အမေရိကန်လူဝင်မှု တင်းကြပ်၍ မိုက်ကရိုဆော့ဖ်က ကနေဒါမှာ ရုံးဖွင့်


အမေရိကန်၏ လူဝင်မှုကြီးကြပ်ရေးဥပဒေ တင်းကြပ်လာမှုကြောင့် နိုင်ငံခြားဝန်ထမ်းများ ခန့်ထားရေး ခက်ခဲလာသဖြင့် မိုက်ကရိုဆော့ဖ် ကုမ္မဏီကြီးက ရုံးတစ်ရုံးကို ကနေဒါတွင် ဖွင့်လှစ်မည်ဟု သိရသည်။

မိုက်ကရိုဆော့ဖ် ကုမ္မဏီက ငှားရမ်းအသုံးပြုနေသည့် အကောင်းဆုံး အတော်ဆုံး ၀န်ထမ်းအများစုမှာ နိုင်ငံခြားသားများ ဖြစ်ကြောင်း၊ အမေရိကန်တွင် လူဝင်မှုကြီးကြပ်ရေး၌ ခွဲတမ်းအရ ကျင့်သုံးနေပြီး နိုင်ငံခြားသားများ ခေါ်ယူအသုံးပြုမှုတွင် အကန့်အသတ်များ ရှိကြောင်း၊ ထို့ကြောင့်ကနေဒါတွင် မိုက်ကရိုဆော့ဖ်ရုံးခွဲ ဖွင့်လှစ်ခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။

ကနေဒါနိုင်ငံ ဗန်ကူဗာမြို့၌ ဖွင့်လှစ်မည့် မိုက်ကရိုဆော့ဖ်ရုံးတွင် ပထမ၌ နိုင်ငံခြားကျွမ်းကျင် ၃၀၀ ကို စတင်ခန့်ထားမည်ဟု ဆိုသည်။

နောက်ပိုင်းတွင် ၀န်ထမ်းပေါင်း ၁၀၀၀ ထိ တိုးမြှင့်ခန့်ထားပေးမည်။ ကနေဒါသည် အိန္ဒိယနှင့် ဂျပန်ပြီးလျှင် မိုက်ကရိုဆော့ဖ်၏ တတိယအကြီးဆုံး လူသစ်များ စုဆောင်းရာ နေရာဖြစ်သည်။
Source: Phatpa

2 comments:

Anonymous said...

ဘယ်တော့လာဖွင့်မှာတဲ့လဲဟင် ဦးပရိုဂရမ်မာရေ..
အလုပ်သွားလျောက်မလို့…ဟွန်းဟွန်း

Mr. Programmer said...

လာမယ်ကြာမယ် :P