စီမံကိန်းပထမအဆင့်။
(ကျွန်တော်ပြောပြချင်းတဲ့ပုံပြင်လေးတစ်ပုဒ် အပိုင်း ၄)။
ကား က ဂိတ်ရောက်ပြီးဆိုတာနှင့် ဘာလုပ်ရမှန်းမသိ ပျာရာခတ်နေသည်မှာ ကျွန်တော်ဖြစ်ပါတယ်။ သူ့ရင်ထဲမှာ ကျွန်တော်ရောက်ရှိသွားနိုင်ပြီလား။ ဒါမှမဟုတ် သူကျွန်တော့်ကို အမြင်ကတ်နေပြီးလား။ ကျွန်တော်မသိပါ။ ဒါပေမယ့် တစ်ခုခုတော့ သူ့ရင်ထဲမှာ ကျွန်တော်နဲ့ပတ်သတ်ပြီး ရှိစေချင်တယ်။ သူကတော့ သူ့ပစ္စည်းထုတ်တွေကိုကိုင်ထားပြီးကားငှားဖို့ပြင်နေပါတယ်။ သူကိုင်ထားတဲ့ လက်ဆွဲခြင်း အပြာသေးသေးလေးကို ဘယ်တော့များမှ ကိုယ်ပေးခွင့်ရမယ်မသိ။
အဲ့ဒီအနားမှာ ယောင်လည်လည်နဲ့ မသိမသာ ကျွန်တော်သွားရပ်လိုက်မိတယ့်အချိန်တွင် သူထံမှာ ကျွန်တော် အတွက်ခံစားမှုတစ်စုံတစ်ရာရှိမှာဘဲလို့ သူရဲ့မျက်နှာပေါ်က ချိုမြတဲ့ အပြုံလေးကဖော်ပြလိုက်တော့ ကျွန်တော်ရင်ထဲမှာ ပြောမပြတတ်အောင်ပျော်သွားပါမိပါတယ်။ ဒါပေမယ့် ခဏလေးအတွင်းမှာပဲ တက္ကစီသမားရောက်လာပြီးသူကားပေါ်တက်သွားပါတော့တယ်။
ကျွန်တော်မှာ ထီပေါက်ပြီး ထီလက်မှတ်ပျောက်သွားသလိုပင် စောစောကမြင်လိုက်ရတဲ့ အပြုံးလေး မရှိတော့ဘူး။ သူထွက်သွားပြီ။ ကျွန်တော်မလိုချင်ဆုံးအချိန်ကိုရောက်လာခဲ့ပြီ။အဲ့ဒါကတော့ သူနဲ့ ဝေးနေရမယ့် အချိန်တွေပါ။
မကြာခင်မှာပဲ အိမ်ကကားရောက်လာလို့ ပစ္စည်းတွေကားပေါ်တင်ပြီး စိတ်မပါသောခန္ဓာကိုယ်နဲ့ ကားနောက်မှာထိုင်ပြီးပါလာခဲ့ပါတယ်။ ကားကသာ အိမ်သို့ရောက်လာပြီး စိတ်ကတော့ သူနဲ့ပါသွားခဲ့ပါတယ်။ အရာရာတိုင်းမှာ သူရဲ့မျက်နှာလေးကသာ စိုးမိုးလို့နေပါတော့တယ်။
အဲ့ဒါနဲ့ ကျွန်တော်ရေချိုပြီး ညစာပင်မစားနိုင်တော့ဘဲ စောစောအိပ်ရာဝင်လိုက်မိပါတယ်။ အိပ်ရာပေါ်ရောက်တော့လည်း အိပ်မပျော်နိုင်သေးဘဲ၊ မေးခွန်းပေါင်းများစွားကို ကိုယ်ဘာသာ မေးနေမိပါတယ်။ သူဘယ်မှာနေတာလဲ။ သူဘယ်ဘဏ်မှာလုပ်တာလဲ။ သူ့မှာ ရည်းစားရှိလား၊ အစုံပါပဲ။
