ကော်ဖီကြိုက်သွားသောကျနော်။
ကျနော်ပြောပြချင်တဲ့ပုံပြင်လေးတစ်ပုဒ် အပိုင်း(၆)။
ရင်ခုန်သံတွေပြင်းထန်စွာဖြင့် နှစ်ယောက်အတူတူ ဓာတ်လှေခါးထဲသို့ရောက်လာခဲ့သည်။
နှစ်ဦးသားခေါင်းကိုငုံ့ထားပြီး အမှတ်မထင်သူ့ကိုကြည့်လိုက်ချိန်တွင် သူထံမှ လည်းအကြည့်တစုံကိုရလိုက်သည်။
ဒီလိုနဲ့ ကျနော်ကပဲ စပြီး ငြိမ်သတ်နေတဲ့ ပတ်ဝန်ကျင်းကြီးကို ဖြိုခွဲလိုက်ပြီး " Uniform နှင့်လည်းလှတာပဲ" ဟုအရဲစွန့်၍ပြောချလိုက်သည်။
သူ့မျက်နှာလေးတွင်ကြက်သွေးရောင်ဖြန်းသွားတော့သည်။
``ဘာသောက်မလဲ၊ တစ်ခုခုသောက်ပါ။ ကောဖီကြိုက်လား၊ ကော်ဖီပဲမှာလိုက်မယ်။ ´´ တစ်ခါမှ ကော်ဖီမသောက်သောကျနော် ဘယ်လိုလုပ်ခေါင်းညိတ်သွားမိမှန်းမသိ။
သူ့ကိုကျနော်လိပ်စာကဒ်ကလေးထုတ်ပေးလိုက်ပြီး တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ဖြစ်သွားသည်။ သူက ကျနော်ထက်၂နှစ်ကြီးသည်။ ပြီးတောတစ်ယောက်နှင့်တစ်ယောက်ဘဏ်နှင့်ပတ်သတ်တာတွေကို ပြောဆိုကြသည်။
ဒီနေ သူ့ကိုကြည်ရတာပိုချောနေသလိုပဲ။ ကြည့်ရတာ သူရဲ့ ကျနော်အတွက်ဟုထင်ရတဲ့ အပြုံးလေးများသူ့မျက်နှာတွင် ပန်ဆင်ထားချင်ကြောင့်ဖြစ်မည်။
ကျနော်လည်းသူရဲ့ အလုပ်ချိန်ကို အားနာသဖြင့် နှုတ်ဆက်ကာ ကိုကျော်မင်းကိုခေါ်၍ပြန်လာခဲ့ပါသည်။
အပြန်လမ်းတွင်တော့ စကားမပြောနိုင်၊ သူ့ရဲ့ အပြုံးလေးများကလမ်းတစ်လျှောက်ဖမ်းစားထားသည်။
ရောက်ရောက်ချင်းပဲ ကိုကျော်မင်းကို မနက်ဖြန်သူသွားလျှင် သူမထံပေးပေးဖို့ ဘဏ်မှထုတ်သော ဒိုင်ယာရီနှင့် ကျနော်စီစဉ်ဒီဇိုင်ဆွဲဆောင်ရွက်ထားသော ပြက္ခဒိန်ကိုပေးထားလိုက်ပါသည်။
အဲ့ဒီနေညက တော်တော်နှင့် အိပ်မပျော်။ အတွေးထဲတွင် သူစိုးမိုးထားတယ်။ မိုင်လိုကသာ အစွဲတမတ်သောက်တက်သောကျနော်ကိုဒီညကော်ဖီကိုဖျော်သောက်တော့ ကျနော်မေမေက ``ထူးဆန်းလှချီလားငါ့သားရဲ့´´။ ဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားသည်။
ပြီးတော့မှ ``သြော်တစ်ခါတစ်လေတော့လည်းအပြောင်းအလဲလေးဖြစ်တာပေါ့´´ လို့ပြောရင်းရီပြလိုက်သည်။
နောက်တနေ့ နေလည်ခင်းတွင်တော့ ကျနော်စားပွဲပေါ်ရှိဖုန်းမှ အသြံမည်လာသည်။ တော်တော်နှင့်စကားပြောသံမကြားပါ။ ပြီးမှ ကျနော်ပေးလိုက်တဲ့ ပစ္စည်းများအတွက်ကျေးဇူးတင်ကြောင်းနဲ့ ကျနော်အတွက် သူ့ဘဏ်မှ ပြက္ခဒိန်ထည့်ပေးလိုက်ကြောင်းပြောပါသည်။ အရမ်းကိုပျော်သွားသည်။ ဘာပြောပြော သူ့ထံမှာ ကျနော်ရှိနေပြီလား။
