ဝဋ်

ကျနော်တို့ မြန်မာ ဗုဒ္ဓဘာသာလူမျိုးတော်တော် များများကြားဖူးမည်ထင်ပါတယ်။
ဝဋ်ကြွေး၊ ၀ဋ်လည်၊ ၀ဋ်ရှိလို့ခံရတာ၊ ၀ဋ်လည်လိမ့်မယ်၊ ၀ဋ်ကြွေးတွေဘယ်လောက်များတယ် မသိပါဘူးဆိုတာလေ။ အဲ့ဒီတော့ ကျနော်စဉ်းစာကြည့် တယ် ၀ဋ်ဆိုတာဘာလည်းပေါ့၊ ကိုယ်မကောင်းတာလုပ်ရင် မကောင်းတာပြန်ခံရမယ်။ ကောင်းတာလုပ်ရင် ကောင်းတာပြန်စံရမယ်။ ဒါ အရပ်ထဲက ၀ဋ်
နဲ့ပတ်သတ်ပြီး ကြားဖူးတဲ့ အသံတွေပါ။ ဟုတ်ပြီ မကောင်းတာလုပ်တော့ မကောင်းတာပြန်ခံရမယ်ဆိုတာ ဘယ်တော့လည်း၊ အခုချက်ချင်းလား၊ နောင်ဘ၀ဆိုတာရှိရင် နောင်ဘ၀မှလား၊ ထပ်စဉ်းစားမိတာပါ။
တစ်ချို့သားသမီးတွေဆိုလည်း မိဘပေါ်မှာဆိုးတော့ သူတို့ကို အရပ်ထဲက သူတို့ကြီးလာလို့ သူတို့သားသမီးရရင် ၀ဋ်လည်လိမ့်မယ်။ ဒါမျိုးလေးတွေလည်းကြားဖူးပါတယ်။ ဒါဆိုရင် ဒီ ၀ဋ်
ဆိုတာကြီးက နောင်ဘ၀ထိအောင်မစောင့်ဘူးပေါ့။
ကဲဒါနဲ့ပဲ နောက်တစ်ခု။ ဟိုစောစောပိုင်းက လူအများကိုသွေးတွေထွက်အောင်၊ လူတွေကိုသတ်နဲ့။ မသေမရှင်တွေထားခဲ့။ သူတစ်ပါး က အာဏာတွေရမှာဆိုးလို့ အာဏာတွေမရအောင်လုပ်ကြံ။ ဒါတွေကို အမိန့်ပေးကြိုးကိုင်တဲ့သူတွေကျတော့ကော။ ၀ဋ်ဆိုတာ မလည်တော့ဘူးလား။ စဉ်းစားကြည့်တာပါ။
ဟောကြည့် အခု သူဘာဖြစ်သွားလည်း အခု ဆေးရုံမှာသွေးကင်ဆာဖြစ်လို့ အရေးအပေါ်တင်ထားရတယ်။ အခုနောက်ဆုံး ကြားတဲ့သတင်းအရဆို တာဝန်မှ မဖြစ်မနေ အနားယူရတော့မယ်ဆိုပဲ။ အသက်လည်းဆုံး၊ အာဏာလည်းဆုံး။ ဒါကကော ၀ဋ် တွေပဲလား။ ကျနော်မသိပါဘူး။တကယ်လို့ ခင်ဗျားတို့ သိမယ်ဆိုရင်တော့ ကျနော်ကို ကျေးဇူးပြုပြီးရှင်းပြခဲ့စေချင်ပါတယ်ဗျာ။

မှတ်ချက်။ မည်သူကိုမျှရည်ရွယ်တိုက်ခိုက်လို၍ရေးခြင်းမဟုတ်ပါ။ ၀ဋ်အကြောင်းကိုပိုမိုနားလည်မိလို့၍သာရေး၍မေးခြင်းဖြစ်ပါသည်။

3 comments:

Soft Man said...

Very Good !....bro

Verry Good ur post idea...all r know what u mean and what u want to talk without full commet... :)

Go ahead ...bro :)

Anonymous said...

nice thoughts bro..

Anonymous said...

very good thoughts brother.I wonder why they can survive and torture our people for many years,because of ours buddhist country,teachings.Ways of peace and not revenge for any tortureness.Imagine how long they can survive,if they govern countries like middle east- Iraq,Iran!!!!!!