စင်ကာပူမှ ၀မ်းနည်းဖွယ်ရာ တရားမ၀င်မြန်မာများသတင်း။


ကျနော်စနေနေ့ က ဘောလုံးပွဲသတင်းဖတ်ရန် Newpaper သတင်းစာတစ်စောင်ကိုဝယ်ခဲ့မိပါသည်။ ထိုသတင်းစာ ကို ၀ယ်ဝယ်ချင်းပင် ခေါင်းကြီးပိုင်း တွင်ရေးထားသော သတင်းက ကျနော့်ရင်ကိုနင့်ခနဲဖြစ်အောင်ခံစားလိုက်ရသည်။ အခြားမဟုတ် စင်ကာပူသို့အကြောင်းအမျိုးမျိုးကြောင့် တရားမ၀င်လုပ်ကိုင်စားသောက်နေရသော မြန်မာ အချို့အဖမ်းခံရသည့် သတင်းပင်။ရိုးရိုးအဖမ်းခံရလျှင်အကြောင်းမဟုတ်။ ယခုအခါမြင်ရသည့်မြင်ကွင်းမှာ ထို တရားမ၀င်မြန်မာများက ချုံပုတ်များအတွင် တဲထိုးနေနေရပြီး အလုပ်အသွားတွင်စောင့် ဖမ်းခံရခြင်းဖြစ်သည်။
သူတို့သည် seletar လေဆိပ်အနီး ချုံပုတ်တွင် တဲများထိုး၍လုပ်ကိုင်စားသောက်ကြသည်။ သူတို့တဲထဲတွင် မြန်မာတို့၏ဓလေ့ရိုးရာအတိုင်း ဘုရားခန်း ပင် ပြုလုပ်ထားပြီး ရွှေတိဂုံစေတီတော်ပုံကို ချိတ်ဆွဲထားသည်ကိုတွေ့မြင်ရသည်။ ညစ်ပေသည့် အသွင်ဆောင်သော်လည်း သေသေသပ်သပ် ဖြင့် စနစ်ကျနေပုံမှာ အံသြစရာဖြစ်ကြောင်းဖော်ပြထားပါသည်။ မြန်မာတစ်ယောက် အနေနဲ့ မြန်မာများ ဤသို့ ဒုက္ခရောက်နေသည်မှာ မည်သူ့မျှကြည့် နိုင်မည်မထင်။ သူတို့မိသားစုများက တော့ သူတို့ ဘယ်လိုနေထိုင် ရုန်းကန်နေရသည်ကို သိမည်မထင်ပါ။ မည်သူမှ လည်း ဒီလိုနေချင်မယ်လို့မထင်မိပါဘူး။ အကြောင်းကြောင်းကြောင့်သာ သူတို့ဒီလိုဖြစ်နေခြင်းပါ။ သြော်နောက်ဆုံးတော့ လည်း သူတို့မှာ အမိမဲ့သားများသဖွယ် သူ့တပါးနေရာတွင် အနေထိုင်ဆင်းရဲစွာဖြင်ဤသို့နေထိုင်းရင် ဖမ်းဆီးခံသွားရပါသည်။
မိမိနိုင်ငံသားအပေါ်စံပေါ်ငွေတောင်းခံသော၊ ဆက်ကြေးတောင်းခံသော၊ နိုင်ငံသားများ ဒုက္ခရောက်လျှင်မည်သို့မျှ လှည့်မကြည့်တတ်သော မြန်မာနိုင်ငံကြီးကို ကိုယ်စားပြု နေသော တရားဝင်အဖွဲ့အစည်းကတော့ ရူးချင်ယောင်ဆောင်နေဦးမည်မှာ အသေအချာပင်။

No comments: