မြန်မာနိုင်ငံမှ မြင်မြင်သမျှ ပါမောက္ခ အစီအစဉ်များ။

မြန်မာပြည်အထက်ပိုင်း အဆင့်မြင့် ပညာဦးစီးဌာနအောက်ရှိ မန္တလေး တက္ကသိုလ်တွင် ၂၀၀၇ ခုနှစ်မှစ၍ နိုင်ငံ့ ၀န်ထမ်းမဟုတ်သော်လည်း တက္ကသိုလ် တစ်ခုခုမှ သက်ဆိုင်ရာ ဘာသာရပ်၌ အနိမ့်ဆုံး မဟာသုတေသနဘွဲ့ရပြီးသူ တိုင်းသည် လူတွေ့စစ်ဆေးအောင်မြင် ပါက ပါရဂူဘွဲ့ကြိုသင်တန်း တက်ရောက်နိုင်ကြောင်း သိရှိရသည်။
ပါရဂူဘွဲ့ပေးမည့်ဘာသာရပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်၊ ပထ၀ီဝင်၊ သမိုင်း၊ ဒဿနိက၊စိတ်ပညာ၊အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ ဓာတု ဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒနှင့် ဘူမိဗေဒ စသည့် ဘာသာ ရပ်ပေါင်း ၁၄ မျိုးတို့ ဖြစ်ကြသည်။
အဆိုပါ အခွင့်အလမ်းများသည် ယခင်နှစ်များတွင်မူ ပညာရေးဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ် များမှ နည်းပြ၊ သရုပ်ပြများမှ မဟာသုတေသန ကျမ်းပြီးသူများ အတွက်သာ ဖြစ်ခဲ့ပြီး ၎င်းင်းတို့သည်ပင် နှုတ်ဖြေ ဖြေဆို ရကြောင်း၊ မဟာဘွဲ့ရသူများကမူ ရေးဖြေနှင့်နှုတ်ဖြေနှစ်မျိုးစလုံး ဖြေဆိုအောင်မြင်မှသာ တက်ရောက်ခွင့် ရကြောင်း သိရှိရသည်။
ယခုနှစ်တွင်မူ အခြားဝန်ကြီးဌာနမှ ၀န်ထမ်းများသည် နည်းပြ၊ သရုပ်ပြများ နည်းတူ လုပ်သက်နှစ်နှစ် အနည်းဆုံးရှိ ပြီး မဟာဘွဲ့ရရှိပြီးပါက ရေးဖြေနှင့် နှုတ်ဖြေ ဖြေဆိုအောင်မြင်လျှင် ထိုသင်တန်းကို တက်ရောက်နိုင်သည်။
အစိုးရ၀န်ထမ်းနှင့် ပြင်ပမှ မဟာ သုတေသနပြီးပါကနှုတ်ဖြေ အောင်မြင်လျှင် အဆိုပါသင်တန်းကို တက်ရောက် နိုင်ကြောင်း သိရှိရသည်။ ဤနှုတ်ဖြေ စာမေးပွဲအတွက် မေးခွန်းပုံစံများကို သက်ဆိုင်ရာ ဘာသာရပ်၏ ပါမောက္ခ ဌာနမ•းများထံစုံစမ်းနိုင်ကြောင်း ဖေဖော် ၀ါရီ ၂၄ ရက် နေ့ထုတ် မန္တလေးမြို့ ရတနာပုံနေ့စဉ်သတင်းစာပါ ပညာရေး ၀န်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်) မန္တလေး တက္က သိုလ် ပါရဂူသင်တန်းသားများခေါ်ယူ ခြင်း ကိစ္စအသိပေးစာတွင် ပါရှိသည်။
ဖြေဆိုမည့် မဟာဘွဲ့ရ၀န်ထမ်းများသည် သက်ဆိုင်ရာဘာသာများကို မေလ ၁၀ ရက်နေ့ မနက် ၉ နာရီ မှ မွန်းတည့် ၁၂ နာရီနှင့် အင်္ဂလိပ်ဘာသာရပ်ကို နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ ဖြေဆိုရ မည်ဖြစ်သည်။ နှုတ်ဖြေကို မေလ ၁၄ ရက်နေ့တွင် မဟာသုတေ သနဘွဲ့ရပြီးသူများ နည်းတူစစ်ဆေးမည် ဟု ဖော်ပြပါရှိသည်။

Source: MMTimes

No comments: