စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ထွက်ခွာ။


ယနေ့ စင်္ကာပူဆိုင်ရာ သတင်းများအရ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Mr George Yeo နှင့် အရာရှိကြီးများသည် မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဆိုသူ ဦးဥာဏ်ဝင်း၏ဖိတ်ခေါ်ချက်အရ ယနေ့မနက်တွင်ထွက်ခွာသွားပြီး ၃ရက်ကြာမည်ဟုဖော်ပြထားတယ်။ ၄င်း၏ခရီးစဉ်တွင် အတွင်းရေးမှု (၁) နှင့် လည်းတွေ့ဆုံမည်ဟုတွေ့လိုက်ရပါတယ်။
ကျွန်တော်ဘာလို့ဒီ သတင်းကို ဖော်ပြတာလည်းဆိုတာကတော့ ဘာလို့သူအခုမှချက်ချင်းကောက် သွားတာလဲဆိုတာစဉ်စားမိလို့ပါ။ အထူးသဖြင့် စင်္ကာပူနိုင်ငံ မှာမြန်မာနိုင်ငံသားတွေထံမှ အခွန်နှစ်ထပ်ကောက်ခံမှုအကြောင်းကို မီဒီယာများတွင်ပါရှိပြီး နောက်မှ ထွက်ပေါ်လာဖြင်းဖြစ်သ၍ အထူးစိတ်ဝင်စားဖို့ကောင်းပါတယ်။
တကယ်လို့ George Yeo သွားတာအဲ့ဒီကိစ္စအတွက်ဆိုရင်တော့ အားလုံးဝမ်းသာရမယ့် သတင်းဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဒါမဟုတ် မြန်မာနိုင်ငံသားတွေအားလုံးကို စင်္ကာပူမှ မွေးစားသားလုပ်နေလို့လားဆိုတာတော့မသိပါဘူး။

4 comments:

Anonymous said...

စင်ကာပူ အစိုးရက မြန်မာလူမျိုးတွေရဲ့ အကျိုးအတွက် ချက်ချင်း ကောက်ကာငင်ကာ သွားလိမ်မယ်လို့ သိပ် မျှော်လင့်ချက်တွေ မထားကြပါနဲ့ဗျာ။ ကြက်ငှက်တုတ်ကွေးကိစ္စ၊ အာဆီယံနဲ့ ဂျပန်အကြားချုပ်ဆိုမယ့် Free Trade Agreement အတွက် မြန်မာနိုင်ငံအရေးက ခိုးလိုးခုလု ဖြစ်နေတဲ့ ကိစ္စ နဲ့ ကြပ်ပြေးမှာ စင်ကာပူကဆောက်မယ့် အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးလိုးတန်းလန်းဖြစ်နေတဲ့ကိစ္စတွေက စင်ကာပူအတွက် ပိုအရေးကြီးပါကြောင်း။

Anonymous said...

သိပြီဗျို့….သဲ၊ကျောက်အဝယ်ထွက်တာတဲ့ဗျို့….

Anonymous said...

ကျနော်က Hospital Bills လိုက်ပေးတာမှတ်လို့။:P

Anonymous said...

ဟားဟားဟား ကြိုက်တယ်ဗျာ…
အဲဒါ အဖြစ်နိုင်ဆုံးဗျို့