လွန်စွာ ရုပ်ဆိုးအကျည်းတန်သော နာမည်ကြီး ဂျာနယ်မှ မှားယွင်းမှု ။

ကျနော် ဒီနေ့ ရန်ကုန်တိုင်းဂျာနယ် ဖတ်တော့ အထူးအဆန်းများ ကိုတွေ့မိပါသည်။
အောက်ဖော်ပြပါ အမှားသည် တမင်တကာ လား အမှတ်တမဲ့လား ဆိုတာတော့ သူတို့သာလျှင် သိပါမည်။
ထို့အပြင် စာပေစိစစ်ရေး က လည်း အဘယ့်ကြောင့် သေချာ မစစ်မိသည် ဆိုတာလည်း မသိပါ။

ခေါင်းစဉ်နှင့် သတင်းတွင် ဗိုလ်ချုပ်ကြီး ရွှေမန်းဟုရေးပြီး ပုံတွင်တော့ စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီ ၏ ပုံဖြစ်နေပုံမှာ လွန်စွာ ရုပ်ဆိုးအကျည်းတန်သော နာမည်ကြီး ဂျာနယ်မှ မှားယွင်းမှု အဖြစ်ဖေါ်ပြလိုက်ရ ပါသည်။





Source: Yangon Times

2 comments:

စိုးဇေယျထွန်း said...

မောင်ပရိုဂရမ်မာကြီးရေ အဲဒီသတင်းမှားပုံက ဒီလိုကွယ့်။
အဲဒီတစ်ပတ် ဂျာနယ်မှာ စွမ်းအင်ဝန်ကြီး ဗိုလ်မှးုချုပ်လွန်းသီက ရုရှအဖွဲ့က လူတွေနဲ့ တွေ့တဲ့ သတင်းရယ်။
ဗိုလ်ချုပ်ကြီး သူရရွေမန်း သတင်းရယ် နှစ်ပုတ်ထည့်ဖို့ အဲဒီစာမျက်နှာမှာ လျှာထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် လွန်းသီ သတင်းကို ဖြုတ်မယ်လို့ အယ်ဒီတာအဖွဲ့ ဆုံးဖြတ်လိုက်ပါတယ်။ အဲလို ဖြုတ်တဲ့အခါမှာ ဒီဇိုင်နာက ဖြုတ်တဲ့သတင်းကပုံနဲ့ မဖြုတ်တဲ့ သတင်းကပုံနဲ့လင့်မှား ချိတ်မိလိုက်ပါတယ်။
ဂျာနယ်တိုင်မှာ preview ပရင့်ထုတ်တော့အိုကေပေါ့။ သူကမော်နီတာမှာ ပေါ်တဲ့အတိုင်းထွက်တာကိုး။
တကယ်ဖလင်ထုတ်တော့ စက်က ပေးထားတဲ့ လင့်အတိုင်းပဲ ဆွဲလိုက်တယ်။ အဲဒီမှာ ပုံအမှားကြီး ထွက်တော့တာပေါ့ဗျာ။
အဲဒီအတွက် အမှားပြင်ဆင်ချက်နဲ့ တောင်းပန်စာကို မနက်ဖြန် ထွက်မဲ့ဂျာနယ်မှာ စောင့်ဖတ်ပါလို့သာ ပြောရင်း

Anonymous said...

အဆင့်အတန်းရှိတဲ့ ဂျာနယ်မှမဟုတ်တာ MrProgrammer ရေ... ရေးတဲ့ကောင်တွေကအစ