အလုပ်၏ပထမဆုံးနေ့ ခရီးသွားမှတ်တမ်း။


ကျနော်ရဲ့ အလုပ်အသစ်ကို ကျနော် ၁၂-ဧပြီလ ကြာသာပတေးနေ့မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ မစီးဖြစ်တာကြာပြီဖြစ်သော စင်္ကာပူရဲ့ရထား SMRT ကို အဲ့ဒီနေ့မှာ ပဲပြန်လည်စီးနှင်းခဲ့တယ်။ မစီးတာကြာပြီဖြစ်လို့ ရထားဘူတာသို့ရောက်တာနဲ့ များပြားလှတဲ့ ရထားစီးရန်စောင့်နေသော လူအုပ်က ကျနော်မြင်ကွင်း ကို စတင်ကြိုဆိုလိုက်ပါတယ်။
ပထမရထားမမှီပါ။ မမှီဆို လူအရမ်းများ၍ နောက်ရထားကိုစောင့်ရခြင်းဖြစ်ပါတယ်။

နောက်ရထားလာတော့ ရထားပေါ်တက်လိုက်ပြီး၊ ကံကောင်းထောက်မစွာဖြင့် ထိုင်ခုံနေရာ လေးတစ်ခုရခဲ့ပြန်တယ်။ ဒါနဲ့ အလုပ်အသစ်တွက်စဉ်းစားစရာများကို စဉ်းစားရင်ရထားစီးနှင်း လိုက်ပါလာမိတယ်။ မကြာပါဘူး နားထဲကို အသံလေး သဲ့သဲ့ ၀င်လာပါတယ်။ ``အိပ်ချင်နေတာပေါ့ ညက ကို နှိပ်စက်ထားလို့လေ´´။ ကျနော်မျက်လုံးများကို ပွတ်ပြီး ကျနော် ဘေးပတ်ဝန်ကျင်ထိုင်ခုံကို လှမ်းကြည့်လိုက်ရာ ခေတ်မှီလှပစွာ ၀တ်ဆင်ထားတဲ့ကောင်မလေး ကိုတွေ့လိုက်တယ်။ ပြီးတော့မှ သူက မြန်မာလူမျိုးမှန်း သူဖုန်းပြောသံမှ သိလိုက်ရပါတယ်။

သူကတော့ မသိရှာပါ ကျနော်လည်းမြန်မာဆိုတာကို။ ပြောလိုက်တဲ့စကားတွေ။ ဘေးကနားထောင်ရတဲ့သူတောင်ရှက်လာတယ်။ ဘာတွေပြောမှန်းမသိ။ သူ့ချစ်သူကောင်လေးနဲ့ သူနဲ့ ညက ဟိုလိုဒီလိုဖြစ်တဲ့ အကြောင်းတွေ။ သူသာ ကျနော်မြန်မာမှန်းသိလျှင် ရှက်လိုက်မည့်ဖြစ်ခြင်း။ သူသိထားသင့်သည်မှာ ယခုစင်္ကာပူ သည် ယခင်စင်္ကာပူမဟုတ်တော့။ နေရာတိုင်းတွင့် မြန်မာတွေချည်းပဲ။
စိတ်ထဲတွင် စင်္ကာပူကို မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော် အဖြစ်ပင်ထင်လာမိသည့် အထိဖြစ်လာတယ်။ ဟိုနား တစ်စု၊ ဒီနား တစ်စု။ တစ်ချို့က ကျောင်းသား၊ တစ်ချို့ က ၀န်ထမ်း၊ တစ်ချို့က မူလတန်းကျောင်းသားလေးများ၏ အုပ်ထိန်းသူ၊ တစ်ချို့ က တရားမ၀င်နေထိုင်သူ။

မကြာပါဘူးကျနော်စီးနင်းလာတဲ့ရထားလည်း Raffles Place ဘူတာကိုဆိုက်ရောက် လာခဲ့တယ်။ ဒီလိုနဲ့ရထားပြောင်းစီးပြီး နောက်ဆုံးတွင် Tanjong pagar ဘူတာသို့ရောက်လာခဲ့ပြီ။ ကျနော်အလုပ်သို့ရောက်ရန် ၅ မိနစ်ခန့်လမ်းလျှောက်ရတယ်။
အလုပ်သို့ရောက်တာနဲ့ Receptionist က ကျနော်ကို ကျနော်ရဲ့ Reporting Officer ဖြစ်မည့် CEO ရုံးခန်းကိုပို့ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် သူနဲ့ စကားအနည်းအကျဉ်းပြောပြီး သူ ကျနော်အတွက် ပြင်ဆင်ထားတဲ့ ကျနော်နေရမယ့် အခန်းကို လိုက်လံပို့ဆောင်ပေးပါတယ်။ ပြီးတာနဲ့ တစ်လက်စတည်း ကျနော် ဌာနမှ ၀န်ထမ်းများနဲ့ မိတ်ဆက်ပေးတယ်။ တစ်ယောက်ချင်းဆီရဲ့ နာမည်ကိုကြိုးစားမှတ်ခဲ့ပေမယ့် ၃ ယောက်လောက်နာမည်ပဲ မှတ်မိခဲ့တယ်။

အားလုံးပြီးသွားပြီဆိုတာနဲ့ ကျနော်အခန်းမှာ ကျနော့်ပစ္စည်းအချို့ကိုနေရာချပါတော့တယ်။ အသင့်ရောက်ရှိနေသော Laptop၊ အိမ်မှ ထည့်ပေးလိုက်သော ဓာတ်ပုံများ၊ စာရေးကရိယာများ ကို အစဉ်ပြေအောင်ရွှေ့ပြောင်းထားလိုက်တယ်။ ကျနော်အခန်းမှလှမ်းကြည့်လျှင် တိုက်အမြင့်အပေါင်းများစွာကိုကောင်းစွာမြင်နိုင်တယ်။ ရှုခင်းကောင်းတယ်။နေမထိုးဖူး။ အနည်းဆုံးတော့ စိတ်ဖိစီးမှုကိုလျှော့ချနိုင်မယ်လို့ ထင်တယ်။ အဲ့ဒီနောက်မှာတော့ ကျနော် အတွက်တစ်နေ့စာလုပ်စရာများကို စတင်လုပ်ဆောင်ရန်အတွက် ကွန်ပျုတာကို စတင်ဖွင့်လိုက်ပါတော့တယ်။

No comments: