ဖခင်ဖြစ်လိုသူ ရေပူမချိုးနှင့်

သားသမီး ရယူလိုကြသည့် ယောက်ျားများသည် ရေပူကို တာရှည်ရေချိုးခြင်း များရှောင်ကြဉ်သင့်ကြောင်း ယောက်ျား များ မျိုးအောင်ခြင်းအပေါ် ပြုလုပ်ခဲ့သည့် လေ့လာသုံးသပ်ချက်က ဖော်ပြသည်။ သုံးနှစ်ကြာခဲ့သည့် ရှေ့ပြေး စမ်းသပ်မှုတွင် ယောက်ျား ၁၁ ယောက် ပါဝင်ခဲ့ရာ ရေပူချိုးခြင်းသည် ယောက်ျား တစ်ဦးအတွက် မြုံသွားနိုင်သည့် အလားအလာရှိသည်ဆိုသော ယုံတမ်း စကားသည် အနည်းနှင့်အများ မှန်နိုင် ကြောင်းတွေ့ရှိခဲ့သည်။
Source: MM Times

1 comment:

Thiha Kyaw Zaw said...

ဆောင်းတွင်းမှာ - 22° F ( -30° C ) လောက်အထိကျတတ်တဲ့ ကျွန်တော်နေတဲ့ နေရာမှာ ရေပူမချိုးပဲ ရှောင်ရမယ်ဆိုရင်တော့ ဒုက္ခပါပဲ။ ရေပူချိုး
လို့  မြုံမမြုံတော့ မပြောတတ်ဘူး၊ ရေအေးနဲ့  ချိုးရင် ခဲသွားမှာတော့ အမှန်ပဲ။ ဟီးဟီး