အကြီးမားဆုံး ကြယ်ပေါက်ကွဲမှုကြီး ဖြစ်ပွား နေထက် အဆဘီလျံ ၅၀ ပို၍တောက်ပခဲ့။

အလွန်ကြီးမားသော ကြယ်တစ်လုံးပေါက်ကွဲရာမှ နေထက် အဆပေါင်းဘီလျံ ၅၀ ပိုတောက်ပ သော အရောင်များဖြင့် လင်းလက်နေသည်ကို နက္ခတ္တဗေဒပညာရှင်များ အံ့ဘနန်းမြင်တွေ့ခဲ့ကြသည်ဟု အမေရိကန် နာဆာအာကာသအဖွဲ့မှ မေလ ၇ ရက်နေ့က ကြေညာသည်။

``လေ့လာခဲ့ရသမျှ ကြယ်ပေါက်ကွဲမှု တွေထဲမှာ အခုပေါက်ကွဲမှုကတော့ အထွတ်အထိပ်ပါပဲ´´ ဟု ပြီးခဲ့သော ဆောင်းဦးပေါက်ရာသီက စတင်ပေါက်ကွဲ ခဲ့သည့်ဖြစ်ရပ်ကို စောင့်ကြည့်လေ့လာ ခဲ့ကြသော နာဆာအထောက်အပံ့ခံ အဖွဲ့များ၏ခေါင်းဆောင် အဲလက် ဖီးလစ်ပင်ကိုက ဆိုသည်။

ပေါက်ကွဲမှုမှ ပေါ်ထွက်လာသော အလင်းပမာဏနှင့် ကြာမြင့်ချိန်ကို တွေ့ရ၍ တအံ့တသြဖြစ်ကြရပါသည် ဟုလည်း ကယ်လီဖိုးနီးယားပြည်နယ် မောင့်ဟမ်မီလ်တန်တောင်ထိပ်ရှိ လစ် နက္ခတ်လေ့လာရေးစခန်းနှင့် ဟ၀ိုင်ယီ ပြည်နယ် မော်နာကီယာတောင်ထိပ်ရှိ ကက်နက္ခတ်လေ့လာရေးစခန်းများမှ အဖွဲ့ခေါင်းဆောင် ဖီးလစ်ပင်ကိုက ပြောသည်။

ဆူပါနိုဗာ SN 2006 အမည် တပ်ထားသော ယင်းပေါက်ကွဲမှုသည် ထုထည်အလွန်ကြီးမားသော ကြယ်ကြီး တစ်လုံးသက်တမ်းကုန်ဆုံး၍ ပေါက်ကွဲ ခြင်းဖြစ်နိုင်သည်ဟုလည်း နာဆာအဖွဲ့ ၏ ချန်ဒရာအိတ်စရေး နက္ခတ် လေ့လာ ရေးစခန်းမှ လေ့လာရေးလုပ်ငန်းများ ကြီးကြပ်မှုခေါင်းဆောင် ဘာကလေမြို့ ရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဒေ့ဗ်ပူလေက ဆိုသည်။

ဆူပါနိုဗာ SN 2006 ၏ အလွန် အမင်းတောက်ပသည့် အလင်းရောင်သည် ရက်ပေါင်း ၇၀ ကြာမြင့်ခဲ့သည်။
ဗဟိုချက်မှ နျူကလီးယားစွမ်းအင် ထုတ်လွှတ်မှု မရှိတော့သောကြောင့် ဗဟိုချက်ဆွဲငင်အားဖြင့် ပေါက်ကွဲပျက် စီးနေသော ဧရာမကြယ်ကို ဆူပါနိုဗာ ဟုခေါ်သည်။သို့သော် ရေဒီယိုသတ္တိကြွ ဂမ်မာရောင်ခြည်များကြောင့် အမှုန်များ ပြောင်းလဲသွားရာမှ စွမ်းအင်လျော့ပါး သွားခြင်းဖြင့်လည်း ဆူပါနိုဗာပေါက်ကွဲ မှုမျိုးဖြစ်နိုင်သည်ဟု နက္ခတ္တဝေဒပညာ ရှင်တို့က ဆိုသည်။

ဆူပါနိုဗာအဖြစ် ပေါက်ကွဲတော့ မည့်ကြယ်တစ်လုံး၏ အနည်းဆုံးထုထည် ပမာဏသည် နေထက်ရှစ်ဆပိုကြီးရ မည်ဖြစ်သည်။ နောက်ဆုံးတွေ့ခဲ့သည့ှ် ဆူပါနိုဗာမှာ နေထက် အဆ ၁၅၀ ပိုကြီးနေသည်။

Source: MMTimes

No comments: