေ လိုက်လျှောက်တာ ဖြစ်နိုင်တယ်။ ရန်ကုန်က BE ဘွဲ့ ရပြီး ဒီမှာ အလုပ် လုပ်နေသူတစ်ယောက်က သူအလုပ်လျှောက်တုန်းက သူငယ်ချင်း CV ကိုယူပြီး နာမည်တွေဘာတွေလောက်သာပြောင်းပြီး အလုပ်လျှောက်လိုက်တာလို့  ပြောတာ ကြားဖူးတယ်။

ဒီပိုစ့်ကို ဖတ်ပြီး ဒါမျိုးတွေကြောင့်လည်း sis နဲ့ သိတဲ့ (အတော်လေး ရင်းနှီးတဲ့သူတွေပါ) သူတချို့ က သူတို့  CV တွေကို တခြားသူတွေကို မပြချင်တာဖြစ်မယ်လို့  တွေးမိတယ်။ sis ကတော့ CV ရေးပုံလေးသိချင်တယ်ဆို ရှင်းပြဖို့  မအားတာ၊ အလုပ်ရှုပ်နေတာနဲ့ ဒီပုံစံမျိုး ကြည့်ရေးလိုက်ဆိုပြီး ကိုယ့် CV ပို့ ပေးလိုက်တာပါ။ အင်း ... အဲ့ဒီ CV ကို ကိုယ်ရေးရာဇ၀င်လောက်ပဲ ပြောင်းပြီး အလုပ်လျှောက်ချင်လည်း လျှောက်ကြပေါ့လေ ...

Thelay said...

ဟမ်.. ဘယ်လိုလဲ.. ဘယ်သူကို ဆိုလိုတာလဲဟင်.. ဒီနေ့ဆိုတော့ ရက်ကတူနေတယ်.. တွေ့ခဲ့မြန်မာလဲ သိပ်မရှိဆိုတော့... ???

Anonymous said...

I believe that reason is mainly due to lack of communication and language skills which are essential for managerial positions. Most of the Master students do not have working experience and that it the minus factor. The trend in the economy is moving more towards experience-orientated workforce since everyone is having paper qualifications. My suggestion is to gain work experience and to do further studies after the first degree.