ဒီနေ့မနက်မိုးလင်းတော့ အတော်ကိုလန်းဆန်းနေပါတယ်။ ပြီးတော့ ရင်ထဲမှာလည်း စီမံကိန်းတွေ့အပြည့်နဲ့။ မနက်စာ စားပြီးတာနဲ့ ရုံးကိုထွက်လာခဲ့ပါတယ်။ ရုံးရောက်တာနဲ့ အာရှဓန ဘဏ်သို့ သွားသွားပြီ PO(Payment Order) ပေးလေ့ရှိတဲ့ ကျွန်တော်ကိုခင်တဲ့ကိုကျော်မင်းဆိုသူကို ဖုံးဆက်ပြီး ~ ကိုကျော်မင်းရေ ခင်ဗျားအားလားဗျာ၊ အားရင် အအေီးသောက်ရအောင်~ ဆိုပြီး သူကို canteen ကိုခေါ်လိုက်မိပါတယ်။
မကြာပါဘူး သူရောက်လာပါတယ်။ ~တေဇ ဘယ်လိုဖြစ်တာလဲ၊ ထူးထူးဆန်းဆန်း၊ အအေးသောက်မယ်ဆိုပလား။~ သူပြောလည်းပြောချင်စရာပါ။သူ့ကို ကျွန်တော်တစ်ခါမှ မဖိတ်ခေါ်ဘူးဘူး။ ဒီလိုနဲ့ပဲ ရှေ့မျက်နှာ နောက်ထားပြီး ~ ကိုကျော်မင်းရာ ဘာရယ်ညာရယ် မဟုတ်ပါဘူး၊ ကျွန်တော်ကိုကျော်မင်းကို နည်းနည်းအကူအညီတောင်းချင်လို့ပါ။ကိုကျော်မင်း အာရှဓန ဘဏ်မှ သိတဲ့ မိတ်ဆွေများလား~ လို့မေးလိုက်မိပါတယ်။ ဒါနဲ့သူကလည်း ထုံးစံအတိုင်း ကြွားကလည်းကြွားချင်နဲ့ ~ များမှများ၊ အကုန်လုံးနဲ့သိတယ်၊ကောင်မလေးဘယ်နှစ်ယောက်ရှိလည်းသိချင်တာတောင်ပြောလို့ရတယ်~ လို့ဆိုပါတယ်။ အို့ ဟုတ်ပြီး ကျွန်တော်ရဲ့ စီမံကိန်းတွေအကောင်အထည်ဖော်ဖို့ လမ်းစပွင့်သွားပြီ။
~ကျွန်တော်ကို့ အာရှဓနဘဏ်က မပုလဲ ဆိုတဲ့နာမည် ပုသိမ်ကလာအလုပ်လုပ်နေတာရှိမရှိသိချင်လို့ပါ။~ သူက အိုကေဆိုတာနဲ့ကျွန်တော်အတိုင်းမသိသူကိုကျေးဇူးတင်မိလိုက်ပါတယ်။
ဘိုးတော်က မကြာပါဘူး၊ ကျွန်တော်ထံဖုန်းလှမ်းဆက်ပါတယ်။ ရှိတယ် သူက (၇)လမ်းဘဏ်မှာတဲ့။ ကျွန်တော်တွေ့ချင်ရင် သူ့ရဲ့သူငယ်ချင်းကိုခေါ်ခိုင်းပေးမယ်တဲ့။
ဟာ ဒီလူ တော်တော်အလိုက်သိလိုက်တာ လို့ရင်ထဲမှာကျိတ်ပြီးကျေးဇူးတွေထပ်တင်နေမိပါတယ်။ ဒါပေမယ့်လည်း စကားတခွန်းမှ မပြောဘူးတဲ့သူ့ကိုကျွန်တော်ဘယ်လို စပြီးစကားပြောရဲပါ့မလဲ။ တော်ကြာမှ ဒီလူကို မသိပါဘူး လို့ပြောရင်သေပြီ။
No comments:
Post a Comment