အဝေးမှချစ်သူ

ချစ်သူ..
ချစ်တယ်လို့အကြိမ်ကြိမ်ပြောခဲ့ပေမယ့်
အဲ့ဒီအချစ်တွေထားခဲ့ပြီး
အဝေးတစ်နေရာကိုထွက်သွားခဲ့တာ
ငါ့အရမ်းချစ်မိတဲ့ ချစ်သူမင်းပါ။

ချစ်သူ…
မိုးသည်းတဲ့တစ်နေ့မှာ
နှစ်ယောက်ထားခဲ့ဘူးတဲ့
သစ္စာတရားတွေလည်း
ရင်မှာအပြည့်ရှိနေဆဲပါ။

ချစ်သူ..
မင်းထားခဲ့တဲ့ ဒီနေရာမှာ
ငါတစ်ယောက်တည်း
အဖော်မပါပဲ၊
အချစ်တွေအပြည့်နဲ့
စောင့်မျှော်လျှက်ပါ။

ချစ်သူ..
မျှော်လင့်နေတဲ့ငါတစ်ယောက်ကို
ကတိတွေမရှိ၊ အချစ်မပါဘဲ
မင်းထားခဲ့တာ့
ဒီနေ့အထိပါ။

ချစ်သူ..
မင်းဘယ်ဆီမှာလဲမသိပေမယ့်
နောက်ဆုံထွက်သက်ထွက်သွားသည်ထိ
တည်ရှိနေမဲ့ ပြောခဲ့ပါရစေ
ငါ့အချစ်တွေမင်းဆီမှာပါ။

3 comments:

Nay Nay Naing said...

ဒီဘလောခ့်ကို အစ်ကိုအိမ်ကလူတွေ သိကြလား မသိဘူး... သိတယ်ဆိုရင် သူတို့  ကြည့်ရော ကြည့်ဖြစ်ကြလား။ ဘာရယ်တော့မဟုတ်ပါဘူး.. ဒီ ကဗျာလေးဖတ်ပြီးတော့ စပ်စုချင်စိတ်ပေါက်သွားလို့  မေးကြည့်တာပါ။

Anonymous said...

ရှုးတိုးတိုး။

ညီညီ(သံလွင်) said...

တိုင်ပြောလိုက်မှာနော်..