ရှေ့လတွင် မြောင်းမြတွင် ဘဏ်ဖွင့်စရာရှိ၍ ညနေပိုင်းတွင် ကွန်ပျူတာနှင့်ပတ်သတ်သည်များကို ၄င်းဘဏ်တွင် တာဝန်ထမ်းဆောင်မည့်သူများကို ရှင်းလင်းသင်ကြားရသည်။
သို့သော်ကျနော်စိတ်ထဲတွင်သူ့မျက်နှာသာ မြင်ယောင်နေမိသည်။ ``ကျမတို့ကလည်း ဧရာဝတီတိုင်းကပဲ၊ ဘာလို့ကျမတို့ကိုတော့ ပြက္ခဒိန်မပေးတာလဲ´´။
သေပြီ။ ဟိုပုဂ္ဂိုလ်နှိပ်စက်သွားပြန်ပြီ။ ကောင်မလေးချောချောမြင်ရင် မိတ်ဖွဲ့တတ်တဲ့ ကိုကျော်မင်းလက်ချက်။ မြောင်းမြမှသင်တန်းသူနှစ်ဦးကိုသူချွန်သွားပြီ။
သူကျနော်အကြောင်းတွေတော်တော်ပြောထားပုံရသည်။ အဲ့ဒီအထဲကမှ နမ့်စုမြတ်သွယ်ကကျနော်ကိုပိုပြီခင်မင်ပုံပေါ်ပါသည်။ ကြည့်ရတာ ကိုကျော်မင်းကသူ့ကို ပိုးနေပုံပေါ်သည်။ သူကမြောင်းမြခရိုင်မှ လှယဉ်ကျေးမယ်တစ်ဦးအပြင် ပုသိမ်တက္ကသိုလ်မှ Physics မှ အလှမယ်ရရှိထားသူတစ်ဦးဖြစ်သည်။
ဒီလိုနဲ့သူတို့ဘဏ်ဖွင့်လျှင်လိုက်ခဲ့ရန် သူကဖိတ်ခေါ်ပါသည်။
ကျနော်က ပုသိမ်မှာဖွင့်မှလာမယ်လို့ပြောလိုက်တော့ သူမျက်နှာမဲ့သွားသည်။ သြော် တိုင်းရင်သူတွေကဒီလိုပါပဲ။ ဟန်မဆောင်တတ်ဖူး။
အိမ်ပြန်ရောက်တော့ရေချိုးပြီးတာနဲ့ ဦးလေးမိသားစုနှင့် ထမင်းစာရန်ဖိတ်ထားသဖြင့် ထမင်းစားထွက်လာခဲ့သည်။အိမ်ပြန်ရောက်ရောက်ချင်းပဲ၊ အိမ်က ကျနော်တို့လိုအပ်သည်များကိုကူညီစောင်ရွက်ပေးသော နယ်မှ ညီမ၀မ်းကွဲလေးတစ်ယောက်က ``ကိုတေဇ စောစောက အမတစ်ယောက်ဖုန်းဆက်သွားတယ်။ကိုတေဇရှိလားလို့မေးပြီးဖုန်းချသွားတယ်။´´ အို့ဘယ်သူဘာလိမ့်။ သူများလား၊ ဒါမှမဟုတ် ညနေတုန်းက မြောင်းမြကလူတွေလား။
ပြဿနာပဲ။
ဆက်ရန်
3 comments:
Brother..
Do you still like Coffee?
hmmm..
so..
do u still drink coffeE?
actuali coffee is reali gd!
fragrance..n keep u awake.
may b u can reali take time to savour it ..rather than..drink it for d sake of HER :P
ps:can u continue with d story? pls?
Hi, Ya. I still like coffee.:)
Sure.. I am still writing the story
Post a Comment